ကြွေတယ် ကြွေတယ်..

မြေနီနီလမ်းမထက်မှာ ဟော..တစ်ပွင့်..ဟော တစ်ပွင့်

နီရဲနေတဲ့ ပွင့်ဖတ်တစ်ချို့မှာ မျက်ရည်စက်တွေ လိမ်းကျံလို့

လေမဝေ့ပါပဲ သူကြွေ

ချွေသူ နွေဦးမရှိ

သူ ကြွေတာ ဘယ်သူ့အပြစ်လဲကွယ်..။

ငိုတယ် ငိုတယ်

ပင်စည်ခြေရင်းနဘေးမှာ တစ်စက်ပြီး တစ်စက်

မျက်ဝန်းထောင့်စွန်း နှစ်ဖက်မှာ ငါ့အလွမ်းတွေကို ချိတ်သီလို့

ရင်ဘတ်ထဲမှာလည်း ဝေဒနာ

အတိတ် ပစ္စုပ္ပန် အနာဂတ် ခရီးထွက်တယ်

ချန်ရစ်ခဲ့တာ ဘယ်သူလဲကွယ်..။

လေရူးတွေ ဗွေဆော်ဦးမှာ ဝေ့ဖို့

နွေဦးရေ လှမ်းခဲ့တော့

ငါ့ရင်မှာ

လက်ပံပွင်တွေ ကြွေ…လက်ပံပွင့်တွေ ကြွေ……။

သော်ဇင်(လွိုင်ကော်)

Time-7:00PM

Date-11th-Feb-2013

About သော်ဇင် (လွိုင်ကော်)

သော်ဇင် (လွိုင်ကော်) has written 192 post in this Website..

ရင်ဘတ်နဲ့ခံစားပြီးရေးတဲ့ စာတွေ တင်ပြပါရစေခင်ဗျား