ခွေးရူးချိန်

1 ကောင်းကင်ပြာပြာနဲ့ လက်ပန်နီနီ
1 ကောင်းကင်ပြာပြာနဲ့ လက်ပန်နီနီ

 

2 နားသူနား သွားလိုသွား လက်ပန်ပင်ထိပ်ဖျား
2 နားလိုနား သွားလိုသွား
လက်ပန်ပင်ထိပ်ဖျား

 

3မြေခ ကြွေကျ
3မြေခ ကြွေကျ

“ခွေးရူးချိန်”

ငယ်ငယ်က ကျောင်းသားဘဝ အမှတ်ရစရာ လေးပြောရရင်  မစန္ဒာရေးခဲ့တဲ့ဂျီဟောသူဆိုတဲ့

ဝတ္တုထဲမှာ လက်ပန်နဲ့ပါတ်သက်တာလေး ကိုဖတ်ဘူးပါတယ်။.

လက်ပန်ပွင့်ချိန် ခွေးရူးချိန် ဆိုတဲ့စာချိုုးကလေးကို လက်ပန်ပွင့်ချိန် ထွေးရူးချိန်ဆိုပြီးစခဲ့တာလေးကိုပါ။

နောက်တော့ ဂီတလုလင်မောင်ကိုကိုရေးပြီး အေးအေးသွယ်နဲ့အဖွဲ့ ဆိုခဲ့တဲ့ လက်ပန်ပွင့်ကောက်သီချင်းကို

တေးသရုပ်ဖော်အနေနဲ့ကြည့်ခဲ့ရဘူးပါတယ်။

မိန်ရာသီနွေတစ်ပေါင်းဆောင်းပြောင်းလို့နွေအဝင်မှာ

လက်ပန်ပွင့်နဲရဲရဲတွေမြင်ရရင်

“နွေမိန်တစ်ပေါင်း နေရှိန်လောင်း ရွက်ဟောင်းကြွေကျ မြေခခဲ့ပြီကွယ်”ဆိုတဲ့သီချင်းလေးက

ရင်ထဲကိုတိုးဝှေ့လာမြဲ

 

 

4 မြေခနေတဲ့လက်ပန်ပွင့်လေးများ
4 မြေခနေတဲ့လက်ပန်ပွင့်လေးများ

 

5အနီးကပ်လက်ပန်
5အနီးကပ်လက်ပန်
6လက်ပန်နီနီ
6လက်ပန်နီနီ

“လက်ပံပွင့်  “

 

လာဟေ့ ဒွါး………..

သွားကောက်ချည်စို့၊

ပွင့်ခြောက်ကယ်အနားလန်၊ဆက်ရက်ကယ်ညံ၊

ပင်လက်ပံကြွေချိန်ကျပြီမို့၊

မိဇံလှ နင်လို်က်အုံးမလား၊

သုံးစိတ်ဝင်ထန်းလျှော်တောင်းရယ်နှင့်၊

ပေါင်းလန်မှ ပြန်ကြမယ်လေး။

 

အရီးသာလုံးကြေးကိုင်တုံးက၊

တို့အိမ်တောင်က ကျန်စုံကုန်း၊

တနေ့တုန်းလဲကာသေ။

သားရေနှင့်အမဲနံ၊လက်ပံနှင့်ချိုင်ရလျှင်၊

ကျိုနှိုင်လေ မွမွပျောင်းတာမို့၊

ပြောင်းဆန်အို မျိုမကျရယ်နှင့် မြိန်လှတယ်လေး။

 ကျောင်းစာထဲမှာသင်ခဲ့ရတဲ့ ဦးဆောင်းရဲ ့ဒီကဗျာလေးကလဲ ရွတ်ဆိုလို့မဝနိုင်အောင်ရှိစမြဲ။

7တစ်စုတစ်ဝေး
7တစ်စုတစ်ဝေး
8 ဘေးတိုက်
8 ဘေးတိုက်

 

9 နှစ်ကိုယ်ယှဉ်တွဲ
9 နှစ်ကိုယ်ယှဉ်တွဲ

 

 

10မခို့တရို့
10မခို့တရို့

 

10 မြေခ
11မြေခ

 

လက်ပန်နီနီတွေပွင့်ရင်ခွေးတွေရူးတယ်လို့ လူကြီးတွေကဆိုကြပါတယ်။

လွမ်းစရာကောင်းတဲ့ ဒီရာသီမှာ လက်ပန်တွေမြင်တိုင်းခွေးတော့မသိဘူး

လူကတော့အလွမ်းတွေကြောင့်ရူးချင်လာသလိုပါဘဲ။

 

 

ကိုပေါက်လမ်းသလားနေသည်

(14-2-2013)

49 comments

  • အခုရက်ကတော့ မန်းလေး တစ်ဝို်က်မှာလက်ပံတွေလှိုင်လှိုင်ပွင့်တော့
    လက်ပံပွင့်တွေကို တင်ပေးလိုက်ပါတယ်။

  • weiwei

    February 15, 2013 at 9:50 am

    ရန်ကုန်မှာ မတွေ့မိသေးဘူး .. ရန်ကုန်က ချယ်ရီပန်းကတော့ ပွင့်နေပြန်ပြီ …

    • နောက်တစ်ပါတ် ပေါက်ပွင့်တွေသွားရိုက်မယ်ဗျာ။
      ရိုက်ရမယ့်နေရာတွေ့ကြည့်ထားပြီးသားဗျ။

  • ဦးဦးပါလေရာ

    February 15, 2013 at 10:02 am

    ကိုပေါက်ရေ
    လက်ပံပင်ကြီးနဲ့ လက်ပံပွင့်တွေ တွေ့ရတော့ ငယ်ဘဝကို ပြန်သတိရသွားတယ်…။
    ငယ်ငယ်က ကျွန်တော်ကျောင်းပြေးရင် ခိုလှုံနေကျ ဘုန်းကြီးပေကျာင်းဝိုင်းကြီးထဲမှာ
    လက်ပံပင်ကြီးတွေရှိတယ်..
    အခုလိုနွေရာသီများဆို
    လက်ပံပွင့်ကြွေတွေကောက်
    ပွင့်ဖတ်အထူကြီးနဲ့ ဝတ်ဆံတိုင်ကို ချိုးဖဲ့ပြီ
    အောက်ခြေက ဝတ်ရည်တွေစုပ်ရတာ ပျော်စရာကြီး..
    (သူများကတော့ အဲဒါစုပ်(သောက်)ရင် ရူးတတ်တယ်ပြောတာပဲ)
    :harr:

    • ကျနော်လဲ ဒီအချိန်ရောက်ရင် အဲဒီလက်ပံပင်တွေအောက်ရောက်နေကျ.
      တက္ကသိုလ်ကျောင်းသားဘဝက မိန်းတောင်ဘက်ပေါက်က ထွက်ရင်
      ဆင်ဖြူကန်သချိုင်းအနောက်ဘက် 73လမ်းပေါ်မှာလက်ပံပင်တွေရှိနေတာကို သတိရသဗျ။
      ကျုပ်တို့အတွဲလိုက်ချောင်းတဲ့ အပင်ကြီးတွေပေါ့ဗျာ။

  • ဆူး

    February 15, 2013 at 10:09 am

    လက်ပံတွေ ပွင့်နေလိုက်တာ.. ရဲ တွတ်နေတာပဲ.. လကုန် နောက်လဆန်း လောက်မှာကော အဲ့ဒီ ပန်းတွေ ရှိပါ့အုန်းမလား

    • နောက်ကျပွင့်တဲ့ အပင်တွေရှိသေးတော့ တောင်သမန်အင်းစောင်းသွားရင်တွေ့နိုင်ပါသေး၏

  • ဗုံဗုံ

    February 15, 2013 at 10:11 am

    လက်ပံပွင့်တွေမြင်တော့ ခွေးတော့ရူးမရူးမသိ မိဗုံတော့ ရူးချင်နေပြီတော် ရွာက ချက်စူတို့ သာအေးတို့နဲ့ လက်ပံပွင့်ကောက်ရတာကို ပြန်လွမ်းသွားလို့ မိဗုံတို့ဆီက လက်ပံပင်ကြီးတွေ ဖေပေါက်ကြီးတွေ့ရရင် ဘယ်လောက်များ တဖျပ်ဖျပ် ရိုက်မလဲလို့တွေးမိပါရဲ့ လက်ပံပင်ကြီးတွေ တန်းစီပေါက်နေတာ အရောင်လည်းမတူဘူး တစ်ပင်က လိမ်မော်နည်းနည်းသမ်းတယ် တစ်ပင်က အနီရဲရဲ တစ်ပင်က ကြက်သွေးရင့်ရင့် အဲ့လိုမျိုးတွေ ပေါက်နေကြတာ အရမ်းလှတယ် အပင်ကြီးတွေကလည်း အကြီးကြီးတွေ ရွက်ကြွေချိန်ဆို ဒူးဆစ်အထိမြုပ်တယ် ဖေပေါက်အလည်လာရင် လက်ပံပွင့်ခြောက်ကို နေ့တိုင်းချက်ကျွေးမယ် :mrgreen:

  • kyeemite

    February 15, 2013 at 11:04 am

    “လက်ပံပွင့်တွေ..လေအတိုက်ကြွေလိုက်တဲ့အခါ……..
    သတိရတယ်ဆရာပေါက်ရေ…လက်ပံပွင့်ကောက်
    ဝတ်ဆံနဲ့အူတိုင်ကို နေလှမ်း၊ ပီး ချဉ်ပေါင်သီး အခွံနဲ့ ရောချက်စားခဲ့ကြတာလေး…

    • ကိုမိုက်တို့နေခဲ့တဲ့နေရာကနေ အနောက်ဘက်ဆင်းလိုက်ရင်
      တောင်သမန်အင်းစောင်းရောက်ရော။
      အဲသမှာ လက်ပံပင်တွေမှ နည်းဘူးကြီးဗျာ။
      အပွင့်တွေကလဲ ကြီးမှကြီး လှလဲလှ။
      (ပိုလွမ်းအောင် ယပ်ခပ်ပေးခြင်း)

  • moonpoem

    February 15, 2013 at 11:04 am

    လက်ပံပွင့်တွေ လေတိုက်ကြွေလိုက်တဲ့အခါ တဝဲဝဲလဲလို ့လေယာဉ်ပမာ…….ဆိုတဲ့သီချင်းကို သွားသတိရမိတယ်။ လေးပေါက်က ဓာတ်ပုံရိုက်ကောင်းသလို ဓာတ်ပုံနာမည်ပေးလည်းကောင်းသားပဲ ကဗျာဆန်ပါ့။ မခို ့တရို ့လက်ပံကို သဘောကျတယ်။

    • တို့ရွာသူပျိုဖြူများရယ် သီချင်းသံပြိုင်သီကာရယ်
      လက်ပံပွင့်ကောက်အရောက်လာမယ် အယ့်ဟယ်
      ရွာဓလေ့မို့မွေ့ပျော်ဘွယ်………………………..ဆိုတဲ့
      အေးအေးသွယ်နဲ့အဖွဲ့ရဲ့သီချင်းလေး
      နားထောင်ချင်ရင်ကျနော်ဆီမှာရှိ၏။

  • Wow

    February 15, 2013 at 11:05 am

    လက်ပံဖူးချိန် ခွေးရူးချိန်မဟုတ်ဝူးလား ကပေါက်ရယ်…
    လက်ပံပွင့်ချိန် ခွေးရူးချိန်က ဘယ်လိုမှ ကာရံမကိုက်…
    အတည်ပေါက် ဝင် ဆြာလုပ်သွားချင်း :mrgreen:

  • ဦးကြောင်ကြီး

    February 15, 2013 at 11:11 am

    ခွေးရူးချိန်
    ဌေးဦးလိမ်
    မေးထူးဂိန်
    ဆေးဗူးပိန်
    ပြေးကူးမှိန်
    ကွေးဖူးထိန်
    ရေးမြူးစိမ်
    ဝေးခြူးတိမ်..။

  • Good™

    February 15, 2013 at 11:23 am

    ကိုပေါက်ရဲ့ လက်ပံ ပွင့် ပုံလေးတွကြည့် သင်ခဲ့ဖူးတဲ့ ကဗျာတွေပါ ပြန်ဖတ်ရ ပြီး ဘယ်ဆီရယ် မသိ လွမ်းမိ ပါကြောင်း။

    • ဒါကြောင့်မို့ပြောသဟာရယ်
      လက်ပံကပွင့် မြူတွေကမူန်
      လေပွေက တိုက်
      အလွမ်းစိတ်တွေကြောင့်လူကလဲရူးချင်ချင်ရယ်

  • Ma Ei

    February 15, 2013 at 12:10 pm

    “လက်ပံပွင့်တွေ..လေအတိုက်ကြွေလိုက်တဲ့အခါ…….
    … …. …..
    ရွှေညာသူ..မေပျိုချောတို့ စက်ဘီးလေးတွေစီးကာ ကိုယ်စီ…
    ရွှေခြေကျင်းနဲ့ တစ်မျိုးလေးလှတာ အတွေးဝယ်မြင်ယောင်သည်…

    သီချင်းဆက်ဆိုကြည့်လိုက်မှ..ကိုပေါက်က
    ရွှေညာသူမေပျိုချောကို လွမ်းနေတော့တာကိုး….

    • ဟုတ်တယ် မအိရ
      အရင်က လက်ပံပွင့်ချိန်ဆို တောင်သမန်အင်းစောင်းမှာ
      လက်ပံပင်အောက်ထိုင်ရင်းလွမ်းခဲ့ရတာလေ။
      အဲဒီခေတ်က စက်ဘီးခေတ်ဆိုတော့ လက်ပံပင်အောက်ထိုင်ပြီး လွမ်းဘို့အရေး စက်ဘီးကို
      ဟောဟဲလိုက်နေအောင်နင်းပြီးမှ သွားလွမ်းရတာဗျာ။
      တွေးရင်းတောင်လွမ်းလာပြီ

  • awra-cho

    February 15, 2013 at 1:15 pm

    အိုး ရှာလပါတ်ရည် …
    ရဲပတောင်းခတ်နေတာပဲ လှတာဗျာ၊ နှလုံးသားထဲတောင် နီသွားတယ် ။ နားထဲဆက်ရက် သံတွေ ဆူညံသွားတာပဲ။ ကျေးဇူးပဲဗျို့။

    • အိုးးးးးးးး
      ညနေစောင်းများရောက်ရင် ဇရက်တွေဆူညံနေတာ များ
      လွမ်းစရာတောင်ကောင်းသေးတယ်

  • kai

    February 15, 2013 at 4:30 pm

    လက်ပံပွင့်ခြောက်နဲ့..ပုန်းရည်ကြီးဟင်းစားချင်တယ်ဗျို့…
    အင်း..
    ပန်းခြောက်က.. . ညိုညစ်ညစ်နဲ့မို့.. ဒီလောက်နီနေတဲ့အပွင့်တွေမှန်းမသိခဲ့..
    ကျေးကျေး…

    • လက်ပဲံပွင့်ခြောက်ကို ပုန်းရည်ကြိးထဲ့ ဇီးချဉ်သီးလေးထည့်ကျို
      ကြက်သီဖြူနီလေး ဆီသတ် ငံပြာရည်ချက်ကလေး နဲ့ ထနောင်းရွက်ပြုတ်လေးနဲ့
      ဆွဲလိုက်ရလို့ကတော့
      ကိုခိုင်မန်းလေးလာခဲ့ပါလား ချက်ကျွေးမယ်လေ

      • kai

        February 16, 2013 at 2:26 am

        အဖေကအညာသားဆိုတော့.. အမျိုးစပ်ပြီး ကြိုက်တာလားမသိ..
        အခုတောင်.. ရှလွတ်ရှလွတ်ဖြစ်နေတယ်…

        ဒုက္ခ.. :buu:

  • aye.kk

    February 15, 2013 at 5:06 pm

    အလယ်တန်းကျောင်းသူဘဝအရွယ်တုန်းက
    အလယ်တန်းစတက်ရတဲ့ဆယ်ကျော်သက်အစွန်းမှာ
    အိမ်နောက်ဖေးခြံထောင့်ကလက်ပံပင်ကအပွင့်တွေဝေဝေဆာနဲ ့တစ်ပင်လုံးအစွမ်းကုန်ပွင့်တယ်။
    မွှေးလည်းမွှေးမွှး။လေတိုက်တိုင်းကြွေကြွေကျလာတာ။
    အပင်အောက်မှာလက်ပံတွေကောက်ပြီးမွှေးကြူမိတဲ့အရသာ။
    ဘာနဲ ့မှမလဲနိုင်ဘူး။ရင်ထဲမှာအေးမြပြီးနေတာ။ ပန်းတွေကိုချစ်တတ်တော့ပန်းတွေကို
    ပွင့်ပေးတဲ့လက်ပံပင်ကြီးကိုလည်းရင်ထဲမှာအရမ်းချစ်ခဲ့တာ။
    အပင်အောက်မှာအမြဲရောက်ပြီး။ပန်းတွေကိုကောက်နေတတ်တော့
    အဖေကအစိုးရိမ်လွန်ပြီးလက်ပံပင်ကြီးကိုခုတ်လဲပစ်တယ်။
    ခွေးရူးချိန်ဆိုပေမယ့်၊အသဲနုနုမှာတော့ရူးမတတ်ပါဘဲ။
    ငယ်ငယ်ကပန်းချစ်တတ်လို ့ရခဲ့တဲ့ဒဏ်ရာတွေက ခုထိမေ့လို ့မရဘူး။
    ဒီအချိန်ရောက်ရင် ဝေဒနာဟောင်းကပြန်ပြန်ပေါ်တယ်။ လက်ပံပင်ကိုအရမ်းချစ်လို ့ပါ။
    နွေဦးရာသီနွေနေ ့လည်ခင်းတွေမှာ လေရူးကတစ်သုန်သုန်တိုက်ခတ်လာရင်
    လက်ပံတွေကကြွေကြွေပြီး ကျလာတာ လှမှလှပါဘဲ။
    အပင်အောက်မှာ လက်ပံပွင့်ကောက်ရတာ ကလေးဘဝဆိုတော့ အရမ်းပျော်တာပေါ့။
    ပျော်ရင်ငိုရမယ်ဆိုတဲ့အမေပြောတဲ့သတိပေးစကားက နားထဲကမထွက်ဘူး။
    ပျော်ပြီးရင်ငိုရတော့မယ်ဆိုတဲ့အသိက ရှေ့ပြေးနမိတ်ဖြစ်ဖြစ်လာတာဟာလဲ မှန်မှမှန်ပါဘဲ။
    နွေဦးရာသီနဲ ့လက်ပံပွင့်ချိန်က အလွန်ကိုလိုက်ဖက် လှပတယ်ဆိုတာကို ပြောပြလိုက်ပါရစေ ။ ။

  • nozomi

    February 15, 2013 at 5:43 pm

    ငယ်ငယ်က စားခဲ့ရတဲ့ ချဉ်ပေါင်းလေး တောင် သတိရလာပြီ

    လက်ပံခြောက်သာ မပါရင် ချဉ်ပေါင်း(ဟင်းပေါင်း) မပီသ သလိုပဲ

    • ဟုတ်တယ် ကိုနိုရ
      ကျနော်တို့ငယ်ငယ်က တောင်မြို့(အမရပူရ)မှာ နေတုန်းက ဒီအချိန်ဆိုလက်ပံပွင့်တွေကောက်
      အခြောက်လှန်း
      နောက်တော့လက်ပန်ခေါင်းအခြောက်တွေကို ချဉ်ပေါင်နဲ့
      ချဉ်ရေကျိုပြီး ချက်ကျွေးတာ စားခဲ့ရတာ သတိရစရာဗျာ.။

  • ရွှေ ကြည်

    February 15, 2013 at 6:18 pm

    လက်ပံပွင့်ချိန်နဲ့ ခွေးရူးတတ်တဲ့အချိန်ကတူနေတာဖြစ်မယ် ပူတဲ့ရာသီဆိုရင် လူရော၊ ခွေးရောရောဂါထတယ်ထင်ပါရဲ့။ ဒါ့ပုံတွေအရမ်းလှတယ် လေးပေါက်ရေ။

  • garuda

    February 15, 2013 at 7:11 pm

    အော်လက်ပံပွင့်ဆိုတာဒါကိုး။ သိဘူးဗျာ..ကျုပ်အဖွားအိမ်ရှေ့မှာရှိခဲ့ဘူးတယ်။ စားရကောင်းမှန်းတောင်မသိဘူး။သူများတွေ လာတောင်းကောက်တာတော့တွေ့ဘူးတယ်။ ဒီလောက်တော့ အပွင့်မကြီးဘူး။ အခုလောလောဆယ်သတိရသွားတာတော့..ကျုပ်တို့ အညာက..မလွှပွင့်နဲ့ မြေပဲဆံချက်ပဲ..ကောင်းချက်ကတော့ဗျာ..စားဘူးမှသိမယ်။

  • လက်ပန်ပွင့်ကလဲလှ
    ရာသီကလဲလွမ်းစရာကောင်းတော့
    လူတွေလဲ အလွမ်းရဲ့သားကောင်တွေဖြစ်ကုန်တော့တာပါဘဲ။
    ဒါပေမယ့် လက်ပံခေါင်းချဉ်ရေဟင်းက တော့ အရမ်းကောင်းပါ၏။
    ဒီဟင်းတွေချက်ကျွေးတဲ့အ ဖွားကို သတိရသွားတယ်။
    ကျနော်လက်ထပ်တာ 5-2-1983
    ကျနော်အဖွားကွယ်လွန်တာ 5-2-1984 လွမ်းမိပါ၏။

    • ရွှေ ကြည်

      February 16, 2013 at 8:37 am

      လေးလေးစိန်ပန်းတွေဝေနေရင်လည်းရိုက်ပြီးတင်ပေးပါနော်။

    • panpan

      February 16, 2013 at 8:57 am

      လေးလေးတို့အန်နီဗာစရီတွေဘာတွေမလုပ်ကြဘူးလား
      မုန့်လေးဘာလေး မကျွေးချင်ဘူးလား :mrgreen:

      • အမှတ်တရ လုပ်တာပေါ့ပေးကလန်ရဲ့
        နှစ်ယောက်ထဲ
        ဖယောင်းတိုင်မီးထွန်း
        လက်ပံပွင့်တွေခင်းပြီးရင်
        လာထား အာဘွားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

  • panpan

    February 16, 2013 at 8:53 am

    နံပါတ်၃ မြေခကြွေကျက ပန်းချီကားကြီးကျနေတာပဲ
    မိုက်တယ်

    အဲ့လက်ပံပွင့်တွေအခြောက်လှမ်းပြီး ပုန်းရည်နဲ့ချက်စားချင်လိုက်တာ :mrgreen:

  • MaMa

    February 16, 2013 at 9:06 am

    ငယ်ငယ်က လက်ပံပွင့်ချိန်ဆိုရင် လူကြီးတွေနဲ့ လက်ပံပွင့်ကောက် လိုက်သွားတာ သတိရမိတယ်။
    ကိုပေါက်ပြောတဲ့ လက်ပံပွင့်ကောက် သီချင်းကတော့ ကလေးဘဝတုန်းက သူငယ်ချင်းတွေစုပြီး ဆိုကြ ကကြရင် ဆိုနေကျ။
    အပျော်လိုက်သွားပြီး ကောက်တာပဲ မှတ်မိပြီး ကောက်လာတဲ့ အပွင့်တွေ ဘာလုပ်မှန်းတောင် မသိတော့ဘူး။
    လက်ပံပွင့်ကို ချက်စားလို့ရတယ်ဆိုတာ ခုမှပဲ သိတော့တယ်။
    ပုံလေးတွေက လှမှလှပဲ။ :hee:

    • ဆောင်းအကုန်နွေအကူး
      မှာလက်ပန်ပင်အောက်ထိုင်ကြည့်နေရင်
      အပွင့်နီနီ ဇရက်တွေက ပကျိပကျိနဲ့
      အင်မတန်လွမ်းစရာကောင်းတာဘဲ။
      ပြောသာပြောရတယ် ဒါမျုိုးလွမ်းတတ်မယ်မထင်…………………………

  • အရီးခင်လတ်

    February 16, 2013 at 8:30 pm

    သေသေချာချာ မမြင်ဘူး ခဲ့တဲ့ လက်ပံပွင့်တွေ အတွက် ကျေးဇူးပါ ကိုပေါက်ရေ။
    အရမ်းကို လှပါတယ်။
    လက်ပံပင် ဆက်ရက် (ဇရက်) ကျသလိုဘဲ ဆိုတဲ့ စကားပုံ လို ရော အပင်မှာ ဆက်ရက် တွေ မရှိဘူးလား။
    နံပါတ် (၂) က အကောင်တွေက ဆက်ရက် တော့ မဖြစ်နိုင်ဘူး။ 😆

    • လက်ပံပင်မှာ ဇရက်တွေ ဝဲနေရင် ဆူညံနေတာဘဲ။
      ဝတ်ရည်လုသောက်ကြတာကိုး။
      အခုအကောင်တွေက တော့ ကျီးကန်းတွေပါ ကိုလတ်ရေ။
      ဇရက်နဲ့ပုံမနှစ်က တင်ဘူးတယ် ။
      ဒါပေမယ့်အကောင်သေးသေးလေးတွေ။
      နောက်ရက်သွားပြီး ရိုက်တင်ပေးမယ် လက်ပံမတုံးသေးဘူးလေ။

  • padonmar

    February 17, 2013 at 12:24 am

    လက်ပံခြောက်ချက်စားတယ်သာကြားဖူးတာ တစ်ခါမှ မစားဖူးဘူး။
    ကိုပေါက်ကို ပါဆယ်နဲ့ ပို့ခိုင်းရမယ်။
    (ဟင်းချက်ပြီးနော်)

    • အဲဒါအညာဒေသက ဟင်းလေဗျာ.။

      ဟင်းချက်ပို့ရင်တော့ ရတယ်။
      အေးကုန်ရင်စားမကောင်းဘူးဖြစ်မယ်။
      မထူးပါဘူး အီးဇီးကွတ်ဝေဝေဆီ လက်ပံပွင့်ခြောက်တွေပို့ပြီးချက်စားကြရအောင်။
      ဒါမှ မဟုတ်ရင်လဲ
      မန်းလေးလာခဲ့ကြဗျာ။
      အုပ်စုလိုက်။

  • နံပါတ် (၃) ပုံကို မြင်တော့ …
    ကျုပ်တို့ ရွာချောင်း နံဘေးက …
    လက်ပံပင်ကြီးကို သတိရလိုက်တာဗျာ …

    ငယ်ငယ်က ….
    လက်ပံပွင့်တွေ ကောက်ခဲ့တာကိုလည်း …
    ပြန်လွမ်းသလိုလို ဖြစ်မိပါသေးရဲ့ …

    ခွေးရူးချိန် ဆိုလို့ …
    ဟုတ်တယ် .. ရွာမှာ လက်ပံတွေ ပွင့်တိုင်း ..
    ခွေးတွေလည်း ရူးတတ်တယ် ….
    အဲ့ဒါကြောင့် လက်ပံတွေ ပွင့်ချိန်ဆို …
    အိမ်က အမြဲ သတိပေးတယ် …
    ဘယ်လို ခွေးပုံမျိုးဆို အနား မကပ်နဲ့ … ဘာညာ ဆိုပြီးတော့ပေါ့ဗျာ ….

    ပုံတွေအတွက် ရှဲရှဲပါ ဖေပေါက်ဂျီးရေ ….

  • ချောင်းနံဘေးမှာ ချောင်းသေးသလား မောင်မောင်အံ။
    ူလူတွေလဲအလွမ်းကြောင့်ရူးမယ်ထင်ပါ၏။

  • တညင်သား

    February 17, 2013 at 9:47 am

    3 မြေခ ကြွေကျ ပုံလေးကတော့ ရှယ်ပဲ ပန်းချီကား တချပ်လိုအရမ်းကြည့်လို့ ကောင်းတယ်…..

    ဥုံ……….လက်ပံပင်ထိပ်ဖျား ဒင်ကျီးနား

    ဒင်ကျီး ဟိုး…..ဟဲ့ ငါးရိုးထွက်

    ငါးရိုးစူး တဲ့သူတွေ အတွက် အမြန်ဆုံး သက်သာနိင်တဲ့ ဂါထာပေါ့…
    အဖွားပြောတာ ကြားဖူးနေလို့ ထွက်မထွက် တော့ မသိဘူး စမ်းကြည့်ကြပါ……………:)

Leave a Reply