စဉ်းစားကြစေလိုပါတယ် ( ၄၈ ) ( Credit Card – 2 )

Foreign ResidentFebruary 17, 20137min24730

စဉ်းစားကြစေလိုပါတယ် ( ၄၈ )

( Credit Card 2 )

 

အဘ ရဲ့

Credit Card 1 Post မှာ

Credit / Debit Card တွေရဲ့

အခြေခံ တည်ဆောက်ပုံ နှင့်

လုံခြုံရေး စံနစ်တွေအကြောင်း

ရေးခဲ့ပါတယ် ။

 

အဘ ရဲ့

Credit Card 1 Post မှာ

အားတက်သရော ဝင်ရောက် အားဖြည့် ဆွေးနွေးပေးကြတာ

တော်တော်လေးတောင် စုံသလောက် ဖြစ်သွားပါတယ် ။

ဝင်ရောက် အားဖြည့် ဆွေးနွေးပေးကြတဲ့ ၊

kai ၊ ဦး ကျောက်ခဲ ၊ Ghi Ghi ThE KiD ၊

မိုက်ကယ်ဂျော်နီအောင်ပု ၊ koaung ၊ ရဲစည် နှင့်

ရွာသူား အားလုံးကို ကျေးဇူးတင်ပါတယ် ။

 

အခု Credit Card 2 Post မှာတော့ ၊

Credit / Debit Card ရဲ့ အဓိပ္ပါယ် နှင့် ၊

Credit Card Fraud ခေါ်တဲ့ လိမ်လည် လှည့်ဖျားကြပုံ တွေ ၊

အလိမ် မ ခံရအောင် ရှောင်ကြရမယ့် အချက်တွေကို ၊

အဘ သိသလောက် ပြောပြပါ့မယ် ။

 

ရွာသူား တွေလဲ ဝင်ရောက် အားဖြည့် ဆွေးနွေးပေးကြ ပါအုန်း ။

 

Debit Card

A Debit Card (also known as a bank card or check card) is a plastic card

that provides the cardholder electronic access to his or her bank account/s

at a financial institution. Some cards have a stored value with

which a payment is made, while most relay a message to the cardholder’s bank

to withdraw funds from a designated account

in favor of the payee’s designated bank account.

 

အကြမ်းဖျင်း အားဖြင့် Debit Card ဆိုတာ ငွေထုတ် / ငွေသုံး ကဒ် ပါ ။

ကိုယ့် ရဲ့ Account ထဲမှာ ကိုယ် ပိုက်ဆံ ထည့်ထားသလောက်ပဲ ၊

သုံးလို့ ရပါတယ် ။ ပိုသုံးလို့ မရပါဘူး ။

အဲတော့ ၊ Debit Card အကြောင်းက ရှင်းပါတယ် ၊ မရှုပ်ထွေး ပါဘူး ။

မြန်မာပြည်မှာ သုံးဘူးတဲ့ ATM Card တွေနှင့် ခတ်ဆင်ဆင်ပါပဲ ။

 

Credit Card

A Credit Card is a small plastic card issued to users as a system of payment.

It allows its holder to buy goods and services based on the holder’s promise

to pay for these goods and services.The issuer of the card creates a revolving account

and grants a line of credit to the consumer (or the user) from which

the user can borrow money for payment to a merchant or as a cash advance to the user.

 

Credit Card ဆိုတာ အကြွေးဝယ်ခွင့်ကဒ်ပါ ။

ကိုယ့် ရဲ့ Account ထဲမှာ ပိုက်ဆံ ထည့်ထားတာထက် ပိုပြီး ( အကြွေးယူပြီး ) သုံးလို့ ရပါတယ် ။

 

အဲဒီမှာ ၊ ဟိုဖက် Post မှာ ၊ သူကြီး Kai ပြောခဲ့သလိုပဲ ၊

 ” Credit Score က..လူတယောက် အကြွေး ပြန်ဆပ်တာ.. သုံးတာ ၊

စတဲ့ ငွေကြေးလှုပ်ရှားမှုတွေကို စောင့်ကြည့်ပြီး ၊

၃၀ဝကနေ..၈၅ဝကြား ကိန်းဂဏန်းနဲ့ သတ်မှတ်ပေးတာ ဖြစ်ပါတယ် “

 

ဟိုဖက် Post မှာ ၊ koaung ပြောခဲ့သလိုပဲ ၊

 ” ခရက်ဒစ်ကာ့ဒ် မှာ သုံးမျိုးခွဲထားပါတယ် ၊

( ၁ ) Ordinary Card (ဒေါ်လှ ၂၀၀ဝခန့်) အကြွေးယူခွင့် ရှိပါတယ် ။

( ၂ ) Gold Card (ဒေါ်လှ ၅၀၀ဝခန့်) အကြွေးယူခွင့် ရှိပါတယ် ။

( ၃ ) Platinum Card (ဒေါ်လှ ၁၀၀၀ဝခန့်) မှအထက် အကြွေးယူခွင့် ရှိပါတယ် “

 

လူတစ်ယောက်ရဲ့ အခြေခိုင်မာမှု နှင့် ငွေကြေး သုံးစွဲမှု သမိုင်းပေါ် မူတည်ပြီး ။

အကြွေးယူနိုင်တဲ့ Limit မတူတဲ့ Card အမျိုးမျိုးကို ထုတ်ပေးလေ့ ရှိပါတယ် ။

 

အကြွေးယူ တဲ့ နေရာမှာ ၊ အကြမ်းဖျင်း ပြောရရင် ၊

ကိုယ် ပစ္စည်းတစ်ခုကို Credit Card ကို သုံးပြီး အကြွေး ဝယ်လိုက်တဲ့ နေ့ကစပြီး ၊

၂၈ ရက် လောက်အတွင်းမှာ အကြွေးကို ချက်ချင်း ဆပ်ရပါတယ် ။

 

အဲဒီ ၂၈ ရက် ကျော်သွားရင် Credit Card ကုမ္ပဏီ / Bank က နေပြီး ၊

Credit Card ပိုင်ရှင်ကို အတိုး စကောက်လေ့ ရှိပါတယ် ။

အတိုးက တစ်နှစ် ၁၅ % ကျော်ကျော် နှုန်း ယူလေ့ရှိပါတယ် ။

Saving အတိုး ၅ % လောက်ပဲ ရှိတဲ့ ဒီဖက်နိုင်ငံတွေအတွက် ၊

အတော်များတဲ့ အတိုးနှုန်းပါ ။

 

မှန်တာပြောရရင် အဘ Credit Card မကိုင်ပါဘူး ၊

ကိုယ် ဝယ်ချင်တာတွေ အားလုံး အတွက် ၊

ကိုယ့်မှာ လုံလောက် အောင် ပိုက်ဆံ In Cash ရှိနေတာပဲ ၊

ဘာလို့ အတိုးပေးပြီး အကြွေးယူရမှာတုန်း ။

 

အဲ တစ်ခုတော့ ရှိပါတယ် ၊ တစ်ချို့ Credit Card ကုမ္ပဏီတွေက ၊

သူတို့ရဲ့ Credit Card ကို သုံးတာနှင့်အမျှ ၊

လက်ဆောင်ပေးတဲ့ အစီအစဉ်တွေ ရှိပါတယ် ။

( ဥပမာ ။  ။  American Express )

 

အဲဒါမျိုး ဆိုရင် အဘ မိန်းမ က အဲဒီ American Express Card ကို အမြဲသုံးပေးပြီး ၊

တစ်နှစ် လောက်ကြာရင် တန်ဘိုးကြီး လက်ဆောင်တွေ ရလေ့ရှိပါတယ် ။

သူ က ဝယ်ပြီး ၂၈ ရက် အတွင်းမှာ အကြွေးကို မှန်မှန် ဆပ်နေတော့ ၊

အတိုး လည်း တစ်ပြားမှ မပေးရပါဘူး ။

 

American Express ကုမ္ပဏီ ဖက်ကလည်း မရှုံးပါဘူး ၊

အဘ မိန်းမ American Express Card သုံးပြီး ဝယ်သမျှ တိုင်းမှာ ၊

သူ က ဈေးသည်ဆီကနေ Commission 3 % ကို ရနေတာပါ ။

 

အဘ မိန်းမ ရော ၊ American Express ကုမ္ပဏီ ရော နှစ်ဖက်လုံး အဆင်ပြေ Win – Win ပါ ။

အဘ ကတော့ ဩဇီမှာ နေချိန် နည်းပြီး ၊ သင်္ဘော လိုက်ချိန်များတော့ ၊

အဲဒါမျိုးတွေ အာရုံ အနောက် မခံပါဘူး ။

 

ထားပါတော့လေ အခု Credit / Debit Card တွေရဲ့ လုံခြုံရေး အကြောင်း ပြောရအောင် ။

 

ပထမ ဦးဆုံး On Line Transaction အကြောင်းနှင့် စ ပါမယ် ။

 

သိတဲ့အတိုင်းပါပဲ ၊ On Line Transaction ဆိုတာမှာ ၊

ကိုယ့်မှာ Bank Account ရှိမှ ၊ Net Bank Account ဖွင့်ပေးပြီး ၊

Credit / Debit Card ထုတ်ပေးတာပါ ။

 

၁ ။ အဲဒီ ကိုယ့်ရဲ့ Net Bank Account ကို Internet ထဲကနေဝင်ပြီး ၊

ကိုယ့် Bank Account ထဲက ပိုက်ဆံကို လွှဲ ၊ သွင်း ၊ ထုတ် တာ ။

 

၂ ။ Internet ကနေ လေယာဉ် လက်မှတ် ဝယ်တာ ၊

Amazon လို Site ကနေ ပစ္စည်း လှမ်းဝယ်တာ ။

 

အဲဒါတွေဟာ On Line Transaction တွေပါ ။

 

ဟိုး အရင်ကတော့ ၊ ကိုယ့်ရဲ့ Card ပေါ်မှာ ရေးထားတဲ့ ၊

အဓိက Item Nr 9. Verification Number လုံခြုံရေး ဂဏန်း သုံးလုံး အပါအဝင် ၊

အချက် အလက်တွေ အားလုံးကို သူခိုးက သိသွားလို့ရှိရင် ၊

အဲဒီ သူခိုးဟာ ကိုယ့်ရဲ့ ကိုယ်စား Amazon Site က ပစ္စည်း လှမ်းဝယ်လို့ ရပါတယ် ။

 

အဲဒါကြောင့် ကိုယ့်ရဲ့ Card ပေါ်က အချက် အလက်တွေ ကို ၊

လုံခြုံအောင် အထူး သတိပြုရပါတယ် ။

 

ကိုယ် ဈေးဝယ် ငွေချေတဲ့အချိန်မှာ အရောင်း စာရေးမက ၊

ကိုယ့် ရဲ့ Card ပေါ်က အချက် အလက်တွေ ကို အလွတ်ကျက်လိုက်တာတို့ ။

 

မယုံကြည်ရတဲ့ Site တွေမှာ ဈေးဝယ်မိတာတို့ ။

 

On Line ပေါ်မှာ Viagra ဆေး တစ်ပုလင်း ၅ ဒေါ်လှ ဆိုလို့ ဝမ်းသာ အားရ ပြေးဝယ်ရင်း ၊

ကိုယ့် Card ပေါ်က အချက် အလက်တွေ ပေါက်ကြားတာတို့ ဖြစ်တတ်ပါတယ် ။

 

အဘ ကတော့ ၊ Net Code Security System ၊

( ၃ မိနစ် တစ်ခါ လုံခြုံရေး ဂဏန်း ၆ လုံး ပြောင်းနေတဲ့ စံနစ် )

ထည့်လိုက်တဲ့အတွက် On Line Transaction မှာ တော်တော် လုံခြုံသွားပါပြီ ။

 

အဘ ရဲ့ Net Code Token ဆိုတဲ့ဟာလေး မရှိရင် ၊

 

၁ ။ အဘ ရဲ့ Net Bank Account ကို Internet ထဲကနေဝင်လို့ မရတော့ပါဘူး ။

 

အဘ ရဲ့ Net Bank Account ကို Internet မှာ ဖွင့်ဖို့ လုပ်တိုင်းမှာ ၊

အဲဒီ Net Code Security pass word  လုံခြုံရေး ဂဏန်း ၆ လုံး တောင်းပါတယ် ။

မပေးနိုင်ရင် ကိုယ့်ရဲ့ Net Bank Account ထဲကို ဝင်ခွင့် လုံးဝ မပေးပါဘူး ။

အဲဒီတော့ ၊ ကိုယ့် Bank Account ထဲက ပိုက်ဆံ လွှဲ ၊ သွင်း ၊ ထုတ် လုပ်မရတော့ဘူးပေါ့ ။

 

၂ ။ Internet ကနေ လေယာဉ် လက်မှတ် ဝယ်တာ ၊

Amazon လို Site ကနေ ပစ္စည်း လှမ်းဝယ်တာ ၊ လုပ်လို့ မရတော့ပါဘူး ။

 

ဒီတစ်ခါတော့ ၊ ဈေးဝယ်ပြီး ငွေလွှဲခါနီး အချိန်မှာမှ ၊

Net Code Security pass word  လုံခြုံရေး ဂဏန်း ၆ လုံး တောင်းပါတယ် ။

မပေးနိုင်ရင်  ငွေမလွှဲပေးပါဘူး ။

 

ဒါကတော့ ၊ အဘဟာ Net Code Security System တပ်လိုက်တဲ့အတွက် ၊

အကာအကွယ် ရသွားတာကို ပြောတာပါ ။

 

ဒါပေမယ့် ၊ Bank အများစုက အဲဒီ Net Code Security System မတပ်နိုင်သေးပါဘူး ။

အဲဒီအခါမှာ ၊ လုံခြုံရေးပိုင်းမှာ နဲနဲ အားနည်း သွားပါတယ် ။

အဲဒါဆိုရင်တော့ ၊ ကိုယ့်ရဲ့ Card ပေါ်က အချက် အလက်တွေ ကို ၊

ကိုယ် ကိုယ်တိုင် ကပဲ ကာကွယ်ရမှာပါ ။

 

အဲဒီလို အခြေအနေမျိုးမှာဆိုရင် Card လုံခြုံရေး အတွက် အဘ အကြံပြုချင်တာကတော့ ၊

 

၁ ။ အဘ နေ့စဉ်သုံးတဲ့ အခါ ၊ Debit Card ကိုပဲ သုံးပါတယ် ။

Debit Card ဖြစ်တဲ့အတွက် ၊ အခိုးခံရရင်တောင်မှ ၊

Card / Account ထဲမှာ ထည့်ထားတဲ့ ငွေထက် ၊

ပိုထုတ် / ပိုသုံး / ပိုခိုးလို့ လုံးဝ မရပါဘူး ။

 

Credit Card ဆိုရင်တော့ အကြွေး ယူခွင့်ရတဲ့ Limit မြင့်ရင် မြင့်သလို ၊

သူခိုး က အကြွေး ယူပြီး သုံး / ခိုး သွားပါလိမ့်မယ် ။

 

၂ ။ အဘ နေ့စဉ်သုံးတဲ့ အဲဒီ Debit Card ကဒ် မှာလည်း ငွေ နည်းနည်းပဲ ထည့်ထားပါတယ် ။

ဆိုလိုတာက အခိုးခံရလို့ ပါသွားရင်တောင်မှ အဲဒီ ထည့်ထားတဲ့ နည်းနည်းပဲ ပါပါမယ် ။

 

၃ ။ အဲဒီ နည်းနည်းပဲ ထည့်ထား တဲ့ Card ကိုတောင်မှ ၊

Transition တစ်ခု ကို / တစ်ရက် ကို ဒေါ်လာ ၅၀ဝ ထက် မပိုရအောင် Limit လုပ်ထားပါတယ် ။

ဆိုလိုတာက သူခိုးအနေနှင့် တစ်ရက် ကို ဒေါ်လာ ၅၀ဝ ပဲ ရွှေ့လို့ ရပါမယ် ။

 

၄ ။ ပိုက်ဆံ အများအပြား ကို တစ်ခြား Credit / Debit Card မှာ ထည့်ထားပြီး ၊

ပိုက်ဆံ များတဲ့ Credit / Debit Card ကို ဘယ်တော့မှ မသုံးပါဘူး ။

အဲဒီ Card နံပါတ် ကို ဘယ်သူမှ မမြင်စေရပါဘူး ။

သေရေး ရှင်ရေး ဖြစ်မှ သုံးဖို့ သိမ်းထားပါတယ် ။

 

၅ ။ Card တွေ အများကြီး မကိုင်ချင်ရင်တော့ ၊ နောက်တစ်နည်း ရှိပါတယ် ။

အဘ ရဲ့ Debit Card ယူထားတဲ့ Bank မှာပဲ ၊ Account ကိုတော့ ၂ ခု ဖွင့်ထားပါတယ် ။

တစ်ခုက အတိုး ရတဲ့ Saving Account ဖြစ်ပြီး ။

နောက်တစ်ခုကတော့ Debit Card နှင့် နေ့စဉ်သုံးနေတဲ့ Account ပါ ။

 

အတိုး ရတဲ့ Saving Account မှာတော့ ငွေ အများစုကြီးကို ထည့်ထားပြီး ။

Debit Card နှင့် နေ့စဉ်သုံးနေတဲ့ Account ကိုတော့ ဒေါ်လှ ၁၀၀ဝ အောက်ပဲ ထားပါတယ် ။

သုံးရင်း သုံးရင်း နှင့် ဒေါ်လှ ၅၀ဝ အောက် နည်းသွားတော့မှ ၊

Internet ထဲကနေ Saving Account ထဲဝင်ပြီး ဒေါ်လှ ၅၀ဝ ထပ်ပို့ပါတယ် ။

 

ဆိုလိုတာက အဘရဲ့ နေ့စဉ်သုံး Debit Card ထဲမှာ ဒေါ်လှ ၅၀ဝ လောက်ပဲ အမြဲ ရှိပါတယ် ။

ဈေး အရမ်းကြီးတာ ဝယ်ချင်တဲ့ အခါကျမှ ၊

၁ ။ Saving Account ထဲကနေ Daily Account ထဲကို ငွေခပ်များများလွှဲ ၊

၂ ။ Daily Account ရဲ့ အသုံး Limit ကို မြှင့်လိုက်ပြီးမှ သုံး ရတာပေါ့နော် ။

 

ဆက်ပြောရမယ် ဆိုရင် ၊ နည်းတွေ အများကြီး ရှိပါသေးတယ်လေ ၊

အကျဉ်းချုပ် အကြံပေးချင်တာတွေကတော့ ၊

 

၁ ။ ကိုယ့်ရဲ့ Card ရဲ့ အချက် အလက်တွေကို လုံးဝ မပြော ၊ မပေါက်ကြားပါစေနှင့် ။

၂ ။ ကိုယ့်ရဲ့ Card ကို ဘယ်သူ့ကိုမှ မငှားပါနှင့် ။

၃ ။ မယုံကြည်ရတဲ့ Web Site ၊ ဈေးဆိုင်တွေမှာ ဈေးမဝယ်ပါနှင့် ။

၄ ။ ကဒ် အသစ်ရရင့် ၊ ကဒ် အဟောင်းကို အစိတ်စိတ်ပိုင်းပြီး အမှိုက်ပုံး ခွဲပြီး လွှင့်ပြစ်ပါ ။

၅ ။ ATM စက်မှာ ငွေထုတ်ရင် / ဈေးဝယ်ပြီး ငွေရှင်းရင် လည်း ကိုယ့် PIN နံပါတ်ကို မမြင်ပါစေနှင့် ။

၆ ။ PIN နံပါတ် မှတ်ထားတဲ့ စာရွက် ကိုလည်း Card နှင့်တွဲပြီး ပိုက်ဆံအိတ်ထဲ မထားပါနှင့် ။

ရ ။ ဘဏ်က လစဉ် ပို့ပေးနေတဲ့ ငွေအသုံး Statement တွေကိုလည်း သေချာ ဖတ် / စစ် ပါ ။

၈ ။ ဘဏ်က Statement တွေ ရောက်ချိန်တန် မရောက်ရင်လည်း ဘဏ်ကို ချက်ချင်းမေးပါ ။

၉ ။ သင့်ရဲ့ အချက် အလက်တွေကို ကြားက တစ်ယောက်ယောက်က ဖြတ်ယူသွားတာဖြစ်နိုင်တယ် ။

၁ဝ ။ သင့် Card တစ်ခု လိမ်လျှောက်ပြီး ရဲ့ လိပ်စာကိုပါ ပြောင်းလိုက်တာလဲ ဖြစ်နိုင်တယ် ။

 

ဒါနှင့် ၊ သကြားလုုံးကြော် က မေးထားတယ် ။

” မြန်မာပြည်မှာ ကဒ်နဲ့ တော်တော်သုုံးဖြစ်လိုုက်လား ” တဲ့ ။

 

ပြောလို့သာ ပြောရတယ် ၊

အဘ မြန်မာပြည်မှာရော ၊ ဩဇီမှာပါ ကဒ်နဲ့ သုံးခဲ ပါတယ် ။

 

ဩဇီမှာ အဘ ရောက်နေတဲ့အခါတွေ မှာ ၊

အဘ ရဲ့ စားဝတ်နေရေး အစစ အရာရာကို ၊

အဘ ရဲ့ မိန်းမ ကပဲ လုံးဝ တာဝန်ယူထားတဲ့အတွက် ၊

အဘ တစ်ပြားမှကို ထုတ် စရာ / သုံး စရာ မလိုပါဘူး ။

 

အဲဒီအပြင် ၊ ဩဇီမှာ အဘ ရောက်နေတဲ့အခါတွေ မှာ ၊

အဘ မိန်းမ က ၊ အဘ သုံးဖို့ စွဲဖို့ ဆိုပြီး ၊

အဘ Account ထဲကို ပိုက်ဆံ လစဉ် ထည့်ပေး ပါတယ် ။

 

( ဟဲ ဟဲ ၊ မိန်းမ ကို ချစ် လွန်လွန်းလို့သာ ၊

အဘ သင်္ဘောလိုက်ရင် ရမယ့် တစ်လ ၅၀၀ဝ လောက် ဝင်ငွေကို စွန့်ပြီး ၊

ရန်ကုန်မှာ ကဲ လို့ရတဲ့ အခွင့်အရေးတွေကို စွန့်ပြီး ၊

အဘမှာ ၊ မိဝေး ဘဝေး နှင့် ဩဇီက သူ့ဘေးနားမှာ လာနေပေးတာလေ ၊

အဘ ကို ဩဇီမှာ ပျော်အောင် ထားရမှာ သူ့တာဝန်ပေါ့ ၊

အမှန်က အဘ နစ်နာသွားတဲ့ လခ ၅၀၀ဝ အပြည့်ပေးသင့်တာ ၊ ဟီ ဟိ ။

ရွာသူားတွေကော ဘယ်လိုထင်ကြသတုန်း ။

 

အဲသဟာကြောင့် ၊ ဦးကျောက်ကို အဘ ခဏ ခဏ ပြောနေရတာ ၊

” သူချစ် ” ကိုဘဲ ရှာပါ လို့ ။ ဟီ ဟိ ၊ နောက်ထှာနော် )

 

ထားပါတော့ ၊ ဘေးရောက်ကုန်ပြီ ၊ ရွာသူားတွေ စိတ်မရှိကြပါနှင့် ။

အဲဒီ Account ထဲဝင်လာတဲ့ ပိုက်ဆံတွေကိုလည်း အဘ လက်ဖျားနှင့်တောင် မတို့ပါဘူး ။

ဘာဖြစ်လို့လဲဆိုတော့ ၊ အဲဒီ အဘ Account ထဲဝင်ပြီးသား ပိုက်ဆံတွေဟာ ၊

အဘ ဩဇီ အစိုးရ ကို ၊ အခွန် ဆောင်ရ တဲ့ ၊

တရားဝင် ငွေဖြူတွေ ( တရားဝင် ငွေဖြူတွေ ) မို့လို့ပါ ။

 

တစ်ခါတစ်လေ ၊ အဘ စိတ်ပေါက်သလို လျှောက်ဝယ် / စား / ဖြုန်း တဲ့အခါတွေမှာလဲ ၊

ကဒ်နဲ့ မသုံးပဲ ၊ အဘ သင်္ဘောလိုက်လို့ ရထားတဲ့ ပိုက်ဆံ Cash ကိုပဲ သုံးပါတယ် ။

 

အဘ မြန်မာပြည်ကို Credit / Debit Card တွေ ယူလာပါတယ် ။

ဒါပေမယ့် ၊ မြန်မာပြည်မှာ Card သုံးဖို့တော့ မရည်ရွယ်ပါဘူး ။

အဘ မှာ သင်္ဘောလိုက်လို့ ရထားတဲ့ပိုက်ဆံ Cash တွေ ရှိနေတော့ ၊

Card ထဲက ဩဇီ ပိုက်ဆံ ငွေဖြူတွေ ( ငွေဖြူတွေ ) ကို လုံးဝ မထိချင်ပါဘူး ။

 

အဲဒီတော့ ၊ အဘ မြန်မာပြည်မှာရော ၊ ဩဇီမှာပါ ကဒ် သုံးခဲ ပါတယ် ။

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

30 comments

  • koaung

    February 17, 2013 at 2:52 pm

    ဗဟုသုတလေးဖြည့်စွက်ပါရစေ ဟိုဖက်မှာသူကြီးစာကိုလည်း အကြောင်းပြန်ရင်းပေါ့ အရင်ကကာဒ်တွေဘုံးဘောလအော လုဎ်လို့ရပေမဲ့ ဒီနှစ်တွေထဲမှာ ကာဒ်တွေကိုသေသေချာချာ စီစစ်ပြီးမှအသုံးပြုခွင့်ပေးတာတွေ့ရတယ် အကြွေးယူပြီးပြန်မဆပ်ကြလို့ပါ တလအတွင်းပြန်မဆပ်
    ရင်အတိုးက၂ဝရာခိုင်နှုန်းယူတာပါ ပြန်မဆပ်နိုင်လို့ အိမ်ရောင်းသွားရတဲ့လူတွေ ဒုနဲ့ဒေးပေါ့ နိုင်ငံတိုင်းမှာတွေ့ခဲ့မိတယ် ကျနော်ဒို့ကကုမ်မနီမှာလုဎ်ရင်း ငွေစပိုလာရင် တနိုင်တပိုင်ကိုယ်ပိုင်စီးပွါးရေးလုဎ်ကျပါတယ် အဲဒီအခါအရင်းအနှီး
    များလာတာမို့ ဘဏ်ကပိုက်ပိုက်ချေးကြရတယ် အသေအချာပြနိုင်ရင် အတိုးက အရင်က၂ရာခိုင်နှုန်းပါ အခုဆို ၁ဒသမ၈ ဘဲရှိပါတယ် ဥပမာ အိမ်ဝယ်ရောင်းလုဎ်တယ်ဘဲဆိုပါစို့ လွန်ခဲ့တဲ့၈နှစ်မှာဝယ်တဲ့အိမ်၂လုံးပေါ့ဗျာ လက်ထဲမှာအိမ်
    တလုံးတန်ဘိုးရှိပေမဲ့ ဘဏ်ကငွေချေးပေးရင် ၂လုံးဝယ်ဖြစ်တယ်ပေါ့ဗျာ အနှစ်၂ဝစာချုက် အနှစ်၂ဝအတွင်းပြန်ဆပ်လို့ရပေမဲ့ အိမ်ဈေးတက်လာလို့ ၅နှစ်အတွင်းပြန်ဆပ်နိုင်ခဲ့ရင် အိမ်၂လုံးဟာကိုယ့်အတွက်ဖြစ်ပါတယ် ဘဏ်ကိုအတိုးတွက်
    ပေးလိုက်ရုံပါဘဲ ငါးကြင်းဆီနဲ့ငါးကြင်းကျော်တဲ့သဘောပါဘဲ ပိုင်ဆိုင်မှူသာရှိပါစေ ပိုက်ပိုက်လိုသလိုချေးလို့ရသကိုး မြန်မာပြည်မှာကဒီလိုအခွင့်အရေးတွေ မြင်ရက်နဲ့မရှိခဲ့သလို ခိုင်မာမှူလဲနဲတယ် နိုင်ငံခြားထွက်လာကထဲက ရတဲ့ငွေကို
    အိမ်နဲ့ပတ်သက်တာမှာ ရင်းနှီးဘို့ဘဲစိတ်သန်ခဲ့တယ် တရုတ်ပြည်မကအိမ်တွေဈေးတက်တော့ ဒီမှာလဲဈေးမသေးဘူးပေါ့ဗျာ ယုံယုံကြည်ကြည်နဲ့ ပိုက်ပိုက်ချေးလို့ရဒေါ့လဲအတိုင်းထက်အလွန်ပေါ့ ဗျာ ကျနော်လဲကာဒ်လုဎ်ခါစကမှီခိုအဆင့်ပေါ့ အခုဘဏ်ကလာလဲပေးလို့ ပလက်တီနံကာဒ်သုံးတာ ၆နှစ်ကျော်ခဲ့ပေါ့ စီးပွါးရေးလုဎ်တဲ့လူဟာအကြွေးရှိရမယ် အမြတ်ရှိလို့လဲအကြွေးဆိုတာရှိတာပါ ကိုယ့်အိတ်ထဲကငွေကိုတွက်ပြီးပျော်နေတာထက် သူများပိုက်ဆံနဲ့အရောင်းအဝယ်လုဎ်တာဟာလဲ ပျော်စရာကောင်းတဲ့အကြောင်း စီးပွါးရေးသမားနဲ့ဘဏ်ဆိုတာဟာ ကျွန်းကိုင်းမှီကိုင်းကျွန်းမှီပါ ယုံကြည်မှူဟာအသက်တမျှအရေးကြီးပါတယ်
    ခင်မင်လျှက်

    • kai

      February 17, 2013 at 4:29 pm

      အင်မတန်ကို လိုအပ်တဲ့ဗဟုသုတပါပဲ..
      ယူအက်စ်နိုင်ငံကြီးအပါအဝင်.. ကမ္ဘာ့ဖွံ့ဖြီုးပြီးနိုင်ငံအားလုံး..အကြွေးနဲ့အလုပ်အကိုင်.. ငွေကြေးတွေလှည့်ပါတ်ကြရတာပါ..
      လူတဦးချင်းစီလည်း.. ဒီအတိုင်းပါပဲ..
      ကုမ္ပဏီတွေလည်း.. ဒီအတိုင်းပါပဲ..

      ဆိုတော့..

      တလအတွင်းပြန်မဆပ် ရင်အတိုးက၂ဝရာခိုင်နှုန်းယူတာပါ

      အဲဒါ.. ယူအက်စ်ကျ.. တလ၃၀+% တွေတောင်အများကြီးပါပဲ..
      သဘောက.. ကရက်ဒစ်ကဒ်က..တလကို.. အတိုးမယူပဲချေးတယ်..။ လကျော်သွားလို့ကတော့..”မသက်သာဘူးသာမှတ်ပေတော့.. ” ဆိုတဲ့သဘောပါပဲ..
      မဆပ်ရင်.. ကိုယ့်ရဲ့ခရက်ဒစ်စကိုးလ်ကိုလည်း..ဆွဲချပါတယ်..

      နောက်ဆုံး. .အကြွေးတွေနဲ့..လုံးလည်လိုက်လာပြီး.. ဘာမှမဆပ်နိုင်တော့ရင်.. ယူအက်စ်မှာ (နောက်ဆုံးထွက်ပေါက်အဖြစ်) bankrupt ဒေဝါလီခံရပါတယ်..
      အဲဒါဆို.. ခရက်ဒစ်စကိုးလ် ဝ(သုည)ပေါ့..
      အဲဒီကနေမှ.. (မှတ်မိသလောက်) ရ နှစ်စောင့်ရပြီး.. ကိုယ့်ရဲ့ credit history(အကြွေဆပ်ရာဇဝ်) ပြန်ဆောက်ခွင့်ရပါတယ်..။
      အဲဒီလိုလည်ပါတ်နေတာဖြစ်ပါကြောင်း..

    • Foreign Resident

      February 17, 2013 at 6:42 pm

      ” ကိုယ့်အိတ်ထဲကငွေကို တွက်ပြီးပျော်နေတာထက်
      သူများပိုက်ဆံနဲ့ အရောင်းအဝယ်လုဎ်တာဟာလဲ
      ပျော်စရာကောင်းတဲ့ အကြောင်း ”

      koaung ရေ ။
      koaung စေတနာ နှင့် အကြံပေးတာကို သဘောပေါက်ပါတယ် ။

      ဒါပေမယ့် ၊ koaung ရေ ၊
      US မှာ စီးပွားရေး ထိုးကျတုန်းက ၊ US အိမ်မြေဈေးတွေ ၃ ပုံ ၁ ပုံ အထိ ထိုးကျသွားတယ် ။
      US က အိမ်မြေ ကို ဘဏ်ကငွေချေးပြီး ဝယ်ခဲ့တဲ့သူတွေ ၊ အကုန် ဘဝ ပျက်တာပေါ့ ။

      အခု လက်ရှိမှာလဲ ၊ မိန်းမ က ဩဇီမှာ အိမ် တွေ ဝယ်ထားပါတယ် ။
      အဲဒီအတွက် ၊ အကြွေးကလည်း ဒေါ်လှ တစ်သန်း နီးပါးကို ရှိနေပါတယ် ။
      ကျနော်ကတော့ မြန်မာပြည်မှာ အိမ် ၁ လုံး ရှိတယ်ပေါ့နော် ။

      အဲဒီတော့ကာ ၊ အိမ်မြေ မှာတော့ ထပ် မရင်းရဲတော့ဘူးဗျာ ။
      US တုန်းကလို ဈေးတွေ ထိုးကျရင် ၊ အိုစာ မင်းစာလေး ပါသွားမှာလေ ။
      ကျနော်တို့ လင်မယား ကတော့ ၊ အဲဒီ အကြွေး ဒေါ်လှ တစ်သန်း ကျေပြီးရင်တော့ ၊
      လင်ကော မယားကော ၂ ယောက်စလုံး ၊ အလုပ်ကနေ နားတော့မယ် စိတ်ကူးတာပဲ ။

      ဒီထက်လဲ ပိုပြီး ၊ ပိုက်ဆံ မလိုချင်တော့ပါဘူးဗျာ ။
      ရိုးရှင်း အေးဆေး တဲ့ ဘဝလေးနှင့်ပဲ ဘဝကို အဆုံးသတ်တော့မယ် ၊ စိတ်ကူးတာပဲ ။

      • Foreign Resident

        February 17, 2013 at 6:54 pm

        နဲနဲ ရှင်းအောင် ထပ်ပြောပြရရင်တော့ ၊
        မိန်းမ အိမ်တွေဝယ် ၊ အကြွေးတွေ ယူနေရတာကလဲ ၊
        ဩဇီ ဝင်ငွေခွန်က ဆော်လွန်းလို့ ၊ Investment တွေ အလုပ်ပြပြီး ၊
        တစ်ဖက်ကလည်း ၊ သူ နှင့် သူ့ ကုမ္ပဏီ ကို မရှုံးရှုံးအောင် ၊
        Negative Gearing လုပ်နေရတာ လို့ ပြောတာပဲ ။

        • koaung

          February 17, 2013 at 7:23 pm

          အခုတလော နိုင်ငံတကာအိမ်ဈေးနဲ့ပြောရင် အတက်ကြမ်းခဲ့တဲ့ပြည်မက တရုတ်ကြီးအိမ်ဈေးပါအနဲငယ်ကျသလို အရောင်းအဝယ်လဲရပ်သွားပုံရပါတယ် အမှန်ကဝင်ငွေပုံမှန်ရနေရင်း ပိုငွေကိုဘဏ်ထဲမှာထားရင် အတိုးကသိတဲ့အတိုင်း
          နဲတာမို့ အိမ်အဟောင်းတွေဝယ်တာဟာ အိမ်အသစ်ဝယ်တာထက် ပိုအကျိုးရှိတာတွေ့ရတယ် အိမ်ပြန်ဆောက်ရင်အကျိုးခံစားခွင့်ကများတယ်လေ(မြန်မာပြည်နဲ့ကွာပါ့ )ရောဂါက ၂၄နှစ်မှာနိုင်ငံခြားထွက်ပြီး ၂၈နှစ်မှာစရတဲ့ရောဂါပါ မြန်မာပြည်
          မှာလဲ မြေအရောင်းအဝယ်လုဎ်ခဲ့ဘူးတယ် အခုတော့ကျနော့အမေနေတဲ့ ဦးဝိစာရလမ်းကခြံဘဲ ကျန်ပါဒေါ့တယ် ဝယ်တုံးက၂၅သိန်းပါဘဲ တဒေါ်လာ ၃၅ကျပ်ခေတ်ပေါ့ အခုဆိုနဲနဲတက်လာမလားမသိ ဒီမှာအခုထိအိမ်ဈေးကျသွားတယ်ဆိုတာ မကြာမိသေးဘူး စိတ်ပူစရာပေါ့နော့ ကျနော်ကတော့ထပ်မဝယ်နိုင်မှာဘဲစိတ်ပူမိတယ် အကြွေးတပြားမှမရှိလို့ပါ လေးစားလျှက်

        • ကထူးဆန်း

          February 18, 2013 at 10:42 am

          အောင်မငီး …၂၅ သိန်းနဲ့ ဝယ်ပြီး နဲနဲ တက်လာမလား မသိတဲ့ …. ဦးဝီစာရလမ်းက ခြံဆို ဒေါ်လှ သန်းချီလို့ တန်နေပါပြီ..
          လွန်ခဲ့တဲ့ ၁ဝ နှစ်လောက် က အင်းလေးကန်ဘေးက လယ် ၊ တစ်ဧက ၅သိန်း မပေးရတာ အခုတော့ သိန်း၄၀ဝ ကျော်နေပါပြီ ။။ ညောင်ရွှေမြို့ စွန်က မြေ ၊ ၅ ဧက ကို သိန်း ရှစ်ထောင် အော်နေပါတယ် …. ဆိုတော့ ..
          ကိုအောင် လွမ်း မသွားဘူးလားဟင် … :hee:

  • မြန်မာပြည်လို ကတ်စုံအောင်မယဉ်ပါးသေးတဲ့နိုင်ငံတစ်ခုအတွက် အရမ်းကိုဗဟုသုတရပါတယ်။
    ဗဟုသုတနည်းပါးလို့ ကတ်တွေမသုံးဖြစ်ကြတဲ့အတွက် ဘဏ်တွေအနေနဲ့လည်းအလုပ်သိပ်မဖြစ်လှဘူးထင်တယ်။
    ကျွန်မတို့လိုအစိုးရဝန်ထမ်း လူတန်းစားတွေအနေနဲ့ကတော့ ကတ်တွေမလိုသေးပါဘူး။ :kwi:
    နားလည်အောင်ရှင်းပြပေးတဲ့ပို့စ်အတွက် ကျေးကျေးပါ။

  • မောင်ပေ

    February 17, 2013 at 8:09 pm

    မစဉ်းစားတော့ပါဘူး ရေငန်ပိုင် ဦးဖောရေ
    ကျုပ်တို ့နိုင်ငံမှာ အဲ့စနစ်တွေ ဖြစ်လာတော့ခါလဲ ဖြစ်သလို မီးစင်ကြည့်က လိုက်ပါမယ်

  • padonmar

    February 17, 2013 at 9:53 pm

    အခု ယူနိုက်တက် အမရဘဏ်က မီတာခတွေကို ဆောင်ပေးနေတယ်။GIRO
    သတ်မှတ်ရက်မှာ အနည်းဆုံးရှိရမယ့် ဘဏ်လက်ကျန်နဲ့ မီတာခ လုံလောက်ရင် အတိုးမယူပဲ ဝန်ဆောင်တယ်တဲ့။
    အဘမိန်းမရဲ့ ခရက်ဒစ်ကဒ်နဲ့ ခပ်ဆင်ဆင်ပေါ့။

    ကိုယ်ကျမယ့် မီတာခ မှန်းပြီး မှန်မှန်သွင်းသွားရင် သူတို့ဘဏ်ကို အခမဲ့ ခိုင်းလို့ရတာပေါ့။
    သူတို့က အစိုးရဆီကတော့ ကော်မရှင်ရမယ်မထင်၊
    ဘာနဲ့များ ဝန်ဆောင်ပေးနေလဲတော့မသိ။

  • Mobile

    February 18, 2013 at 4:12 am

    ဘကြီးဖောရေ ဗဟုသုတ ရစေလှပါ၏ ….
    ကူးယူထားလိုက်ပါတယ်ခင်ဗျားးးးးးးးးးးးးးးးးးးးးးးးးးး

  • ဦး ကျောက်ခဲ

    February 18, 2013 at 7:44 am

    အဘဖောကလေ သူကံကောင်းတိုင်း မနာလိုတိုရှည်ဖြစ်အောင် မောင်ကျောက်ကိုဆွပြန်ပြီ…

    အဲ… အိမ်ခြံမြေဆိုလို့ပြောရရင် ဟောင်ကောင်မှာတော့ ပြည်ကြီးတရုတ်တွေ လာလာမွှေလို့…
    အိမ်ဈေးမြေဈေးက ကြောက်ခမန်းလိလိကိုတက်တာပါ…
    ဘာမှမဟုတ်တဲ့ ဖိနပ်ဘူးလို အခန်းတောင် နေရာကောင်းရင် ငှါးရမ်းခ ဟောင်ကောင်ဒေါ်လာ တစ်သောင်းကျော် ပေးရတာဆိုတော့
    မောင်ကျောက်တို့လို နိုင်ငံခြားသား အလုပ်သမားများအတွက်တော့ အီဆိမ့်နေတာပဲခင်ဗျ…
    ခရက်ဒစ်ကဒ်ဆိုတာကြီးကို မလိုချင်ပေမယ့် အဲဒါမှမရှိရင် လူရာမဝင်တာမို့ ဆောင်ထားရတာပေါ့ခင်ဗျာ…
    သုံးပြီးတိုင်း အမြဲမှန်မှန်ပြန်ဆပ်တော့ ခရက်ဒစ်လစ်မစ် မြှင့်ပေးပါမယ်လို့ ဘဏ်ကခဏခဏဆွယ်ပါတယ်…
    မောင်ကျောက်စိတ်ထဲမှာ ချစ်တီးလက်သစ်လို့ မြင်မိတာမို့ အမြဲဆောဒီးရတာပေါ့ဗျာ…
    သုံးတတ်သူများအတွက်တော့ အကောင်းသား…
    Anyway “Cash is King” ပါတဲ့ ခင်ဗျား….

    • Foreign Resident

      February 18, 2013 at 10:34 am

      ” သုံးတတ်သူများအတွက်တော့ အကောင်းသား ”

      ဦးကျောက်ကလည်း အပေါ်မှာ koaung ပြောသွားတာက Home Loan ပါ ။
      အဘ အမြင် ကတော့ ၊ Credit Card က အကျိုး မပြုပါဘူး ။
      သူယူတဲ့ အတိုးနှုန်းက ဒီလောက်ပက်စက်တဲ့ဟာ ။

  • Foreign Resident

    February 18, 2013 at 10:12 am

    ” ဝယ်တုံးက၂၅သိန်းပါဘဲ တဒေါ်လာ ၃၅ကျပ်ခေတ်ပေါ့
    အခုဆိုနဲနဲတက်လာမလားမသိ ”

    koaung ရေ ။

    အိမ်ခြံမြေ ဈေးကတော့ တက်သလား မမေးနှင့် ၊
    ၂၀၀၉ ကနေ ၊ အခု ၂၀၁၃ အထိ ၊
    ၅ နှစ်လောက် အတွင်းမှာတင် ၊
    ၃ ဆ လောက်ကို တက်သွားတယ် ။

    သံဝေဂ ယူစရာ ၊ လောကဓံ အတက် အကျလေးကို ပြောပြချင်တယ် ။
    လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်က ၊ အဘတို့ ကပ္ပတိန် သူငယ်ချင်း ၃ ယောက် ရှိခဲ့တယ် ။

    ၁ ။ အဘ က ကိုယ့်ရဲ့ အိမ်ခြံ ကို မရောင်းဘူး ၊ လူငှား ချထားခဲ့ပြီး ၊ ဩဇီ ကို ထွက်လာခဲ့တယ် ။
    ဩဇီမှာ အလုပ်မလုပ်ပဲ ၂ နှစ်လောက် မိန်းမ လုပ်စာထိုင်စားနေခဲ့တယ် ။
    အခုတော့ ၊ သာမာန် ကပ္ပတိန် လေးဘဝနှင့်ပဲ အေးအေးဆေးဆေး အလုပ် လုပ်နေတယ် ။

    ၂ ။ နောက်တစ်ယောက်က ၊ သူကတော့ ဖေါင်ပါ ဖျက်ပြစ်လိုက်တယ် ။
    သူ့ အိမ်ခြံ ကို ရောင်းပြီး ၊ ဩဇီ ကို အပြီး ထွက်လာခဲ့တယ် ၊ ဩဇီ နိုင်ငံသား ခံလိုက်တယ် ။
    သူက ဩဇီမှာ တစ်လ လစာ ၁၀၀၀ဝ လောက်နှင့် အလုပ်လုပ်တယ် ။ အရမ်း ပင်ပန်းတယ် ။
    အိမ် ရောင်းလို့ရတဲ့ ပိုက်ဆံကို ဩဇီယူလာပြီး ၊ ဩဇီမှာ အိမ်ကြေးသွင်းလိုက်တယ် ။

    ၃ ။ နောက်ဆုံး တစ်ယောက် ကတော့ ၊ သူကတော့ နဂိုထဲကလည်း ၊
    အဘတို့ ၂ ယောက်ထက် ပိုက်ဆံလည်း ပိုရှိတယ် ၊ လူရည်လဲ ပိုလည်တယ် ။
    သူကတော့ ရန်ကုန်မှာ နေပြီး ၊ ခြံဝယ် တိုက်ဆောက် ရောင်းစား လုပ်နေခဲ့တယ် ။

    ပြီးခဲ့တဲ့ လ က ၊ အဘ ရန်ကုန်ရောက်တော့ ၊
    နံပါတ် ၃ သူငယ်ချင်းနှင့်တွေ့တယ် ၊ သူ့လက်ထဲမှာ အိမ်ခြံ ၂ လုံး ရှိနေပြီး ၊
    အဘ ရှေ့မှာတင် ၊ သူ့ အိမ်ခြံ ၁ လုံးကို သိန်း ၁၆၀၀ဝ လာပေးတာ မရောင်းနိုင်ဘူး ပြောနေတယ် ။
    အဘတို့ ကျန် သူငယ်ချင်း ၂ ယောက်ထက် အရမ်း ချမ်းသာသွားပြီလေ ။

    ဇတ်ပေါင်းတဲ့အခါမှာတော့ ၊
    အဘ ကတော့ အလယ် အလတ် ၊ ဘာမှ သိပ်မပြောင်းလဲလှပါဘူး ။

    ဒါပေမယ့် ၊ ဩဇီမှာ အခြေချလိုက်တဲ့ နံပါတ် ၂ သူငယ်ချင်း ခမျာမတော့ ၊
    အလုပ်ကိုလည်း အရမ်း အပင်ပန်းဆုံး လုပ်နေရပြီး ၊ မွဲ လဲ အမွဲဆုံး ဖြစ်ကျန်ခဲ့တယ် ။

    ဩဇီ မှာက အိမ်ခြံမြေ ဈေးက ရ နှစ်နေမှ ၂ ဆပဲ တက်တာလေ ၊
    ရန်ကုန်မှာက အိမ်ခြံမြေ ဈေးက ၅ နှစ် အတွင်းမှာ ၃ ဆလောက်တက်ပြစ်လိုက်တော့ ၊
    ဩဇီ ကို အပြီး ပြောင်းလိုက်မိတဲ့သူတွေ ပက်ပက်စက်စက်ကို ကွဲသွားတာပေါ့ ။
    ကံ တရားရဲ့ ၊ မျက်လှည့်ပြကွက်တွေပေါ့ ။ သံဝေဂ ရစရာတွေပါ ။

    PS : : အဘ အမြင်ကတော့ ၊ လက်ရှိမှာ ၊
    အရင်းအနှီး နဲနဲ ရှိရင် ၊ ပိုက်ဆံ ရှာလို့ အကောင်းဆုံးက မြန်မာနိုင်ငံ ပဲ ။

    • kai

      February 18, 2013 at 3:21 pm

      မြန်မာပြည်အိမ်ခြံဈေးတွေ..နောက်၂နှစ်မှာ ဆက်တက်နေဦးမယ်.. အဘဖောထင်သလား… လို့..
      အဲ..
      ကျမလား..တက်မလား.. မှန်းချင်သား..
      လောလောဆယ် အခြေအနေအရတော့.. ပိုက်ပိုက်ရှိရင်.. ယူအက်စ်မှာပဲ.. တဧက ဒေါ်လှ၁ထောင်လောက်တန်ဝယ်မှာပေါ့..
      အင်ဖရာစရပ်ချာ.. အဆင်သင့်လေ..

      တွေးတာပြောပါတယ်..။

    • Foreign Resident

      February 18, 2013 at 7:53 pm

      သူကြီးရဲ့ ၊
      ကျနော် ရန်ကုန် ရောက်တုန်း စုံစမ်းမိသလောက်ကတော့ ။

      ၁ ။
      အစိုးရက စက်မှုဇုံ မြေကွက်တွေကိုတော့ ဈေးဆွဲချဖို့ စဉ်းစားနေတယ် ။
      ဒါပေမယ့် ၊ ရိုးရိုး အိမ်မြေကွက်တွေကို ချဖို့ ၊ အစီအစဉ် မရှိဘူးတဲ့ ။
      အိမ်မြေကွက်တွေကို ဈေးကွက်ကပဲ ဆုံးဖြတ်မယ်တဲ့ ။

      ၂ ။
      အစိုးရက အမည်ပေါက်ပြောင်းရင် အခွန် ၃၅ % တောင် ကောက်နေတာ ၁ နှစ် ရှိပြီ ။
      အဲဒါလဲ အိမ်မြေကွက်တွေ ဈေးက မကျပဲ ပိုတောင် တက်လာတယ် ။

      ၃ ။
      အခု ကျနော်ပြောနေတဲ့ မြေတွေက ရန်ကုန် ရှယ် နေရာတွေဈေးကိုပြောတာလေ ။
      သူကြီးပြောတဲ့ US က မြေကွက်တွေဆိုတာ တောဘက်က မြေကွက်တွေလေ ။
      နယူးယောက် မြို့လည် ရှယ် နေရာ မန်ဟက်တန်မှာ ဒီဈေး ဘယ်ရမလဲ ။
      မြို့လယ် / ရှယ် နေရာတွေဟာ အမြဲ ဝယ်လိုအား ရှိနေတယ် ၊ အတက်မြန်တယ် ။

      အဲဒီတော့ ၊ ခြုံ သုံးသပ်ရရင် ၊
      နောက် ၂ နှစ် အကြာမှာ ရန်ကုန် မြို့ရဲ့ အိမ်မြေကွက်တွေရဲ့ဈေး ကျမယ် မထင်ဘူး ။
      လွန်ရော ကျွံရော တန်းနေရုံသာရှိမယ်လို့ မှန်းပါတယ် ။

      အနဲဆုံးတော့ ကျနော့်ရဲ့ မြေကွက်ကို ရောင်းထုတ်ပြီး ၊
      ကျနော် ငွေ / ဒေါ်လာ ကို ပြောင်းမကိုင်ရဲသေးပါဘူး ၊ သူကြီးရယ် ။
      ကျနော့်ရဲ့ မြေကွက်လေးကိုပဲ ဆက်ဖက်တွယ်ထားမိအုံးမှာပါ ။

  • koaung

    February 18, 2013 at 10:45 am

    ဆရာဖောခင်ဗျား ကျနော်တို့အလုဎ်က ဘော့ကမြန်မာပြည်ကလာတဲ့ ကျနော့ကိုမေးဘူးတယ် အခြေအနေကောင်းရင် မြန်မာပြည်မှာလုဎ်ကိုင်နိုင်တာများရှိလားတဲ့ ကျနော်ကလဲမြန်မာပြည်ကပြန်လာတာ မြင်တာပြောလိုက်တာကဒေါ့
    ပိုက်ဆံရဖို့ဒေါ့မမြင်ဘူးဗျာ ပိုက်ဆံကုန်ဖို့ပဲမြင်ခဲ့တယ် အဲဒါကကျနော့အမေနေတဲ့အိမ်က အိုနေပြီ ပြန်ဆောက်ရင်အခုဈေးနဲ့ တထောင်ကုန်မယ် မြင်တာနဲ့ကုန်ဈေးနှုန်းတက်တာတွေပြောပါတယ် အလုဎ်ရဲ့ရှယ်ရာဝင်ဖြစ်နေသလို
    ဒီမှာလဲအောင်မြင်နေဆဲမို့ မသေချာတဲ့မြန်မာပြည်ကို ပြန်ဖို့ကစဉ်းစားရခက်တယ်ဗျာ မြန်မာပြည်ကိုသံယောဇဉ်ရှိတာပေါ့ဗျာ သူများတွေချမ်းသာတာဝမ်းသာသလို ကိုယ်တိုင်လည်းတနိုင်တပိုင် ကျိုးစားနေဆဲပါ သေချာတာတခုက
    ရှာလေ မပြည့်စုံနိုင်သေးလို့ဘဲ ခံစားမိတယ် လောကနဲ့ လောဘဘဲပြောရမှာဘဲနော် ခင်မင်လျှက်

    • Foreign Resident

      February 18, 2013 at 11:47 am

      koaung ရဲ့ ။

      koaung တို့က ၂၄ နှစ်ထဲက ထွက်ခဲ့တာလေ ။
      အဘတို့က ကပ္ပတိန်ဖြစ်ပြီး ၄ဝ ကျော်မှ ထွက်တဲ့သူတွေလေ ။
      အခြေ အနေ တွေက မတူဘူး ပေါ့လေ ။

      ” အလုဎ်ရဲ့ရှယ်ရာဝင်ဖြစ်နေသလို ၊ ဒီမှာလဲအောင်မြင်နေဆဲမို့ ”

      ရှယ်ရာဝင် ပိုင်ရှင်တစ်ပိုင်း ဆိုရင်တော့ နိုင်ငံခြားမှာ လုပ်သင့်ပါတယ် ။

      အပေါ်မှာ အဘ ပြောခဲ့တဲ့ အဖြစ်အပျက်တွေက ၊ တကယ်ဖြစ်နေတာတွေပါ ။
      ရန်ကုန်မှာ အရင်းအနှီး နည်းနည်းရှိပြီး ၊ လူရည်လည် ၊ Information ဦးရင် သူဋ္ဌေးဖြစ်ပါတယ် ။
      အဲ့ဒီ အဘရဲ့ နံပါတ် ၃ သူငယ်ချင်း က မိတ်ဆွေကောင်း ရထားတာလဲ ပါသပေါ့လေ ။

      ” လောက နဲ့ လောဘဘဲပြောရမှာဘဲနော် ”

      ဘာပဲဖြစ်ဖြစ်ပါ ၊ ကိုယ့်မှာ အတင့်အသင့် ရှိပြီး ၊
      ကိုယ့် ဘဝ ကိုယ် ကျေနပ်နေရင် ပြီးတာပါပဲ ။

      အဘ လည်း ၊ ငွေ / လောဘ နောက်ကို အသည်းအသန် မ လိုက်တော့ဘူး ။
      တော်ရုံ သင့်ရုံ ၊ မှန်မှန် နှင့် သာသာ လေးပဲ အလုပ်လုပ်တော့တယ် ။
      ကိုယ် မ သေခင် အချိန်မှာ ( အသင့်အတင့် ) သုံးဖို့ လုံလောက်အောင် ရှိရင် ၊ တော်ပြီ ။

  • koaung

    February 18, 2013 at 10:58 am

    ကိုရင်ထူးဆန်းရေ အဲဒီအဆမတန်ဈေးတွေ ကြားရတာတမျိုးကြီ:ဘဲ နော် အစိုးရတိုက်ခန်းမှာ ကြီးပြင်း
    ခဲ့တဲ့ ကျနော့အဖို့ကြားရတာရီစရာကြီးပါဗျာ

  • awra-cho

    February 18, 2013 at 1:26 pm

    အော်သွားရည်ရို ပြီး ဖတ်နေရတာပဲ၊ အနော်တို့က ပြည်တွင်းဖြစ် ကဒ်လဲမရှိ ဩဇီလဲ မကပ်နိုင်တဲ့ သာမန် အညတရ လေးတွေပါဗျာ။ ဗဟုသုတ အများကြီးရပါတယ်၊ ဒီမှာ ကောင်းကောင်းရသွားရင် တော့ တကဒ်လောက် ကိုင်ဖူးတယ်ရှိအောင် ကိုင်အုံးမှပဲ။ ဒါနဲ့ အဘက ဒီမှာသုံး ရင် ငွေအမည်းတွေသုံးတယ် ပေါ့ ဟုတ်လား၊

    • Foreign Resident

      February 18, 2013 at 8:03 pm

      ” ဒါနဲ့ အဘက ဒီမှာသုံး ရင် ငွေအမည်းတွေသုံးတယ် ပေါ့ ဟုတ်လား ”

      အဘ က သင်္ဘောသားလုပ်ပြီး ၊ တရားဝင်ရထားတဲ့ ပိုက်ဆံတွေ ဆိုတော့ ၊
      မြန်မာ နိုင်ငံသားတစ်ယောက် အနေနှင့်တော့ အဘငွေက ငွေဖြူပါကွယ် ။

      ဒါပေမယ့် အဲဒီ ပိုက်ဆံတွေကို ဩဇီ ကိုပို့မယ် ဆိုရင်တော့ ၊
      ဩဇီ မှာ အဲဒီ ပိုက်ဆံတွေ ငွေဖြူ ဖြစ်အောင် တော်တော့်ကို ရှင်းပြရမယ် ထင်တယ် ။
      အဲဒါနှင့် အဘ လဲ အာရုံ အနောက်ခံပြီး ရှင်းပြ မနေတော့ပဲ ၊
      ဒီ အတိုင်းပဲ Cash ကိုင်သုံးနေတော့ တာပဲ ။

      ကိုယ့်လုပ်အား နှင့် လုပ်ပြီး ၊ တရားဝင်လဲ ရထားတာ ၊
      မြန်မာ အစိုးရ ကို ထိုက်သင့်တဲ့ အခွန်လဲ ဆောင်ပြီးသား ဆိုတော့ ၊
      အဘ ငွေတွေက အရမ်းဖြူစင် သန့်ရှင်းတာတော့ သေချာပါတယ် ။

  • nozomi

    February 18, 2013 at 2:43 pm

    ပထမ ပို့စ် ဖတ်မိကတဲ က ဆောင်ရန် ရှောင်ရန်လေးတွေပါရင် ကောင်းမယ်လို့ တွေးမိတာ
    ဒီ မှာ တန်းပါတာပဲ
    ဗဟုသုတ လဲ ရ အချိန်လဲ ကိုက်မို့ ဆက်ရေးပါဦး

  • kyeemite

    February 18, 2013 at 4:27 pm

    အင်း အခုတော့ ဖတ်ပီးမှတ်ထားရုံပဲတတ်နိုင်သေးသဗျာ….
    ကဒ်တွေဘာတွေတော့ဘယ်လိုစလာမယ်မသိ…ခုနေ လူအတော်များများက
    ကိုယ့်ကိုယ်ပိုင်ငွေကို ဘယ်ပုဂ္ဂလိကဘဏ်မှမအပ်ရဲကြဘူး…တစ်ခါခံထားရဖူးတော့
    ကြောက်နေကြပီလေ…မြန်မာပြည်ဆိုတာကလည်း သိတော်မူကြတဲ့အတိုင်း…
    ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတာလည်းဖြစ်တာကိုး…ပရီဒစ်လုပ်ဖို့အခုထိခက်နေတုံး…
    ဘာပြောပြောပါဗျာ..ပို့စ်တင်တဲ့ ကိုအက်ဖ်အာကြီးရော…အားတက်သရောဆွေးနွေးကြတဲ့
    ရွာကညီအကိုတော်များအားလုံးကို ကျေးကျေးပါ….

  • Mr. MarGa

    February 18, 2013 at 8:11 pm

    ကိုယ်မကျွမ်းကျင်တဲ့၊ မထိတွေ့ဘူးတဲ့ နယ်ပယ်မို့
    မှတ်လို့သာ သွားပါတယ်ဗျာ

  • ရဲစည်

    February 19, 2013 at 2:54 am

    ဦးFR ပို့စ်မှာ သဂျီးနဲ့ ဦးဖောတို့ မေးထားလို့( နောက်တာလား ရွဲ့တာလားတော့ မသိ)
    သိသလောက် မှတ်သလောက် ပြန်ပြောကြည့်တာ
    ကျနော်တို့ဆီမှာ အထင်ကရ ဘဏ် ၆ခုရှိတယ်ဗျ
    ပထမဦးဆုံး ဘဏ်အကောင့်ဖွင့်တဲ့ အချိန် နိူင်ငံသုံးငွေနဲ့ နိူင်ငံခြားငွေ ၂ခုခွဲထားရတယ်
    ဥပမာ ICBC ဆိုပါဆို့
    စာရင်းရှင်အတွက် နှစ်စဉ်ဝင်ငွေရဲ့ ၃ဆလောက် ထည့်ပိုင်ခွင့်ရှိတယ်။
    ချေးငွေအတွက်တော့ နိူင်ငံသားဆို(ပိုင်ဆိုင်မှုနဲ့ လုပ်ငန်းပြ) ၈ဆလောက်ရပီး
    နိူင်ငံခြားသားဆို ၄ဆ ချေးပိုင်ခွင့်ရှိတယ်ဗျ … ဒါကအကြမ်းမျဉ်းပေါ့
    အဲ့မှာ ကဒ်ကိစ္စလာပီ ကျနော်တို့ဆီမှာ အွန်လိုင်း ငွေပေးချေမှုအတွက် ကဒ်မလိုဘူး
    အဲ့ ပုံတုံးတုံးနဲ့ မန်မိုရီစတစ်လို USB drive ကြီးထုတ်ပေးတယ်။
    အွန်လိုင်း ငွေပေးချေမှုအတွက် နိူင်ငံပေါင်း ၁၀ဝလောက်ကို alibaba.comကနေတဆင့် လုပ်နိူင်တယ်
    တိုက်ရိုက် ပေးချင်တယ်ဆိုရင်လဲ ဥပမာ Visa, Master စသဖြင့် ချိတ်ပေးထားတယ်(နိူင်ငံခြားသားအတွက်) ဒါမှမဟုတ် Ebay, Amazon စသဖြင့်က ဝယ်မယ် ပေးမယ်ဆိုရင်လဲ ရတယ်ဗျ။
    သူ့အလုပ်လုပ်ပုံကတော့ p&p ကြောင့် အကုန်ထုတ်ပြောလို့ မရဘူးဗျ။ ပြောချင်လည်းရတယ်ပေါ့ဗျာ …
    ကိုယ့်ကွန်ပျူတာကနေ စတစ်ထိုးလိုက်ရင် ဘဏ်ကို ချိတ်ဆက်မိမယ်။ ပီးရင် ဘယ်မှာ၊ ဘာဝယ်ထားလို့ နည်း ၁၊၂၊၃ အတိုင်း ငွေပေးချေမယ်လို့ ပြောလိုက်ပီးရင် Security password ၃ဆင့် သွားပီးတာနဲ့ ဘဏ်က ဟိုဘက်နဲ့ ချိတ်ပီး waiting လုပ်ခိုင်းတယ်။ နိူင်ငံပြင်ပက တစ်ခုခု ဝယ်မယ်ဆို ဆိပ်ကမ်းအရောက် သဘောင်္တင်ပီး(သို့) သက်ဆိုင်ရာ အမြန်ချောပို့ကို ရောက်မှ ပီးရင် ထွက်လာမှ တဖက်ကို ငွေထုတ်ပေးတယ် အဲ့အတွက် ဘဏ်က 0.3% ဝန်ဆောင်မှု ယူတယ်ဗျ ..
    အကြမ်းမျဉ်းပေါ့ဗျာ …
    အဲ့မှာ ထောက်စရာတွေတော့ အများကြီးဘဲ ကျနော်လဲ အဲ့လိုမျိုးစာ စီကာပတ်ကုံး ရေးတတ်ဖူးရယ်။
    တချက်ပြောချင်တာကတော့ အွန်လိုင်းမှာ Porn Video ကြည့်တာကနေ Heavy Machine ပီးရင် World of warcraft Game Time ဝယ်တဲ့အထိ အဲ့ဒါ သုံးလို့ရတယ်ဆိုတာပါဘဲ…။
    အကျယ်တော့ မရေးပြတတ်ဘူးခင်ဗျ ..။

  • ရဲစည်

    February 19, 2013 at 3:00 am

    အဲမေ့သွားလို့ ..
    တခုက ဟော်တယ်တို့ စားသောက်ဆိုင်တို့ (ဘယ်နေရာဖြစ်ဖြစ်) ရောက်သွားလို့ ပိုက်ဆံမလောက်ဘူးဆို အဲ့ မမ်မိုရီ စတစ်ကြီးနဲ့ အလုပ်ဖြစ်တယ်ဗျ။ ဆိုင်(သို့) ဟော်တယ် တာဝန်ရှိသူကို အကျိုးအကြောင်းပြောပီး ၂၄နာရီ ချိတ်ဆက် ပေးချေလို့ရတယ်။ ဒါပေသိဗျာ အဲ့လာဂျီးအစား ကဒ်လေးနဲ့ဆို ပိုကောင်းတာပေါ့ …။
    အဲ .. စီးပွားရေးအတွက်ကတော့ အဲ့ပုံတုံးကြီးက ဆေ့ဖ်ဆိုဒ်တော့ ဖြစ်သား :mrgreen:

    • kai

      February 19, 2013 at 4:10 am

      တခါမှကို မမြင်ဖူး..မကြားဖူးပါ… ရှင်းပြတာ(သိပ်နားမလည်ပေမယ့်) ကျေးကျေးနော..။
      အဲဒါကြီးတယောက်ယောက်က.. မ,သွားရင်ကော…
      ဆေ့ဖ်ဖြစ်နို်င်သေးလား…
      =
      ခရက်ဒစ်ကဒ်ရဲ့.. အားသာချက်တခုက.. ငွေခိုးရရင်.. ကိုယ့်ဆီဘီလ်ကလကုန်ရင်လာမှာမို့.. declined(ငြင်းပယ်) လို့ရတာပါ…
      အထောက်အထားတခုခုတော့ပြောရမယ်ပေါ့…
      ဥပမာ.. ငါက.. ယူအက်စ်မှာနေတာ.. ခရက်ဒ်စကဒ်ဆွဲသွားတာက.. လန်ဒန်ကနေ..
      ခိုးခံရတယ်ပြောပြီး.. ကိုယ်ပေးရငွေကို ငြင်းပစ်လိုက်လို့ရပါတယ်..
      ကိုယ့်ငွေပဲ..
      တချို့.. ကိုယ်ကပစ္စည်းတကယ်ဝယ်ပြီး.. ဒီကလိုင်းလုပ်ပစ်တာတောင်ရှိတယ်.. :harr:
      ကြုံလို့.. ပြောရရင်.. ခရစ်ယန်အမေရိကန်တွေ.. အဲလိုလုပ်ရမှာ.. တော်တော်ဝန်လေးကြတာ.. သတိထားမိတယ်..
      ချချ်က.. ဘာမှာထား..သင်ကြားထားသလည်းတော့.. မသိ…။

      ကျုပ်တုံးက.. ပြင်သစ်ပါရီကနေ.. ဆွဲသုံးသွားလို့.. လှမ်းပြောပြီး.. ဒီကလိုင်းလုပ်ဖူးတယ်..
      ဝမ်းသာအားရ..(တောင်းပန်ပြီး)ဒီကလိုင်း လုပ်တာခွင့်ပြုပေးပါတယ်..

      • မောင်ဘလိူင်

        February 19, 2013 at 4:57 pm

        အဲ…သဂျီးရေ..ကိုရဲစည်ပြောတာ ဆာတီဖီကိတ်ထည့်ထားတဲ့ အီးတုန်ကင် (Security eToken)
        လိုဟာမျိုးကို ပြောတာဖြစ်မယ်ခင်ဗျ..။ ဘဏ်ဝက်ဘ်ပေ့ချ်ကို ဝင်တဲ့အခါမှာ အဲဒီ ယူအက်စ်ဘီ
        တုန်ကင်လေးထိုး ဆာတီဖီကိတ်ကို စက်ကစစ်ပြီး ပက်စ်ဝက်ဒ် ရိုက်ထည့်ပေးရတာမျိုး။ ဆိုတော့
        ထိုးမဲ့စက်မှာ အဲဒီ တုန်ကင်လေးကို ဖတ်ဖို့ ဒရိုက်ဗာ အင်စတောလုပ်ထားဖို့လိုပါတယ်။ အဲ..
        အများအားဖြင့်တော့ သူ့ဆိုဒ်မှာ ဒရိုက်ဗာ ဒေါင်းလို့ရပါတယ်။ အဘ ဖောရိန်း ပြောတာကျတော့
        အတိုကောက် OTP (one time password) ပေါ့ ခင်ဗျာ။ ဘဏ်ကိစ္စ ထရန်စက်ရှင် တစ်ခုခု
        လုပ်မဲ့ အချိန်မှာ ပက်စဝက် ကို ရီကွက်စ် လုပ်ပါတယ်။ ကိုယ့်လက်ထဲရှိတဲ့ အဲဒီတုန်ကင်လေး
        နှိပ်လိုက်တော့ ၆လုံးရှိတဲ့ ပက်စဝက် ပေါ်လာတယ်။ အဲဒါ သုံးမိနစ်ပဲ သက်တမ်းရှိမယ်ပေါ့။ ဆာဗာ
        ဘက်မှာလည်း အဲဒီပက်စ်ဝက် ၊ အဲဒီအချိန်ပေါ်နေရမယ်။ အဲဒါကို တိုက် စစ်ပေါ့။ ရှုပ်ထွေးတဲ့ သချင်္ာ အယ်ဂိုရစ်သမ် နဲ့ အချိန်ပေါ်မှီတည်ပြီး(အထင်) တွက်ထားတော့ အဲဒီအချိန်ထုတ်လိုက်တဲ့
        ပက်စ်ဝက်က ကိုယ့်လက်ထဲရှိတဲ့ တုန်ကင်မှာရော ၊ ဆာဗာမှာပါ အတူတူသွားပေါ်ပါတယ်။ စပ်ဆက်လို့ ပြောရရင် (ခု မြန်မာ့စီးပွားရေးဘဏ်က သုံးနေတဲ့ အွန်လိုင်း ဘဏ်ကဒ်ဆိုရင်
        ဒေါ်လှ နှစ်ဆယ်ကျော်တန်တဲ့ACS (crypto card) စမတ်ကဒ် အမျိုးအစားပါ။ အီးတုန်ကင်
        ကတော့ အာလာဒင် တံဆိပ်ခင်ဗျ။ဒေါ်လှ ရှစ်ဆယ်ကျော်တန်ပါတယ်။ စမတ်ကဒ်ဆိုတာတော့
        ကွန်ပျူတာ တစ်လုံးလိုပါပဲ။ ပရော်ဆက်ဆာ (အများအားဖြင့် ၈ဘစ်) ၊မမ်မိုရီ(ရမ်) ၊ စတိုးရိချ်
        ၊ စမတ်ကဒ် အိုအက်စ် ပါတတ်ပါတယ်။

    • Foreign Resident

      February 19, 2013 at 6:05 am

      ” ခရက်ဒစ်ကဒ်ရဲ့.. အားသာချက်တခုက..
      ငွေခိုးခံရရင်.. declined ( ငြင်းပယ် ) လို့ရတာပါ ”

      ဟုတ်တယ် ။
      အဘ မိန်းမ ရဲ့ ကဒ် Info တွေလဲ အခိုးခံရဘူးတယ် ။

      ပထမ တစ်ခါ ၊ ဩဇီ ပြည်တွင်းမှာပဲ ၊ နဲနဲ နှင့် မကြာခဏ သုံးတာခံရတယ် ။
      Oversea Phone Card တွေ ၊ မကြာခဏ recharge လုပ်သွားတယ် ။
      တစ်ခါ recharge လုပ်ရင် 10$ စီနှင့် ၂ ပါတ် တစ်ခါလောက် လုပ်သွားတာ ။

      နည်းတော့ ချက်ချင်းမသိတော့ ၊ အစပိုင်း ငွေ ပါသွားတာပေါ့ ။
      ၄ / ၅ / ၆ လ ကြာမှ ၊ တဖြေးဖြေး သတိပြုမိတယ် ။
      သိတော့ Bank ကိုပြန် Claim လုပ်တယ် ၊ ပိုက်ဆံ အကုန်ပြန်ရတယ် ။

      နောက်တစ်ခါ ၊ ဥရောပ ဘက်ကနေ ၊
      တစ်ချီတည်း နှင့် ငွေအများကြီးနှင့် ဈေးဝယ်ခံရတယ် ။

      စ ကတည်းကိုက ၊ ဘဏ် က သံသယဖြစ်လို့ ၊ ငွေ မချေပေးဘူး ။
      ပိုင်ရှင်ကို ချက်ချင်း ဖုန်းဆက် အကြောင်းကြားပေးတယ် ။

      Card သုံးတာ သိပ်တော့ စိတ်ပူနေစရာ မလိုပါဘူး ။
      ကဒ် Data တွေ အခိုးခံရတယ်ဆိုရင်တောင်မှ ၊

      အရမ်းများ ပြီး သံသယ ရှိဖွယ်ဖြစ်ရင် ဘဏ်က ငွေမချေပါဘူး ။
      ကိုယ့်ကို အမြန်ဆုံး အကြောင်းကြား / confirm လုပ်ပါတယ် ။

      လိမ်ပြီး အသုံးခံရတာ / အခိုးခံရတာ သေချာရင်လဲ ပိုက်ဆံ ပြန်ပေးပါတယ် ။

      ကိုယ်ကတော့ နဲနဲ အလုပ်ရှုပ်သွားတာပေါ့နော် ။
      ကဒ် Data တွေ အခိုးခံရတယ် ဆိုတာ ဘဏ် ကို Report တင်ရတယ် ။
      ကဒ် အသစ်ပြန်လျှောက်ရတယ် လေ ။

  • ကိုသင်း

    February 19, 2013 at 9:02 am

    အဲသည်ကဒ်တွေ ငါ့လက်ထဲရောက်လာလို့များတော့
    ဟင်း—-ဆင်တွေ—ဆင်တွေ သက်စေ့အကြွေးဝယ်ဥိးမှာ
    လေယာဉ်နှစ်စိးလောက်ဝယ်ပြိး ခွစိးဥိးမှာ—။

    • kai

      February 20, 2013 at 2:16 am

      အကြွေးရရင်.. ဆင်ဝယ်စီးမယ်ဆိုတဲ့.. မြန်မာ့စိတ်ဓါတ်ကို.. ချစ်တီးတွေကောင်းကောင်းအသုံးချသွားဖူးတယ်..
      ချစ်တီးတွေ.. အကြွေးသိမ်း.. ယူလိုက်သမှ..တောနေ.. မြန်မာမတွေ.. တန်းစီသွားတာပဲ..
      ကလေးတွေလည်း. တဘုံးဘုံး.. ထွက်လာသပေါ့…။ :harr:

      အကျိုးဆက်က.. မြန်မာနဲ့ဟိန္ဒူတွေရောထွေးသွားပြီး.. အမဲသားမစားတော့တာပဲခင်ည…
      ဓလေ့နဲ့.. စိတ်ပိုင်းဆိုင်ရာ လွှမ်းမိုးသွားတာကတော့ ပြောမနေနဲ့..
      ကမ္ဘာက.. မြန်မာ့ ထေရဝါဒဗုဒ္ဓဘာသာဝင်တွေဆိုသည်မှာ.. .. အမဲသားမစားဘူးလို့.. ထင်သူကထင်ကုန်ကြတဲ့အထိ..။

      တိန်.. :kwi:

Leave a Reply