“အတိတ်က….အမှတ်တရ”

aye.kkFebruary 17, 20131min18625

ပျော်စရာ ကောင်းသည်ကား
အပူပင်ကင်းမဲ့သည့် ကလေးဘဝများပင် ဖြစ်သည် ။ ငယ်ဘဝက လူတိုင်းမမေ့နိုင်ပါ ။ အတိတ်ဆိုသည်က မေ့ပျောက်၍မရနိုင် ။ ရေစက်ရှိလာလျှင် တစ်ဦးနှင့်တစ်ဦး တွေ ့ဆုံခင်မင်ရင်းနှီး သိကျွမ်းချစ်ခင် ရပေသည်။
ကျမ ပုသိမ်ဆိုသည့်မြို ့တွင် အမှတ်မထင် ကာလအနည်းငယ် နေထိုင်ခဲ့ရဘူးသည်။ ခြေလျှင်တပ်ရင်းတည်ထားသည့် တောင်ပေါ်တပ်ကုန်းကလေး တွင်ဖြစ်သည် ။ အနောက်ဖက်တွင် မှန်ချက်စက်ရုံ တည်ထားသည် ။ မှန်ချက်စက်ရုံက ကုန်ကြမ်းအမှိုက်တွေက ဖော့တုံးကလေးများ ဖြစ်သည် ။ ထိုဖော့တုံးကလေးများအား မုန် ့လက်ဆောင်းဖတ်ကလေးများအသွင် ကပ်ကြေးဖြင့်ညှပ်၍ ပိုးကြိုးချည်နှင့်အပ်ထိုးပြီး သီကာ ပန်းကုန်းလုပ်ကြသည် ။ ပြီးလျှင်တော့ ရှေ့တန်းမှပြန်လာသည့် စစ်သည်များအတွက် ထိုပြုလုပ်ထားသော ဖော့လည်ဆွဲပန်းကုန်းများနှင့် ကြိုဆိုရသည်မှာ အားရလှပေသည် ။
ကျမ တပ်တွင်းနေထိုင်ခဲ့စဉ် အခါက ။ ပျော်စရာလည်းကောင်းလှသလို ဝမ်းနည်းကြေကွဲမှုများဖြင့်လည်း အပြည့်အနှက်ပင် ။ အောင်ပွဲရပြန်လာသော စစ်သည်များအား အားပါးရ ပျော်ပျော်ပါးပါး ဝမ်းပမ်းတစ်သာ ကြိုဆိုရသည်မှာ ကြည်နှူးကျေနပ် ပီတိသိမ့်သိမ့်ဖြာရသည်၊အောင်ပွဲရှုံးနိမ့်ပြန်လာရသောအခါတွင်လည်း ဝမ်းနည်းကြွေကွဲ တစ်စသုဿန် သဖွယ် စိတ်ခြောက်ခြားလှကာ စိတ်မချမ်းမြေ့ဖွယ်ရာ ရင်ဆိုင်ကြုံတွေ ့ရပေသည်။ ထိုစိတ်ခံစားမှုကား မခံစားနိုင်သော ကျမ၏ စိတ်ခံစားချက်များပင်ဖြစ်ပါသည် ။
ကျမအသက်ငယ်ငယ် ထိုတပ်ထဲတွင်နေထိုင်ခဲ့စဉ်က တပ်အထာကို ကျမနားမလည် ကျမနားလည်သည်ကား ရှေ့တန်းပြန်ဝင်လာမည့်စစ်သည်များအား တက်ကြွစွာ ကြိုဆိုရမည် ကြိုဆိုချင်သည် ။ နားမလည်သည့်အရွယ် ။ ကလေးဘဝလည်း ဖြစ်သည့်အပြင် တပ်အထာကိုလည်း မသိနားမလည်။
ခေါင်းကြောကလည်းမာသည် ဒီတစ်ခါ ရှေ့တန်းက တပ်ရင်း တစ်ရင်းလုံး နီးပါးမျှ ပြုတ်သွားသည် ။ ရှေ့တန်းပြန် ဝင်လာသည့်စစ်သည် အနည်းငယ်မျှဖြစ်၍ ထွက်မကြိုဆိုရန် ဒုဗိုလ်တစ်ဦးက အထပ်ထပ်မှာနေရှာပါသည် ။ ဆယ်ကျော်သက် ငါးနှစ်ပတ်လည်ဆိုတာ ။ နားတော့လည်ပါပြီ ။ ခေါင်းတော့မာပါသည် ။ ခံမပြော နားမထောင်တတ်တာက ကျမ၏အကျင့်စရိုက် ။ ထိုနေ ့က ရှေ့တန်းပြန်ဝင်လာမည့် စစ်သည် အချို ့တစ်ဦးစနှစ်ဦးစလောက် သာပါလာသည့် တပ်ပိုင် စစ်လော်လီကားကြီး (စစ်အစိမ်းရောင်)များနှင့် ကားအမိုးဖွင့်လျှက် မနက်စောစော (၅)နာရီအချိန် မိခင်တပ်ရင်း သို ့ပြန်ဝင်လာကြပါသည် ။
၄ပေလျှပ်စစ်မီး ဖန်မီးချောင်းများ အလင်းရောင်ဆင်ထားသည့် နေရာအာက်၌ ကားများဝင်လာမည့် တပ်ဝင်းထဲအတွင်း ကားလမ်းဘေးတွင်ခုံများခင်းကာ ပြန်ပါလာသည့် ဝမ်းနည်းနေသည့် စစ်သည်များအား အားပေးကြိုဆိုချင်သည့်စိတ်ဖြင့် ထွက်ပြီးကြိုဆိုမိပါသည်။
ထွက်ပြီးကြိုဆိုမှုအပေါ် ။ ကားပေါ်ပါလာသည့် စစ်သည်၏ဆဲဆိုခံရမှု ။ ခဲလုံးဖြင့်ပစ်ခံရမှု အမှတ်မထင်ခံလိုက်ရသဖြင့် ။ ချထားသည့်ခုံတန်းများနှင့် အောင်သပြေခက်များ ထည့်ထားသည့် ငွေဖလားခွက်များအား ကမန်းကတန်း ရုပ်သိမ်းလိုက်ရကာ အိမ်သို ့သုတ်ချေတင်ပြန်လာကြကာ အိမ်ထဲပြေးဝင်လိုက်ကြရပါသည် ။ နောင်တလည်းရမိပါသည်။ အောင်ပွဲရ ပြန်လာတာမဟုတ် စစ်ရှုံးပြီးပြန်လာတာ ကြိုနိုင်သေးလား ဟုပြောပြီးခဲနှင့် အပစ်ခံရမှုအား နားထဲကမထွက် ။
ကိုယ့်ကိုယ်ကိုယ် ခေါင်းမာစွာနှင့် ထွက်ကြိုမိသဖြင့် တစ်အိမ်တည်းနေ စစ်သည်သားသ္မီးများဖြစ်ကြသည့် ညီအစ်မတွေပါ သင်ခန်းစာ ကောင်းကောင်းရရှိလိုက်ကြပါသည် ။ ထိုစစ်သည်များထဲမှ သေကံမရောက် သက်မပျောက်ခဲ့သည့် ကျမ၏ဦးလေးစစ်သည် ပြန်ပါလာမှုအပေါ် ဆက်၍မကြိုဆိုနိုင်တော့ ။ ပထမအစဦးဆုံး ဝင်လာသည့်ကားပေါ်မှာ ပါလာသည့် စစ်သည်တစ်ဦး၏ ခဲနှင့်ပစ်ပေါက်ခံခဲ့ရသဖြင့်၊ကျမတို ့မှာ လမ်းဘေး၌ချထားသည့် ခုံတန်းလျှားအား ရုပ်သိမ်းပြီးကာ အိမ်သို ့အပြေးပြန်လာကြရ၍ ဖြစ်ပါသည် ။
စစ်သည်ဦးလေး အိမ်သို ့ပြန်ရောက်လာသောအခါ ။ ငါတို ့မှာ မသေကောင်း မပျောက်ကောင်း ကျန်ရှိ၍ပြန်ရောက်လာသည် ။ ဒါလေးတောင် အိမ်မှာရှိနေကြတဲ့မိသားစုတွေက တပ်ရိက္ခာနဲ ့ အေးအေးဆေးဆေး ထိုင်စားနေရသူတွေ ဖြစ်ပြီး ထွက်တောင်လာမကြိုနိုင်ကြဘူးလား ။ ငါကလနဲ ့ချီရှည်ကြာလို ့ ရှေ့တန်းစစ်မြေပြင်မှာ နေနေရတာ ။ အသက်ကဖက်နဲ ့ထုတ်ထားရသလား အောင်းမေ့ရတယ် ။ ရှေ့တန်းမှာ အလကား တိုက်ပွဲဝင်နေတာမဟုတ် တိုင်းပြည်အတွက် အလုပ်လုပ်နေတာကွ ဟုဦးလေးစစ်သည်က အိမ်ပေါက်ဝမှနေ၍ ခရီးရောက်မဆိုက်ခြင်း ဆီး၍ဆူပါတော့သည်။
ထိုအခါကျမှသာ ဦးလေး၏ဇနီးဖြစ်သူက၊ဦးလေးအား အိမ်ကမိသားစုတွေ တော့်ကို အားလုးံ ထွက်ကြိုပါတယ် ။
နေခဲ့တဲ့တပ်တိုင်းမှာ အမြဲတစ်စေ အောင်ပွဲရတာနဲ ့ဘဲကြုံခဲ့တာ အခုလို တပ်ရင်း တစ်တပ်လုံး ကျဆုံးပြီး ပြန်လာတာ ကိုမသိရပါ။
အကျအဆုံးက နည်းနည်းဘဲထင်နေတာ ကြေးနန်းစက်မှာ ကိုင်တဲ့ဒုဗိုလ်တစ်ဦးက တော့်ရဲ ့သ္မီးတွေကို ဒီတစ်ခါ ထွက်မကြိုဘို ့အရိပ်အမွတ်တော့ ပြောတော့ပြောသား ။ အကြောင်းအရာကို တိတိကျကျမှ မသိထားရတာ ။ ဘာကြောင့်မှန်းလဲ မသိ ။ ကြုံခဲတဲ့ကိစ္စလည်းဖြစ်နေတာ မယုံနိုင်အောင်ဖြစ်ရတယ်တော့ ။ ဟုပြောလိုက်တော့မှ ဦးလေးကလည်း ပြောပါ ခဲနဲ ့ပစ်တဲ့စစ်သည်က ဘယ်ကားမှာ လိုက်ပါလာတာလဲ၊ စည်းကမ်းပိုင်ဆိုင်ရာ တပ်ပိုင်းဆိုင်ရာ နားလည်အောင်တော့ ဆုံးမရမှာဘဲ၊ငါ့ကိုပြောပြပါ၊ဘယ်ကားမှာပါလာတဲ့ စစ်သည်က ခဲနဲ ့ပေါက်တာလဲ ။
မတော်တစ်ဆခဲထိမှန်ရင် ထိခိုက်ဒဏ်ရာရမှာ မျက်လုံးထိရင် မျက်လုံးကန်းသွားနိုင်တယ် ခေါင်းထိရင် သွေးထွက်သံယို ဖြစ်သွားနိုင်တယ်။
ဒါကမပြုလုပ်သင့်တဲ့ အပြုအမူဘဲဟု ဦးလေးကပြောလျှင် မိသားစုအားလုံးက ထိုစစ်သည်အပေါ် အပြစ်မဖြစ်စေလိုသဖြင့် မမှတ်မိပါဟု ပြိုင်တူထွက်သွားမိကြပါတယ်။
အထင်နဲ ့အမြင် တစ်ဦးပေါ်တစ်ဦး လွဲမှားမြင်နိုင်တာ ။ မေတ္တာတရား ရှေ့ထားလိုက်တော့လဲ ကိစ္စကတိုတိုနဲ ့ပြီးပြတ်သွားတာဘဲ ။ ဖြစ်တတ်တာကို ဗွေယူနေရင် ပြီးဆုံးမှာမဟုတ်ဘူး ။ ဟုအဒေါ်က ဦးလေး၏ နောက်ကွယ်တွင် သ္မီးဖြစ်သူနှင့်ကျမအားပြောဆိုပါတယ် ။
ဒီစစ်သည်က သူလဲထိမှန်အောင်တော့ ဘယ်ပစ်ပေါက်ပါ့မလဲ ။ ထိမှန်အောင်ပေါက်ရင် ငါတို ့လဲဒဏ်ရာ ကျိန်းသေရရမှာဘဲ ။ စစ်သားဆိုတာက သူ ့ရင်ထဲမှာ နာကျင်ခံစားမှု ဝေဒနာ ပြင်းထန်နေတော့ ။ အမှားအမှန်ဆိုတာ မစဉ်းစားနိုင်တော့ဘဲ စိတ်ဆိုးပြီး ပေါက်မိတာနေမှာပါ ။
ရှေ့တန်းက တိုင်းပြည်အတွက် ဆောင်ရွက်ပြီးပြန်လာကြတာ အသက်ပေးထားတဲ့သူတွေအပေါ် နားလည်မှုစာနာမှု ခွင့်လွှတ်တတ်မှုတော့
ထားရှိပေးရမှာပါဘဲ ။ အဒေါ်ကပြောပြလျှင် ကျမမှာ ထိုစစ်သည်၏ ရိုင်းပြသည့် အပြုအမူအပေါ် ခွင့်လွှတ်ယုံမှအပ စောဒကမတက်မိတော့ပါ ။ တပ်တစ်တပ်လုံးအသက်ပေးဆပ်ခဲ့ရမှု အပေါ်ဝမ်းနည်းကြေကွဲရကာ ကျဆုံးခဲ့သည့်စစ်သည်မိသားစုများနှင့်အတူ ကျမလည်းရောပြီး ငိုမိခဲ့ပါတယ် ။
အောင်ပွဲရပြန်လာလျှင် ပျော်တစ်ပြုံးပြုံးမော်မဆုံး ။
ဗဟိုလ်ရုပ်ရှင် သတင်းကားများ ပျော်ပွဲရွှင်ပွဲများ ကျင်းပကာ တစ်လလုံးပြသသဖြင့် ပျော်ရသည်ကအမှန်ပါ။
ဪ…..လွန်ခဲ့တဲ့ နှစ်ပေါင်း(၃၅)နှစ်ကျော်ခန် ့က ။ ကျမ တပ်ထဲမှာ နေခဲ့ဘူးတဲ့ကာလမှာ ။ အပျော်နှင့် အငိုဆိုတာလဲကြုံခဲ့ရပါတယ်။

ကျမအတွက်တော့ “အတိတ်က….အမှတ်တရ” ဖြစ်လို ့နေပါတော့တယ်။။

25 comments

  • မမအေးရဲ့အမှတ်တရလေးကို ဖတ်ပြီးခံဇားသွားပါတယ်ရှင်
    အချိန်မရလို့ရှည်ရှည်မမန့်ပေးခဲ့တော့ဘူးနော်။

    • aye.kk

      February 17, 2013 at 8:50 pm

      နန်းတော်ရာသူရေ
      ပထမဆုံးလာရောက်ဖတ်ရှုသွားတဲ့အတွက်
      အန်တီအနေနဲ ့ကကျေးဇူးတင်ဝမ်းသာမိပါတယ်။

  • ဦး ကျောက်ခဲ

    February 17, 2013 at 6:04 pm

    ဪ… အန်တီအေးရေးမှ ပုသိမ်ကအဲဒီတပ်ကုန်းကို သတိရမိတော့တယ်

    ယောက်ဖတော် ဘိုဖိုးထောင် ရှမ်းမြောက်မှာ ခွန်ဆာတို့နဲ့ချတော့
    နှမလုပ်သူက ကိုယ်ဝန်ကြီးနဲ့ အိမ်မှာ တငိုငိုတရယ်ရယ်
    ကျွန်တော့မှာလည်း ကိုယ့်နှမ မုဆိုးမဖြစ်ရင် ခက်ရချည်ရဲ့လို့
    ကြားထဲက မနေနိုင်မထိုင်နိုင် ဗျာပါဒများမိသေးရဲ့….
    အင်း… ငြိမ်းချမ်းပါစေလို့သာ ဆုတောင်းပါရစေ…

    • aye.kk

      February 17, 2013 at 8:47 pm

      ဦးကျောက်ခဲရေ
      လာရောက်ဖတ်ရှုသွားတာကျေးဇူးပါ။

  • မောင်ပေ

    February 17, 2013 at 7:35 pm

    ခမရ လား ခလရ လား ဗျို ့
    ခမရ ဆိုပြီး စစ်ရှုံးပြန်တယ်ဆိုရင်တော့ ၊ အန်တီအေး တို ့ငယ်တုန်းက တပ်က နဲနဲညံ့တယ်လို ့ဆိုရမှာပဲ

  • aye.kk

    February 17, 2013 at 8:42 pm

    ကိုပေရေ
    ခလရ(၃ဂ)ပါ ။အမြဲတန်းအောင်ပွဲရပြန်လာတာကများပါတယ်။
    အန်တီအေးနေခဲ့တဲ့အချိန်က၁၉၇၇၊၁၉၇၈ခုနှစ်အစောပိုင်းကာလပါ။
    ခုလိုနွေဦးရာသီကာလပါဘဲကွယ်။ခြေလျှင်တပ်ရင်းတစ်ခုလုံးနီးပါးပါ။ တပ်ရင်းမှူးအပါဝင် ရှေ့တန်းမှာအသက်ပေးခဲ့ရတာပါ။။

  • padonmar

    February 17, 2013 at 10:06 pm

    ဒီလိုရေးပြတော့လည်း မတရားတဲ့ဘောင်းဘီဝတ်တွေကြောင့် အမုန်းခံနေရတဲ့ စစ်သားတွေဖက်ကိုလည်း စာနာနိုင်သွားပါတယ်။
    ငယ်ငယ်က တပ်မတော်နေ့ချီတက်ရင် ဦးဝိစာရလမ်းမှာ သွားသွားကြည့်ပြီး အားပေးဖြစ်ပါတယ်။
    ခုနောက်ပိုင်းတော့ တီဗွီကလာရင်တောင် မကြည့်ချင်တော့ဘူး။
    အင်း တပ်နဲ့ ပြည်သူ ဘယ်တော့မှ ပြန်ချစ်နိုင်ကြပါ့မလဲ။

    • aye.kk

      February 18, 2013 at 5:22 am

      ဒေါက်တာပဒုမ္မာရေ
      ကျေးဇူးပါ။
      တပ်နဲ ့ပြည်သူပြန်ချစ်ဘို ့ကနှစ်တစ်ထောင်ကျိန်စာလိုပါဘဲ။
      သူဂျီးစကားအငှားသုံးပြောလိုက်ပါရစေ။။

  • Mobile

    February 18, 2013 at 3:58 am

    လေ ့လာဖတ်ရှု့သွားပါ၏…..

  • aye.kk

    February 18, 2013 at 5:28 am

    Mobile
    ကျေးဇူးပါ။။

  • ခင်ခ

    February 18, 2013 at 9:38 am

    တပ်မတော်သားဆိုတာလည်း ပြည်သူထဲကပေါက်ဖွားကျတာပါ။
    တစ်ခါတလေ လူထုက တပ်မတော်က စစ်တပ်က ဆိုတာနဲ့တင် မကောင်းဘူးလို့ မြင်လိုက်ကြတော့တာကို ဒီဘက်ခေတ်အတော်များများမှာ တွေ့လာရတယ်။ အားလုံးမကောင်းဘူးလို့ မဆိုလိုချင်သလို ကောင်းတယ် လို့လည်းမပြောချင်ပါဘူး၊ ကိုယ်နဲ့ ဆက်ဆံတဲ့ ဝန်းကျင်က တပ်မတော်စစ်သားရဲ့ လုပ်ရပ်နဲ့ဘဲဆုံးဖြတ်သင့် ပါတယ်လို့ ယူဆမိပါတယ်။ တစ်ချို့က တပ်ကသူဆိုတာနဲ့ မဆုံချင်ဘူးလို့ ကျွန်တော်ရဲ့ မိတ်ဆွေတစ်ဦး က စကားစပ်မိရင်းပြောလာတယ် ကျွန်တော်လည်းအဲဒီမိတ်ဆွေကို ခင်သော်လည်း နောက်များဆုံတွေ့ခဲလာ တယ်လေ၊ ဘာလို့လဲဆိုတော့ ကျွန်တော်ဝန်းကျင်က တပ်နဲ့မကင်းလို့လေ။

    • aye.kk

      February 18, 2013 at 9:05 pm

      ကိုခင်ခရေ
      အန်တီအနေနဲ ့ခလရ(၃၈)မှာနေခဲ့ဘူးတဲ့အချိန်ပေါ့နော်။
      အမှတ်တရပြန်ပြောပြချင်မိပါတယ်။
      အန်တီကမေးတာပေါ့နော်။ဒုဗိုလ်တစ်ယောက်ကိုပါ။
      စစ်ဗိုလ်လုပ်တာရာထူးအာဏာပါဝါလိုချင်လို ့လားမေးတော့။
      အဲဒီဒုဗိုလ်ကအန်တီအဲဒီလိုမေးလိုက်မိတာကို။အရမ်းကိုစိတ်ဆိုးသွားတယ်။
      ငါစစ်ထဲဝင်တာအမေခွင့်မပြုပါ။အမေမျက်ရည်ကျခဲ့တယ်။
      ငါ့အသက်ကိုအမေကပေးထားတာ။ငါ့ကိုအမေကမွေးခဲ့တာ။
      ငါစစ်ထဲဝင်ဘို ့အိမ်ကထွက်လာတဲ့အချိန်မှာ ။
      အမေကငါ့နောက်ကျောပြင်ကိုကြည့်ပြီးမျက်ရည်တွေတွေကျခဲ့တယ်။
      ငါ့ကိုစွန် ့လွှတ်ဆုံးရှုံးရတော့မှာကိုသိနေလို ့လေ။
      ငါကငယ်ငယ်ထဲကဗိုလ်ချုပ်ကိုသိပ်အားကျတယ်။ လေးစားတယ်။
      ငါဖြစ်ချင်တာကစစ်သားဘဲ။
      တိုင်းပြည်အတွက်ငါ့အသက်ကိုစွန် ့လွတ်နိုင်လို ့ဆုံးဖြတ်ပြီးမှစစ်ထဲဝင်လာတာ ။
      ပြည်သူတွေရဲ ့အသက်အိုးအိမ်စည်းစိမ်လုံခြုံဘို ့အတွက်
      ငါ့အသက်ကိုရှေ ့တန်းတစ်နေရာမှာတိုင်းပြည်အတွက် အချိန်မရွေးပေးဆပ်ထားပြီးသားဘဲ။
      ငါရာထူးပါဝါအာဏာမက်လို ့စစ်ထဲဝင်ခဲ့တာမဟုတ်ဘူးလို ့အန်တီကိုပြောပြခဲ့တာနားထဲကမထွက်ပါ။။

  • Foreign Resident

    February 18, 2013 at 10:58 am

    ” ဒီတစ်ခါ ရှေ့တန်းက တပ်တခုလုံးနီးပါးမျှ ကျဆုံးသည် ”

    မ aye.kk ရေ ၊
    တပ်ရင်း တစ်ရင်းလုံးနီးပါး ပြုတ်သွားတာ ၊
    ခလရ ( ၁၀၆ ) လဲ ကြားခဲ့ဘူးတယ် ။

    • တောတွင်းပျော်

      February 18, 2013 at 11:51 am

      ခလရ ၁၀၆ ဆိုတာ ရေးမြို ့နယ် မော ့ကနင်ရွာက တပ်များလား အဘ? ကျနော်တို ့ရွာနားပေါ ့။
      ကျနော် ၉၆ နောက်ပိုင်းက အဲဒီဖက်ပိုင်းကိုပြောင်းလာတာ။
      ပြုတ်တယ်ဆိုရင်လည်း ၉၆ အရင်ဖက်ပိုင်းမှာဖြစ်မယ်ထင်တယ်။
      နောက်ပိုင်းမှာလည်း အဲဒီတပ် မြဝတီသင်္ကန်းညီနောင်ဖက်မှာလည်း တော်တော်လေးခံလိုက်ရသေးတယ်။

      • Foreign Resident

        February 18, 2013 at 12:44 pm

        ၇ဝ ကျော်လောက်က ဖြစ်တာ ထင်တာပဲ ။

    • aye.

      February 18, 2013 at 9:14 pm

      အဘဖောရေ
      တပ်ရင်း တစ်ရင်းလုံးနီးပါး ပြုတ်သွားသည်လို ့သုံးရမှာ။
      ပြင်လိုက်ပါပြီနော် အဘဖော ။ကျေးဇူးပါ ။။

  • surmi

    February 18, 2013 at 11:31 am

    တစ်ချိန်ကတပ်နဲ ့ ယခုအချိန်တပ် နဲ ့ နဲနဲကွာမယ်ထင်တယ်
    ကျနော့်ကျောင်းနေဖက်တွေဆိုရင် တစ်ချို ့ကတပ်ရင်းမှူးဖြစ်တဲ ့သူကဖြစ်
    တစ်ချို ့ကလည်းအင်ဂျင်နီယာတပ်မှာပေါ ့ ။ မတွေ ့တာ ဆယ်တန်းအောင်ပြီးကတည်းက
    ဆိုပေမဲ ့ ဖုန်းတော့ဆက်ဖြစ်တယ် ။ဖုန်းထဲမှာ အရင်လိုပါပဲ ဆဲလိုက် ဆိုလိုက်နဲ ့ပေါ ့ ။
    ကောင်းတယ်မကောင်းဘူးဆိုတာ လူနဲ ့ဆိုင်မယ်ထင်တယ် ။
    စစ်အုပ်ချုပ်ရေးစနစ်ကိုမကြိုက်တာနဲ ့ အရေးအကြောင်းဆို သေနပ်မှန်ပြီး
    ရှေ ့ကသေမည် ့စ စ်သားလေးတွေကို မုန်ဖို ့မလိုပါဘူး။
    သူတို ့က စစ်သားအဖြစ် အသက်မွေးရတာလေ ။ ကျွေးတာစားပြီးရင်
    ခိုင်းတာလုပ်ရတာပေါ ့ဗျာ ။
    ခိုင်းတဲ ့ သူတွေကသာ …………….

  • pooch

    February 18, 2013 at 4:00 pm

    စစ်သားကောင်းဆိုတာ ငယ်ငယ်က မြန်မာ့အသံက လွှင့်တဲ့ ရှေးကားတွေမှာပဲ မြင်ဖူးခဲ့တာပါ အန်တီအေးရယ်
    ဒီလိုမျိူးတွေ သိပ်မသိခဲ့ရပါဘူး ၈၈ နောက်ပိုင်းမှ အရွယ်ရောက်လာတာမို့ပါ။

    ကျမတို့ သိတတ်တော့ စစ်ဆိုတာ စစ်သားဆိုတာကို အမုန်းစာရင်းသွင်းရမဲ့ ခေတ်ဖြစ်နေပြီလေ။
    ခုနောက်ပိုင်းတော့လည်း စစ်တပ်မရှိရင် တိုင်းပြည်ဆိုတာ မရှိခဲ့လောက်ဖူးလို့လဲ တွေးတတ်နေပါပြီ။

    သူတို့ သမိုင်းက ကျမတို့ လက်ထက်မှ အမဲဖြစ်ခဲ့ရှာတာလေ။ အရင်သမိုင်းတွေ ပြန်ကြည့်တော့လည်း သူတို့သည်လည်း စနစ်တခုရဲ့ သားကောင်တွေလို့ နားလည်မိတယ်။

    ခေတ်ပျက်မှာတော့ အရာအားလုံးဟာ သူ့နေရာနဲ့ သူ အံ့ဝင်ခွင်ကျ မဖြစ်ပဲ အလွဲလွဲအချော်ချော်ဖြစ်ခဲ့ကြပြီလေ။

    ခုချိန်ခါမှာတော့ စစ်တပ်စစ်သားတွေလည်း သမိုင်းကောင်းအောင် ပြန်ပြုပြင်ဖို့အခွင့်ရေးရနေပါပြီ ။ ပြင်ဖို့လည်း မျှော်လင့်တယ် ။ မမုန်းချင်တော့ပါဘူး ခေတ်ပျက်မှာ လူဖြစ်လာသူချင်းအတူတူ။

  • nozomi

    February 18, 2013 at 5:54 pm

    အရင်က ကြားခဲ့ဖူးတယ်
    နင့်သား သိပ်ဆိုးနေတယ် စည်းကမ်းလဲမဲ့လိုက်တာ တပ်ထဲသွင်းလိုက် ဒါမှ စည်းနဲ့ ကမ်းနဲ့ နေတတ်မယ် သူ့ဘဝလဲ တိုးတက်မယ်

    နင့်သမီး ကို အိမ်ထောင်ချပေးမယ် ဆို စစ်သားနဲ့သာ ပေးစားလိုက် နေထိုင် စားသောက်ရေး အပြီးအစီး ဘာမှ ပူ စရာ မလို ဘူး

    အခု ရော ……?

  • aye.kk

    February 18, 2013 at 9:45 pm

    ကိုဆာမိရေ
    ကျေးဇူးပါ
    ———————————————————————————————–
    ပုချ်ရေ
    ကျေးဇူးပါ။
    အန်တီမောင်လေးကခမရ(၃၀၄)စစ်မြေပြင်မှာကျဆုံးသွားတာပါ။(နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာမြင့်ခဲ့ပါပြီ)
    အမေကမောင်လေးရဲ ့စစ်မှုထမ်းသက်ပင်စင်ခုထိခံစားနေတဲ့သူပါ။။
    ————————————————————————————————
    nozomi ရေ။
    ကျေးဇူးပါ။
    အရင်တုန်းကတော့ဟုတ်ပါတယ် ။
    အခုတော့…….ကွာဟသွားပြီလို ့ထင်မြင်မိပါတယ်။။

  • ဦးကြောင်ကြီး

    February 19, 2013 at 11:51 am

    တပ်ရင်းမှူး
    ချက်ခြင်းထူး
    ဟပ်မြင်းပူး
    သက်နှင်းဖူး..။
    အနော်လည်း ခမရ ပါပဲ…။ ချောင်းမြောင်းရိုက် အကျင့်ပါနေလို့…. :kwi:

  • kyeemite

    February 19, 2013 at 2:43 pm

    အန်တီအေးရေ…ကျနော်ကလည်းစစ်သား သားသမီးတစ်ယောက်ပါ…
    အဖေက ခြေလျှင်တပ်တွေမှာတွဲဖက်အဖြစ်နေခဲ့ရတာဆိုတော့…
    ရှေ့တန်းပြန်အတွေ့အကြုံတွေ ကြုံဖူးပါကြောင်း….ဝမ်းသာစွာကြိုခဲ့ရသလို
    ငိုယိုပီး ကြိုခဲ့ရတာတွေလည်းအမှတ်ရမိပါဂျောင်းးးးးး

  • aye.kk

    February 19, 2013 at 5:03 pm

    ုkyeemite,ရေ
    ကျေးဇူးပါ။
    ခလရ(၆၀)ညောင်လေးပင်မှာနေခဲ့ဘူးတုန်းကလည်း၊အပျော်ဆုံးဖြစ်ခဲ့ရပါတယ်။
    လွတ်လပ်ရေးနေ ့ပျော်ပွဲရွှင်ပွဲကျင်းပတော့
    အန်တီအနေနဲ ့ကဗျာပြိုင်ပွဲမှာဆုရခဲ့ဘူးတာ၊အမှတ်တရဖြစ်ခဲ့ရလို ့ပါ။။

  • kai

    February 20, 2013 at 4:01 am

    စစ်သားက စစ်သားအလုပ်လုပ်ကြချိန်မှာ.. စစ်သားကို လူတွေချစ်ကြမယ်လို့သေချာမိပါတယ်..
    ဝက်စ်ပွိုင့်ဆင်း စစ်သားတွေများ ရောင်းကောင်းလိုက်မယ်ဖြစ်ချင်း..
    ကုလငြိမ်းချမ်းရေးတပ်ထဲနေလည်း.. ဝိုင်းဝိုင်းလည်မှာပေါ့…

    အခုတော့..
    သား၂သားတို့ရေ…
    သားတသားအတက်ကို.. စောင့်လိုက်ဦး… :harr:

  • အန်တီအေး ခင်ဗျာ ….

    ဖေဖော်ဝါရီ စာပေဆု အတွက် ဖိတ်စာ လိုက်ဝေနေတာပါ ခင်ဗျ …
    နောက်ကျတာကိုတော့ မသိချင်ယောင် ဆောင်ပေးပါလို့ .. ဟီး .. :mrgreen:
    ” မန်းဂဇက်ချစ်သူများစာပေဆု နှင့် ရွာ့ဘုရားပွဲ “ အတွက်
    ဖိတ်စာလေး ထားခဲ့ပါတယ် ခင်ဗျာ ….
    ကြွရောက် အားပေးပါဦးလို့ …..။
    ဒါ့ထက် … ဟိုလေ .. ဖိတ်စာတွေ လိုက်ဝေနေရတာနဲ့ တားတား ဗိုက်ဆာ လာလို့ …. ဟီး .. :mrgreen:

    ဒု – အတွင်းရေးမှူး
    မဟာအံ

Leave a Reply