ဘဝအတွက် အရေးကြီးတဲ့အရာများ

Nan ShinFebruary 17, 20131min1174

ဒဿနိကဘေဒ ဘာသာရပ်ဆိုင်ရာ ပါမောက္ခဆရာကြီးတစ်ဦးဟာ အတန်းမစတင်ခင် သူ ့ရှေ ့က စားပွဲပေါ်မှာရှိတဲ့ အရာဝတ္ထုတစ်ခုနဲ ့ အတူ ရပ်နေတယ်။ အတန်းစတင်တဲ့အချိန်မှာတော့ အတော်အတန်ကြီးမားတဲ့ ပုလင်းလွတ်တစ်လုံးကို ကောက်ကိုင်လိုက်တယ်။ ပြီးတော့ နှစ်လက်မလောက်အရွယ်ရှိတဲ့ ေ ကျာက်တုံးတွေကို အဲ့ဒိပုလင်းအလွတ် ပြည့်သွားတဲ့အထိ ဖြည့်ထည့်

လိုက်တယ်။

ပြီးတော့ “ဒီပုလင်း ပြည့်သွားပြီလား တပည့်တို ့’’လို ့ ကျောင်းသားတွေကိုမေးတယ်။

ကျောင်းသားတွေကလည်း ပြည့်ပြီဖြစ်ကြောင်းပြန်ဖြေကြတယ်။

အဲ့ဒိနောက်မှာတော့ ပါမောက္ခကြီးက ခပ်ငယ်ငယ်ကျောက်စလစ်ခဲလေးတွေကို အဲ့ဒိ ပုလင်းထဲထက်ထည့်ပြီး

အနည်းငယ်လှုပ်ရမ်းလိုက်တယ်။ ဒါကြောင့် ကျောက်စလစ်ခဲငယ်လေးတွေဟာ နှစ်လက်မခန် ့ရှိတဲ့ ကျောက်ခဲ

တုန်းတွေကြားကို ရောက်သွားကြပါတယ်။ ပြီးတော့ ကျောင်းသားတွေကို “ဒီပုလင်း ပြည့်သွားပြီလား တပည့်တို ့’’လို ့ နောက်တစ်ခါ ထက်မေးလိုက်တယ်။ ကျောင်းသားတွေကလဲ ပြည့်သွားပြီဖြစ်ကြောင်းသာ ပြန်ဖြေကြတယ်။

ပါမောက္ခကြီးက နောက်ထပ်တစ်ခါ အဲ့ဒိပုလင်းထဲကိုပဲ သဲတွေကို ထပ်လောင်းထည့်လိုက် လှုပ်ခါလိုက်နဲ ့လုပ်

ပြီးပြည့်သွားတဲ့ အခါမှာ ကျောင်းသားတွေကို ပြည့်သွားပြီလား လို ့ထက်မေးပြန်ပါတယ်။ ဒီတစ်ခါမှာတော့ ကျောင်းသားတွေက တညီတညွှတ်တည်း ပြည့်ပါပြီ ဆရာကြီးလို ့အားပါးတရ ဖြေကြားလိုက်တယ်။

ဆရာကြီးက ဆက်ပြောတယ်။

ငါ့တပည့်တို ့ဒီပုလင်းခွန်ဟာ မင်းတို ့ရဲ ့ဘဝကို ကိုယ်စားပြုတယ်။ ဒီထဲက အကြီးမားဆုံး ကျောက်တုံးတွေက

တော့ မင်းတို ့အတွက်အရေးကြီးဆုံးအရာတွေဖြစ်တယ်။သူတို ့ဟာ မင်းတို ့ရဲ ့မိသားစုတွေ၊ မိတ်ဆွေ အပေါင်းသင်းတွေ၊ ကျမ္မာရေးနဲ ့ ၊ညီငယ်ညီမငယ်တွေ၊သားသမီးတွေ…ပြီးတော့ မင်းတို ့အတွက် အရာအားလုံးဆုံးရှုံးသွားပြီဆိုရင်တောင် ကျန်ရှိနေမဲ့ အရာတွေ၊မင်းတို ့ရဲ ့ဘဝကို ဆက်လက်ပျော်ရွှင် စေနိုင်မဲ့ အရာတွေ အဖြစ်ကိုယ်စားပြုတယ်။

ကျောက်စလစ်ခဲလေးတွေကတော့ မင်းတို ့ရဲ ့အလုပ်၊အိမ်၊ကားစတာတွေကို ကိုယ်စားပြုတယ်။

သဲတွေကတော့ မင်းတို ့အတွက် ဘာမှသိပ်အရေးမကြီးတဲ့အကြောင်းအရာနဲ ့အသုံးအဆောင်အဖြစ်

ကိုယ်စားပြုတယ်။

မင်းတို ့ဟာ ဒီပုလင်းအလွတ်ထဲကို သဲတွေကို အရင်ဆုံးထည့်လိုက်မယ်ဆိုရင် ကျောင်တုံးနဲ ့ကျောက်စလစ်

ခဲတွေအတွက် နေရာရှိမှာမဟုတ်တော့ဘူး။မင်းတို ့ရဲ ့ ဘဝတွေဟာ ဒီလိုပဲ တပည့်တို ့။မင်းတို ့ရဲ ့အားအင်တွေ

အချိန်တွေကို အရေးမကြီးတဲ့ နေရာတွေမှာ အသုံးချနေမယ်ဆိုရင် တကယ်အရေးကြီးတဲ့ အရာတွေအတွက်

အားအင်တွေ အချိန်တွေ မရှိတော့ပဲဖြစ်နေလိမ့်မယ်။မင်းတို ့ဘဝမှာ ထာဝရပျော်ရွှင်မှုတွေကို ပိုင်ဆိုင်နိုင်ဖို ့

အတွက် ဘယ်အရာတွေကို ဦးစားပေးသင့်သလဲဆိုတာကို သေသေချာချာ သတိကြီးကြီးထားပြီး ဝေဖန်သုံးသပ်

ကြဖို ့လိုပါတယ်။မင်းတို ့ရဲ ့ညီငယ် ညီမငယ် ကလေးငယ်တွေနဲ ့အတူကစားပါ။မင်းတို ့ရဲ ့မိတ်ဆွေအပေါင်းသင်း

တွေကို တိုင်ပင်ဆွေးနွေး အားပေးနှစ်သိမ့်ဖို ့အချိန်တွေပေးပါ။ အလုပ်ချိန်ဆိုတာကို ထားပါ။ အိမ်အတွက် သန် ့

ရှင်းရေးလုပ်ဖို ့အချိန်ဆိုတာကိုထားပါ။ အရေးမကြီးတဲ့ ကိစ္စရပ်တွေကို ဖယ်ရှားပြီး မိသားစုတွေ မိတ်ဆွေတွေနဲ ့

မကြာခဏလက်စုံစားဖို ့အချိန်ပေးစီစဉ်ဆောင်ရွက်ပါ။

ကျောက်တုံးလေးတွေကို ပထမအဆင့်အနေနဲ ့ဦးစားပေးပါ။ပြီးမှ ကျောက်စလစ်ခဲတွေပေါ့။အားလုံးပြီး

ပြည့်စုံပြီဆိုရင်တော့ သဲမှုန်လေးတွေကိုနေရာပေးနိုင်ပါပြီ။

နန်းရှင်

ဘာသာပြန်သည်။ ၁၊၂၆၊၁၃။

4 comments

  • padonmar

    February 18, 2013 at 12:59 am

    နန်းရှင်ရေ

    အကြောင်းအရာရော ဘာသာပြန်လေးရော ကောင်းပါတယ်။

    ကိုယ်တိုင် ကြိုးကြိုးစားစားပြန်ရတာဆိုတော့ သူတပါးမပြန်ဖူးသေးတာလေး

    ရှာပြီးပြန်ရင် ပိုအကျိုးရှိမလားလို့ အကြံပေးချင်ပါတယ်။

  • Mလုလင်

    February 18, 2013 at 1:45 am

    နိုင်နိုင်း စနေ ဘာသာ ပြန်ထားတဲ့ အပုဒ် ကို ပဲ . . ဘာသာပြန် မိတယ် နဲ့ တူရဲ့ . .

  • Nan Shin

    February 18, 2013 at 4:39 am

    ဟိုက်…..ကျနော်ဘာသာပြန်လိုက်တိုင်း ဒီမနိုင်းနိုင်းနဲ ့ချည်းသွားတူနေပါလား…တော်ပြီ…အဲ့ဒီဆိုဒ်က ဟာတွေ ဆက်မပြန်တော့ဘူး……ဝိုင်းထောက်ပြကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

  • လူကလေး

    February 18, 2013 at 12:31 pm

    ဒီ post လေးနဲ့ပတ်သက်တဲ့ .. video လေး တစ်ခုကြည့်ဖူးလို့ သိထားပါတယ်..

    တကယ်ကောင်းတဲ့ message လေးကို ပေးထားတာပါပဲ..

    မသိသေးတဲ့သူတွေလည်း မြင်ပြီး ၊ ဖတ်ပြီး.. သိကြပါစေ.. ကို နန်းရှင်ရေ..

Leave a Reply