ခင်ဗျားလိုလူ…

လေအလွင့်မှာ လိုက်ကောက်ဖို့မလွယ်တဲ့…
ဝတ်ရုံတစ်ထည်..ကျွန်တော်တို့ကို
ပေးခြုံခဲ့တဲ့..ခင်ဗျားကို ကျေးဇူးအရမ်းတင်တယ်…

နှစ်တွေဘယ်လောက်ကြာကြာ ခင်ဗျားရဲ့အသက်..
ကြီးမသွားတာကို..
ကျွန်တော်တို့တော့..အံ့ဩမိပါရဲ့..

ခင်ဗျားစိတ်ဆိုးတတ်ရင်စိတ်ဆိုးမိလိမ့်မယ်..
ကျွန်တော်တို့တွေထဲမှာ ခင်ဗျားလိုမျိုးတော်တဲ့သူ
ရှာဖို့ခက်လိမ့်မယ်ဗျ…
တောင်းပန်ပါတယ်ဗျာ..
ခင်ဗျားကို ကျွန်တော်တို့ ရင်မအေးနိုင်စေခဲ့ဘူး….

ခင်ဗျားကို ချီးကျူးဖို့နေနေသာ..
ခင်ဗျားကို အားနာနေတာ..
ခင်ဗျား က တော်ဝင်သဇင်ကို..
မြေပြင်မှာ စိုက်ခဲ့တဲ့သူ…

ခင်ဗျား ပျိုးခဲ့တဲ့.. ပန်းတစ်ခင်းနဲ့..
ကျွန်တော်တို့ ဒီနေ့အထိ မွှေးနေခဲ့တာ
ခင်ဗျားခင်းခဲ့တဲ့လမ်းနဲ့…
ကျွန်တော်တို့ ဒီနေ့အထိလျှောက်နေခဲ့တာ..

ခင်ဗျာကျွေးခဲ့တဲ့.. ထမင်းတစ်လုတ်ကိုလေ…
ကျွန်တော်တို့ အခုထိ ကျေညက်အောင်
မဝါးစားတတ်သေးဘူးဗျာ…။    ။

မှတ်ချက်။     ။ကျွန်တော် က ဒီကဗျာမှာ  ခင်ဗျား တဲ့ စကားလုံးကို..
ချစ်စနိုးနဲ့  သုံးထားတာပါ

3 comments

  • လူကလေး

    February 15, 2013 at 7:53 pm

    ကောင်းပ . . တင့်တင့်ရေ. . . ကောင်းပ

    ခင်ဗျား ဆိုတဲ့လူကိုတော့ ဘယ်တော့မှ မေ့ဘူးပေါ့ဗျာ . . .

  • Mr. MarGa

    February 15, 2013 at 8:22 pm

    ခင်ဗျားဗျာ
    ကျုပ်တို့ကို စိတ်ချလက်ချ ထားသွားရက်တယ်
    အခုထိ ကျုပ်တို့မှာ အေးအေးဆေးဆေး မနေရသေးဘူး
    ခင်ဗျား ဖောက်ခဲ့တဲ့လမ်းကို အခုထိ လျှောက်နေရတုန်းပဲ
    ပြန်လာကြည့်လိုရရင် လာကြည့်စေချင်တယ်ဗျာ

  • Mobile

    February 15, 2013 at 8:29 pm

    ခင်ဗျား တို့ ကျုပ် တို့ ဆိုတဲ့အသုံးအနှုန်းတွေက ကျုပ်တို့လိုအညာသားတွေ
    များသောအားဖြင့် သုံးလေ့ရှိတယ်ဗျ။ တစ်ချို့သော ဒေသဆိုရင်ရာ အသုံးအနှုန်းနားမလည်သူတွေက
    အသက်အရွယ်အားဖြင့် ကြီးရင့်သူကို ခင်ဗျား လို့သုံးရင် ရိုင်းတယ်လို့ထင်ကြတယ်။
    မမေ့သင့်မမေ့အပ်သလို့ သူ့ရဲ့ခံယူချက်တွက လေးစားလောက်ပေတာမို့……………….
    အခုလက်ရှိ တဝင့်ကြွားကြွားလုပ်နေသူများနှင့် ခင်ဗျား ဆိုတဲ့လူကြီးဟာ အမြင်ခြင်း ခံယူချက်ခြင်း
    မှန်ဘီလူး တစ်လက်စာလောက်ကွာပါကြောင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

Leave a Reply