သရက်မြို့နယ် NLD ပါတီညီလာခံ နှစ်ကြိမ်-ကျင်းပရခြင်းကို ပွင့်လင်းမြင်သာမှုရှိအောင် ရှင်းလင်းပေးစေလို

winkyawaungFebruary 14, 20131min1015

DSC_0620
ကျွန်တော်တို့ သရက်မြို့နယ်NLD ပါတီညီလာခံကို (၂)ကြိမ်ပြုလုပ်တဲ့ကိစ္စကို အများသိအောင်ပြောပါရစေ..။ ဇန်နဝါရီလ(၂၂)ရက်နေ့က သရက်မြို့နယ်NLDပါတီရုံးမှာ (ပထမ)အကြိမ် ပါတီညီလာခံကိုကျင်းပခဲ့ပါတယ်။ သရက်မြို့နယ် အတွင်း ရပ်/ကျေးအုပ်စု(၅၆) အုပ်စုရှိပါတယ်။ (၃၄) အုပ်စု မှ တက်ရောက်သူ ညီလာခံကိုယ်စားလှယ်များ(၁၂၉)ဦးနဲ့ မင်းတုန်းမြို့နယ်NLD ညီလာခံကျင်းပရေးကော်မရှင်အဖွဲ့က ကြီးကြပ်ပြီး ဒီမိုကရေစီနည်းလမ်းတကျ ရွေးချယ်ပြုလုပ် ခဲ့ပါတယ်။ ဒါကို မကွေးတိုင်းညီလာခံကျင်းပရေးကော်မရှင် ဥက္ကဋ္ဌနဲ့ အဖွဲ့က ပယ်ဖျက်ခဲ့ပါတယ်။ ဒုတိယ အကြိမ် ပြန်လည်ကျင်းပခိုင်းပါတယ်။
ဖေဖော်ဝါရီ(၁၂)ရက်နေ့မှာ သရက်မြို့၊ မြောက်မင်းတည်းရပ်ကွက်၊ ရွှေစင်ငွေစင် ခန်းမမှာ သရက်မြို့နယ် NLD ပါတီညီလာခံ (ဒုတိယ အကြိမ်) ပြန်လည်ကျင်းပပါတယ်။ သရက်မြို့နယ်ပါတီရုံးမှာ ဘာကြောင့်မလုပ်ပါသလဲ။ သရက်မြို့နယ်တွင်းမှာက ရပ်/ကျေးအုပ်စု(၅၆) အုပ်စုပါတယ်။ ရပ်/ကျေးအုပ်စု(၁၄) အုပ်စုထဲက ဖိတ်ကြားထားသူ(၁၆၉) ဦးသာရှိတယ်သိရပါတယ်။ တက်ရောက်လာသူ ညီလာခံကိုယ်စားလှယ်(၁၀၆) ဦးတက်ရောက်ပြီး (၆၁.၇၁) ရာခိုင်နှုန်းပြည့်လို့ ကျင်းပခဲ့ပါတယ်လို့ ဆိုပါတယ်။ ရပ်/ကျေးအုပ်စု စုစုပေါင်း(၅၆)အုပ်စု ရှိတဲ့အနက် တက်ရောက်လာတဲ့ ညီလာခံ ရပ်/ကျေးအုပ်စု(၁၄)စု ထဲနဲ့သာ ကျင်းပတာဖြစ်ပါတယ်။ ရပ်/ကျေးအုပ်စုနဲ့ တွက်ကြည့်မယ်ဆိုရင် (၅၀)ရာခိုင်နှုန်းကို မပြည့်ပါဘူး။ ဖိတ်ကြားတော့လည်း သရက်မြို့နယ်NLD ပါတီညီလာခံ(ဒုတိယ အကြိမ်) ကျင်းပပွဲမှာ ဒေါ်အောင်စုကြည် ကိုယ်တိုင်လာမယ် ဆိုပြီး ဖိတ်ကြားထားပါတယ်။ အမေစု နာမည်ကို အသုံးချသွားပါတယ်။ တကယ်လဲ မလာဘဲ ဒီလိုကြီးဖိတ်ကြားတာ ပါတီအတွက် မကောင်းပါဘူး။ ဒါကြောင့် သရက်မြို့နယ် NLDပါတီ ညီလာခံ (၂)ကြိမ် (၂)ခါ ကျင်းပသွားခြင်းကို ဘယ်သူကမှန်တယ်၊ ဘယ်သူကမှားတယ်ဆိုတာဆိုတာကို ဒီမိုကရေစီနည်းလမ်းနဲ့ (ဘက်မလိုက်ပဲ) တရားမျှတစွာနဲ့ (ဗဟို) NLD ရန်ကုန်ရုံးချုပ်က စဉ်းစားဆုံးဖြတ်ပြီး ထုတ်ပြန်ကြေငြာပေးစေလိုပါတယ်ခင်ဗျာ…။
သရက်-မင်းကြီး ။

5 comments

  • winkyawaung

    February 14, 2013 at 10:08 pm

    အားပေးသူမရှိတော့ ပို့စ်တင်ရတာ အားငယ်မိပါတယ်။ ရွာသားတွေက စိမ်းနေကြပါတယ်ဗျာ..။

  • kai

    February 15, 2013 at 4:43 am

    ဒီချုပ်ကို သိတ်စိတ်မဝင်စားလာကြတာကို ပြနေတဲ့သဘောလို့ထင်မိတယ်..
    လူထုအခြေအနေ..အရကောက်လို့ရနိုင်တာပေါ့..

    အင်း..
    ၂၀၁၅အတွက်.. အခြေအနေသိပ်မကောင်း… :buu:

  • ဦးကြောင်ကြီး

    February 15, 2013 at 11:05 am

    မကွေးက သမီးလေးတွေအကြောင်း ဓာတ်ပုံအက်ဆေး ရေးဖို့ စိတ်အဝင်စားဖူးလား… မြန်မာပျီဂျီးမှာ ဒီမိုဂရေစီရနေဗျီဗဲဟာ။ ဘွားဒေါ်ဂျီးကလည်း သစ္စာချိတော အတိုက်အခံလုပ်မည်ဆိုတော့………
    အား….လုံး…..ဂေါင်း….ပါ….သည်….ဆြာ……………………..ဂျီး………. :kwi:

  • winkyawaung

    February 16, 2013 at 2:58 pm

    အလန်းဇယားလေးတွေကို ရှာပြီး ဓာတ်ပုံရိုက်နေပါတယ်ဆရာ..။ လွှတ်ထားရင် ချွတ်သွားမလား ဆိုတဲ့ ဆောင်းပါးထဲကလို မြင်နေရတော့ ငေးကြည့်နေမိတယ်။ ဓာတ်ပုံလဲ မရိုက်ဖြစ် ပို့စ် လဲ မတင်ဖြစ်ဘူးခင်ဗျ..။ လာမည် မျှော်ပါ..ကြာမည်..။

  • မောင်ပေ

    February 16, 2013 at 7:49 pm

    ကိုဝင်း ပို ့စ်တွေကို ဖတ်တော့ ဖတ်တယ်ဗျ
    ဘာမန် ့ရမှန်း မသိလို ့ပါ
    ဒေါ်စုကတော့ ရုံကို အမှန်အကန် ခါဖို ့လိုနေပါပြီ

Leave a Reply