ဖြေကြည့်ပါ

etoneJuly 21, 20101min562

ဖြေကြည့်ပါ(မြို့နာမည်လေးတွေ

အတွေးများစရာပါ)

>> (၁) မြစ်အဖေကြီးနဲ့မြစ်အမေကြီးက မွေးတဲ့မြို့

>> (၂)စွပ်ပြုတ်လုပ်သောက်ချင်စရာေ

ကာင်းတဲ့မြို့

>> (၃)ကလီစာတွေအူတွေအခွေလိုက်ရှိတဲ့မြို့

>> (၄)လူကြီးမဖြစ်သေးတဲ့မြို့

>> (၅)ဒီနေ့ည ငါစောင့်ရတဲ့အလှည့်မဟုတ်ဘူး ဆိုတဲ့မြို့

>> (၆)သကြားချက်ရင်အဆင်ပြေနိုင်တဲ့မြို့

>> (၇)ဆင်တွေကတဲ့မြို့

>> (၈)ဝိုးတိုးဝါးတားပဲရှိတဲ့မြို့

>> (၉)စိုုစိုပြည်ပြည်မရှိတဲ့မြို့

>> (၁၀)ကျန်စစ်သားမိန်းမနာမည်နဲ့မြို့

>> (၁၁)ဖားကောက်ခိုင်းတဲ့မြို့

>> (၁၂)လေဘေးထည်မြို့

>> (၁၃)မိန်းမမှာ ညီမတွေရှိရင် သတိထားပေရော့ဆိုတဲ့မြို့

>> (၁၄)ကိုယ်တော်ခံတဲ့ဆွမ်းအရနည်းတာဒါကြောင့်ကိုး…ဆိုတဲ့မြို့

>> (၁၅)အဲ့ဒီမြို့နာမည်ကပြောင်းပြန်လှန်လိုက်ရင်

>> တော်တော်ရုပ်ဆိုးတဲ့ငှက်ကြီးဖြစ်သွားရော…

>> (၁၆) ရုံးသွားကျောင်းသွားသတိထား ဒါတွေယူကွယ့်မမေ့နဲ့တဲ့… အဲ့ဒီမြို့

>> (၁၇)အဲ့ဒီမြို့က

>> ရွာလိုက်တာမှသဲကြီးမဲကြီးပဲတဲ့………………………………………….

>

2 comments

  • လင်းဝေကျော်

    July 21, 2010 at 4:09 am

    ၁) မြစ်သား
    ၂) ဝက်လက်
    ၃) ဝမ်းတွင်း
    ၄) ကလေး
    ၅) မင်းကင်း
    ၆) ကြံခင်း
    ရ) ကျောက်ဆည်
    ၈) ရေး
    ၉) ချောက်
    ၁၀)
    ၁၁) မိထီ္ထလာ
    ၁၂)
    ၁၃) ဝါးခယ်မ
    ၁၄)
    ၁၅)ဒလ
    ၁၆) ထီချိုင့်
    ၁၇)မိုးကောင်း
    မှားတာပြင် လိုတာဖြည့်လိုက်ပါ အီးတုံးရေ…

  • maypearl

    July 21, 2010 at 6:18 am

    (1) မြစ်သားမြို့
    (2) ဝက်လက်မြို့
    (3)
    (4) ကလေးမြို့
    (5) ကင်းမြို့
    (6) ကြံခင်းမြို့
    (7) ကျောက်ဆည်
    (8)
    (9) ချောက်မြို့
    (10) ခင်ဦးမြို့
    (11) မိတီလာမြို့
    (12) ဖျာပုံ
    (13) ဝါးခယ်မ
    (14)
    (15) ဒလ
    (16) ထီးချိုင့်
    (17)

Leave a Reply