“ဆောင်းအကြွင်း ရက်များက မန်းလေး”

1 မြူမူန်တဲ့မနက်က
1 မြူမူန်တဲ့မနက်က
2 လက်ပန်နီနီတွေနဲ့ ပဏ္ဏာရနေသော
2 လက်ပန်နီနီတွေနဲ့ ပဏ္ဏာရနေသော
3 လွမ်းအောင်လှ
3 လွမ်းအောင်လှ

 

 

4 ထန်းပင်နဲ့မြိုရိုး
4 ထန်းပင်နဲ့မြိုရိုး

 

5 နာမယ်ကျော် အာဠလဝီတံတား
5 နာမယ်ကျော် အာဠလဝီတံတား

 

 

6 မြူမူန်မူန်ထဲက
6 မြူမူန်မူန်ထဲက

 

7ထန်းပင်တွေနဲ့ မြိုရိုး
7ထန်းပင်တွေနဲ့ မြိုရိုး

 

 

8လွမ်းဘွယ်ကောင်းသော
8လွမ်းဘွယ်ကောင်းသော

 

9 မန်းလေးကျုံးရေမခန်းသမျှတော့လို့ ထီးဆိုင်က ဆိုသွားဘူးတယ်
9 မန်းလေးကျုံးရေမခန်းသမျှတော့လို့ ထီးဆိုင်က ဆိုသွားဘူးတယ်

 

 

“ဆောင်းအကြွင်း ရက်များက  မန်းလေး”

 

 

အခုရက်က ဆောင်းပြန်ပြေးတဲ့ရက်တွေပါဘဲ။

အဲတော့ မြူမှုန်တွေက ပိတ်ပိတ်ဆီးဆီးဆိုတော့ ပါတ်ဝန်းကျင်က မကြည်မလင်။

အထူးသဖြင့်နံက်ခင်းလေးတွေမှာ နေအလင်းရောက်လာပေမယ့် မူန်ရီဝေဝေ။

ဒီလိုနံနက်ခင်းလေးတစ်ခုမှာအလုပ်ကိစ္စနဲ့မြောက်ပြင်ဘက်ကိုအသွား

ကျုံးနံဘေးရောက်တဲ့အခါ မူန်ဝေဝေ မြင်ကွင်းကြားမှာ မြို့ရိုးနီညို ထန်းပင်ညိုတိုတို

ရေပြင်စိမ်းစိမ်း ကောင်းကင်ပြာပြာ မှာ လက်ပံပင်လေးတစ်ပင်က မြိုရိုးနောက်ကတိုးထွက်နေတာမြင်လိုက်ရပါတယ်။

ဒါနဲ့ဘဲဆိုင်ကယ်ကိုရပ်ပြီးလက်ဆော့ထားတာလေးကိုတင်ပေးလိုက်ပါတယ်။

 

ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ

16-2-2013

 

16 comments

  • ဗုံဗုံ

    February 22, 2013 at 10:37 am

    နံပါတ်သုံး ပုံလေးကြည့်ပြီး လွမ်းလိုက်တာဟယ် ဘယ်ဆီကိုလွမ်းလို့လွမ်းမှန်းမသိ ဘယ်သူ့လွမ်းလို့လွမ်းရမှန်းမသိ သင်္ကြန်တောင်ရောက်တော့မှာပါလား နွေဦးပေါက်ရင် ဘယ်မှမသွားချင်ဘူး ဇီးယိုစားနေတာတောင်မှ လူက လွတ်ချင်ချင်မို့လေ :mrgreen:

    • အဲတော့ လူကြိးများ ဝတ္တရားရှိတဲ့အတိုင်း ဗေးကလုံ တိတိကျကျ လွမ်းရအောင် လွမ်းစရာလူတစ်ယောက်လောက်တော့ရှာပေးမှဖြစ်တော့မယ်။

  • ခိုင်ဇာ

    February 22, 2013 at 10:44 am

    မန်းလေး။
    မန်းလေး။
    ချစ်ရပါသော မန်းလေး။
    လွမ်းရပါသော မန်းလေး။

    :byae:

    :byae:

    • နောက်ရက်မှ သုမောင်ဆိုထားတဲ့ မန္တလေးအလွမ်း ဆိုတဲ့ သီချင်းလေး ညည်းဆီပို့ပေးလိုက်အုံးမယ်

  • Myo Thant

    February 22, 2013 at 11:16 am

    မန္တလေးကို မလာ လာချင်အောင် လုပ်နေသလိုပဲ ၊
    အတော်ဆိုးတဲ့ ဆရာပေါက်
    ကျနော်ရောက်မှ မပြေးနဲ့နော်
    စကားမစပ် ပုံ ရ လေးကြိုက်တယ် ။

  • မဟာရာဇာ အံစာတုံး

    February 22, 2013 at 11:28 am

    ဒီ နန်းမြို့ရိုးကြီး မြင်မိတိုင်း
    မန်းလေးကို ရောက်ချင်မိတယ် ..
    တကယ် … တကယ် …
    မရောက်ရောက်အောင်ကို လာခဲ့ဦးမယ် ..
    ကြိုနေကြကွယ် …
    ကိုကိုအံ လာဂဲ့မယ် မန်းလေးကို ..

  • Ma Ei

    February 22, 2013 at 12:57 pm

    မြူမူန်ကျတဲ့မနက်မှာ
    လက်ပန်နီနီတွေနဲ့ ပဏ္ဏာရ
    မြိုရိုး ကြီးရဲ့ထန်းပင်တွေ
    ရေထဲမယ် ယိမ်းက
    လွမ်းအောင်လှ…

  • သတင်းကောင်း
    မယ်အိရေ
    နေကြာပန်းခင်းကြီးကိုလက်ဆော့ပြီးပါကြောင်း။
    နောက်ရက်တင်ဘို့ပြင်ဆင်နေပြီဖြစ်ပါကြောင်း။
    နေကြာပွင့်အနီးကပ် ဒီတစ်ခါဘဲမြင်ဘူးပါကြောင်း။
    အတော်လှပါကြောင်း။

  • မောင် ပေ

    February 22, 2013 at 1:24 pm

    ဆောင်းအကြွင်း
    ကျောင်းအတင်း
    ရောင်းပုလင်း
    ပြောင်းတစ်ခင်း
    မောင်းတစ်ရှဉ်း

  • ဟုတ်တယ် ကိုသော်ဇင်ရေ
    မန်းလေးမှာအလှဆုံးရာသီက ဆောင်းနုတ်ဆက်ပြီးသွားတော့ ကြွင်းကျန်နေတဲ့ ဒီရာသီလေးပါဘဲ။
    ဘယ်နေရာ ကိုကြည့်ကြည့် မူန်ရီရီ နဲ့မို့ လှနေတာပါ။

  • Mr. MarGa

    February 22, 2013 at 9:29 pm

    လေးပေါက်တို့များ မြင်တတ်လိုက်တာနော်
    ဦးမာဃ တစ်ပတ်ကို ငါးရက် ကျုုံးဘေးရောက်နေတာ အဲဒီအလှတွေကို မတွေ့ဘူးဗျာ
    မြင်ပါများလို့ သတိမထားမိတာထင်ရဲ့ :buu:

    • ဦးမာဃ ဘယ်မြင်မလဲ
      ကျုံးဘေးရောက်ရင်ပေါင်တိုမတွေဘဲလိုက်ငေးနေတာ မသိဘူးမှတ်မနေနဲ့

      • Mr. MarGa

        February 23, 2013 at 11:22 am

        အဟီး
        ပေါင်တိုလေးတွေလဲ ငေးရတယ်
        စိမ်းပြာလေးတွေနဲ့လဲ စကားကို အမျှင်မပြတ် ပြောရသေးတယ်
        အဲဒါကြောင့် နေမှာပါနော်

Leave a Reply