ဝိုင်ချိုတစ်ခွက် နှင့် ဒုက္ခအိမ်

Thit San KhantFebruary 16, 20131min773
အောင်မြင်ချင်းတွေ ရိုက်ချိုး
မနက်ဖြန်ထိ ပေးဆပ်ချင်းတွေနဲ့
ကျရှုံးနေတဲ့ အဖေ…
အမေ့ မျက်ဝန်းက မျက်ရည်တွေ
စီးဆင်းနေတာ တိက်တိက်ဆိက်ဆိက်
ငြိမ်သက်လို့…

ချစ်သောဆွေမျိုးများ ပွဲလန့်တုန်းဖျာဝင်ခင်း
ဇွဲကောင်းနေပုံများ နေတောင်မဝင်ဘူး…
မိတ်ဆွေကောင်းဆိုသူတွေလဲ မြူတိမ်လိုကွယ်ပျောက်
ကျေးဇူးဆိုတာ သက်သေမမြောက်ဘူးတဲ့…
ငါ ငိုနေတာလား?
ပင်လယ်ကြီးတောင် လက်မှိုင်ချလို့
မညီးရဲလောက်အောင်ပဲ…
အဆုံးသက်မှာတော့ ငါကိုယ်တိုင်
ပျော်ဝင်နေတဲ့ “ဝိုင်”…

3 comments

  • မောင်တင့် တယ်

    February 16, 2013 at 3:30 pm

    နောင်တော်ရေ
    နောက်ကိုလည်း ဒီလိုကဗျာလေးတွေ တင်ဦးဗျ…
    ညီတော်က ကဗျာဖတ်ရတာ ဝါသနာပါတယ်ဗျ..

  • Thit San Khant

    February 19, 2013 at 6:48 pm

    ကျေးဇူးပါ အကိုတင့်တယ်
    ဆက်ရေးပါ့မယ် ဒီကဗျာလေးကတော့
    မဂ္ဂဇင်း စာမျက်နှာမှာ ပထမ ဆုံး ဖော်ပြခံရတဲ့
    ကဗျာလေးပါ ကျွန်တော် ပထမ ဆုံးရေးတဲ့ ကဗျာဆိုလဲ
    ဟုတ်ပါတယ်…

  • kai

    February 20, 2013 at 4:07 am

    ချစ်သောဆွေမျိုးများ ပွဲလန့်တုန်းဖျာဝင်ခင်း
    ဇွဲကောင်းနေပုံများ နေတောင်မဝင်ဘူး…

    အဲဒါလေးက..တော်တော်လှတယ်..

    ရွှေရှိမှအမျိုးဖြစ်တဲ့.. ရွှေမျိုးလေ
    လေမတိုးအောင် ဖက်ထားလိုက်တာများ
    ရေလောင်းတောင် မကွဲပြား… ။ :kwi:

Leave a Reply