စိတ်အဆာကို အစာကျွေးမိခြင်း….

ဇောက် ထိုးFebruary 17, 20131min12410

ရုပ်လေး လှလှ…မလှလှ …. စိတ်လေးလှမှ ငြိမ်းချမ်းမည်။

အသားဖြူဖြူ…မဖြူဖြူ…စိတ်ထားဖြူမှ ငြိမ်းချမ်းမည်။

ပစ္စည်းချမ်းသာ…. မချမ်းသာ…စိတ်ချမ်းသာမှ ငြိမ်းချမ်းမည်။

ဘာတွေသိသိ…..မသိသိ..ကျေးဇူးသိမှ ငြိမ်းချမ်းမည်။

ဘာနဲ့ ပျော်ပျော် မပျော်ပျော် တရားပျော်မှ ငြိမ်းချမ်းမည်။

မည်သူကောင်းကောင်း…..မကောင်းကောင်း…ကိုယ်ကကောင်းမှ ကိုယ်ငြိမ်းမည်။

10 comments

  • ဒီလူဂျီးးး
    ဘယ်ချောင်က ပြန်ပေါ်လာဒုံးး :mrgreen:
    ဟဲဟဲ ..
    နှုတ်ခွန်းဆက်ရင်း အားပေးသွားပါတယ်ဗျာ …

    • ဇောက် ထိုး

      February 18, 2013 at 8:11 am

      စကိုင်းချောင်က ပြန်ပေါ်လာတာပါ ကိုရာဇာရေ.. ခုဘွဲ့ထူးဂုဏ်ထူးတွေ သိပ်မပါပြန်တော့ဘူးနော်… ခပ်စောစောက အနန္တတွေရော စကြာဝဠာတွေရော…သူ့ခေတ်နဲ့သူပေါ့နော်…

  • padonmar

    February 17, 2013 at 10:09 pm

    ဟော တွေ့ဆုံပွဲတုံးက လာမယ်ပြောမလားမျှော်မိသေးတယ်။

    • ဇောက် ထိုး

      February 18, 2013 at 8:13 am

      လူမရောက်ပေမယ့် စိတ်ကရောက်နေပါတယ်။ အားလုံးပျော်နေကြတာတွေတွေ့မြင်ရတော့ ကျွန်တော်လဲ ပျော်လိုက်တာလွန်ပါရောလား…

    • Foreign Resident

      February 18, 2013 at 10:44 am

      အခုမှ သတိထားမိတယ် ၊
      နှစ်ယောက်လုံး ရဲ့ Avatar တွေက ကြာပန်းတွေပဲ ။ အနီ အဖြူ ပဲကွာတယ် ။
      ဂိုဏ်းတူ မောင်နှမတွေလား မသိ ၊ ဟီ ဟိ ၊ နောက်ထှာ ။

  • Mobile

    February 18, 2013 at 3:18 am

    ဘယ်သူဝင်ဖတ်ဖတ်မဖတ်ဖတ် ကျုပ်ဝင်ဖတ်တော့ ကျုပ်ဗဟုသုတရပါ၏…
    ဘယ်သူကွန်မန်းပေးပေး မပေးပေး ကျုပ်ပေးထားခဲ့တော့ အမှတ်ရပါ၏…..

  • ဇောက် ထိုး

    February 18, 2013 at 8:08 am

    အဲဒါအမှန်ဆုံးပဲ….သူ့ထက်မှန်တာတောင် သူလောက်မမှန်လောက်ဘူး..ဟုတ်တယ်နော် modile.. ကျေးဇူး.

  • surmi

    February 18, 2013 at 9:48 am

    မပေး ပေးပေး ….ပေးပေးပေး
    ရအောင်ယူဖို ့ဝန်မလေး ….
    မကြိုက် ကြိုက်ြ ကိုက် ကြိုက်ကြိုက်ကြိုက်
    နှိုက်ပစ် လိုက်မယ် ခါးပိုက်နှိုက် …..
    :harr:
    ဦးဇင်းဇောက်ဇောက် ဘုရား
    ကျန်းမာတော်မူပါစ ဘုရား …..
    တပည် ့တော်တို ့လည်း သတိတရှိကြောင်းပါဘုရား ……

  • ဇောက် ထိုး

    February 18, 2013 at 11:30 am

    ဟဲ့..ဒကာတော် ဆာမိ..ဦးဇင်းက သတိရလို့ ဒကာဆာမိတို့က သတိရတာပါဟဲ့… မေတ္တာဆိုတာ အသွား အပြန်ရှိပါတယ်။ မေတ္တာဆိုတာ မှန်လိုပဲတဲ့.. ဒါပေမယ့် ပြဒါးနဲ့တူတဲ့ စိတ်ရင်းအမှန်ဖြစ်ဖို့တော့လိုတယ်နော် ဒကာဆာမိ…ဟိ

  • Mr. MarGa

    February 18, 2013 at 9:11 pm

    မည်သူ ကောင်းကောင်း မကောင်းကောင်း ကိုယ်ကကောင်းမှ ကိုယ်ငြိမ်းမည်

    ဦးမာဃတော့ အဲဒါကို ဒီလိုလေးပြင်မယ်
    မည်သူကောင်းကောင်း မကောင်းကောင်း သိကြားကတော့ ကောင်းပါသည်။

Leave a Reply