Lonely Girl

 

ကလေးတွေ ငိုတဲ့ မြို့

မငြိမ်းချမ်းလိုက်တာ

ပူစရာတွေ များလှတယ်

မေမေရယ်….တဲ့

ခေါ်လိုက်တိုင်း ထူးသံ မထွက်လာဘူး

ရင်ထဲ လှိုက်လို့ဝမ်းနည်း မမြင်ရက်စရာ

သွေးအလိမ်းလိမ်းနဲ့ မြင်ကွင်းတွေ

ကလေးငယ်တွေ နှလုံးသားမှာ စွန်းထင်းခဲ့ပြီ

ဒီလို ဒီလို နဲ့

ကလေးတွေငိုတဲ့မြို့မှာ

ကျွန်တော်သည်လဲ ရောက်ရှိနေခဲပြီ…..

00000000000000000000

ဘာကိုမှ မရည်ရွယ်ပါ စိတ်ကူးထဲပေါက်လာလို့

ချရေးလိုက်တဲ့ လက်တန်း ကဗျာလေးပါ

ကဗျာချစ်သူတိုင်းကို လေးစားလျက်…..

About Thit San Khant

Thit San Khant has written 8 post in this Website..

ကျွန်တော့်ကြောင့် သစ်ဆန်းခန့် ဆိုတဲ့ လူကြောင့် တစ်စုံတစ်ယောက် ပျော်သွားရတယ် ဆိုရင်ဖြင့်.... ကျွန်တော် ပြုံးနေမှာပါ ပီတိတွေနဲ့ အတူပေါ့...