လက်ပံပွင့်ကြွေ

ကြွေတယ် ကြွေတယ်..

မြေနီနီလမ်းမထက်မှာ ဟော..တစ်ပွင့်..ဟော တစ်ပွင့်

နီရဲနေတဲ့ ပွင့်ဖတ်တစ်ချို့မှာ မျက်ရည်စက်တွေ လိမ်းကျံလို့

လေမဝေ့ပါပဲ သူကြွေ

ချွေသူ နွေဦးမရှိ

သူ ကြွေတာ ဘယ်သူ့အပြစ်လဲကွယ်..။

ငိုတယ် ငိုတယ်

ပင်စည်ခြေရင်းနဘေးမှာ တစ်စက်ပြီး တစ်စက်

မျက်ဝန်းထောင့်စွန်း နှစ်ဖက်မှာ ငါ့အလွမ်းတွေကို ချိတ်သီလို့

ရင်ဘတ်ထဲမှာလည်း ဝေဒနာ

အတိတ် ပစ္စုပ္ပန် အနာဂတ် ခရီးထွက်တယ်

ချန်ရစ်ခဲ့တာ ဘယ်သူလဲကွယ်..။

လေရူးတွေ ဗွေဆော်ဦးမှာ ဝေ့ဖို့

နွေဦးရေ လှမ်းခဲ့တော့

ငါ့ရင်မှာ

လက်ပံပွင်တွေ ကြွေ…လက်ပံပွင့်တွေ ကြွေ……။

သော်ဇင်(လွိုင်ကော်)

Time-7:00PM

Date-11th-Feb-2013

8 comments

  • နွေဦး

    February 14, 2013 at 2:59 pm

    “ချွေသူ နွေဦးမရှိ
    သူ ကြွေတာ ဘယ်သူ့အပြစ်လဲကွယ်..။”
    “လေရူးတွေ ဗွေဆော်ဦးမှာ ဝေ့ဖို့
    နွေဦးရေ လှမ်းခဲ့တော့
    ငါ့ရင်မှာ”
    ဒီရက် အလုပ်နည်းနည်းများသဖြင့် နွေဦး ရွာထဲသို့ မရောက်နိုင်ပါ ။
    ကိုယ်စားလှည် လွှဲလို့ရမယ်ဆိုရင်ဖြင့်…အကိုကြီး ဦးကျောက် သို့မဟုတ် ဦးမိုက်အား အကူအညီတောင်း၍ လွှဲစေလိုပါတယ်..
    ခင်တဲ့
    နွေဦး ။

  • Mr. MarGa

    February 14, 2013 at 3:34 pm

    လက်ပံပွင့်တွေ ကြွေနေပြီပေါ့လေ
    သွားကောက်ပြီး ရောင်းဦးမှ
    နတ်ပြည်မှာ စီးပွားရေးက သိပ်မကောင်းချင်ဘူး
    :hee:

    • ဪ သနားစရာ ဦးမာဃပါလား။ ဒီလိုလုပ်ပါလား။ ခင်ဗျား ဝတ်စုံကြီး ရှေးဟောင်းပြတိုက်မှာလာရောင်းလိုက်လေ။ တော်တော်လေးကို ဈေးရမှာဗျ။ အင်း ဘယ်လိုနေမလဲတော့ မမေးနဲ့နော်။ ခုခေတ်က ပွင့်ပွင့်လင်းလင်းနေလို့ရနေပြီ။ နတ်ပြီမှာ အသားတော်ရွှေဝါဝင်းနဲ့ လုံးတီးလေးသာနေကြည့်လိုက်…။

  • ရွှေ ကြည်

    February 14, 2013 at 5:02 pm

    လက်ပံတွေလည်း ဖူးရော ငါ့စိတ်တွေလည်းရူးရော
    လက်ပံတွေလည်း ပွင့်ရော ငါ့စိတ်တွေလည်းလွင့်ရော တဲ့ ကြားဖူးတာလေးပါ 😆
    လက်ပံပွင့် ကိုဇရက်တွေကြိုက်ကြတယ် လက်ပံပင်မှာဆိုဇရက်ကျရင်ဆူညံနေရော
    လက်ပံပင်ဇရက်ကျသလိုပဲ ဆိုတာကြားဖူးတယ် မို့လား။
    ဇရက်တွေကြောင့်လည်းလက်ပံပွင့်လေးတွေကြွေရပါတယ်ဗျာ။

  • ခိုင်ဇာ

    February 14, 2013 at 5:32 pm

    ငို ပါနဲ့ကွယ်။
    လက်ပံပွင့်တွေ လိုက်ကောက်လိုက်နော်။
    .
    .
    .
    .
    လက်ပံခေါင်းချဉ်ရည်ဟင်း ချက်စားရအောင်။

    • လက်ပံခေါင်းချဉ်ရည် ဟင်း ဟုတ်လား။ လုပ်ပါဦးဗျာ။ ချက်နည်းလေး။ လက်ပံပင်နဲ့နီးပြီး ဘာလုပ်စားရမှန်းမသိဘူး။ ရှလွှတ် သရည်တောင်ကြတယ်..။

  • Wow

    February 14, 2013 at 5:44 pm

    လက်ပံပွင့်တွေ လေအတိုက် ကြွေလိုက်တဲ့အခါ တဝဲဝဲလှည့်ကာ လေအရင်မှာ.. ချစ်စရာ.. ချစ်စရာ မြင်ရပါလေအုံးတော့မြီ…
    ဒါနဲ့ အညာသားလားဟင်င်င်.. လက်ပံက အောက်ပြီမှာ ရှိဘူးရယ် ကူမဲသွားမှ မြင်ဘူးဒါ …

    • ဟုတ်ပါဘူး ကယားပြည်နယ်မှာလဲ လက်ပံရှိပါတယ်ဗျာ…စိ်တ်ထဲရှိတာနဲ့ အပင်အောက်ထိုင်မိရင်း ငယ်ငယ်တုန်းက ချစ်ချစ်ကလေးကိုလွမ်းလို့ လက်ကမြင်းလိုက်တာ

Leave a Reply