လေအလွင့်မှာ လိုက်ကောက်ဖို့မလွယ်တဲ့…
ဝတ်ရုံတစ်ထည်..ကျွန်တော်တို့ကို
ပေးခြုံခဲ့တဲ့..ခင်ဗျားကို ကျေးဇူးအရမ်းတင်တယ်…

နှစ်တွေဘယ်လောက်ကြာကြာ ခင်ဗျားရဲ့အသက်..
ကြီးမသွားတာကို..
ကျွန်တော်တို့တော့..အံ့သြမိပါရဲ့..

ခင်ဗျားစိတ်ဆိုးတတ်ရင်စိတ်ဆိုးမိလိမ့်မယ်..
ကျွန်တော်တို့တွေထဲမှာ ခင်ဗျားလိုမျိုးတော်တဲ့သူ
ရှာဖို့ခက်လိမ့်မယ်ဗျ…
တောင်းပန်ပါတယ်ဗျာ..
ခင်ဗျားကို ကျွန်တော်တို့ ရင်မအေးနိုင်စေခဲ့ဘူး….

ခင်ဗျားကို ချီးကျူးဖို့နေနေသာ..
ခင်ဗျားကို အားနာနေတာ..
ခင်ဗျား က တော်ဝင်သဇင်ကို..
မြေပြင်မှာ စိုက်ခဲ့တဲ့သူ…

ခင်ဗျား ပျိုးခဲ့တဲ့.. ပန်းတစ်ခင်းနဲ့..
ကျွန်တော်တို့ ဒီနေ့အထိ မွှေးနေခဲ့တာ
ခင်ဗျားခင်းခဲ့တဲ့လမ်းနဲ့…
ကျွန်တော်တို့ ဒီနေ့အထိလျှောက်နေခဲ့တာ..

ခင်ဗျာကျွေးခဲ့တဲ့.. ထမင်းတစ်လုတ်ကိုလေ…
ကျွန်တော်တို့ အခုထိ ကျေညက်အောင်
မဝါးစားတတ်သေးဘူးဗျာ…။    ။

မှတ်ချက်။     ။ကျွန်တော် က ဒီကဗျာမှာ  ခင်ဗျား တဲ့ စကားလုံးကို..
ချစ်စနိုးနဲ့  သုံးထားတာပါ

About မောင်တင့် တယ်

မောင်တင့် တယ် has written 20 post in this Website..

စကားများသည်. သဘောကောင်းသည်. နည်းနည်းပေါသည်. သူများနားမလည်သောစာများရေးတတ်သည်. သူများနားမလည်သည်ကိုလည်း တလွဲတွေးထင်နားလည်တတ်သည်