အရသာရှိ ရနံ့သင်း အာလူး၊ဥနီ ပူတင်း …

Ma EiFebruary 15, 20132min26424

အာလူး၊ဥနီ ပူတင်း ……

ပြုလုပ်ရတာလဲ လွယ်ကူ၊စားသူအတွက်လဲ အရသာရှိ ၊အဟာရလည်း အပြည့်ပါဝင်တဲ့

အာလူး၊ဥနီ ပူတင်းလေး လုပ်စားကြဘို့ အတွက် ဒါလေးတွေ လိုအပ်ပါတယ်…

1…ပါဝင်ပစ္စည်းများ…
1…ပါဝင်ပစ္စည်းများ…

 

1…အာလူး အနေတော်နှစ်လုံး

2…ဥနီ တစ်ဥ

3…နွားနို့ 25 ကျပ်သား

4…ကြက်ဥ နှစ်လုံး

5…ဂျုံ စားပွဲဇွန်း 3 ဇွန်း

6…သကြား စားပွဲဇွန်း 5ဇွန်း

7…ထောပတ် စားပွဲဇွန်း 3 ဇွန်း

8…ဆားအနည်းငယ်

ပြင်ဆင်ကြမယ်နော်…

IMG_2444

 

1…အာလူးကိုပြုတ်ချေပါ

2…ဥနီကို အချောင်းကြီးကြီးလေးခြစ်ထားမယ်

3… နွားနို့ဆူအောင်ကြိုလိုက်ပါတယ်..ပြီးရင်တော့…

 

IMG_2445

နွားနို့နှင့် ကြက်ဥ သကြား ဆား သမအောင်မွှေလိုက်ပါမယ်….

ဂျုံမှုန့်များကို ဇကာစစ်၍ ထည့်ပြီး ရောမွှေပါ…သမသွားလျှင်

ပန်းကန်လုံးတစ်လုံးယူ၍ လေးပုံတစ်ပုံစာလောက် ခွဲထည့်ကာ ဥနီခြစ်လေးများထည့်လိုက်ပါတယ်…

ခွဲထည့်ပြီး ပန်းကန်ထဲသို့ အာလူးခြေများထည့်မွှေလိုက်ပါပြီ…

IMG_2447

 

အနေတော်မုန့်ဗန်းထဲသို့ ထောပတ်ထည့်ပါ..အာလူး ပူတင်းရည်များလောင်းထည့်ပါ…မျက်နှာပြင်ညီအောင်ညှိပေးပါ…

နောက်ဆုံးမှ ဥနီ ပူတင်းရည်ကိုထည့်လိုက်ပါ…ဒီလိုလေးနော်…

180 ံOven မှာ မိနစ်နှစ်ဆယ်လောက် ဖုတ်ရင် ရနံ့မွှေးမွှေး အရသာရှိရှိ အာလူး၊ဥနီပူတင်းလေး ကျက်ပါပြီ…

5…ကျက်ပြီ…
5…ကျက်ပြီ…
…6..တစ်ယောက်စာလေးပါ…
…6..တစ်ယောက်စာလေးပါ…

 

မန်းဂဇက်ရွာသူားများ ဂရုမှာ အမြည်းကျွေးကြော်ငြာထားပါတယ်…

လုပ်ရတာလဲ သိပ်မခက်ခဲတာမို့လို့ စိတ်ဝင်စားသူများ စမ်းသပ်ဘို့တိုက်တွန်းလိုက်ပါတယ်နော်…

ခင်တဲ့

မအိ

24 comments

  • ခင်ခ

    February 15, 2013 at 4:03 pm

    ကြက်ဥပူတင်းတော့ လုပ်စားဖူးတယ်။
    အခု အာလူးနဲ့တော့ လုပ်မစားဘူးဖူးဗျ၊
    လုပ်ကြည့်ပြီး မဒမ်နဲ့နှစ်ယောက် ရုံးပိတ်ရက်လွေးမယ်ဗျာ။
    တင်ထားတဲ့နည်းလမ်းအတိုင်း လုပ်ကြည့်မယ်နော်။

    • Ma Ei

      February 15, 2013 at 4:12 pm

      ကြက်ဥ ပူတင်းကို ကွန့်ပြီး
      အာလူးနဲ့ ဥနီ ထည့်လိုက်တာပါ..
      လှလဲလှ အရသာလဲရှိ စားကောင်း၏..
      :Hee

  • moonpoem

    February 15, 2013 at 4:55 pm

    အန်တီအိနဲ ့တော့ ခက်ပါတယ်။ ဒီက ဗိုက်ဆာနေပါတယ် ချိုနေမှ။ ဒီတစ်ခါ တွေ ့ဆုံပွဲကျရင် အန်တီအိလက်ရာနဲ ့ဧည့်ခံရမယ်နော်။

    • Ma Ei

      February 20, 2013 at 11:52 am

      လကဗျာ လေးနဲ့
      ကိုပေါက်ရေ…
      တစ်ကယ်လာစားမယ်ဆို
      စီစဉ်ပါ့မယ်နော်…

      မောင်ပေ…
      နည်းမှတ်ထားပြီး လုပ်စားမှာမို့လား…

  • မောင်ပေ

    February 15, 2013 at 6:38 pm

    အရသာလဲ ရှိ ခွန်အားလဲ ဖြစ်စေမယ့် ပူတင်းပေပါတကား
    အိလေးရေ ၊ လုပ်ပုံလုပ်နည်း မှတ်သွားပါပြီကွယ်

  • Silver Twig

    February 15, 2013 at 8:17 pm

    180 ံOven မှာ မိနစ်နှစ်ဆယ်လောက် ဖုတ်ရင် ရနံ့မွှေးမွှေး အရသာရှိရှိ အာလူး၊ဥနီပူတင်းလေး ကျက်ပါပြီ…

    Do you have an alternative way if Oven is out of option.

    • Ma Ei

      February 18, 2013 at 1:02 pm

      Oven မသုံးဘဲပြုလုပ်ပုံကတော့…
      နွားနို့၊ကြက်ဥ၊ဂျုံ၊သကြား၊အာလူး အရောကို မီးအေးအေးဖြင့် ကြိုပေးပါ။
      ပျစ်ခဲလာပါက ထောပတ် အနည်းငယ်ထည့်ထားသော အနေတော်မုန့်ဗန်းထဲ
      သို့ ပြောင်းထည့်၍ အဖုံးဖုံးကာ အပေါ်မီး အနည်းငယ်ဖြင့် ဖုတ်နိုင်ပါတယ်…
      အတူတူဘဲ စားကောင်းပါတယ်…

  • Mr. MarGa

    February 15, 2013 at 8:26 pm

    ရသတဏှာကို လာရောက်နှိုးဆွသော ပို့စ်ပါတကား
    အို နတ်သမီးအပေါင်းတို့
    ငါသိကြား စမ်းသပ်စားသုံးကြည့်တော်မူမယ်
    ပြုလုပ်နည်း အဆင့်ဆင့်ကို သေချာကြည့်ရှုမှတ်သားခဲ့စေ
    အမိန့်တော် :hee:

    • Ma Ei

      February 18, 2013 at 4:59 pm

      ဦးမာဃ သကြားမင်းက
      အငွေ့ မဟုတ်ဘဲ တစ်ကယ်စားမလို့လား….

      • Mr. MarGa

        February 18, 2013 at 5:21 pm

        နတ်သုဒ္ဒါက နေ့တိုင်းစားနေရတော့
        အပြောင်းအလဲလေးပေါ့ဗျာ

  • padonmar

    February 15, 2013 at 8:30 pm

    စားချင်စရာလေး၊သွားရေကျသွားပြီ။

  • Mobile

    February 15, 2013 at 8:37 pm

    ချက်နည်းပြုတ်နည်းလေးတွေတင်ပေးတာ ဗဟုသုတတော့ဖြစ်စေပါ၏။
    သို့ပေမယ့် ကိုယ်တိုင်လည်း မအားလပ်သလို ချက်ပြုတ်ကျွေးမည့်သူဂလဲမရှိဆိုဒေါ့
    ယခုလိုနည်းလေးဒင်ပေးမယ့်အစား အိမ်တိုင်ရာရောက်လာရောက် ချက်ပြုတ်နမူနာပြသပေးမည်ဆိုက
    စားချင်တောင်းတဖြစ်လှကြောင်းလေးပါ…………………………………………..
    (မိမိလမ်းစရိတ် မိမိကုန်ကျစရိတ်ဖြင့်သာ)

  • MaMa

    February 15, 2013 at 8:45 pm

    မအိရေ-
    ဆရာဝန်က ဝိတ်ချရမယ် ပြောထားလို့ စားချင်စိတ်ကို မြိုသိပ်နေရတယ်။
    ပုံထဲမှာပဲ စားသွားရင်တော့ မဝလောက်ပါဘူးနော်။ :harr:

  • ခိုင်ဇာ

    February 15, 2013 at 8:46 pm

    မွအိ က ဒီမနက်ကတည်းက နှိပ်စက်နေတာ။

    မုန့်လုပ်စားဖို့တော့ ဘယ်လိုမှစိတ်မရှည်လို့ ကြည့်ပြီး သားရည်ကျသွားပါတယ်။

    :kwi:

  • Hnin Hnin

    February 15, 2013 at 9:52 pm

    ..အဝါလေးပေါ် အနီယှက်သွေး..စားချင်စရာနော်….မမအိ
    ဟင်းးးးး..စွဲလမ်းမိခဲ့တဲ့ အချစ်ဦးလေးလည်း(မမအိရဲ့ကော်ပြန့်စိမ်းလေး)
    ဝယ်တဲ့နေရာ မေ့ကုန်ကြလို့ အခုထိ စားရသေးဘူး။ မေ့ထားကာမှ လွမ်းရပြန်ပြီ။ :hee:

  • kyeemite

    February 16, 2013 at 10:23 am

    မအိရေ..အာလူး ဥနီပူတင်း မွှေးမွှေးလေး လွေးသွားတယ်ဗျို့ :hee:

  • ရွှေ ကြည်

    February 16, 2013 at 10:44 am

    နည်းတော့သိပါပြီ လုပ်ကြည့်ဖို့က :mrgreen:
    အစ်မအိရေ ကျေးဇူးပါနော့။

  • ဆူး

    February 16, 2013 at 11:03 am

    စားချင်စရာကြီး.. အဟိ..

  • ကြည့်ရဒါ …
    အရသာ အတော်ရှိမယ့်ပုံဘဲဂျ …
    ဂလု … ဂလု …
    ကြည့်ရင်း စားချင်လိုက်ဒါ …
    ဂလိုလေး လုပ်ကျွေးမယ့်ဒူချိရင် ဘီလောက် ကောင်းမဒုံး … :mrgreen:

  • အရီးခင်လတ်

    February 16, 2013 at 7:53 pm

    ကြည့်ရတာလွယ်လွယ်လေးဘဲ လုပ်ရမှာထင်ရဲ့။
    အာလူးကိုတော့ ဝေဝေနည်းနဲ့ လုပ်ဖြစ်တယ်။
    ဒီနည်း ကိုလဲ အချိန်ရရင် ထပ်စမ်းမယ်။
    ကျေးကျေးပါ မအိရေ။ 🙂

  • thae oo ngel

    February 18, 2013 at 3:32 pm

    စားလို့တော့ကောင်းမယ် စားပြီးရင်တော့ ပေါင်ချိန်တိုးမဲ့ကိန်းပဲ

  • နွယ်ပင်

    February 20, 2013 at 3:21 pm

    ဗိုက်ဆာနေတာနဲ့ အတော်ပဲ အန်တီအိရေ
    ကော်ဖီလေးနဲ့စားဖို့ နည်းနည်း ယူသွားမယ်နော် …

  • Ma Ei

    March 1, 2013 at 1:02 pm

    တစ်ဦးချင်း အကြောင်းမပြန်နိုင်တဲ့အတွက်
    ခွင့်လွှတ်ပေးကြပါနော်…
    :hee:

Leave a Reply