1 အချိုးအစားကျနသောကွမ်ရင်မယ်တော် ဆင်းတု

1 အချိုးအစားကျနသောကွမ်ရင်မယ်တော် ဆင်းတု

 

                                             နှစ်ပေါင်း ၁၅၀ ရှိတဲ့ မန်းလေးမြို့က ကွမ်ရင်မယ်တော်ကျောင်း

 

ဒီနေ့ မိတ်ဆွေတစ်ယောက်ရဲ့ မင်္ဂလာဆောင်ရှိတော့ လမ်း ၃၀ ၈၂-၈၃လမ်းကြားမှာရှိတဲ့

ဖူ့ကျင်းကွမ်းရင် ဗုဒ္ဓဘာသာ ကွမ်ရင်မယ်တော်ကျောင်းကိုရောက်ခဲ့ပါတယ်။

ရင်းနှီးနေတဲ့ဘုရားလူကြိးတွေနဲ့စကားပြောကြည့်တော့ဒီကွမ်ရင်မယ်တော်ဆင်းတုက

ဒီနှစ်ပေါင်းတစ်ရာငါးဆယ် သက်တမ်းရှိပြီဆိုတာသိရတော့ အတော်လေးရှေးကျတယ်လို့ဆိုနိုင်ပါတယ်။

နောက်တစ်ချက်က အတော်လေးအချိုးအစားကျနလို့ သပ္ပါယ်လှပါတယ်။

 

ဟိုအရင်က တရုပ်နှစ်သစ်ကူးရက်များမှာ အလွန်စည်ကားခဲ့တဲ့ကျောင်းလဲဖြစ်ပါတယ်။

အဲလိုပွဲတော်ရက်များမှာ စာပွဲတင်တင်းနစ် နဲ့ဘတ်စကက်ဘောပြိုင်ပွဲများက အတော်လေး

အဆင့်မီတဲ့ အားကစားသမားတွေကို ပေါ်ထွက်စေခဲ့တာလဲ အမှန်ပါဘဲ။

နေသူရိန်ဝင်းမီးနဲ့ ဦးကျားကြီးမီးဘေးတုံးကကျောင်းပါတ်ပါတ်လည်က အိမ်များနဲ့

ကျောင်းဝင်းထဲက အဆောင်အချို့ မီးဘေးသင့်ပေမယ့် ပင်မ ဆောင်ကတော့လွတ်ခဲ့ပါတယ်။

ဒီကျောင်းဝင်းထဲမှာ တရုပ်ဘာသာစကားသင်ကြားပေးတဲ့ သင်တန်းများလဲရှိပါတယ်။

လူမျိုးမရွေးဘာသာမရွေး တက်ရောက်နိုင်တာလဲအမှန်ပါဘဲ။

 

 

 

 

2 ကျောင်းအ၀င်ဝ

2 ကျောင်းအ၀င်ဝ

 

2ကွမ်ရင်မယ်တော်ရုပ်ထုရှိတဲ့ကျောင်းဆောင်

3ကွမ်ရင်မယ်တော်ရုပ်ထုရှိတဲ့ကျောင်းဆောင်

4 ဘုရားမီးပူဇော်ရန်နေရာ

4 ဘုရားမီးပူဇော်ရန်နေရာ

 

4 စီးပွားရေးနဲ့သက်ဆိုင်သော

5 စီးပွားရေးနဲ့သက်ဆိုင်သော ကုမ်းကုမ်း

 

6 ကျန်းမာရေးနှင့်သက်ဆိုင်သော

6 ကျန်းမာရေးနှင့်သက်ဆိုင်သော ကုမ်းကုမ်း

 

 

7 ကွယ်ရင်မယ်တော် ပူဇော်ရန်နေရာ

7 ကွမ်ရင်မယ်တော် ပူဇော်ရန်နေရာ

 

8 ရွှေငွေစက္ကူ ပူဇော်မီးရှို့ရန်နေရာ

8 ရွှေငွေစက္ကူ ပူဇော်မီးရှို့ရန်နေရာ

 

9 တရုပ်စာပေ သင်ကြားပေးတဲ့ကျောင်းဆောင်

9 တရုပ်စာပေ သင်ကြားပေးတဲ့ကျောင်းဆောင်

 

11 အ၀င်ဝက ခြူးရုပ်

11 အ၀င်ဝက ခြူးရုပ်

 

12 ကွမ်ရင်မယ်တော် ဆင်းတု

12 ကွမ်ရင်မယ်တော် ဆင်းတု

 

13 ကျယ်ပြန့်သော ကျောင်းဝင်း

13 ကျယ်ပြန့်သော ကျောင်းဝင်း

 

ဒီပုံလေးတွေမြင်ရင် မန်းလေးကနေအဝေးရောက်နေတဲ့ သက်ဆိုင်ခဲ့သူများကတော့

အတော်လေး လွမ်းမိမယ်လို့ထင်ပါတယ်။

 

 

ကိုပေါက်လမ်းသလားနေသည်

(14-2-2013)

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1607 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။