ပွေ့ဖက်ခြင်း – Embrace

ဇီဇီFebruary 15, 20132min51577

ပွေ့ဖက်ခြင်းနဲ့ ပတ်သက်လို့ပြောမယ်ဆိုရင်တော့ အနည်းငယ် ငြင်းဆိုဖွယ် အကြောင်းအရာများ ရှိတတ်ပါရဲ့။

အရင်ကတော့ လူကြီးသူမများ ပြောလေ့ရှိတတ်တာ မောင်နှမချင်းကို ပူးပူးကပ်ကပ်မနေရ၊ ဆိတ်ကွယ်ရာ မနေရ စသည်ဖြင့်ပေါ့လေ။ အသက်ငယ်တုန်းကလည်း ဆိုလိုရင်း ကို နားမလည်၊ (ဟီးဟီး) ခု နားလည်တော့လည်း လက်မခံနိုင်။ ကိုယ့် အဖိုးအထိ ဒီလို အယူအဆပါလာမို့ မောင်နှမတွေက အဖိုးကို ပြန်မပြောရင်သာ နေမယ်။ အင်မတန် တပူးတွဲတွဲနေတာကလား။

အဖြစ်က ဒီလိုလေ။ အဖိုးတို့ဘက်က ဗုဒ္ဓဘာသာကိုးကွယ်သော မျိုးရိုးဖြစ်ပြီး အင်မတန်ရှေးရိုးဆန်သော၊ ဘောင်ထဲမှ အမှားမခံသော၊ လူများဖြစ်ပြီး အဖွားတို့ဘက်က ခရစ်ယာန် ဘာသာကိုးကွယ်သူ မျိုးရိုးပါ။ အင်မတန်ဆိုရှယ်ကျသော၊ လွတ်လပ်သော အတွေးအခေါ်ရှိတဲ့ သူတွေပါ။

သူတို့နှစ်ယောက် မျက်စိလည်လမ်းမှား ဖူးစာပါခဲ့တော့ ကိုယ်တို့ အမေတွေ အဒေါ်တွေက ဘယ်အယူ ယူရမတုန်း လအော့လအယ် လေးတွေ ဖြစ်ခဲ့ရသေး။ နောက်တော့ အဖွားကိုယ်တိုင် ယုံကြည်သက်ဝင်ပြီး ဗုဒ္ဓဘာသာဖြစ်သွားလို့သာ အကျယ်အကျယ်မဖြစ်ကြတာကိုး။

အမေတို့ လက်ထက်မှာ အဖွားဘက်က ဘာတွေပါလာတုန်းဆို သူတို့အမျိုးတွေ သူငယ်ချင်းတွေ တွေ့ရင်၊ ခွဲခွါရင်၊ ငိုရင်၊ ပြန်ချော့ရင် အို… အကြောင်းအရာမျိုးစုံနဲ့ ဖက်ကြတာပဲ။ အသက်ငယ်တုန်းကများ ကိုယ်တို့မောင်နှမတွေဆို သူတို့ကြည့်ပြီး အရမ်းရှက်တာ။   😳

ဘူတာရုံမှန်းမသိ၊ လေယာဉ်ကွင်းမှန်းမသိ ပျော်ကြ၊ ပြောကြ၊ ဖက်ကြနဲ့ ပစ္စည်းတွေ အလစ်သုတ်ခံရပေါင်းလည်းမနည်း။ အစ်ကိုတွေ မောင်တွေ ညီအစ်မတွေ ရှုပ်ရှက်ခတ်နေအောင်ကို ဖက်ကြတာ။

တစ်ယောက်ငိုရင် လည်း ကျန်တဲ့သူတွေက ဝိုင်းဖက်ပြီးချော့။ သူတို့မှာ ဘယ် ပြသနာ သေးသေးလေးကိုမှ တစ်ယောက်တည်းမပြီး ကျန်တဲ့သူ တစ်ယောက်ယောက်ခေါ်ပြီး အရင်ဖက်ငိုလိုက်ရပြီးမှ ကျန်တာတွေ ဆက်ရှင်းနိုင်ကြတာကလား။

အဖိုးက ဒါတွေမျက်စိနောက်ပေမဲ့ ဟိုဘက် အမျိုး ဒီဘက်အမျိုး ကိစ္စတွေမို့ သိပ်မပြောပဲ သူ့မြေးတွေဖြစ်တဲ့ ကိုယ်တို့တစ်တွေကိုပဲ သွယ်ဝိုက်ဆုံးမလေ့ရှိတယ်။

အဲဒီတော့ အမေတို့မျိုးဆက်က ဝမ်းကွဲတွေ ပူးသလောက် ကိုယ်တို့ မျိုးဆက်မှာ တစ်ဝမ်းကွဲ ၈ ယောက်ပဲ နီးကပ်ကြတယ်။ ဟုတ်တာလုပ် အတူတူ။ မဟုတ်တာလုပ် အတူတူ။

ကိုယ်က မြေးဦးဆိုတော့ အဖိုးကို ပြန်စောဒက တက်နိုင်တဲ့ အချိန်ကျတော့ ပြန်ပြောမိတယ်။

စဉ်းစားကြည့်လေ။ မောင်နဲ့ နှမ အထိအတွေ့ကမရှိ၊ ထားတာက မိန်းကလေးကျောင်း (သူ့သမီးတွေကို မိန်းကလေးကျောင်းမှ ထားတာပါ။) ။

အဲဒီလိုမိန်းကလေးမျိုးကလို့ .. သူ့ ပထမဆုံး အထိအတွေ့မှာ တုန်လှုပ်၊ ယစ်မူး၊ စိတ်မထိန်းနိုင်၊ စွဲလန်းမသွားတတ်ဘူးလားလို့ သွားမေးမိတာ ” ဒါ ငါ့ ကို မေးရမဲ့ မေးခွန်းလား “ လို့ ဆိုပြီး ဆဲပြီး အိမ်က နှင်ချတယ်လေ။ ထပ်မမေးရဲတော့။   :mrgreen:

ကိုယ်တို့ ၈ ယောက်ကတော့ တွေ့ရင် အနည်းဆုံးတော့ ခါးဖက်လိုက်၊ ပခုံးဖက်လိုက်နဲ့ အင်မတန်ရင်းနှီးပါတယ်။ ဘာမဆိုမပြောရဲတာမရှိ တိုင်ပင်ဖော်တွေမို့ ခုချိန်ထိ လူချင်းဝေးတောင် စိတ်ချင်းနီးနီးလေးပါ။ အမေတို့ မောင်နှမတွေ ရန်ဖြစ်မခေါ်တဲ့ အချိန်မျိုးမှာ ကို ခိုးတွေ့ရတာ။

အဲဒါကြောင့်လားမသိ ကျောင်းတက်တော့လည်း ဘယ် အမျိုးသားသူငယ်ချင်းမှ ကြောက်တာ ရှိန်တာမရှိ။

 သူ့တို့ကလည်း ကိုယ့်ကို မိန်းမ လို့ သဘောမထား။

ကံကောင်းစွာပဲ နှစ်ရှည်ကျော်ဖြတ်ပြီးတဲ့အခါ စကာတင် မောင်နှမလို ခင်ရတဲ့ သူငယ်ချင်းတွေ အများကြီးကျန်ခဲ့ရတယ်။ တွေ့လိုက်ရင်လည်း အနည်းဆုံးလက်လေးတော့ ချိတ်လိုက်ရမှ။

တစ်ချို့နယ်က ကျောင်းသား/သူတွေကတော့ မန်းလေး အဖွဲ့ကို မျက်စိနောက်.. အမြင်ကပ်ကြရဲ့။

အတော် ဆိုရှယ်ကျတယ် အပြောခံရသေး။

အဲတုန်းက အဲလို အပြောခံရရင်ကို အတော် နာကျည်းရမဲ့ ခေတ်ကိုး။

(ဟိ၊ ခုကို စာဖတ်ရင်း အမြင်ကပ်တဲ့သူရှိချင် ရှိမှာ…)   :bar:

 

 

တွေ့တဲ့သူတိုင်းကို ဖက်လဲတကင်းလုပ်ရမယ်လို့တော့ မပြောပါဘူးလေ။ ယုံကြည်ရသူရှိတယ်။ မယုံကြည်ရသူရှိတယ်ပေါ့။ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကို ယုံကြည်ဖို့လိုသပေါ့။

ကိုယ်အမြဲပြောလေ့ရှိတဲ့ စကားရှိတယ်လေ။ နင်တို့ကို မယုံရင်တောင် ကိုယ့်ကိုယ်ကိုယုံတယ်လို့။ ဟုတ်တယ်လေ။ စိတ်ခိုင်မှ လူနိုင်တာ။

အဲ။ လေကြောရှည်နေပြီ။ ဒီ စာကို ရေးတော့ ဘယ်လိုအမျိုးအစားတုန်း မှတ်နေမစိုးလို့ ကိုယ်ဘယ်လိုအမျိုးအစားဖြစ်ကြောင်း အရင်ရှင်းနေရတာ။

စိတ်ရင်းအတိုင်းရေးဆို ဒီ ပွေ့ဖက်ခြင်းရဲ့ ကောင်းကျိုးတွေ တန်းစီရေးပလိုက်မှာ။ မျက်မုန်းကျိုးအောင်။ :saut:

 

 

တစ်ခါတစ်လေမှာ စိတ်မလုံခြုံဘူးဖြစ်တဲ့အခါ၊ စိတ်ဓာတ်ကျတဲ့အခါ နီးရာ အရုပ်လေး၊ ခွေးလေး၊ ကြောင်လေး (ဦးကြောင်ကို မဆိုလိုပါ။ ကြောက်နေရတယ်။) ကို ပွေ့ထားရရင်ကို စိတ်သက်သာတာကလား။

ကိုယ်ယုံကြည်ရတဲ့သူတစ်ယောက် ကိုယ့်အနားရှိရင်တော့ ဆိုဖွယ်ရာမရှိပေါ့။ ပြေးဖက်ထားချင်တော့တာ။

သားသမီးနဲ့ မိဘ ကြား….

ဆရာ နဲ့ တပည့် ကြား……

သူငယ်ချင်း မိတ်ဆွေအပေါင်းအသင်း ကြား…..

သမီးရည်းစား လင်မယား ကြား ….. စတဲ့ လူမှု ဆက်ဆံရေးတိုင်းမှာ မရှိမဖြစ် ပါသင့်တဲ့ အပြုအမူ နည်းလမ်းတစ်ခုပေါ့လေ။

တစ်ခါ တစ်ခါ ပွေ့ဖက် နှစ်သိမ့်လိုက်ရုံနဲ့ပြေပျောက်သွားရမဲ့ ကိစ္စမျိုးတွေမှာ ချဉ်းကပ်လမ်းတွေ မလိုအပ်ပဲ ရှည်သလားလို့ပါ။

သူငယ်ချင်းထဲမှာ Singapore Student Advisory Center (SAC) မှာ အကြံပေးအရာရှိ တစ်ယောက်ရှိပါတယ်။

အစက ကိုယ်က ကလေးမချစ်တတ်ဘူးဆိုတော့ သူပြောပြချင်ရင်ကို စိတ်မဝင်စားပဲ ရှောင်နေတာ။

ခုတော့ ပြန်မေးရဦးမယ်။

သူပြောပြောပြတဲ့ အကြောင်းလေးတွေ နောက်မှ အလျင်းသင့်သလို ရေးပါမယ်။

ကလေးတွေရဲ့ စိတ်ကို..  ခံစားချက်ကို ဘယ်လိုပြုစုပျိုးထောင်ရမယ် ဆိုတာမျိုးပေါ့။ ဒီပွေ့ဖက်မှုကကလည်း အရေးပါတဲ့ အခန်းပေါ့။

 

 

ဒီနေ့ ကိုယ် ပြကဒိန် ကြည့်မိတယ်။ AIA insurance Company က Calendar ပါ။ ဒီ နှစ်အတွက် နိုင်ငံ အသီးသီးက AIA branches တွေကနေ ဒီပွေ့ဖက်ခြင်း အဆိုလေးတွေနဲ့ ထုတ်ထားတာ။

၁၂ လ ဆိုတော့ ၁၂ ခုပေါ့။ ကြည့် ကြည့်ပါဦး။ နိုင်ငံလေးတွေနဲ့ တွဲပြီး ရေးထားပါတယ်။ ဘာသာတော့ မပြန်တော့ဘူးနော့။ ကိုယ့်စိတ်ကူးလေးနဲ့ ကိုယ် ဖတ်ပြီးတွေးတာ ပိုကောင်းမလားလို့။

1)    A joyful Embrace is a gift for life (Australia)

2)    A Hug from home stays closest to your heart (China)

3)    The Hug of today is the joy of tomorrow (Hong Kong)

4)    Support is a embrace that never fades (Indonesia)

5)    Optimism grows stronger with every Hug (Korea)

6)    Love is the shelter we make with our arms (Malaysia)

7)    A single Hug can last  forever (New Zealand)

8)    Trust holds us firmly together (The Philippines)

9)    Happiness is a loving cuddle (Singapore)

10) The warmest Hug is always the sweetest (Taiwan)

11) Strength is our ability to embrace every moment (Thailand)

12) A cuddle is two hearts wrapped in Arms (Vietnam)

 

စာ လေးလည်း ရေးထားသေးရဲ့။

Everyone wants to feel protected and we all have our different ways of looking after each other.

But a Hug is a gesture of reassurance that we all understand. A gesture is that means protection in all cultures, for all nations and across all borders.

မယ်ပု ကတော့ “တစ်စုံတစ်ယောက်ကို နှစ်သိမ့်လို စိတ်နဲ့ ထွေးပွေ့လိုက်တာဟာ စကားလုံးပေါင်းမြောက်မြားစွာကို ကိုယ်စားပြုတဲ့ သင်္ကေတပါ” တဲ့။

ကိုယ်ပြောချင်တာတွေကို သူ့ စကားတစ်ခွန်းမှာ အပြည့်ပါသွားတဲ့ အတွက် မယ်ပုကို ခရက်ဒစ် ပေးပြီး ဒီမှာ ဖော်ပြလိုက်ပါရဲ့။

 

 

Hug & embraces

 ဓာတ်ပုံကတော့ အင်တာနက်ထဲက ရှာခြင်းဖြစ်၏။

77 comments

  • Mobile

    February 15, 2013 at 9:02 pm

    မောင်နှမဒွေမပွေ့ဖက်ရဘူးဆိုတာ ဘာဒွေရှုပ်နေတာပါပဲဗျာ။
    ကျုပ်တို့ ဗုဒ္ဓဘုရားကတော့ ယသော်ဓရာနဲ့ မောင်နှမချင်းထပ်မြတ်၏ ဆိုပြီး အဲ့ဒလိုလေး…….
    ပြီးတော့လေးစားစရာကောင်းတဲ့ မောင်နှမတွေကတော့ဗျာ ဘင်္ဂလား မောင်နှမဆိုလား……..
    အန် … ပြီးဒေါ့ …. ပွေဖက်တယ်ဆိုတဲ့ ယဉ်ကျေးမှုလေးကို ကျုပ်တို့ ရွာမှာသုံးရင်ကောင်းမလားပဲ…
    တွေ့ဆုံပွဲလုပ်တဲ့အခါ ကျားမပျိုအိုမရွေး အချင်းချင်းပွေ့ဖက်မှုလေးလုပ်ကြမယ်ဆိုရင်…..
    တွေ့ဆုံပွဲတက်မယ့် မိန်းကလေး ဦးရေပိုမိုများပြားလာနိုင်သလို……..
    ကျုပ်တို့လို အရှက်အကြောက်ကြီးတဲ့ ယောကျာ်းအနုအနယ်လေးတွေကတော့
    တက်ရောက်ဖို့အတော်လေးကို စဉ်းစားရမယ်လို့ စဉ်းစားမိတယ်…….
    ထားပါတော့ ဒါတွေက တောင်ရေးမြောက်ရေး ကွန်မန်းပေးခြင်းဖြစ်ပါကြောင်းးးးးးးးးးးးးးးး

  • Mr. MarGa

    February 15, 2013 at 9:14 pm

    ပွေ့ဖက်ခြင်း
    မြန်မာ့ယဉ်ကျေးမှုမှာတော့ လူမြင်ကွင်းမှာ မပြုလုပ်သင့်တဲ့အထဲ ထည့်ထားမယ်ထင်တယ်။
    ပွေ့ဖက်တာဟာ အားပေးနှစ်သိမ့်ခြင်းကိုဆောင်ပါတယ်။
    ယောက်ျားလေးအချင်းချင်း ပွေ့ဖက်တာတင်မက ထိုးကြိတ်တာပါ လုပ်ကြပေမယ့်
    အသားလွတ် မိန်းကလေးကို သွားဖက်မိရင်တော့ အင်းးးးးးးးးးးးး
    ကြည့်သာ တွေးကြပါတော့ လို့
    (မြန်မာပြည်တွင်းအခြေအနေတချိုကို ပြောကြည့်တာပါ)

    • ခိုင်ဇာ

      February 16, 2013 at 7:52 am

      သကြားရယ်။
      ကျုပ်ပြောတဲ့ အထဲတော့ မိန်းကလေး တစ်ယောက်ကို အသားလွတ် သွားဖက်ဖို့မပါဘူး ထင်၏။
      ဟုတ်ပါတယ်။
      ပြည်တွင်းမှာတော့ ……..
      ထားပါတော့။ ကျုပ်ပြောတာက လိုအပ်လို့ အားပေးတဲ့ နှစ်သိမ့်မှုမျိုးမှာ လုပ်လေ့ရှိသော Embrace ကို ဆိုလိုပါ၏။

      • Mr. MarGa

        February 16, 2013 at 5:09 pm

        သူငယ်ချင်း၊မိတ်ဆွေ အချင်းချင်း၊ မောင်နှမသားချင်းတတွေ နှစ်သိမ့်အားပေးကူညီစိတ်နဲ့ ပွေ့ဖက်တာကို သဘောတူပါတယ်။
        ဒါက ဖြစ်သင့်တာပဲလေ
        ဒါပေမယ့်
        မြန်မာမှာက ဘယ်လောက် ရင်းနှီးပါစေ ဒါမျိုးကိုတော့ မသင့်တော်ဘူးလို့ မြင်ကြတာကိုးဗျ
        မနေ့က အမြန်မန့်လိုက်ရတာ ဆိုလိုရင်း နည်းနည်းလွဲသွားတယ်
        ဆောရီးဗျို့

        • ခိုင်ဇာ

          February 16, 2013 at 5:18 pm

          ရပါတယ်အေ။
          ဘာမှ ပြောချင်တော့ပါဘူး။

          :byae:

  • nozomi

    February 15, 2013 at 9:42 pm

    မိန်းမဘက်က ခရစ်ယာန်လဲ မဟုတ်ပဲ သားအမိ သားအဖ တွေ အဲဒီလို ပွေ့ဖက်ကြတယ်
    ကြည့်ရတာ ခပ်ဆန်းဆန်းဖြစ်နေတာ အခုထိပဲ
    တကယ်တော့ သူ့ မှာ ကောင်းကျိုး တွေ အများကြီးပါ

    စကား အတင်း စပ်ပါရစေ
    အပေါ်က အဆို လေးတွေ တွေ့တော့ ကြားဖူးတဲ့ ပုံပြင်လေး သတိရသွားလို့ပါ
    သမီးနှစ်ယောက်မွေးထားတဲ့ အမေက သူ့သမီးတွေ အိမ်ထောင်ပြု ဟန်နီးမွန်း ထွက်ခါနီးတော့
    သမီးနှစ်ယောက်ကို မှာတယ် သမီးတို့ ဟိုကို ရောက် ရင် အဆင်ပြေ မပြေ အခြေအနေ အရပ်ရပ်ကို အမေ့ဆီ စာရေးပါတဲ့ ( ဟိုတုန်းကပေါ့ အခုဆိုရင်တော့ အီးမေးပို့လို့ ပြောမှာပေါ့)
    သမီးတွေ ဟန်နီးမွန်း ထွက်သွားတာ တစ်ရက်က နှစ်ရက် သုံးရက် သာ ကြာသွားတယ်
    ဘာစာမှ မရောက်တော့ အမေက စိတ်တွေပူ စာတွေမျှော် ပေါ့ အဲ ၅ ရက်လောက်ကြာတော့မှ
    အကြီးမ ဆီက ပို့စ် ကဒ်လေး တစ်စောင်ပဲ ရောက်လာတယ် ဘာစာမှလဲ ရေးမထားဘူး ( စာရေးချိန်တောင် မရှိလို့လား မသိ) ပို့စ် ကဒ် က လေကြောင်းလိုင်း တစ်ခုရဲ့ ကြော်ငြာလေးနဲ့
    သူတို့ လေကြောင်းလိုင်းက လူ တွေ သဘောကျလွန်းလို့ လူစီးများ အစီးရေ များတယ်ပေါ့ ရေးထားတာက ” every second in and out ” တဲ့

    နောက်နေ့ကျတော့ အငယ်မ ဆီက ရောက်လာတယ် သူ လဲ ပို့စ် ကဒ်လေးနဲ့ပဲ
    သူကတော့ အိုဗာတင်း ကြော်ငြာလေးနဲ့
    ” the taste is good until to the last drop ” တဲ့
    ကဲ အမေက ဘယ်လို သဘောပေါက်ရမလဲ နော

    ၁၉၉၅ လောက် က ကြားမိတာလေး အခု သတိရမိသွားလို့ ရေးမိတာ
    အပေါ်က ပို့စ် နဲ့ မဆိုင်ပေမဲ့ ခွေးလွှတ်ပေးပါ အန်တီဆွိ နော

    • ဂန္ဓာရီ ဆြာအုပ်

      February 16, 2013 at 1:06 am

      ဟီင်္ဟိ အဲဒါလေး မေ့နေတာ
      သူများကို ပြန်ပြောမလို့

    • ခိုင်ဇာ

      February 16, 2013 at 7:55 am

      ကိုနိုပြောသွားတာတွေက ရီ ရလို့ မှတ်ထားတယ်။
      သူငယ်ချင်းတွေကို ပြန်ပြောပြမယ်။
      ဆွိ ပို့(စ) မှာ ဘာအကြောင်းပြောပြော စိတ်မဆိုးပေမဲ့ “အန်တီဆွိ” လို့ခေါ်တာ စိတ်ဆိုးတယ်။
      (ဂျီးတော် ဆွိ လို့ ပဲ ခေါ် ပါ)

      :harr:

  • padonmar

    February 15, 2013 at 11:48 pm

    သိသလောက်တော့ နိုင်ငံခြားမှာ ကလေးတွေကို မိတ်ဆွေတွေနဲ့ တွေ့တဲ့အခါ ဖက်ယမ်းနှုတ်ဆက်ဖို့ သင်ထားတယ်တဲ့။
    ကလေးတွေကို အန်တီ့နှုတ်ဆက်လိုက်ပါအုံးလို့ မိဘ ဘိုးဘွားတွေက ခိုင်းရင် ဟိုင်း ဆိုပြီး ရင်းရင်းနှီးနှီးလာဖက်ကြတာပဲ။

    တူမလေးရဲ့ အလုပ်ရှင် အီတာလီယံကြီးကလည်း ကိုယ်နဲ့ မိတ်ဆက်အပေးမှာ ဒီလိုပဲ နှုတ်ဆက်တော့ ဘယ်လိုမှမနေပါဘူး။
    ကိုယ်ကလည်း ကလေးသာသာ ဆိုက်ကလေးကို။ဒါသူတို့ ယဉ်ကျေးမှုပဲဆိုပြီး။

    နိုင်ငံခြားရောက်တာကြာသွားပြီဖြစ်တဲ့ သူငယ်ချင်း ယောကျင်္ားလေးတစ်ယောက်နဲ့ တွေ့တော့ ဝမ်းသာအားရ ဟိုင်းဆိုပြီး လက်နှစ်ဖက် ဆန့်လာတာ ကိုယ်လည်း ခပ်မြန်မြန် ညာဖက်လက်ကို သူ့လက်ထဲထည့်လိုက်ရတယ်။
    ဒါဒို့ ယဉ်ကျေးမှုမှ မဟုတ်ပဲလို့။

    • ခိုင်ဇာ

      February 16, 2013 at 8:02 am

      ဟုတ် အာတီ ဒုံ၊
      နှုတ်ဆက် ပွေ့ဖက်ခြင်းဟာ ကျနော်တို့ ယဉ်ကျေးမှုမဟုတ်ပါဘူး။
      အဲလို အကျင့်မရှိလို့လည်း တစ်ခါတစ်လေ မိဘနဲ့ သားသမီး ပွေ့ပွေ့ပိုက်ပိုက်မနေဖြစ်တာတို့ ဘာတို့နဲ့ ကလေးတွေ စိတ်မလုံခြုံဖြစ်တတ်တဲ့ အကြောင်းရင်း အဖြစ် စကားစပ်မိလို့ ရေးဖြစ်တာပါ။
      နောက်မှ ကလေးတွေနဲ့ ဆိုင်တဲ့ စာ ရေးပါ့မယ်။

      နောက် ရိုက်ပေါက် တစ်ခုပြောရရင်…
      ဒီ မွေးကတည်းက ဒီ ယဉ်ကျေးမှုမျိုးနဲ့ အသားကျနေတဲ့ လူမျိုးနဲ့ ကျနော်တို့ လူမျိုးနဲ့မှာ “အသားယူချင်တဲ့ စိတ်” အထိုက်အလျှောက် ကွာပါ၏။
      အဲဒီတော့ ကိုယ့်အချင်းချင်းဆိုရင်တော့ ညာဘက်လက်လေး ကမ်းပေးလိုက်ခြင်းသာ အသင့်တော်ဆုံးလို့ ထင်၏။
      (ခုတော့ ဂလောက်ပဲ ပြောပါရစေ)
      :mrgreen: :mrgreen: :mrgreen:

  • kai

    February 16, 2013 at 12:56 am

    A hug is a near universal form of physical intimacy, in which two people put their arms around the neck, back, or waist of one another and hold each other closely. If more than two persons are involved, this is referred to as a group hug.
    Hugging has been proven to have health benefits. One study has shown that hugs increase levels of oxytocin, and reduce blood pressure.[5]
    http://en.wikipedia.org/wiki/Hug

    ကျုပ်ကိုယ်တိုင်လည်း.. Hug လုပ်ရမှာ.. အင်မတန်ဝန်လေးပါတယ်.. :kwi:
    ဒါပေမယ့်.. အဲဒီရှေးရိုးစွဲအကျင့် ပြင်သင့်တယ်လို့ ထင်တယ်.။
    .. ပွေ့ဖက်တာက.. ကျမ်းမာရေးအတွက်သာမက.. စိတ်ပိုင်းဆိုင်ရာအတွက်ပါ.. ကောင်းတာတွေအများကြီးဆိုတဲ့.. အထောက်အထားအပြည့်ပဲ..

    မြန်မာတွေက.. လိင်ကာမစိတ်ဟာ..မကောင်းဘူးဆိုတဲ့အသိရိုက်သွင်းခံနေရတာများသွားပြီး.. အဲဒီကနေ..တဆုံးတွေလိုက်တွေး.. ကိုယ့်ကိုယ်ကိုယ် “ချုပ်”ပစ်လိုက်တယ်လို့.. ထင်တာပါပဲ..

    • ခိုင်ဇာ

      February 16, 2013 at 8:09 am

      တဂျီးမင်းရှင့်။
      ကောင်းတယ်။ မကောင်းဘူးတော့ ထပ်မပြောလိုပါရှင့်။ တဂျီး ကော်မန့် အတွက် ကျေးဇူးတင်ပါတယ်။
      တစ်ခါတစ်ရံ လိုအပ်ရင် ပြုမူသင့်သော ဆိုရှယ်အမူအကျင့် တစ်ခု အဖြစ် ပြောချင်တာပါ။
      ပြင်ဆိုလို့လည်း မရောင်ရာ ဆီလူး မဟုတ်တဲ့နေရာတွေ ပြင်ခိုင်းမိမှာလည်း ကြောက်ရပါသေးရဲ့။

      ခေါင်းစဉ်မှာ ကို Hug ကို မသုံးရဲ ပဲ Embrace ကို ပဲ သုံးခဲ့တာပါ။
      အနော်တို့တတွေဟာ Hug မြင်ရင်ကို သမီးရည်းစား ပွေ့ဖက်တာပဲသွားမြင်တတ်ကြသလိုမို့…
      :mrgreen: :mrgreen:

    • MaMa

      February 16, 2013 at 9:09 am

      တို့သဂျီးသည်လည်း ကွန်ဆာဗေးတစ်က မလွတ်သေးဘူးဆိုတာကို ဝန်ခံသွားတာပဲ။ :harr:

  • ဂန္ဓာရီ ဆြာအုပ်

    February 16, 2013 at 1:14 am

    ဟုတ်တယ်ဗျိူ့
    တကယ်တော့ မကောင်းဘူး ကောင်းတယ်ဆိုတာ ထားတဲ့ စိတ်ပေါ်မှာ ပဲမူတည်ပါတယ်
    မကောင်းဘူးဆိုတဲ့သူဟာ ရိုးသားမှုမရှိလို့ လို့ထင်ပါတယ်
    တားတားတို့ဆို ရိုးသားတယ် ဖက်လဲ ကိစ္စမချိဘူး
    စိတ်ထဲမှာ ဘီလိုမှ မနေဘူး မယုံရင် လာစမ်းကြည့်လို့ရတယ်နော် ဟိ

    • ခိုင်ဇာ

      February 16, 2013 at 8:11 am

      လာစမ်းကြည့်ရမှာကို နောက်က “ဟိ” ကို လန့်လို့
      မလာနိုင်တော့ ပါ ဆြာအုပ်။ ဟိ။

      :kwi:

  • Ghi Ghi ThE KiD

    February 16, 2013 at 8:40 am

    ဖားဆိုတာ သတ်စားစရာမဟုတ်
    ဖက်ထားစရာဆိုတော့.
    ဖက်ထားပါယဇီ မမဆွိရယ်.

    :528:

    ပုံ
    ဖားသက်ပြင်း

    • ခိုင်ဇာ

      February 16, 2013 at 10:44 am

      တိဘူး။
      ဖား ဆို စားစရာပဲမှတ်တယ်ရယ်။
      ဖားသားကြော်ဆို သိပ်ကြိုက်မို့ လာထား။
      :528:

      အဟမ်း။
      အဟွာပြုလို့ မင်းသားလေး ဖြစ်သွားမဲ့ ရွှေဖား ဆို တစ်မျိုးပေါ့။
      ခုက တော့ ဖားသက်ပြင်းဆိုတော့ ကြော်စားရင် ချိုမှာပဲ။

      :harr:

  • ဦး ကျောက်ခဲ

    February 16, 2013 at 8:43 am

    အဟမ်း…

    ဦးကျောက်က ပြင်သစ်ကုမ္ပဏီမှာ အလုပ်လုပ်တာဆိုတော့…
    လုပ်ဖော်ကိုင်ဖက် အနှီနှာခေါင်းရှည် ကိုကို မမများက…
    တကယ့်ကို ဖက်ရမ်းနမ်းရှုံ့ချင်းမှာဝါသနာထုံကြပါတယ်…
    ဘာကိစ္စပဲဖြစ်ဖြစ် ဖက်ပြီး လာထား အာဘွားကအရင်ဆိုတော့…
    ကျုပ်မှာလည်း အကျင့်တွေကိုပါလို့…
    ပြီးတော့ ရှိသေး… ကောင်မလေးတွေကို ပဍိသဒ္ဓာရစကားဆိုပုံက…
    Voulez-vous coucher avec moi ce soir? တဲ့… ဟီ ဟိ
    :harr:

    • ခိုင်ဇာ

      February 16, 2013 at 9:48 am

      အဟမ်း
      ထင်တော့ ထင်သားကလား။
      ကျုပ် ဒီ ပို့(စ) ကို တင်ရင် ဒီ လိုင်းဘက်ကို ဆက်ဆွဲသွားနိုင်ကြတယ်လို့။
      ကိုယ့်အချင်းချင်းတော့ အဲ ဂလို မလုပ်ကြေးနော်။
      :harr:

    • ပျင်းတကာ့ ထိပ်ခေါင်တင်

      May 9, 2016 at 2:34 pm

      အဟေး french ဆို oui ၁လုံးပဲရတာရယ် :mrgreen:

  • panpan

    February 16, 2013 at 8:50 am

    မောင်နှမချင်းချင်း ပွေ့ဖက်တာကတော့ အပြစ်မပြောလိုပေမယ့်
    သူစိမ်းယောက်ျားလေးနဲ့မိန်းကလေးပွေ့ဖက်တာကတော့… 🙄
    လူမြင်ကောင်းတာမကောင်းတာ၊ ကိုယ့်ယဉ်ကျေးမှုနဲ့မကိုက်တာ ကိုက်တာအသာထား အရှင်းဆုံးတွေးကြည့်ရင် ကိုယ့်ရည်းစားကောင်မလေးကို သူ့သူငယ်ချင်းကောင်လေးက အားပေးနှစ်သိမ့်ပြီးဖက်နေရင်၊ ကိုယ့်ကောင်လေးက တခြားမိန်းကလေးကို ပွေ့ဖက်ပြီးအားပေးနေရင် လက်ဆွဲနှုတ်ဆက်နေရင်… :buu:
    အနောက်တိုင်းကလူတွေလို ကိုယ်ကလက်ခံနိုင်မှာလား…… 🙄

    • ခိုင်ဇာ

      February 16, 2013 at 9:51 am

      အဲဒီလို လက်မခံနိုင်တာတွေ များနေသေးလို့
      ဇာတ်လမ်းရှုပ်တာတွေ နည်းနေသေးတာနေမှာ ညီမလေး ပန်ပန်။ :mrgreen:
      အင်း ပြောသာပြောရ။ ဒီ ပို့(စ) သာ တင်ရတယ်။
      ကိုယ်တို့ လူမျိုးစိတ်တွေနဲ့ မဖြစ်နိုင်ဘူးလို့တော့ ထင်သားလား။
      နောက်တစ်ခုဆိုရင်တော့ ကလေးတွေအကြောင်းပဲ ရေးပါ့မယ်။
      :buu:

  • ခင်ခ

    February 16, 2013 at 10:00 am

    မခိုင်ဇာရဲ့ ပိုစ့်တင်ပြပါအရေးလေးကောင်းတယ်ဗျ။
    ပိုစ့်ဖတ်ပြီး တစ်ခုခုမန့်မလို့ ဘာမန့်ရမလဲ စဉ်စားလိုက်တော့ …………….
    ရောမပြည်ရောက်ရင် ရောမလိုကျင့်၊
    ခေါမပြည်ရောက်ရင် ခေါမလိုကျင့်……. လို့ဘဲ မန့်တော့မယ်ဗျာ။

    • ခိုင်ဇာ

      February 16, 2013 at 10:53 am

      ကိုခရယ်။
      တစ်ခါတစ်ခါမှာ အဲဒီလို မကျင့်နိုင်အောင်ကို မိရိုးဖလာ အစွဲက တားဆီးထားပါတယ်။
      ကျနော့ သူဌေးကိုယ်တိုင်က ကွန်ဆာဗေးတစ်သမားမို့ အဲ့လို ပြင်သစ် ကမ်ပနီတွေ သွားရင် သူ့နောက်မှာပဲ ထားပါတယ်။
      လက်ဆွဲ နှုတ်ဆက်ရုံအပြင် ဘယ်လိုမှ နှုတ်ဆက်လို့မရအောင်ပါ။
      မြန်မာ အမျိုးသမီး တွေရဲ့ စောင့်စည်းမှုတွေကိုလည်း သူက ကျနော့ကိုယ်စား ရှင်းပြတတ်တာမို့ အရှေ့တိုင်းမှာတော့ ဒီ ပြုအမူဟာ တွင်ကျယ်မယ်မထင်သေးပါဘူးလေ။
      :hee:

  • ရွှေ ကြည်

    February 16, 2013 at 10:35 am

    မခိုင်ဇာဆိုလိုရင်းကိုနားလည်ပါတယ်။ တစိမ်းတရံစာ ကျား၊ မ ကို မဆိုလိုပဲ
    ရင်းနှီးကျွမ်းဝင်တဲ့ သူငယ်ချင်းအချင်းချင်းစိတ်ချယုံကြည်ရသူ အချင်းချင်း မောင်နှမ၊ သူငယ်ချင်းမိန်းကလေးအချင်းချင်း၊ သားအမိ၊ မိသားစု၊ ဆွေမျိုးရင်းခြာတွေပေါ့လေ အဲလိုမျိုးတွေမှာကိုဆိုလိုချင်တယ်ဆိုတာ သဘောပေါက်မိသလို လက်လည်းခံပါတယ်။
    သူငယ်ချင်း (အခန်းဖေါ်) တယောက်ဝမ်းနည်းပြီးငိုနေတုန်းက ဖက်ပြီး ချော့မိတယ်။
    သူ့အတွက် အရမ်းကိုအားရှိသွားတယ်လို့သူပြောတယ်။ ကျန်တဲ့သူတွေကလည်းသူတို့ ဝမ်းနည်းရင်လည်းအဲလိုချော့မှာလားတဲ့။ တကယ်တော့ဖြစ်သင့်ပါတယ် ကျန်တာကတော့ မခိုင်ဇာရဲ့သူကြီးကိုပြန်ပြောထားတဲ့ ရီပလိုင်းအတိုင်းပါပဲ…။
    ++++++++++++++++++++++
    တဂျီးမင်းရှင့်။
    ကောင်းတယ်။ မကောင်းဘူးတော့ ထပ်မပြောလိုပါရှင့်။ တဂျီး ကော်မန့် အတွက် ကျေးဇူးတင်ပါတယ်။
    တစ်ခါတစ်ရံ လိုအပ်ရင် ပြုမူသင့်သော ဆိုရှယ်အမူအကျင့် တစ်ခု အဖြစ် ပြောချင်တာပါ။
    ပြင်ဆိုလို့လည်း မရောင်ရာ ဆီလူး မဟုတ်တဲ့နေရာတွေ ပြင်ခိုင်းမိမှာလည်း ကြောက်ရပါသေးရဲ့။

    ခေါင်းစဉ်မှာ ကို Hug ကို မသုံးရဲ ပဲ Embrace ကို ပဲ သုံးခဲ့တာပါ။
    အနော်တို့တတွေဟာ Hug မြင်ရင်ကို သမီးရည်းစား ပွေ့ဖက်တာပဲသွားမြင်တတ်ကြသလိုမို့…
    :mrgreen:
    ++++++++++++++++++++++++++++

    • ခိုင်ဇာ

      February 16, 2013 at 10:48 am

      ပို့(စ) ရော၊ ကော်မန့်တွေရော ဖတ်ပြီး ဆိုလို ရင်း ကို နားလည်နိုင်တဲ့ ရွှေကြည်လေးကို အရမ်းကျေးဇူးတင်ပါတယ်။
      တကယ်ပါ။
      :528:

  • kyeemite

    February 16, 2013 at 10:37 am

    ဘာဘာ ဘာမှ မပြောလိုပါ(ခွက်ဒစ်တူ ကိုဆာမိ)
    :harr:

    • ခိုင်ဇာ

      February 16, 2013 at 10:45 am

      အဲဂလိုဆိုရင်လည်း အနော် ဖြေရှင်းရ သက်သာတာ ပါ့ ကိုကြီးမိုက်ရယ်။

      :harr:

  • ကိုရင်စည်သူ

    February 16, 2013 at 11:21 am

    ခုတလောထင့်.. ရွာပညာရှိကဝိများမှ
    ဖက်ခိုင်း၊ နယ်ခိုင်း၊ နမ်းခိုင်းနေကြတော့…
    အဲ့သုံးခုလုံး တစ်ပြိုင်တည်းလုံးဖို့တာ…
    လက်မရဲပါကြောင်း .. 😆

    • ခိုင်ဇာ

      February 16, 2013 at 11:26 am

      ဟာ။
      ဒီ ကရင်စည်ဟာတော့ဖြင့်။
      အဲဂလိုတွေဘက်ကို မတွေးပါနဲ့လို့
      တောင်းပန်ပါရစေ။ မရက်စက်ပါနဲ့ လို့ ပဲ။
      :byae:

  • မောင်ပေ

    February 16, 2013 at 11:59 am

    နွေအခါတွင် စလင်းရှိတ်
    ဆောင်းအခါတွင် ပုလင်းရှိတ် တဲ့
    ဘယ်ဟာပွေ ့ပွေ ့
    ချစ်တဲ့စိတ်ကလေးနဲ ့ပွေ ့ရရင်ဖြင့်
    ဘယ်သောင်ကမ်းရောက်ရောက်
    မောင်ပွေ ့ချင်စမ်းပါဘိ ဆွိ

    • ခိုင်ဇာ

      February 16, 2013 at 12:02 pm

      ဟယ်။
      ကပေ။
      လူမှားနေပြန်ပြီ။
      မဒမ်ပေ ကို သွားပြောပါရန်။ :mrgreen:

  • amatmin

    February 16, 2013 at 2:07 pm

    ကျနော်ကတော့ တချို့နေရာမှာ
    လမ်းဟောင်းကြီး အတိုင်းလိုက်တတ်ပေမဲ့..
    ကြီးဒေါ်.ခိုင်ဇာပြောတဲ့..ချစ်သူခင်သူ..မောင်နှမ.သယ်ရင်း.
    မိတ်ဆွေချင်းချင်း ချစ်ကြည်.ရင်းနှီး.ပျော်ရွင်..
    ဝမ်းနည်း.ဖေးမ.နှစ်သိမ့် လိုမှုတို့ကို မျှဝေလိုသော သဘောနဲ့..
    ပွေ့ဖက်ခြင်း ကို လုပ်ဆောင်တာမျိုးကိုတော့ သဘောကျသ ဗျ.. 🙂
    ပွေ့ဖက်ဖို့ စိမ်းနေမယ်ဆိုရင်တောင် အနိမ့်ဆုံး ခေါင်းကလေးကို
    အသာပုတ်ပီး နှစ်သိမ့်ပေးလိုက်တာကိုက တဖက်ခံစားနေသူမှာ
    အားရှိ.အားတက်သလား လို့..
    ဒါနဲ့ ခေါင်းပုတ်/ကိုင် ပြန်ရင်လည်း ဘာဖြစ်ပြန်ဒယ် ဆိုလား 😛

    • ခိုင်ဇာ

      February 16, 2013 at 4:29 pm

      ဒီလူကြီးကို လမ်းဟောင်းကြီးက ပြန်ပြန်ခေါ်ရတာကို မောပါတယ်ဗျာ။
      အလကားပြောတာပါ ကိုမတ်ရေ။
      ကျနော့ ဆိုလိုရင်းကို နားလည်တဲ့ အစ်ကိုကြီးကို ဒီကနေ ကျေးဇူးတင်စကား နောက်တစ်ခေါက်ပြောပါရစေ။
      :528:

      ခေါင်းပုတ်တာ/ကိုင်တာတွေကိုတော့ ဘာအယူမှမရှိပေါင်။ ကိုယ်တိုင်က ခွေးဝင်စားသလားအောက်မေ့ရလောက်အောင် သဘောကျတတ်သလို
      သူများ ခေါင်းကိုချစ်စနိုးသွားသွားပုတ်လို့ ပြသနာတက်တာလည်း ခဏ ခဏ။
      ဒီ အရွယ်အထိအနေမတတ်ပုံ။ :mrgreen:

  • Nyein Nyein

    February 16, 2013 at 5:41 pm

    ငြိမ်းတို့မောင်နှမတွေလည်း ရင်းရင်းနှီးနှီးနေကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် လက်ချိတ်၊ ပခုံးဖက်တာတွေရှိပါတယ်။ ဒါပေမယ့် မောင်နှမတွေကြားမှာပါပဲ။ အရမ်းကိုရင်းနှီးပြီး နှစ်ပေါင်းများစွာ ရင်းနှီးလာတဲ့ သူငယ်ချင်းတွေနဲ့လည်း အဲလိုနေတာမျိုးရှိပါတယ်……….. ဝမ်းနည်းနေတဲ့အချိန်မှာတော့ ကိုယ့်ကို ရင်းရင်းနှီးနှီး(မရွှေကြည်ပြောသလို) အားပေးလာရင်………..တကယ့်ကို စိတ်သက်သာရာ ရစေတာပါ……………………

    • ခိုင်ဇာ

      February 16, 2013 at 6:08 pm

      Nyein Nyein ရေ။
      နားလည်မှုရှိတဲ့ ကော်မန့်လေးအတွက် ကျေးဇူးတင်ပါတယ်ကွယ်။

      :hee:

  • kokothandar

    February 16, 2013 at 5:48 pm

    ကောင်မလေး ချောချော ဝကစ်ကစ်လေးဆို ဖက်လိုက်ချင်စိတ် အမြဲဖြစ်မိပါရဲ့ ရှက်လဲရှက်ပါရဲ့ မရှက်လဲမရှက်နိုင်ပါ ဖွဲတစ်ဆုပ်မနိုင်တော့ရင်တောင် စိတ်ထဲမှာ ပေါ်လာအုံးမဲ့ ဆန္ဒပါ သေခါနီး ဘဘကြီး သေသင့်ပြီပြောလဲ ဖက်ချင်စိတ်ကို မလျော့ဘဲ သေပေးလိုက်ချင်ပါရဲ့

    • ခိုင်ဇာ

      February 16, 2013 at 6:10 pm

      ပွင့်ကို ရအောင်ပိုးပါလေ။
      :harr:

  • aye.kk

    February 16, 2013 at 6:06 pm

    ပွေ ့ဖက်ခြင်းဆိုတဲ့ကိုယ်တွေ ့အဖြစ်အပျက်လေးပြောပြချင်မိပါတယ်။
    သူနဲ ့ကိုယ်နဲ ့ကသွေးမတော်သားမစပ်ပါ။
    တစ်စိမ်းတစ်ရံတွေဖြစ်ကြပေမယ့်နှစ်ပေါင်းများစွာကြာပြီးမှ
    ရုတ်တရက်ပြန်တွေ ့ကြရတဲ့အချိန်မှာ မသိစိတ်ကလှုံ ့ဆော်မှုနဲ ပွေ ့ဖက်ငိုမိကြပါတယ်။
    ဘေးကလူတွေအနေနဲ ့ကအံ့အားတသင့်ဖြစ်ကုန်ကြတော့၊အသိစိတ်ကပြန်ခွါလိုက်ကြရပါတယ်။
    ပွေ ့ဖက်လိုက်တဲ့အချိန်ကခံစားမှုကအရမ်းနွေးထွေးပြီးအရင်ကအတိုင်းဆိုတာကိုဖော်ပြလိုက်သလိုပါဘဲ။
    ဒါကတော့တကယ့်ကိုယ်တွေ ့အဖြစ်အပျက်လေးပါ။
    တွေ ့ခဲ့အချိန်။ ခင်တဲ့အချိန်တုန်းကတော့အသက်က(၁၅)နှစ်ဝန်းကျင်မှာပါ ။
    ပြန်တွေ ့တော့ နှစ်ပေါင်း(၃၃)နှစ်ကြာသွားခဲ့တယ်။ ပွေ ့ဖက်မိရတဲ့ အကြောင်းကိုပြန်စဉ်းစားပြီး သုံးသပ်မိတော့ ။ဘာဖြစ်လို ့ကံကြမ္မာကအဲဒီလောက်ကြာမြင့်အောင်
    ခွဲခွါထားတာလဲဆိုတဲ့ ဝမ်းနည်းရတဲ့စိတ်နဲ ့မမျှော်လင့်ဘဲဖြစ်သွားတာလို ့ဘဲထင်မိပါတယ်။။

    • ခိုင်ဇာ

      February 16, 2013 at 6:12 pm

      တီအေးရေ။
      ကိုယ့်တွေ့လေးနဲ့ အားဖြည့်ပေးလို့ ကျေးဇူးတင်ပါတယ်။
      :528:

  • အဟမ်းး ဟမ်းးး

    အထက်ပါ ဆိုစကားများကို အရကောက်၍
    တီခုလောက်ဒေါ့ ပြောဆိုခွင့်ပုဘာ …

    ရွာထဲက အာပျိုဂလေးများ …
    စိတ်ပျက် စိတ်ဆိုး ငိုကြွေးနေရဒဲ့ အခါမျိုးမှာ …
    ခညားဒို့ရဲ့ ဘော်ဘော်ဂျီး မဟာရာဇာ ကို ဒဒိရလိုက်ဘာ …
    ကျုပ် ဖြူစင်ဒေါ မေတ္တာများစွာဖြင့် ပွေ့ဖက် နှစ်သိမ့်ပေးဂျင်လို့ဘာ …. :mrgreen:
    ကျန်ဒဲ့ အညိုးအစားတွေ မဆိုင်ဘာ ….
    ဒါဘာဗျဲ ….

    ပုံ/
    အစွမ်းကုန် ဖက်ပေးမယ့်
    မဟာရာဇာ

    • ခိုင်ဇာ

      February 19, 2013 at 3:19 pm

      အပြင်မှာ စကား ၂ ခွန်း ပြည့်အောင် ပြောရင်ကို သူတို့က စဖက်ပါ့မယ်တဲ့။ :mrgreen:

      • ခင်ဇော်

        May 10, 2016 at 3:27 pm

        ထုပလိုက်။
        ဟိ

        :k:

  • pooch

    February 16, 2013 at 7:18 pm

    besides that , my shoulder is ready for you whenever you need… 🙂

    • ခိုင်ဇာ

      February 17, 2013 at 2:12 pm

      Now, I really need it..

      :byae:

  • အလင်းဆက်

    February 16, 2013 at 8:55 pm

    ဖက်ပစ်မယ်..ကွာ..
    ချစ်တဲ ့ခင်တဲ ့သူ..အားလုံးကို..
    ဖက်ပစ်မယ်….
    :kwi:

    • ခိုင်ဇာ

      February 19, 2013 at 3:18 pm

      ကလေးဒွေ အယူမှားကုန်ဘီ။
      :byae:

  • ချစ်မရေ ညီမကတော့ ပွေ့ဖက်တဲ့အပြုအမူကိုကြိုက်ပါတယ်။
    သို့ပေမယ့် ဒီနိုင်ငံမှာကျတော့ ကန့်သတ်ချက်တွေ ဓလေ့ထုံးစံတွေ ၊အမြင်မတော်၏။တော်၏။တွေအရမ်းများတယ်နော်။
    သူငယ်ချင်းအချင်းချင်းဆိုရင်လည်း ပွေ့ဖက်ဖို့မပြောနဲ့ ဆိုင်ကယ်အတူတွဲစီးရင်တောင် အတင်းပြောတတ်တာမျိုးဆိုတော့
    အက်ဒါကြောင့် ပြုချင်ရာဆန္ဒမှန်သမျှကို ချုပ်တီးကာနေရတဲ့ နိုင်ငံမှာဆိုတော့လည်း
    ကျင့်သားရလျက်
    ကိုယ့်မိသားစုကလွဲပြီး ဘူ့ကိုမှ မပွေ့ဖက်မိခဲ့ပါလားလို့တောင် တွေးမိလာတယ်။
    ကောင်းလိုက်တဲ့ပို့စ်လေးပါရှင်။

    • ခိုင်ဇာ

      February 19, 2013 at 3:17 pm

      ယောင်္ကျား နဲ့ မိန်းမဆိုတိုင်း အဲလာမျိုးပဲ တွေးတတ်တဲ့ ဝန်းကျင်မှာ နေနေရ သ၍ကတော့ ……

      အဲ။ လာအားပေးသွားတဲ့ အတွက် ကျေးဇူးအများကြီးတင်ပါတယ် သော်သော်လေး။

      :hee:

  • Wow

    February 18, 2013 at 12:51 pm

    တွေ့ဘူးတာပြောရရင် အိုက်လို ဖက်လဲတကင်း မောင်နှမချင်း အရမ်းချစ်ကြတဲ့ မိသားစု သွေးနဲနဲဝေးတဲ့ အဒေါ်မိသားစုကို တွေ့ဘူးတယ်.. မောင်နှမသားအမိ ရှိအတူ မရှိအတူ သိပ်ချစ်ကြတာပါ.. တစ်ယောက်ထိလဲ တစ်ယောက်မခံဘူး…
    အိုက်လိုမိသားစုမျိုးကြတော့ လူလို နတ်လိုလားမသိဘူး… အရင်က နဲနဲ ရှားပါးပေမဲ့ အခု သားသမီးတွေ အရွယ်ရောက်လာတော့ အကုန် ကိုယ်ပိုင်လုပ်ငန်းတွေနဲ့ တင့်တောင့်တင့်တယ်နေနိုင်ကြတယ်…
    ကိုယ်တိုင်လဲ တဂယ်အားငယ်နေတဲ့ အချိန် ဖက်တာမဟုတ်တောင် ခေါင်းလေးပုတ်ပြီး နှစ်သိမ့်ရင်ပဲဖြစ်ဖြစ် တော်တော် အားရှိသွားတာပါ…
    အိုက်လော့… ဖက်ကြစေသတည်းးးးးး :kwi:

    • ခိုင်ဇာ

      February 19, 2013 at 3:13 pm

      ဖက်လည်းတကင်း ရိုက်ထားတဲ့ ဓာတ်ပုံတွေကို အန်ဒီရယ်ဒွေ ရှောင်ချင်ရင်လည်း အသုံးဝင်သေးရဲ့။

      :harr:

  • Nay Chi

    February 18, 2013 at 2:09 pm

    ဆွိက Embrace နဲ့ သုံးထားပေမဲ့ ကျနော့်စိတ်ထဲမှာ Hug နဲ့ ပိုနွေးထွေးသလို ခံစားနေရတယ်…။

    အားပေးပါတယ်…။ ကိုယ်ယုံကြည်ရာကို ဆက်ရေးပါ…။ စာတစ်ပုဒ်ကပေးတဲ့ အနှစ်သာရဆိုတာ ဖတ်တဲ့သူ လက်ခံယူနိုင်တဲ့ ကိုယ်ခံအားပေါ်မူတည်ပြီး အရောင်အသွေးမျိုးစုံဖြစ်သွားတတ်တာ သဘာဝပါ…။

    ဆုံးရှုံးမှုတစ်ခုခုကြောင့် ကြေကွဲအားငယ်နေချိန်မှာ တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားပေးထားတဲ့ အားပေးမှုတစ်ခုကို စိတ်ရှင်းရှင်းနဲ့ ခံယူကြည့်လိုက်စမ်းပါ…..။ Hug ရဲ့အဓိပါယ်ကို ဆောင်းပါးရှည်ကြီးတစ်ပုဒ်နဲ့ ဝေဝေဆာဆာသရုပ်ဖော်ပြီး ရှင်းပြနေတာထက် ပြီးပြည့်စုံအောင် နားလည်သွားပါလိမ့်မယ်…။

    တဖက်လူက စေတနာမှန်ဖို့တော့ လိုတာပေါ့နော…။ ဒါကိုမှ ရင်ခုန်သွားသေးတယ်ဆိုရင်တော့ ကုရာနတ္တိဆေးမရှိဘူးပဲ မှတ်ပေတော့…။ 😛

    • ခိုင်ဇာ

      February 19, 2013 at 3:08 pm


      အဲဂလာကြောင့် ကျနော် သိပ်ချစ်ရပါသော နေခြည် ဖြစ်ရတာပါလေ။
      :528:

  • ဦးကြောင်ကြီး

    February 19, 2013 at 11:37 am

    ဖက်ခြက်ဖက် လက်မပါစေနဲ့… ဟုတ်လား။ ခိုင်ဇာလေးဖက်တာ ဦးကြောင်တင်ပါးမှာ လက်ရာဂျီး ကျန်ခဲ့ဖူးလို့… လူသိသွားရင် ချက်ခြာဂျီး 😳

    • ခိုင်ဇာ

      February 19, 2013 at 3:05 pm

      အဲလာ ကျနော်မဟုတ်ပါဘူးဆို။
      ဦးကြောင် လူမှားနေပြီ။
      :mrgreen:

  • etone

    February 19, 2013 at 3:01 pm

    မမခိုင်ဇာရေ

    ပွေ့ဖက်ခြင်းနဲ့ ပတ်သတ်လို့အဓိပ္ပါယ်ဖော်စရာ များစွာရှိပေမယ့် …လူမြင်ကွင်းမှာ မလုပ်သင့် မလုပ်အပ်တဲ့ အပြူမူ ၊ မြန်မာမှုနဲ့ ဆန့်ကျင်နေတဲ့ အပြုမူလို့တော့ တခါမှ မတွေးခဲ့ဖူးဘူး ။ ထင်လည်း မထင်ခဲ့ဖူးဘူး ။
    လူမျိုးခြားတွေနဲ့လုပ်ငန်းသဘောအရ နှုတ်ဆက်ရတဲ့အခါ စိတ်ထဲ ဘာမှ မထားပဲ ပေါ့ပေါ့ပါးပါး လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်မိပါတယ် ။ တခါတလေ ပါး
    ဒါ့ပြင် မောင်နှစ်မ အရင်းတွေ၊ဝမ်းကွဲတွေ အတူစုပြီး ဓါတ်ပုံရိုက်ကြတာဖြစ်ဖြစ် ၊ အမျိုးဆွေတွေနဲ့ပဲ ဖြစ်ဖြစ် ၊ လုပ်ဖော်ကိုင်ဖက် အပေါင်းသင်းတွေနဲ့ပဲ ဖြစ်ဖြစ် ပခုံးဖက်တာမျိုးက အမြင်မတင့်တယ်စရာလို့ လက်မခံနိုင်ပါဘူး ။ သာသာစီးစီးအသားယူချင်စိတ်နဲ့ တဏှာမပါပဲ ပွေ့ဖက်ခြင်းမျိုးမို့ ကြုံရင်ကြုံသလို ကိုယ်ကဦးအောင် လည်ပင်းဖက်ချင်ဖက်သလို ၊ သူတို့လည်ပင်းဖက်လျှင်လည်း မငြင်းခဲ့ဘူး …. ခိခိ … :mrgreen:

    • ခိုင်ဇာ

      February 19, 2013 at 3:04 pm

      ဟိဟိ။
      ကျန်း။
      ချစ်စရာ Etone လေး။
      အဲဂလို တွေ ကြောင့် အမလည်း အပြောအဆိုခံရတာ မလွတ်တာပေါ့လို့။
      ကကြီး တွေ ချစ်ရင် ပိုဆိုးသေး။ :mrgreen: :mrgreen:

      • etone

        February 19, 2013 at 3:37 pm

        မမခိုင်ဇာရေ လူအမျိုးမျိုးစိတ်အထွေထွေပါလေ …. ချီးမွမ်းခုနှစ်ရက် ၊ ကဲ့ရဲ့ ခုနှစ်ရက်ပေါ့ ။ လူပြောခံရမှာကြောက်တာနဲ့ ၊ ပါးစိ ပါးစပ်များတဲ့ ပတ်ဝန်းကျင်ကို ငဲ့နေရင်း ၊ သူငယ်ချင်း ၊ မိတ်တွေ ၊ လုပ်ဖော်ကိုင်ဖက် ၊ မောင်နှမတွေနဲ့ကြားက ယုံကြည်မှုနဲ့ တည်ဆောက်ထားတဲ့ ဆက်ဆံရေးလေး အေးခဲသွားမှာမျိုးတော့ မလိုလားပါဘူး ။ ဗိုလ်နေမြဲ ကျားနေမြဲ ဆက်သွားပါဦးမယ် … ။ ဟီး :kwi:

        • Wow

          February 19, 2013 at 4:10 pm

          စိတ်သာအဓိကပါကွယ် …
          လူချင်းခပ်လှမ်းလှမ်း အိမ်ဒရေရရနေပြီး စေတဏှာဒွေ တဖွားဖွားထနေရင်… :harr:
          ဟီး.. ပြောဇယာရှိ ပို့စ်ပိုင်ရှင်ကို ပြောဂျပါကုန်… တူစပေးတာပါ… :mrgreen:

  • အနော်ကတော့.. တစ်ခါသားကပေါ့နော်…. အဖေဆုံးတယ်ဆိုတာ သိလိုက်တဲ့အချိန်မှာ ရန်ကုန်မှာရောက်နေတာပေါ့… အဆောင်ထဲဝင်ဝင်ချင်း အဖေဆုံးသွားပြီဆိုတာ သိလည်းသိရော အလိုလိုပဲ… အဆောင်ပြင်ကို ပြေးထွက်မိပြီး စောင့်နေတဲ့ သယ်ရင်းကို ဖက်ငိုမိတာ… :mrgreen:
    ကိုယ့်ကိုကိုယ်တောင် သိလိုက်ဝူးရယ်….

    ပြီးတော့လေ.. တစ်ခါကကျတော့.. ခြင်္သေ့ကျွန်းကို youth camp တစ်ခုအတွက်သွားဖို့ရှိတော့… ဒီဘက်က ဆရာမက ဘာမှာလိုက်သလဲဆိုရင်… နင်တို့ ဟိုမှာ တစ်ခြားနိုင်ငံကသူတွေနဲ့ ဓာတ်ပုံတွေဘာတွေရိုက်လို့ သူတို့က ပုခုံးပေါ်လက်တင်တာတွေ ဘာတွေလုပ်ရင် သတိလက်လွတ်နဲ့ ရိုက်မချလိုက်နဲ့ဦးနော်တဲ့.. :mrgreen: (ဒါက ကြုံလို့ ပြောတာပါ… ပို့စ်မှာပြောချင်တာနဲ့ လွဲနေပါတယ်…)

    ဆိုတော့..အနော်တို့လည်း… ဟိုး မူကြိုကတည်းက ခုချိန်ထိ ပြောမနာဆိုမနာခင်လာတဲ့ ချစ်သယ်ရင်းတွေနဲ့ဆိုရင် သူများအပြောခံရအောင် နေမိပါတယ်လို့.. ဟိဟိ

    • ခိုင်ဇာ

      March 2, 2013 at 4:41 pm

      တူတူပဲ။
      မသိတဲ့ သူတွေဆို မျက်စိလည်/ မျက်စိနောက်/ မျက်စိရှုပ်
      :mrgreen: :mrgreen: :mrgreen:

  • MaMa

    March 3, 2013 at 10:06 am

    မြန်မာစကားနဲ့ ဖက်လှဲတကင်းလို့ ဘာသာပြန်ရင် လိုက်ဖက်မယ်ထင်တယ်။ :hee:
    ခင်မင်တဲ့လူတွေနဲ့ဆိုရင် ရင်းရင်းနှီးနှီးခင်ခင်မင်မင် နေတတ်တဲ့သဘောပေ့ါ။
    အဲ- မြန်မာ့ဓလေ့ထုံးစံက နိုင်ငံခြားသားတွေလို ခုမှတွေ့တဲ့သူနဲ့တော့ ဖက်လှဲတကင်း မလုပ်တတ်ဘူးလားလို့။

  • lele

    March 3, 2013 at 8:10 pm

    “မိန်းကလေး တစ်ယောက်ကို အသားလွတ် သွားဖက်ဖို့မပါဘူး” “လိုအပ်လို့ အားပေးတဲ့ နှစ်သိမ့်မှုမျိုးမှာ လုပ်လေ့ရှိသော Embrace ကို ဆိုလိုပါ၏။ ” ဟုတ်တယ် ခိုင်ဇာ. နားလည်မှုလည်း မလွဲစေချင်ဘူး. သိပ်ပြီးလည်း အတွေးမလွန်ကြ စေချင်ဘူး…အသိ တစ်ယောက်က ပြောဘူးတယ် နင်တို ့အရှေ ့တိုင်းသားတွေက အရမ်းတွေးလွန်းတယ် လို ့..Serious သိပ်ဖြစ်တယ်တဲ ့.

    • ခိုင်ဇာ

      March 3, 2013 at 8:38 pm

      လာအားပေးသွားတဲ့ LeLe ရေ။
      ကျေးဇူးတင်ပါ ၏။
      :hee:
      ကျနော်ပြောချင်တာ ပို့(စ) ထဲရော၊ ကော်မန့်ထဲရော အကုန်ပါပဲဗျာ။
      ကျန်တာ ဆက်မပြောလိုတော့ပါ။ အပြောမတတ်ရင် ပို ပိုဆိုးကုန်မှာဆိုးတာပါ။
      အရှေ့တိုင်းက မလိုအပ်တဲ့အတွေးတွေ အများကြီးရှိပါ၏။
      အဲဒီလို အတွေးမရှိတဲ့ကိုယ့်ကို အမြင်စောင်းသတဲ့စောင်းသွားနိုင်လို့ ပြောချင်သလောက်မပြောတော့ပါ။ :mrgreen:

  • ခင်ဇော်

    May 9, 2016 at 1:45 pm

    Free Hug issue တွေ ခေတ်စားးနေတုန်းးး
    လွန်ခဲ့တဲ့ ၃ နှစ် က ပို့စ်လေးး ပြန်ဖော်ဗျဇီ…
    ကိုယ် ကတော့ တဏှာ မပါတဲ့ ဖက်နည်းနဲ့ လူတိုင်းကို ဖက်ခဲ့ ဖက်တုန်းပဲ..
    နောင်လည်းး ပြင်မယ် စိတ်မကူးးဘူးးး
    မတန်တဲ့ သူကို ပြီးးမှ တွန်းးလွှတ်ရ လွှတ်ရ..
    :k:

  • kai

    May 9, 2016 at 2:08 pm

    အယ်လ်အေမှာလည်း.. ခုတလောဆို.. မွတ်စလင်တွေ( မစ်ဒယ်အိစ်) ရုပ်တွေနဲ့ ယောက်ျားတွေ… လူမဲတွေ .. လမ်းဘေးမှာ မတ်တပ်ရပ်ပြီး.. Free Hugsလုပ်တာတွေ့ဖူးတယ်…။
    သူတို့က.. ယုံကြည်စိတ်ချရသူတွေပါဆိုပြီး.. စိတ်နှလုံးဖွင့် ပြတဲ့သဘော သက်ရောက်တယ်.. လည်းထင်မိတာပဲ..။

    • ခင်ဇော်

      May 9, 2016 at 2:17 pm

      လူတိုင်းရဲ့ အသားယူချင်စိတ် အနည်းအများ
      ဓလေ့ အပေါ်မှာတော့ အတွေးအခေါ်ကွာသွားမယ်ထင်တယ်ဗျ။
      မိန်းမ တစ်ယောက်အသားကို အလကား ထိရတာ မြတ်တယ်လို့ တွေးတဲ့ နေရာတွေမှာတော့ ဒီ အစ်ရှူးက ထိရောက်မယ်မထင်။

      :k:

      • Wow

        May 9, 2016 at 4:44 pm

        မြန်မာမှာက အဲ့လိုအတွေးက အရိုးစွဲနေပီ၊ India အမျိုးသမီးဝန်ကြီးထင်တယ် အင်တာဗျူးမှာပြောသွားတာ
        If I’m raped, people will say that she’s lost her honor.
        How did I lost my honor?
        Who put my honor in my vagina?
        It is a patriachal idea that getting raped would ruin my community’ honor.
        I would like to ask everyone right now, why did you place your community’s honor in a woman’s vagina?
        I don’t place my honor there.

        အရှေ့တိုင်း community ရဲ့ကျဉ်းမြောင်းတဲ့စိတ်ထားပေါ့။ အာ့လေးသွားသဒိရလို့

        • ခင်ဇော်

          May 9, 2016 at 5:12 pm

          အေးး
          နာ မနက် က ဖတ်ပြီးး သဘောကျလို့…!!
          ဒ်ု့ ပြည်ကြီးးမှာ အမျိုးသမီးတွေ က ပတနာ မဟုတ်..
          အမျိုးသားးထု ကြီးး ရဲ့ အတွေးအခေါ်ကသာ ပတနာ..!!
          ဟိ..
          ဆဲဂျဇေ..!!

  • ပျင်းတကာ့ ထိပ်ခေါင်တင်

    May 9, 2016 at 2:30 pm

    တခါတလေ အဲလိုအပြုအမူလေး၁ချက်က စကားတွေအများကြီးပြောတာထက် ပိုအဓိပ္ပါယ်ရှိ/သက်ရောက်တယ်လို့ ခံစားမိတယ် 🙂

    • ခင်ဇော်

      May 9, 2016 at 2:37 pm

      နားလည်နိုင်ရင် ပေါ့လေ။
      ဟီးဟီးး
      တချို့ ဘာသာပြန်တာကျလည်း တလွဲတွေ များသားးး

      :k:

      • ပျင်းတကာ့ ထိပ်ခေါင်တင်

        May 9, 2016 at 4:28 pm

        အဟဲ တလွဲတွေးတတ်တဲ့အထဲမှာ ထိပ်ဆုံးကပါတယ်
        အာ့ကြောင့်ပြောပါတယ် တခါတလေပါလို့ :k:

      • ပျင်းတကာ့ ထိပ်ခေါင်တင်

        May 9, 2016 at 4:31 pm

        အသားမကျသေးလို့ပါ အသားကျသွားရင် အေးဆေးဖြစ်သွားမှာ :k:
        အချိန်တော့လိုတာပေါ့
        အကူးအပြောင်းတိုင်းမှာ အပြောခံရတာ ဘယ်နှခါလွတ်ဖူးလို့လဲနော့

  • uncle gyi

    May 10, 2016 at 2:58 pm

    ဘာပြောပြော
    ဝမ်းသာခ ျိန်မသိသာပေမဲ့
    ဝမ်းနည်းခ ျိန်ပွေ့ဖက်အားပေးတာတကယ်ကောင်းပါတယ်
    ဒါပေမဲ့ဒီကစံအရတော့မလွယ်သေးပါကြောင်း

    • ခင်ဇော်

      May 10, 2016 at 3:24 pm

      စံ ဆိုတာ လူတွေ သတ်မှတ်ချက် အရ ပြောင်းလဲတတ်ပါတယ်လေ။
      :k:

Leave a Reply