ဘီယာဘူးခွံဖြင့်ဆောက်သောကျောင်း

Yin Nyine NwayJuly 21, 20104min665

ကန်လယ်ကျောင်း….

ထိုင်းနိုင်ငံအရှေ ့မြောက်ပိုင်းတွင် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများဟာ အသုံးပြုပြီးသော ဘီယာပုလင်းခွံ
ပေါင်းတစ်သန်းကျော်ဖြင် ့ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းတည်ဆောက်ခဲ ့ကြပါတယ်…
အဆိုပါပုလင်းခွန်များကို ကျောင်းရဲ ့နံရံနှင် ့အမိုးများအပါအဝင်နေရာမျိူးစုံမှာထည် ့သွင်းအသုံးပြုခဲ ့ကြ
တာဖြစ်ပါတယ်…

ဝပ်ပမဟာစေတီကော သို ့မဟုတ် ဝပ်လန်ခွဒ် ခေါ် ဘီယာတစ်သန်းကျောင်း ဟာ ထိုင်းနိုင်ငံ၊ မြို ့တော်
ဘန်ကောက်မှ မိုင်၄၀ဝ အကွာ ကဗ္မောဒီယားနိုင်ငံနှင့်နယ်နမိတ်ချင်းထိစပ်လျှက်ရှိသော စီစကက် ပြည်
နယ်မှာ တည်ရှိပါတယ်…

ဘုန်းတော်ကြီးများဟာ ဘီယာပုလင်းခွံများကို ၁၉၈၄ ခုနှစ်ကတည်းက လက်ခံစုဆောင်းခဲ ့ရာမှာ အရေ
အတွက်များပြားလွန်းလို ့ကျောင်းဆောက်လုပ်ရာမှာ ထည် ့သွင်းအသုံးပြုဖို ့ဆုံးဖြတ်ခဲ ့ကြပါတယ်…
သူတို ့ဟာ ဒေသဆိုင်ရာအာဏာပိုင်တွေကို ဘီယာပုလင်းခွံတွေထပ်မံပို ့ပေးဖို ့အားပေးတိုက်တွန်းခဲ ့
ကြပြီး ယခုအခါမှာတော ့အဆောက်အဦးပေါင်း ၂ဝ ခန် ့ကို ဘီယာပုလင်းခွံများနဲ ့တည်ဆောက်ခဲ ့ပြီး

ဖြစ်ပါတယ်…

သေဆုံးသူတွေကို သင်္ဂြု ိလ်ရာမီးသင်္ဂြု ိလ်စက်အဆောက်အဦး…

ပြီးစီးခဲ ့တဲ ့အဆောင်တွေကတော ့ရေကန်ပေါ်မှာတည်ဆောက်ထားတဲ ့ကျောင်းမကြီး၊ သေဆုံးသူများ
ကိုမီးသင်္ဂြိုလ်တဲ ့အဆောက်အဦ ( မီးသင်္ဂြု ိလ်စက် ) ၊ ဘုရားဝတ်တက်ဆောင်၊ ဇရပ်ကြီး၊ ရေစင်၊ ခရီး
သွားများအတွက် ရေချိူးခန်း၊အိမ်သာများနဲ ့ရဟန်းတော်များသီတင်းသုံးနိုင်သည် ့အပြင်အာဂန ္တုများ
နားနေတည်းခိုနိုင်သည် ့အဆောင်ငယ်များလည်း ပါဝင်ပါတယ်…

ပုလင်းတွေနဲ ့ဆောက်တဲ ့ကျောင်း…
ကိုကြီးကျော်ကျောင်းလို ့တောင်အမည်ပေးလို ့ရလောက်တယ်…

ပုလင်းတွေဟာ အရောင်မပျက်ဆီးတာမို ့အဆောက်အဦးများအတွက် အလင်းရောင်ကောင်းစွာရတဲ ့
အပြင် သန် ့ရှင်းရေးလုပ်ရတာလည်းအလွန်လွယ်ကူပါတယ်လို ့ဆိုပါတယ်…
အဆောက်အဦးကြီးခိုင်ခန် ့ဖို ့အတွက်ကွန်ကရစ်တွေအဓိကအသုံးပြုထားပြီး
အစိမ်းရောင်အတွက်
ဟင်နီကင်ဘီယာပုလင်းတွေကိုအသုံးပြုပြီး၊ အညိုရောင်တွေကတော
့ထိုင်းနိုင်ငံထုတ် ချန်းဘီယာပု
လင်းတွေဖြစ်ပါတယ်…

ဘုရားခန်းကနံရံကပ်ပုံတော်တွေကအစ ပုလင်းဖုံးခွံနဲ ့ပြုလုပ်ဖန်တီးထားပါတယ်တဲ ့…
ဘုန်းတော်ကြီးတွေဟာစီးပွားရေးအရတွက်ချေကိုက်အောင် ( အကုန်အကျသက်သာအောင် ) ဗုဒ္ဓဆင်း
တုရုပ်ပွားတော်ပုံတွေကိုတောင် ဘီယာပုလင်းခွံတွေနဲ ့ပြုလုပ်ခဲ ့ကြတယ်လို
့ဆိုပါတယ်…
ထိုဘုန်းတော်ကြီးကျောင်းမှာ စုစုပေါင်းအသုံးပြုခဲ ့တဲ
့ဘီယာပုလင်းခွံပေါင်းဟာ ၁.၅ သန်းခန် ့ရှိခဲ ့ပြီး
ဘုန်းတော်ကြီးများကတော ့ထပ်ပြီးတော
့ပုလင်းတွေကိုသုံးပြီးဆက်ဆောက်ချင်နေကြပါသေးတယ်…

ထရံကွက်မဟုတ်ဘူး….ပုလင်းကွက်ေ

ပါ ့…. ကျောင်းထိုင်ဆရာတော်ကြီး ဆန်ကတဘုန်ယော ကတော ့” ပုလင်းတွေထပ်ရယင် အဆောင်တွေထပ်
ဆောက်မှာဖြစ်တယ်…” လို ့အမိန် ့ရှိခဲ ့ပါတယ်…

ဘီယာပုလင်းတွေ…အလဟဿမဖြစ်တော ့ဘူးပေါ ့…

ဘီယာတစ်သန်းကျောင်းကို အခုအခါ အရှေ ့တောင်အာရှရဲ ့သဘာဝပတ်ဝန်းကျင်လည်းထိန်းသိမ်းပြီး
ဖြစ်၊ စီးပွားရေးအရတွက်ခြေကိုက်အောင် ဆောက်ထားသည် ့ကမာ္ဘလှည်
့ခရီးသွားများကြည့်ရှုရာ အ
ဆောက်အဦးအဖြစ် အတည်ပြု၊ အသိအမှတ်ပြုထားပါတယ်…

တို ့နှစ်ယောက်သောက်ပြီးယင် ပုလင်းခွံတွေဒီမှာလာလှူရအောင်…

အင်္ဂလိပ်လိုသတင်းလေးပါ…

A temple has been built by monks in northeast Thailand who used over a million recycled beer bottles to make the walls and roof.

Wat Pa Maha Chedi Kaew, also known as Wat Lan Kuad or ‘the Temple of a Million Bottles’, is in Sisaket province near the Cambodian border, 400 miles from the capital Bangkok.
The Buddhist monks began collecting bottles in 1984 and they collected so many that they decided to use them as a building material.

They encouraged the local authorities to send them more and they have now created a complex of around 20 buildings using the beer bottles, comprising the main temple over a lake, crematorium,
prayer rooms, a hall, water tower, tourist bathrooms and several small
bungalows raised off the ground which serve as monks quarters.
A concrete core is used to strengthen the building and the green
bottles are Heineken and the brown ones are the Thai beer Chang.
The monks are so eco-friendly that the mosaics of Buddha are created
with recycled beer bottle caps.
The bottles do not lose their colour, provide good lighting and are
easy to clean, the men say.

Altogether there are about 1.5 million recycled bottles in the temple,
and the monks at the temple are intending to reuse even more.
Abbot San Kataboonyo said: “The more bottles we get, the more buildings
we make.”
The beer bottle temple is now on an approved list of eco-friendly
sight-seeing tours in southeast Asia.

5 comments

  • လင်းဝေကျော်

    July 21, 2010 at 3:59 am

    ကျောင်းက ကိုယ်တော်တွေ ပုလင်းခွံတွေ ကြည့်ပြီး ဘီယာ သောက်ချင်စိတ်ဖြစ်မလာဘူးလား ?
    ပုလင်းတွေ ပိုရအောင် ဘုန်းကြီးတွေက ပါဝိုင်းသောက်နေဦးမယ်။

  • Yin Nyine Nway

    July 21, 2010 at 4:09 am

    ဟုတ်ဘူး သင်္ခါရ ရအောင်လို့နေမှာ

  • Htoo

    July 21, 2010 at 4:19 am

    ပုလင်းတွေတော်တော်ကုန်မှာနော်။
    ပုံစံတွေကလဲတူတယ်နော် တော်တော်ရှာယူရမှာပဲ။

  • maypearl

    July 21, 2010 at 5:57 am

    အစိမ်းရောင် ကျောင်းကလေးကို အကြိုက်ဆုံးပဲ

  • etone

    July 23, 2010 at 9:55 am

    မြန်မာနိုင်ငံမှာလဲရှိပါတယ် ပုလင်းတွေနဲ့ ဆောက်ထားတဲ့အိမ်သာလေ ။ ONYX restaurent မှာပေါ့ ။

Leave a Reply