ကလေးတွေ ငိုတဲ့ မြို့

Thit San KhantFebruary 16, 20131min894

Lonely Girl

 

ကလေးတွေ ငိုတဲ့ မြို့

မငြိမ်းချမ်းလိုက်တာ

ပူစရာတွေ များလှတယ်

မေမေရယ်….တဲ့

ခေါ်လိုက်တိုင်း ထူးသံ မထွက်လာဘူး

ရင်ထဲ လှိုက်လို့ဝမ်းနည်း မမြင်ရက်စရာ

သွေးအလိမ်းလိမ်းနဲ့ မြင်ကွင်းတွေ

ကလေးငယ်တွေ နှလုံးသားမှာ စွန်းထင်းခဲ့ပြီ

ဒီလို ဒီလို နဲ့

ကလေးတွေငိုတဲ့မြို့မှာ

ကျွန်တော်သည်လဲ ရောက်ရှိနေခဲပြီ…..

00000000000000000000

ဘာကိုမှ မရည်ရွယ်ပါ စိတ်ကူးထဲပေါက်လာလို့

ချရေးလိုက်တဲ့ လက်တန်း ကဗျာလေးပါ

ကဗျာချစ်သူတိုင်းကို လေးစားလျက်…..

4 comments

  • မောင်ပေ

    February 16, 2013 at 11:53 am

    ကလေးငို
    သေးစို
    ထွေးညို
    ပေးအကို
    ဆေးတစ်တို

  • မောင်တင့် တယ်

    February 16, 2013 at 3:45 pm

    ကလေး ငိုတာ လုံးဝ မကောင်းဘူး..
    အခု လက်တွေ့ မှာတောင်…
    တူတော်မောင် ငို သံကြောင့်. အိပ်ရေးပျက်သဗျ…

  • TheWinner

    February 16, 2013 at 9:50 pm

    ကလေးငို၊ မငိုတော့ မသိပေမယ့် ၊
    ဟီးးးး ပုံကတော့ ခြောက်ခြားစရာနော်။

  • awra-cho

    February 19, 2013 at 2:03 pm

    သူက ကလေး အထူးပြုလားမသိ ပို့စ် တွေမှာ ကလေးတွေ အမြဲပါနေပါလား၊ ကလေးဆို မဲမဲ တူးတူး ပေစုတ်နေလဲ ကျွန်တော်က ချစ်တယ်ဗျ။ ပိုက်ဆံပေါရင် အများကြီးမွေးစားထား ရမလား စဉ်းစားနေတာ ခက်တာက ကိုယ်တောင် အနိုင်နိုင်ဖြစ်နေလို့ ဟိ။

Leave a Reply