အမေရိကန်က လေသလပ်ပွဲ ပျော်ပျော်ကြီးဆင်နွှဲ….

Yin Nyine NwayJuly 21, 20101min1229

အမေရိကန်က

လေသလပ်ပွဲ ပျော်ပျော်ကြီးဆင်နွှဲ….

လာလာလေမိတ်ဆွေများ…ပြကြစို ့တူပျော်ပျော်….

အမေရိကန်တွေဟာ ဘယ်အချိန်မှာ ဘယ်လိုပျော်ရမယ်ဆိုတာကိုပဲ အမြဲတွေးနေသိနေသလိုပါပဲ…
ရာနှင် ့ချီပြီးအရေအတွက်ရှိတဲ ့အမေရိကန်တွေဟာ ကယ်လီဖိုးနီးယာပြည်နယ်မှာ နှစ်စဉ်ပြုလုပ်နေကြ
ဖြစ်တဲ ့အထူးအဆန်းပွဲတော်တစ်ခုလို ့ဆိုရမယ် ့ပွဲမှာ ၎င်းတို ့ရဲ ့ဘောင်းဘီတွေ၊ စကဒ်တွေကိုချွတ်ပြီး
၎င်းတို ့ရဲ ့အနောက်ပိုင်းမြင်ကွင်းကို ဖြတ်မောင်းသွားတဲ ့ရထားတွေကို ပြသခဲ
့ကြပါတယ်…

လွန်ခဲ ့တဲ ့နှစ်ပေါင်း ၃ဝ ကတည်းက နှစ်စဉ် ဂျူလိုင်လဆန်းပိုင်းမှာ လူပေါင်း ၁ သောင်းအထိဟာ
အမေရိကန်နိုင်ငံ လဂူနာနီဂွယ် ဆိုတဲ ့မြို ့ကိုလာရောက်စုရုံးကြပြီး မဖွယ်မရာ အနောက်ပိုင်းကိုပြသခဲ ့
ကြတာ တစ်ချိူ ့ဆိုထိုပွဲကိုပါဝင်ဆင်နွှဲဖို ့ဥရောပ ကနေတောင်လာရောက်ကြတယ်လို
့ဆိုပါတယ်…

ပြုံးပြနှုတ်ဆက်…လျှပ်တစ်ပြက်

ရိုက်ချက်…

Amtrak ရထားလမ်းဘေး ပြပွဲဟာတစ်နေ ့လုံးကြာမြင် ့ပြီး ညဘက်အထိပါပြုလုပ်ကြတာမို ့ညနေပိုင်း
အထိပြချင်တဲ ့ ဖိုးပြချင်၊ မပြချင်တွေကတော ့ညဘက်ဖြတ်သွားတဲ ့ရထားပေါ်ကလူတွေ သူတို ့ကို
မြင်နိုင်အောင်မီးတုတ်တွေပါ ယူဆောင်လာဖို ့အကြံပေးထားခဲ ့ကြပါတယ်…
ဝီကီပီးဒီယားရဲ ့အဆိုအရ အဆိုပါဖော်ချွတ်ပြသပွဲဟာ နှစ်ပေါင်း ၂၀၀ဝ နီးပါးသက်တမ်းရှိခဲ ့ပြီး ထိုဒေ
သခံလူများရဲ ့ရိုးရာအစဉ်အလာကို ထိန်းသိမ်းခဲ ့ကြတာလို ့ထင်မြင်ယူဆခဲ ့ကြတာဖြစ်ပါတယ်…

ဒါပေမယ် ့အမှန်တစ်ကယ်ကတော ့၁၉၇၉ ခုနှစ်မှာ အရက်ဆိုင်တစ်ဆိုင်က
ငြင်းခုံပြီးအလောင်းအစား
လုပ်ခဲ ့မှုတစ်ခုကနေစတင်ခဲ ့တာဖြစ်ပြီး ရေဒီယိုဒီဂျေများမှတစ်ဆင် ့အပြင်တစ်ဆင် ့စကားတစ်ဆင် ့
နားနဲ ့လူသိများပြီး ပါဝင်ပြသ သူတွေများပြားလာတာဖြစ်ပါတယ်…
ကိုယ် ့ထမင်းကိုယ်စားပြီး အခမဲ ့ပါဝင်ပြသသူတွေ အမျိူးသား၊ အမျိူးသမီးပေါင်း ၁ သောင်းကျော်
ဟာ ၎င်းတို ့ရဲ ့အောက်ပိုင်းကိုပြသကြတာမို ့ဒါဟာ လူတစ်စုကပြုလုပ်တဲ
့အပျော်သက်သက်ပွဲတစ်
ခုတင်မဟုတ်တော ့ပါဘူး…
ထိုပြပွဲအကြောင်းတရားဝင် အင်တာနက်စာမျက်နှာ Mooning Amtrak မှာဆိုယင် ထိုမြို ့သို ့မည်ကဲ ့
သို ့လာရောက်ရမည်ကိုညွှန်ပြချက်များနှင် ့ထိုနေ ့တစ်နေ ့လုံးဖြတ်သန်းခုတ်မောင်းမည်
့ရထားများ
ရဲ ့အချိန်စာရင်းကိုပါ ဖော်ပြထားပါတယ်…

လူသားအားလုံးကို လေးစားပါတယ်…
လို ့ဆိုချင်တာလား…

၂၀၀၆ ခုနှစ်မှာတော ့မေရီလင်း ပြည်နယ်တရားရုံးက အခုလိုကျားမ မရွေးလူအများလေလာရာဘက်
ကိုစေတနာထက်စွာနဲ ့ပြသတာဟာ အနုပညာဆန်တဲ ့လှစ်ဟမှုအဖြစ် ဆုံးဖြတ်ခဲ ့တာမို ့ဒီပြပွဲအပြု
အမူကို အမေရိကန်ပြည်ထောင်စုဖွဲ ့စည်းပုံအခြေခံဥပဒေပါအချက်အလက်ဖြစ်တဲ ့လွတ်လပ်စွာပြော
ဆိုခွင် ့အရ တရားဝင်တားဆီးကာကွယ်ပေးထားခဲ ့ပါတယ်…
ဖော်ချွတ်ပြသ သူတွေအနေနဲ ့၎င်းတို ့ရဲ ့အရှေ ့အလယ်ပိုင်းဒေသကို
ဖော်ချွတ်ပြီးမပြမချင်းအခုလို
အနောက်ဖက်ပိုင်းကိုဖော်ချွတ်ပြီးပြသတာဟာ မတင် ့တယ်သောပြသချင်းမျိူးမဟုတ်ပါဘူးလို ့အာ
ဏာပိုင်တွေက ဆုံးဖြတ်ခဲ ့ကြပါတယ်…
ဘယ်လိုပဲဖြစ်ဖြစ် ထိုနေ ့မှာထိုမြို ့ကိုဖြတ်သွားတဲ ့ရထားစီးမိသူတွေအတွက် အိပ်မက်ဆိုးတွေမက်
မှာ အမှန်ပါပဲ…

သေချာတာကတော ့ ပွေးတွေ၊ ဝဲတွေ၊ အမာရွတ်တွေရှိသူတွေ ဒီပွဲမျိူးမနွှဲရဲဘူးဆိုတာပါပဲ…

9 comments

  • kai

    July 21, 2010 at 8:11 am

    စရေးတော့ ကယ်လီဖိုးနီးယားဖြစ်နေပြီး ဆုံးတော့ မေရီလင်းနဲ့ပိတ်သွားတယ်..။
    အဲဒီပြည်နယ်၂ခုက မြန်မာပြည်နဲ့ ဂျပန်နိုင်ငံလောက်အကွာအဝေးမက ဝေးပါတယ်။
    နေရာကို အင်္ဂလိပ်လိုလေးပါထည့်ရေးပေးရင် ဘာသာပြန်မူရင်းစာRef: လုပ်ပေးရင် …သွားကြည့်အားပေးချင်သား…။

  • enzo

    July 21, 2010 at 8:29 am

    ကြည့်ချင်လိုက်တာ
    အမေရိကန်ဘဲသွားတော့မယ်

  • moehein87

    July 21, 2010 at 9:19 am

    သူတို့ပျော်ပွဲရွှင်ပွဲကလဲ တမျိုးကြီးပဲ… ယူပြောသလိုပဲ… ထိုနေ့မှာ ရထားစီးမိသူတွေအတွက် အိပ်မက်ဆိုးတွေမက်
    မှာ အမှန်ပါပဲ…

  • etone

    July 21, 2010 at 9:23 am

    အရူးတွေပဲ ။ အရှက်ကိုမရှိဘူး ။

  • cobra

    July 21, 2010 at 10:23 am

    ဟိုက်…သူတို့ရူးတာမဟုတ်ဘူး…။ပျော်နေတာလေ…။မတွေ့လို့လား။

  • snique

    August 3, 2010 at 6:38 am

    း) ဟုတ်ပါ့ ဗျာ ဘာပြောရမှန်းတောင်မသိ ကို လက်ခံထားတာ နဲ ့လွဲ ရင် တခြားလူကို မကောင်းပြောသလိုကိုဖြစ်နေပြီ သူတို ့လဲ သူတို ့ယဉ်ကျေးမှုနဲ ့သူတို ့ပေါ့ဗျာ

  • naywoonni

    October 22, 2010 at 4:35 pm

    တို့ဆီကမော်ဒယ်တွေလည်းသိရင်
    သွားချင်သွားနေမှာ………………
    တို့ကတော့သွားမပြချင်ပါဘူး
    ကိုယ့်ဆီလာပြရင်ေတော့တစ်မျိုးပေါ့

  • cruz

    October 22, 2010 at 4:43 pm

    သူတို့ဆီတော့ သိပ်မထူးဆန်းသလိုဖြစ်နေမှာပေါ့နော်….မြန်မာပြည်ဆိုလို့ကတော့…ဟွင်းဟွင်း….
    ပြူးနေအောင်ကြည့်လိုက်ကြမယ့်ဖြစ်ခြင်း

  • windtalker

    October 6, 2011 at 12:42 pm

    ဖွေးဖွေးဖော်
    ဖူးဖူး…ဖူးဖူး
    ( မှတ်ချက် မြန်မာပြည်တွင် ဆိုလျှင်
    ရထားပေါ်မှ လေးခွဖြင့်
    လက်ကမြင်းလာနိုင်ပါသည် )

Leave a Reply