မချစ်တတ်တာ မဟုတ်ပါဘူး

moonpoemFebruary 15, 20131min1549

ကျွန်မ မချစ်တတ်တော့ပါဘူး။ ချစ်အောင်လည်း မသင်ယူချင်တော့ပါဘူး။
အပြစ်တင်နေကြမှာလား။ မချစ်တတ်တာ မဟုတ်ပါဘူး။
ဘယ်သူ ့ကိုမှ မချစ်မိအောင် နေတာပါ။

ထာဝရအဆုံးထိ နှုတ်မဆက်ပါကွယ် ထာဝရအဆုံးတိုင်….ကိုယ်တန်ဖိုးထားပါ့မယ်….
မင်းလက်တွေကိုင်ဆုပ်ကာ…အခါခါအထပ်ထပ်ပြောချင်တယ်…ဒီတစ်သက်လုံး….နင်တစ်ယောက်ထဲ…..
ချစ်ပါတယ်………

အဲဒီသီချင်းလေးကို နားထောင်ကြည့်ပါလား ကျွန်တော့်ရင်ထဲမှာ ဖြစ်ပေါ်နေတဲ့ …….နဲ ့ပတ်သတ်တဲ့
ခံစားချက်တွေအတွက် သီချင်းလေးက အထောက်အကူဖြစ်မှာပါ။

ကျွန်မတက်ရောက်နေသော အင်္ဂလိပ်စာသင်တန်းကျောင်းအနီးတွင် ရှိသော ကွန်ပျူတာသင်တန်းကိုသူက လာတက်ရင်းမှ ဆုံစည်းခဲ့ကြခြင်းဖြစ်သည်။ သူက ရှမ်းပြည်ဇာတိ၊ မိဘအကြောင်း မောင်နှမတွေအကြောင်း ကျွန်မကိုပြောပြသည်။ အပျော်သက်သက်မဟုတ်၊ ဘဝတစ်ခုလုံး လက်တွဲဖို ့ရည်ရွယ်ထားသည်ဟု ဆိုသည်။

သီချင်းနားထောင်ပြီးသောအခါ ခံစားချက်တစ်ခုကို နားလည်မိသည်။ရင်ခုန်သည်။ လအနည်းငယ်အတွင်းမှာ သူ နဲ ့ကျွန်မ ချစ်သွားကြသည်ပေါ့။အသက်၂ဝပြည့်ခါစ ကောင်မလေး တစ်ယောက်အတွက် အချစ်သည် ဘဝ၊ အချစ်သည်ထာဝရ၊ အချစ်သည် အရေးကြီးဆုံး ။ အချစ်မရှိလို ့မဖြစ်။

အင်းလျားကန်ဘောင်သွားပြီး ဘူးသီးကြော်စားချင်တာပဲသိသည်။ ခုံတန်းလျားထိုင်ပြီး ချိန်းတွေ ့ရတာမျိုးကို
မကြိုက်။ ရုပ်ရှင်ကြည့်မည်ဆိုတာထက် ဝင်းဒိုးလျှော့ပင်း သွားရတာကိုပဲ ကြိုက်သည်။
ကာရာအိုကေ သွားဆိုဖို ့ထက် ကျွန်မသည် သူ နဲ ့ကော်ဖီဆိုင်တစ်ခုမှာ မျက်နှာချင်းဆိုင်ပြီး အေးအေးဆေးဆေး ထိုင်ပြီး စကားပြောရသည်ကို သာ ကြိုက်သည်။ ဒါတွေကြောင့် သူကကျွန်မကို တခါတရံစိတ်ကုန်သည်ဟု ဆိုလာသည်။

တစ်နေ ့တော့ တာမွေရှိ သူ ့အဒေါ်အိမ်မှာ ဆွမ်းကျွေးရှိသဖြင့် ကျွန်မကို လာရန် သူက ဖိတ်လာသည်။
ချိန်းဆိုချက်အတိုင်း သွားရောက်သော အခါ ဆွမ်းကျွေးအိမ်ဟုသာ ပြောသည် ဧည့်သည်တွေ သိပ်မလာသေးသဖြင့် မေးသောအခါတွင်လည်း စောသေးလို ့ဖြစ်မှာပါဟု ဆိုသည်။တစ်နာရီနေလည်း
ဧည့်သည်က ပေါ်မလာ တော်တော်နေလည်း ပေါ်မလာသဖြင့် စိတ်ထဲမှာ မသိုးမသန် ့ခံစားမိသည်။

ထမင်းစားဝိုင်းတွေရှိရာ ကျွန်မထိုင်နေချိန် သူ ့အဒေါ်ဆိုသူရော သူ ့မိသားစုဝင်များ တဖြည်းဖြည်း ပျောက်ကွယ်
သွားကြသည်ကိုလည်း သတိထားမိသည်။ထို့ကြောင့် သူစိတ်ဆိုးရင်လည်း ဆိုးပစေတော့ ပြန်မည်ဖြစ်ကြောင်း
သွားနှုတ်ဆက်မည်ဟု တွေးကာ သူ ့ကို လိုက်ရှာတော့ နောက်ဖေး မီးဖိုချောင်ထဲတွင် ကော်ဖီဖျော်နေသည်ကို
တွေ ့ရသည်။ နှုတ်ဆက်မည်ဟု တွေးလိုက်စဉ် သူ ဖုန်းလာသဖြင့် နောက်ဖေး ဝရန်တာသို ့ထွက်သွားတာ
တွေ ့လိုက်သဖြင့် ခဏစောင့်လိုက်သည်။ ပြီးမှ ပြောမည်ဟု။

သူပြောနေသော ဖုန်းသံတိုးသော်လည်း ကျွန်မအတိုင်းသားကြားနေရသည်။

ငါ့လောင်းကြေးနိုင်ပြီနော် ဘယ်ခေါ်ခေါ် မလိုက်တဲ့ ကောင်မလေးကို အိမ်ထဲထိ ရောက်အောင်
ခေါ်လာပြီးပြီ။ ရှေ ့ဆက်ဘာဖြစ်မလဲဆိုတာ နောက်နေ ့ပုံတွေ ရှဲပေးလိုက်မယ်။ ဘာပဲပြောပြော
ငါလောင်းကြေးနိုင်တယ်နော်။ဟဟဟတဲ့။

ကျွန်မ နားတွေပူလာသည် ။ သူက ကျွန်မချစ်သူ မဟုတ်ဘူး သူက လူလိမ်…။ သူက ကျွန်မကို
တကယ်ချစ်တာ မဟုတ်ဘူး။ သူက ကျွန်မကို လောင်းကြေးထပ်နေတာ။
ကျွန်မဝမ်းနည်းသည်။ ယုံကြည်ချက်တွေ လေထဲလွင့်သွားသည်။

၂ယောက်အတူနေမယ့် အိမ်လေးကို စိတ်ကူးယဉ်နေတဲ့ကျွန်မ အိပ်မက်တွေကို ဖျက်ဆီးသည်။
အချစ်ဆိုတာ လောင်းကစားတစ်ခုမဟုတ်ဘူးလေ။

ကျွန်မ အတွက် တံခါးတွေ ခတ်မထားသဖြင့် တော်သေးသည်။ ကျွန်မ အဝေးဆုံးကို ပြေးလာသည်။
သူ ့ကို နောက်ထပ်မဆုံလိုတော့ပါ။ လွန်ခဲ့သော မိနစ် အနည်းငယ်အထိ ကျွန်မသူ ့ကို ချစ်ပါသည်။ သိပ်ကို ချစ်ပါသည်။
သို့သော် သူက ချစ်သင့်သောသူ မဟုတ်။ ကျွန်မနားလည်လိုက်သည်။

ကျွန်မ မချစ်တတ်တော့ပါဘူး။ ချစ်အောင်လည်း မသင်ယူချင်တော့ပါဘူး။
အပြစ်တင်နေကြမှာလား။ မချစ်တတ်တာ မဟုတ်ပါဘူး။
ဘယ်သူ ့ကိုမှ မချစ်မိအောင် နေတာပါ။

9 comments

  • P chogyi

    February 15, 2013 at 5:05 pm

    ဪ ခဲမှန်ဖူးတဲ့ စာသူငယ်မ လေးပါလား။

  • မောင်တင့် တယ်

    February 15, 2013 at 6:35 pm

    ကောင်းပါတယ်…
    ကိုယ်ကျင့်တရားပျက်နေတဲ့.. ယနေ့ခေတ်..
    လူငယ်တွေကို ပြေးမြင်မိပါရဲ့…
    မှတ်ချက် ။ ။ အနော် မပါ…. ။

  • မောင်ပေ

    February 15, 2013 at 6:36 pm

    ဟူးမန်းရိုက်စ် ဆိုတာကြီးကို ဆန် ့ကျင်နေတာလား ကဗျာလေးရယ်
    မောင်ပေ့ ကို အားကိုးလိုက်စမ်းဘာ

  • Mobile

    February 15, 2013 at 8:15 pm

    ဖုန်းပြေားနေတဲ့ အသံလေးရဲ့နောက်မှာ ဘာဒွေဆက်ဖြစ်တယ်ဆိုတာလေးကို စိတ်ဝင်စားလှပါ၏။
    တောက်ခ် …. ပွဲပြီးခါနီးမှ ပျက်သွားရတယ်လို့ကွာ……………..
    လောင်းကြေးက နိုင်သွားလား ရှုံးသွားလား အဲ့ဒါလေး ပြောပါအုံ………
    လောင်းဂစားဝါသနာရှင်မို့ပါ…………………………….

  • ခိုင်ဇာ

    February 15, 2013 at 8:50 pm

    ဪ ဖစ်ရလေကွယ်။
    ဒီလိုလူတွေ လည်း ရှိသလို လူကောင်းတွေလည်း မရှားပါးတာမို့ ဘဝမှာ နောက်ထပ်
    လူတော်လူကောင်းလူချောလူရည်မွန်လေးနဲ့ ဆုံစည်းနိုင်ပါစေလေ။
    :hee:

  • MaMa

    February 15, 2013 at 9:04 pm

    ကိုယ့်တူမလေးလို တွေးမိပြီး ကံသီလို့ ပြောရမယ်။
    နိမ့်ကျတယ်ဆိုတာ ယောကျင်္ား မိန်းမ ဆိုတာနဲ့ မဆိုင်ဘူး။
    စိတ်ဓာတ်နဲ့ပဲ ဆိုင်တယ်။
    စိတ်ဓာတ်နိမ့်ကျ အောက်တန်းကျတဲ့သူအကြောင်း စောစောစီးစီးသိရတာ ကံကောင်းလွန်းတာမို့ ဝမ်းသာလိုက်စမ်းပါ။
    :buu:

  • ခင်ခ

    February 16, 2013 at 1:33 pm

    စောစောစီးစီး သိလိုက်ရတာ ကံကောင်းလို့၊
    တဲ့တဲ့တိုးမှ ရိပ်မိလိုက်တာ ကိုယ်ညံလို့၊
    စိတ်ချလက်ချ ချစ်မိလိုက်ရင် ပိုဆိုးမလို့၊
    ဘဝနဲ့ရင်းပြီး မချစ်လိုက်မိတာ ကံကောင်းလို့……………။
    ( ငယ်တုန်းက မေခလာ ဆိုခဲ့သီချင်းလေး ကြားယောင်မိသွားတယ်)

  • niki ta

    February 16, 2013 at 7:33 pm

    ဟုတ်တယ် .. ဘယ်သူ့ကိုမှ မချစ်မိအောင်နေတာ အကောင်းဆုံးပဲ..
    ပူလောင်တယ်…

  • kokothandar

    February 17, 2013 at 12:31 pm

    တစ်ကိုယ်ထည်းနေ နေရခြင်းကလဲ ပူလောင်ခြင်းပါဘဲ ပျော်လိုက် ရန်ဖြစ်စိတ်ကောက်လိုက် ပြန်တည့်လိုက်နဲ့ လှိုင်းပုတ်လှေပေါ် ထိုင်လိုက်သလိုခံစားရတာကဘဝအရသာပါ
    အထီးကျန်တယ်ဆိုတာ အကျည်းတန်ရုတ်ဆိုးသလိုပါ လောကရဲ့ဓမ္မတာမှာ ချစ်ခြင်းမုန်းခြင်းတွေကို ဖန်ဆင်းပြီးသားမို့ လူသားတိုင်း ခံစားတာကို ခံစားပေးနိုင်ရင် နေရကျိုးနပ်ပါရဲ့ ဘုရားသခင်က လူတိုင်းကို
    ယုတ်မာအောင်မဖန်ဆင်းခဲ့ပါ ယုတ်ညံ့သူတွေ ရေတွက်လို့ရပါတယ် အချစ်နဲ့ဝေးရင် ဝေးနေရင် စိတ်မလုံမခြုံဖြစ်နေရတတ်ပါတယ် အချစ်ဆိုတာ အရက်လိုပါ အဝင်ခါးပေမဲ့ သူတန်ခိုးပြလာရင်နေလို့ အတော်ကောင်းတယ်

Leave a Reply