မနေ့က ဗာလင်တိုင်းဒေးရောက်တော့ ဒါလင်နဲ့ အလွမ်းသည်ပြီးတဲ့နောက်

စိတ်အာရုံတွေက လွန်ခဲ့တဲ့ ၆နှစ်က ဗာလင်တိုင်းဒေလေးကို သတိယလွင့်မျောသွားလေးရဲ့

 

အဖြစ်ကဒီလို

ဒီနေ့ဖေဖေါ်ရီ 14ရက်ပဲ ဒါလင့်ကိုသတိရလိုက်တာ

ဒီညနေရုံးဆင်းရင် အင်တာနက်ဆိုင်ကနေဖုံးခေါ်လိုက်အုံးမယ် ကိုယ့်ဖုံးနဲ့ခေါ်ရင် ပိုက်ဆံပိုကုန်တယ်လေ

ရုံးဆင်းတော့တက္ကစီလေးစီးပြီး ပါ၇မီလမ်းဆုံနားက အင်တာနက်ဆိုင်ကလေးကို ၀င်ခဲ့တယ်ပေါ့

ဆိုင်ထဲရောက်တော့ လူငယ်လေးတွေတော်တော်များများအပြုံးတွေများစွာနဲ့ ကြူနေကျတယ်ပေါ့

ကိုယ်လဲ လွတ်တဲ့ခုံးလေးမှာဝင်ထိုင်ပြီးဆိုင်ကကောင်လေးကို ဖုံးခေါ်ခိုင်းရတာပေါ့

တွေ့ပါပြီဒါလင်နဲ့ ရင်တွေတောင်ခုန်နေတယ် ဘာစပြောရမှန်းတောင်မသိဘူး

 

*ကိုကြီးနေကောင်းလာ

အေးကောင်းတယ် ဘာအရေးကြီးလို့ဖုံးခေါ်တာလဲ

*ကိုကြီး ဒီနေ့ဘာနေလဲသိလား

ဘာနေလဲ  ဘာနေ့မို့လို့လဲ

*ကိုကြီးဒီနေ့ 14ရက်လေ

14ရက်ဘာဖြစ်လို့လဲ

 

ဘေးနားက ကလေးတွေက ကိုယ့်ကို မသိမသာလှမ်းကြည့်နေကျတယ်

အေးအေး မသိရင်လဲပြီးရောလိုပြောပြီး

အားလုံးနေကောင်းကြတဲ့အကြောင်းပြောပြီး ဖုံးချပစ်လိုက်တယ်

အိမ်ရောက်တော့မကျေပွဲထက်နွဲတာပေါ့ ပိုက်ဆံကုန်ရင် ကုန်ပစေဆိုပြီ

ဖုံးခေါ်ပြီးရန်တွေ့လိုက်တယ်

 

” ဒီလောက်တောင်မသိဘူးလား ကဗျာမဆန်လိုက်တာ

ဒီနေ့ချစ်သူများနေလေ ဒီလောက်တောင်တုံးရသလား

သူများတွေ အရုပ်တွေ/ချောကလက်တွေပို့နေကျတာ

ဒီလောက်တောင်မသိဘူးလား

ဒီမှာတော့ သတိယပြီးဖုံးခေါ်တာကိုဘာနေ့မှန်းတောင်မသိဘူး

အရမ်းစိတ်တိုတယ် နောက်ဘယ်တော့မှ ဖုံးစမဆက်ဘူး”

ပြောချင်တာတွေပြောပြီးငိုပလိုက်တယ်

” ကိုကြီးအလုပ်တွေများပြီး ဘာနေဆိုတာတောင် သတိမထားလိုက်မိဘူး

တစ်ရက်မြန်မြန်ကုန်ပြီး  “မ ”  နဲ့မြန်မြန်ပြန်တွေ့ချင်တာပဲခေါင်းထဲမှာရှိတယ်

ကျန်တာတွေကို ခေါင်းထဲမှာ မရှိလို့ ခွင့်လွတ်နော် ”

ပြန်ချော့တော့လဲ စိတ်ပြေရတာပါပဲ

နောက်တပတ်လောက်ကျတော့ လူကြုံနဲ့ ကျမကြိုက်တဲ့ရေမွှေးနဲ့ချောကလက်လူကြုံထဲ့ပေးလိုက်တယ်လေ

သြော်… ရိုမတ်တစ်မဆန်တဲ့ ဗာလင်တိုင်းဒေတွေကို ကျော်ဖြတ်ခဲ့ရသလို

ရင်ခုန်ကြည်နူးတဲ့ ဗာလင်တိုင်ဒေတွေကိုလဲကျော်ဖြတ်ရင်း

အသက်တွေတနှစ်ပြီး တနှစ်ကြီးသွားပေမဲ့

ချစ်သူများနေရောက်ရင်တော့ ရင်ခုန်ချင်နေပါသေတယ်ရှင်

 

 

 

 

Novy

About Novy

yi yi has written 66 post in this Website..

မှန်တယ်ထင်ရင် နောက်မဆုတ်ပါ CJ # 1272011