ကျမနဲ့ဗာလင်တိုင်းဒေး

NovyFebruary 15, 20131min31750

မနေ့က ဗာလင်တိုင်းဒေးရောက်တော့ ဒါလင်နဲ့ အလွမ်းသည်ပြီးတဲ့နောက်

စိတ်အာရုံတွေက လွန်ခဲ့တဲ့ ၆နှစ်က ဗာလင်တိုင်းဒေလေးကို သတိယလွင့်မျောသွားလေးရဲ့

 

အဖြစ်ကဒီလို

ဒီနေ့ဖေဖေါ်ရီ 14ရက်ပဲ ဒါလင့်ကိုသတိရလိုက်တာ

ဒီညနေရုံးဆင်းရင် အင်တာနက်ဆိုင်ကနေဖုံးခေါ်လိုက်အုံးမယ် ကိုယ့်ဖုံးနဲ့ခေါ်ရင် ပိုက်ဆံပိုကုန်တယ်လေ

ရုံးဆင်းတော့တက္ကစီလေးစီးပြီး ပါရမီလမ်းဆုံနားက အင်တာနက်ဆိုင်ကလေးကို ဝင်ခဲ့တယ်ပေါ့

ဆိုင်ထဲရောက်တော့ လူငယ်လေးတွေတော်တော်များများအပြုံးတွေများစွာနဲ့ ကြူနေကျတယ်ပေါ့

ကိုယ်လဲ လွတ်တဲ့ခုံးလေးမှာဝင်ထိုင်ပြီးဆိုင်ကကောင်လေးကို ဖုံးခေါ်ခိုင်းရတာပေါ့

တွေ့ပါပြီဒါလင်နဲ့ ရင်တွေတောင်ခုန်နေတယ် ဘာစပြောရမှန်းတောင်မသိဘူး

 

*ကိုကြီးနေကောင်းလာ

အေးကောင်းတယ် ဘာအရေးကြီးလို့ဖုံးခေါ်တာလဲ

*ကိုကြီး ဒီနေ့ဘာနေလဲသိလား

ဘာနေလဲ  ဘာနေ့မို့လို့လဲ

*ကိုကြီးဒီနေ့ 14ရက်လေ

14ရက်ဘာဖြစ်လို့လဲ

 

ဘေးနားက ကလေးတွေက ကိုယ့်ကို မသိမသာလှမ်းကြည့်နေကျတယ်

အေးအေး မသိရင်လဲပြီးရောလိုပြောပြီး

အားလုံးနေကောင်းကြတဲ့အကြောင်းပြောပြီး ဖုံးချပစ်လိုက်တယ်

အိမ်ရောက်တော့မကျေပွဲထက်နွဲတာပေါ့ ပိုက်ဆံကုန်ရင် ကုန်ပစေဆိုပြီ

ဖုံးခေါ်ပြီးရန်တွေ့လိုက်တယ်

 

” ဒီလောက်တောင်မသိဘူးလား ကဗျာမဆန်လိုက်တာ

ဒီနေ့ချစ်သူများနေလေ ဒီလောက်တောင်တုံးရသလား

သူများတွေ အရုပ်တွေ/ချောကလက်တွေပို့နေကျတာ

ဒီလောက်တောင်မသိဘူးလား

ဒီမှာတော့ သတိယပြီးဖုံးခေါ်တာကိုဘာနေ့မှန်းတောင်မသိဘူး

အရမ်းစိတ်တိုတယ် နောက်ဘယ်တော့မှ ဖုံးစမဆက်ဘူး”

ပြောချင်တာတွေပြောပြီးငိုပလိုက်တယ်

” ကိုကြီးအလုပ်တွေများပြီး ဘာနေဆိုတာတောင် သတိမထားလိုက်မိဘူး

တစ်ရက်မြန်မြန်ကုန်ပြီး  “မ ”  နဲ့မြန်မြန်ပြန်တွေ့ချင်တာပဲခေါင်းထဲမှာရှိတယ်

ကျန်တာတွေကို ခေါင်းထဲမှာ မရှိလို့ ခွင့်လွတ်နော် ”

ပြန်ချော့တော့လဲ စိတ်ပြေရတာပါပဲ

နောက်တပတ်လောက်ကျတော့ လူကြုံနဲ့ ကျမကြိုက်တဲ့ရေမွှေးနဲ့ချောကလက်လူကြုံထဲ့ပေးလိုက်တယ်လေ

ဪ… ရိုမတ်တစ်မဆန်တဲ့ ဗာလင်တိုင်းဒေတွေကို ကျော်ဖြတ်ခဲ့ရသလို

ရင်ခုန်ကြည်နူးတဲ့ ဗာလင်တိုင်ဒေတွေကိုလဲကျော်ဖြတ်ရင်း

အသက်တွေတနှစ်ပြီး တနှစ်ကြီးသွားပေမဲ့

ချစ်သူများနေရောက်ရင်တော့ ရင်ခုန်ချင်နေပါသေတယ်ရှင်

 

 

 

 

50 comments

  • ဦးကြောင်ကြီး

    February 15, 2013 at 10:36 am

    ကိုဂျီးကိုဂျီး
    ဖဲရှုံးလို့ ခေါ်ကာရယ်
    ကိုချီးကိုချီး
    ဖွဲ့ဖွဲ့နွဲ့နွဲ့ ခေါ်ကာရယ်
    တိုကြီးတိုကြီး
    ခြစ်ရူးမလေး လားလားလာ့လား
    ကိုဂျီးကိုဂျီး
    နိုဗွီလေး မျှော်ပါတယ်
    တိုဂျီးတိုဂျီး
    ပိုက်ဆံများ ပို့ပါကွယ်
    ပြန်မလာလဲ ရတယ်
    တသက်လုံး ခွင့်လွှတ်မယ်
    ကိုဂျီး ကိုဂျီး…။

    ဦးကြောင်ကို ထားခဲ့ပီး တိုဂျီးဆိုဒါဂျီးနောက် ပါသွားတဲ့ နိုဗွီဂလေး အဂုဒေါ့ တယောက်ထဲ အထီးကျန်နေရပီ မဟုတ်လား…။ သနားဘူးကွ…

  • Novy

    February 15, 2013 at 10:41 am

    အူးကြောင်မှ မီးမီးကို မသနားရင် ရေမရှိတဲ့ချောင်းမှာ နှခေါင်းဖေါ်ပြီး
    တေပလိုက်မယ်

  • kyeemite

    February 15, 2013 at 10:41 am

    မနိုရေ..
    ကျုပ်တို့ တုန်းကတော့ “ချစ်သူများနေ့” တွေဘာတွေမရှိသေးပါဘူး
    ခေတ်မစားသေးတာပြောတာပါ…အခုခေတ်စားလာတော့
    အသက်က…ဟီး :hee:

    • Novy

      February 15, 2013 at 11:03 am

      ဦးမိုက်ရေ..
      အချစ်ဆိုတာဟောင်းတယ်မရှိပါဘူး
      အခုလဲမှီနေပါသေးတယ်
      အချစ်မှာ အသက်မရှိပါဘူးနော်
      အချစ်ကအမြဲနုပျိုနေတာပါ
      အခုပဲ ရိုမတ်တစ်လေးဆန်လိုက်ပါလဲ

      မသကာ သူငယ်ပြန်ရကောင်းလားလို့ မဟေသီရဲ့
      ဗိုက်ခေါက်ဆွဲလိမ်တာကို ခံရယုံပေါ့

  • Wow

    February 15, 2013 at 10:45 am

    သူရို့တွေ အိုက်လို ကဗျာမဆန်တတ်တာတွေခက်ထှာ…
    ဘယ်လယ်တိုင်းချောကလက် ဝယ်ပေးမဲ့အစား.. တခြား အသုံးဝင်တာ ပူဇာပါလားဒဲ့… :buu:

    • ဦးကြောင်ကြီး

      February 15, 2013 at 10:55 am

      ချောကလက်စား အားသိပ်ရှိသဗျ…. သိလဲသိဘဲနဲ့…. ဟိုကအထှာနဲ့ အထှာနဲ့….။

      • Wow

        February 15, 2013 at 10:58 am

        အောင်ကြူးကတော့ ချက်ဆို ဗိုက်ပြေးကပ်ပြီး သန်ရာ သန်ရာတွေးတော့ သဂိုး :kwi:

    • Novy

      February 15, 2013 at 11:05 am

      wow ရေ..
      အဲလိုပြောရင်တော့ ဘရန်းတက်တွေကိုသာ ပူစာပလိုက်

  • ဦးကြောင်ကြီး

    February 15, 2013 at 10:58 am

    ကျန်သွားလို့… ရင်ခုန်ခြင်ရင် သိပ်စဉ်းစားမနေနဲ့…. ဘာလုပ်ရလဲသိလား…
    ကြိုး…………………………..
    ခုန်………………………………..
    ပါ……………………………………. :harr:

  • ဦး ကျောက်ခဲ

    February 15, 2013 at 11:02 am

    ဟီ ဟိ အူယားလိုက်တာ

    ဘာတဲ့ “ကိုဂျီး” တဲ့… “မ” တဲ့…
    အင်း… မိန်းမတွေများ ယောက်ျားမာယာနဲ့တွေ့တော့ ပျော့သွားတာပဲ…
    ဦးကျောက်သူငယ်ချင်းအိမ်ထောင်သည်များကတော့…
    ဗာလင်တိုင်းကို အမြင်ကပ်လို့ မေ့ချင်ယောင်ဆောင်ကြပါသတဲ့…
    အင်း… ဆိုတော့ကာ…
    ပြောချင်ဘူး…ပြောချင်ဘူး…ဟီ ဟိ..
    :kwi:

    • Novy

      February 15, 2013 at 11:07 am

      ဦးကျောက်.
      သူမှာ ခေါ်စရာ “မ” မရှိတိုင်း မနာလိုဖစ်နေတယ်

  • ရဲစည်

    February 15, 2013 at 11:21 am

    အန်တီနိုရေ..

    အသက်တွေတနှစ်ပြီး တနှစ်ကြီးသွားပေမဲ့

    ဟိုဘက်က အူး၄အမ်ကယ်သဂျီး ပို့စ်မှာတော့ ဒီလိုလေး ရေးထားတာ သွားတွေ့ရဲ့ …..
    …… (credit to Kai’s post )

    အသက်ကြီးသူစာရင်းထဲမှာ သင် မပါနိုင်သေးဖူးဆိုတာ သေချာလိုက်စမ်းပါ။ သင့်မှာ လုပ်နိုင်တဲ့စွမ်းအားတွေ အများကြီး ရှိနေသေးတာ။ မေ့မထားပါနဲ့လေ။ အသက်ကြီးပြီလို့ ပြောတတ်ကြတဲ့ ကိုယ့်အောက်ငယ်ရွယ်သူတွေကို တွေ့ရတဲ့အခါတိုင်း ကိုယ်ပြောချင်ခဲ့တဲ့ ဒီစကားလေးကို ဒီနေရာမှာ ပြော လိုက်တာ။ အသက်ကြီးသူဆိုတာ သင့်ထက် အသက်လေးဆယ် ပိုကြီးသူကိုသာခေါ်တာ။ မှတ်ထားလိုက်ပါ။

    ဆိုတော့ကာ … အားမလျော့နဲ့ဦးဗျ
    ဟိုသီချင်းစာသားလေးလို ……… ” အားတင်းထားပါဦး …. အားတင်းထားပါဦး” :mrgreen:

    ကျနော်တို့ကတော့ ဒီသံသရာ ဝဲဂယက်ထဲမှာ မမြဲတဲ့သဘောတွေကြား ပူလောင်စွာ ဖက်တွယ်နေရမဲ့အတူ အူးကျောက်လမ်းစဉ်ဘဲ လိုက်သွားပါဘီ …. ကွီ..ကွီ

  • နိုင်နိုင်

    February 15, 2013 at 11:37 am

    ဗယ်လင်တိုင်းဒေး ဆိုတော့ နဲနဲ့ ဝင်နွဲလိုက်ဦးမယ် ဒို့လည်း ကောင်မလေးတစ်ယောက် ချောကလတ် တွေသွားပေးပါတယ် ရုံးဖွင့်ရက် သူ့ရုံးပေါ်ထိသွားပေးလိုက်တယ်… သူမျက်နှာက မကြည်မသာနဲ့ လာပေးတဲ့သူကို …ပေးလိုက်ရတဲ့ကောင် ဟတ်ကော့ကြီးဖြစ်လေရော။ ဗယ်လင်တိုင်း ဟတ်ကော့ပေါ့ဗျာ… 😀

    • Novy

      February 15, 2013 at 11:39 am

      အဲ့ဒါမူလိုက်တာ နိုင်နိုင်ရေ…

  • Novy

    February 15, 2013 at 11:37 am

    သမီးကိုမြင်ပြီး အန်တီလို့ခေါ်တာမဟုတ်ပါစေနဲ့လို့
    အရင်ဆုတောင်းလိုက်မယ် :harr:

    တူကလေးရေ..အားပေးနေတဲ့အတွက်ကျေးဇူးပါတော်

  • ခိုင်ဇာ

    February 15, 2013 at 12:09 pm

    အော်။ မနိုရယ်။
    ပြန်ချော့တတ်တဲ့ ဒါလင်ကြီးက အများ၊ အများကြီး တော်သေးသလားပဲ။

    မွေးနေ့မမှတ်မိ၊
    ဘယ်လင်တတိုင်းနေ့မှ မသိ၊
    သွားပြောရင်လည်း အပိုတွေလို့ပြောခံရ၊
    ကလေးဆန်တယ်လို့ အဆူခံရ၊

    :byae:

    • Novy

      February 16, 2013 at 9:50 am

      ခိုင်ဇာရေ..
      နောက်ဆိုရင်ပြောလိုက် ကလေးဆန်တာမဟုတ်ဘူးလို့
      ရင်ခုန်သံနုပျိုနေအောင် သတိပေးသံပတ်ရစ်တာလို့
      ကျေးဇူးတောင်တင်ရအုံးမယ်လို့

  • ရွှေတိုက်စိုး

    February 15, 2013 at 1:46 pm

    အောင်မလေးလေး…… ရိုမန်တစ်ဆန်လိုက်ထာ……….
    ဖတ်ရင်းနဲ.ကို ဒီလူကြီး ဒီလောက်တောင် မေ့ရလားလို. စိတ်တောင်ရောတိုသွားတယ်…
    ပြန်ချောတော့လဲ…..ပြေသွားပြန်တော့လဲ…..အဟင့် လူဆိုးးးးးးး…..ခစ်ခစ်ခစ်

    • Novy

      February 16, 2013 at 9:52 am

      မတိုက်ညည်းလဲအုပ်အုပ်စီကနေ ဗာလင်တိုင်းလက်ဆောင်တွေရတယ်မဟုတ်လား
      နားရွက်ဆွဲခံရတာလေ ဟီးးးးးးး

  • ခင်ခ

    February 15, 2013 at 3:37 pm

    အမှတ်တရ ဗာလင်တိုင်းဒေး တွေကို
    အမှတ်ရစွာနဲ့ ရေးပြသွားတယ်ပေါ့။
    ချစ်တတ်တဲ့သူတွေရဲ့ ရင်ခုန်သံဟာ အချိန်ကြာတော့ အသံမကြားသလိုမို့ ပျောက်သွားတယ်လို့ ဆိုချင်ကြတယ်။
    တကယ်တော့မဟုတ်ပါဘူး အချိန်ကြာတဲ့အခါ ရင်ကျက်တည်ငြိမ်မှု့အရ နူးညံလွန်းလို့ တိုးတိုးညင်သာစွာ သိမ်သိမ်မွေ့မွေ့လေး ခုန်နေလို့ပါလို့…………….။
    မနိုဗွီခံစားရေးတာမို့ အနော်လည်း စိတ်ကူးခံစား ရေးတာပါ။

    • Novy

      February 16, 2013 at 9:55 am

      ကိုခရေ.. နူးညံတိုးညင်းတဲ့ရင်ခုန်သံတွေဘယ်လောက်တိုးတိုး
      ချစ်တက်သူတို့ နှလုံးသားကတော့အမြဲကြားနေမှာပါနော်

  • မောင်ပေ

    February 15, 2013 at 6:52 pm

    မမနိုရေ
    မော့ပါဆွန် ့ရေးတဲ့ ဝတ္တုတစ်ပုဒ် ကို မောင်ထင် ဘာသာပြန်ထားတာ ရှိတယ်ဗျ
    တရားသူကြီး နဲ ့အဖိုးကြီးအို အဖွားကြီးအို လင်မယား၂ယောက် တရားရုံးမှာ စကားပြောကြတာတွေကို ရေးထားတာပါ
    မမနို နဲ ့တိုက်ဆိုင်မှု ရှိမယ် ထင်လို ့၊ ရှာဖတ်ကြည့်ပါလို ့
    အဲဒါ အဲဒါ

    • Novy

      February 16, 2013 at 9:59 am

      မေပေါင်ရေ..
      ရှာလိုက်ပါအုံးမယ်တော်

  • MaMa

    February 15, 2013 at 8:58 pm

    မနိုနဲ့ ဗာလင်တိုင်းနေ့များပေါ့နော်။
    နောက်ဆုံးတော့လည်း ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ကိုပဲ ပျော်ရွှင်သွားရတယ် မဟုတ်လား။ :hee:

    • Novy

      February 18, 2013 at 4:16 pm

      အစ်မ မမရေ.
      ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ ရင်ခုန်သံတွေနုပျိုအောင်လုပ်နေရတာပေါ့

  • Mr. MarGa

    February 15, 2013 at 9:01 pm

    အဲဒါပဲ
    ယောက်ျားမာယာ မန်ကျည်းကိုးပင်ထဲမှာ မနိုကို ဆွဲခေါ်သွားတာ
    ဘယ်လောက်လှလိုက်တဲ့ စကားလေးလဲ
    တစ်ခွန်းထဲ ပြောလိုက်တာနဲ့ ချက်ခြင်း စိတ်ပြေသွားတယ်မလား
    အိုဘယ့် ယောက်ျားများ :kwi:

    • Novy

      February 18, 2013 at 4:16 pm

      အိုးးးး အသင်မာဃ မှတ်လော့

  • ချစ်သူဘဝ
    ဘာငှက်လေးလဲမောင်
    အော် ကြင်ဖော်မက်တဲ့ ဇင်ယော်ငှက်လေးတွေပေါ့ကွယ်

    နောင်နှစ်များစွာကြာသော်
    အဖေကြီး ဘာငှက်လဲဟင်…………………..
    အရေးထဲဗျာ ဂန်းမရေ လဒငှက်ဟဲ့လဒငှက်
    မောရတဲ့အထဲဗျာ တဲ့

    သူများရေးထားတာ ဖတ်ဖူးတာလေး ပြန်ရေးပြတာပါ။

    • Novy

      February 18, 2013 at 4:20 pm

      လေးပေါက်က အခုတော့ မဒမ်ပေါက်ကို အခုလိုပြောနေပြီပေါ့
      လာမှတိုင်လိုက်အုံးမယ်

  • padonmar

    February 16, 2013 at 12:17 am

    အဲ ဆရာအုပ်ကို မိတ်ဆက်ပွဲမှာ မနိုက အိမ်ကဒါလင်ကြီးလို့ ပြောတာပါ၊အိမ်က ဟာကြီး မဟုတ်ပါဘူးလို့ ရှေ့နေလိုက်ပေးမလို့ comment off နေတော့ အခွင့်မရလိုက်ဘူး။
    ခုမှ သက်သေလိုက်ပေးလိုက်ပါတယ်။
    နောက်တစ်ခါ ကံစမ်းမဲကျရင် ဆုကြီးကြီးပေါက်အောင် လုပ်ပေးနော်။

    • Novy

      February 18, 2013 at 4:22 pm

      မမပဒုမ္မာပဲ လိမ္မာတယ်
      အိမ်မှာ အလှူလုပ်ရင်ဖိတ်လိုက်မယ်နော်

  • kai

    February 16, 2013 at 1:31 am

    နိုင်ငံခြားနေသူက.. ဗာလင်တိုင်းဒေး… မသိနေ(သတိမထားမိနေ) တာပဲ.. ကံကောင်းစိတ်ချရတယ်မှတ်ပါကွယ်..
    တကယ်ကို သတိမရဘူးဆိုရင်..
    အဲဒါ.. အကောင်းဆုံးဗာလင်တိုင်းဒေး လက်ဆောင်ပါ.. :harr:

    • Novy

      February 18, 2013 at 4:24 pm

      သူကြီးပြောမှပဲ
      အကောင်းဆုံးဗာလင်တိုင်းဒေး လက်ဆောင်ကို မနိုရမှန်းသိတော့တယ် ဟီးးးး

  • Foreign Resident

    February 16, 2013 at 8:18 am

    ” ဦးကျောက် သူငယ်ချင်း အိမ်ထောင်သည်များကတော့…
    ဗာလင်တိုင်းကို အမြင်ကပ်လို့ မေ့ချင်ယောင်ဆောင်ကြပါသတဲ့ ”

    မဟုတ်သေးပါဘူး ၊ ဗာလင်တိုင်း မှာ ၊
    မိန်းမကရော ယောက်ျားကို လက်ဆောင် မပေးရတော့ဘူးလား ။

    လောကကြီးက မတရားပါဘူး ။
    ဘယ့်နှယ် တစ်ခုခုဆိုရင် ၊ ယောက်ျားလေးကပဲ ပေးနေရတယ် ။
    ရည်းစား စကားလဲ ယောက်ျားကပဲ စ ပြောရမယ် ။
    ယောက်ျားကပဲ မိသားစုကို အဓိက ရှာဖွေ ကျွေးမွေးရမယ် ။
    မဟုတ်သေးပါဘူး ၊ လောကကြီးက မတရားပါဘူး ။

    မှန်တာပြောရရင် ၊
    ယောက်ျားတွေ ကိုယ်နှိုက်ကလဲ နေမှ မနေတတ်ကြတာ ၊
    ကိုယ်က ရှာဖွေ ကျွေးမွေးရမယ့် လူ ပဲ ၊ ခပ်မာမာ နေစမ်းပါ ။
    ကိုယ်တွေ ယောက်ျားလေးတွေကသာ တကယ်ညီရင် ၊
    သူတို့ မိန်းကလေးတွေ ရည်းစားစကား လာပြောလိမ့်မယ် ။

    • ဦး ကျောက်ခဲ

      February 16, 2013 at 8:59 am

      အဘဖောကလည်း

      မောင်ကျောက်ကို သင်္ကန်းစည်း ဘုန်းကြီးဝတ်ရအောင်လို့…
      အချွန်နဲ့ မ ပြန်ပြီ…
      အဘလို ဖြူဖြူချောချော ကပ္ပတိန်ကြီးမဟုတ်ဘူး အဘရဲ့…
      :harr:

    • Novy

      February 18, 2013 at 4:25 pm

      အဘဖေါ်ကို ဒီတစ်ခါတွေ့မှ ပြောအုံးမယ်
      ( ရည်းစားစားမဟုတ်ပါ) :harr:

  • ရွှေ ကြည်

    February 16, 2013 at 8:44 am

    ဪ အဘ အဘ အဲဒိတော့ ကြိုက်ရာရွေးခွင့်ပိတ်သွားတာပေါ့ မဟာ အခွင့်အရေးကြီးရထားကိုများ ကိုယ်ကြိုက်တဲ့သူကိုယ်ပြောခွင့်ရထားတာများ နာတယ်ထင်နေသေးလား အဘရယ် :harr: လက်ဆောင်ကိစ္စကတော့မှန်ပါတယ် ဘယ်သူစပေးပေးပေါ့နော။

  • ရွှေ ကြည်

    February 16, 2013 at 8:47 am

    မနိုရေ ဖတ်ရင်းနဲ့ရီမောရသလို မနိုနဲ့အတူကြည်နူးခံစားသွားပါတယ် အားတော့မကျတော့ပါဘူးရယ် 😆

    • Novy

      February 18, 2013 at 4:27 pm

      အားကျကြည့်ပါလား ညီမလေးရွှေကြည်ရယ်

  • ဆူး

    February 16, 2013 at 9:58 am

    ၁၄ရက်နေ့က မရည်ရွယ်ခဲ့ပါဘူး.. အပြင်မှာ လင်မယား ၂ယောက် ညစာ သွားစားတာ ဆိုင်က အပြန် လက်ဆောင် ဆိုပြီး အထုတ် တထုပ် လက်ဆောင် ပေးလိုက်တယ်။
    ဘာပဲ ဖြစ်ဖြစ် လက်ဆောင် ရတာတော့ ပျော်တာပေါ့။ (အလကားရတာပဲ)
    တသက်နဲ့ တကိုး.. ဗာလင်တိုင်းဒေးမှာ ရတဲ့ လက်ဆောင်ပဲ..
    သကြားလုံး ကတော့ ဆူး လည်း သိပ်စားလေ့ မရှိဘူး။
    ဘာရယ် မဟုတ်ဘူး မှတ်မှတ်ရရ လက်ဆောင်ရတဲ့ သကြားလုံးလေးတွေမို့.. ပန်းကန်ထဲ ထည့်ပြီး ဘုရားဆွမ်းတော်ကပ်ခဲ့တယ်။
    နောက်နေ့ အိမ်နားက ကလေးတွေ ကိုယ့်လိုပဲ ပျော်သွားအောင် သကြားလုံး ပေးလိုက်မယ် စိတ်ကူးထားတယ်။

    • Novy

      February 18, 2013 at 4:29 pm

      ဆူးတို့အတွဲက သူများအားကျအောင်မုန့်တွေသွားစားခဲ့တယ်ပေါ့လေ
      လိမ္မာတဲ့ဆူးကလည်း ၂ယောက်ကုသိုလ်ရအောင် သကြားလုံးလေးတွေ
      ဘုရားဆွမ်းတော်ကပ်ခဲ့သေးတယ်ပေါ့

  • ဦး ကျောက်ခဲ

    February 16, 2013 at 10:11 am

    ဟီး ဟီး မနိုရေ

    ခုမှသေသေချာချာ ပြန်ဖတ်မိတယ်…
    စာလုံးပေါင်းများမှားနေသလားလို့…
    ဗာလင်တိုင်းဒေး မဟုတ်ဘူးခင်ဗျ…
    ဒါလင်ကို တ တဲ့ “ဒါလင်တဒေး” ဆိုရင် ပိုမှန်မလားလို့… ဟီ ဟိ
    :harr:

    • Novy

      February 18, 2013 at 4:32 pm

      ဦးကျောက်က သူ့မှာ တစရာဒါလင်မရှိလို့
      ဗာလင်တိုင်းဒေး ရောက်တိုင်း ဂုံနီအိတ်ဆောင်ရတယ်ဆိုလား
      သတင်းကြားမိတာပါ :harr:

  • ကျုပ်လည်း …
    အဲ့ဒီနေ့ကိုပေါ့ …
    ရင်တွေ ခုန်ချင်နေပီ ..
    ညန်ညန် ကြီးပျင်းလာဖို့ ကြိတ်ကြိတ် ဆုဒွေတောင်းနေဒါ …
    သူဂလေး ကြီးလာဒေါ့မှ ရင်ဒွေ လွတ်ခုန်ပလိုက်မယ် … :mrgreen:
    နောက်ဒါဘာ ဂျီးဒေါ်ရေ …
    မကျေနပ်ရင်လည်း ခုထဲက စာရင်းသာ တို့ထားလိုက်ဂျာ …

    • Novy

      February 18, 2013 at 4:36 pm

      နောက်တခါတွေ့ရင် ရှောင်ရမဲ့ စာရင်းထဲ့ကို
      ခြောက်မျက်နှာကို တို့ထားလိုက်ပြီ

  • အရီးခင်လတ်

    February 16, 2013 at 8:00 pm

    ဟယ်။
    ဗာလင်တိုင်း ပြီးသွားပြီလား။
    မေ့တွားတယ်။ 😉

    မနိုရေ ။
    ဒီလောက်ချစ်စရာကောင်းတဲ့ မိန်းကလေးကို ရထားတဲ့ ကိုကြီး ရင်ထဲမှာ မနို အတွက် နေ့တိုင်း ဗာလင်တိုင်းနေ့ ကျင်းပနေတော့ ထူးခြားပြီး လွမ်းပြနေစရာ မလိုလို့ ပါ။
    သေချာပါတယ်။
    မေးကြည့်။
    ထပ်ပြီး ဟောက်ခံရရင် အရီး ကိုလွဲချလိုက်။ 😆

    ကိုယ့်စိတ်နဲ့ ပြောရရင် ကျားကြီးလုပ်ပြီး ချွဲပြနေတဲ့ သူထက် ကိုယ့်အတွက်လက်တွေ့ စဉ်းစား လုပ်ကိုင်ပြသူက ပိုပြီး တန်ဖိုးရှိပါတယ်။
    မဟုတ်လား။

    • Novy

      February 18, 2013 at 4:39 pm

      အရီးရေ..
      အခုလိုမနို ဘက်ကနေရှိပေးတာကျေးဇူးပါရှင်

  • လုံမလေးမွန်မွန်

    February 17, 2013 at 12:30 pm

    အစ်မရေ..
    တကယ်တော့ အဲ့လိုရိုမန့်မဆန်တဲ့ ယောက်ျားတွေကပဲ ခပ်ကောင်းကောင်း ပြောရမလားပဲ..
    မြင်ဖူးတယ်.. အရမ်းကို နူးညံ့ပြီး ရိုမန့်ဆန်တဲ့သူတွေကလေ တကယ်တမ်းကျတော့ .. ဘယ်လိုပြောရမလဲ… စိတ်ဓာတ်ပျော့ညံ့ကြသလိုပဲ… 🙂

    ဒါလင်နဲ့ “မ” နဲ့ ဂျူနိုလေးနဲ့အတူ နှစ်ပေါင်းများစွာ ဗာလင်တိုင်းနိုင်ကြပါစေလို့..

  • Novy

    February 18, 2013 at 4:44 pm

    မွန်မွန်ရေ..
    ပေးတဲ့ဆုနဲ့ပြည်ဝအောင် မိသားစုလေးကို ကာကွယ်စောင့်ရှောက်သွားပါမယ်လို့

Leave a Reply