ဆောင်းနှောင်းရက် များက အညာမြေ (3 in 1)

Mလုလင္February 17, 20133min27122

အချိန်အားလေး ရတာနဲ့ မဖြစ်ဖြစ် အောင်ခရီးထွက် ရတာ ကလဲ ဝါသနာပါ။ အသွားအများဆုံး နဲ့ အဆက်အကျဆုံးကလဲ မန္တလေး ပါ။ အခုလဲ အညာသူ နဲ့ ရပြီး အညာသား တပိုင်း ပါပဲ . . ဒီရက်ထဲ ဓာတ်ပုံ မရိုက်ဖြစ်လို့ လူက ထုံထိုင်းထိုင်း ဖြစ်နေရာကနေ . . . . အားလပ်ရက် ၂ ရက် ထပ် သွားတာနဲ့ မန်းလေး သွားဖြစ်ခဲ့ပါတယ်။
ထုံးစံ အတိုင်းပေါ့ . . ရွာထဲ က စီနီယာ တွေဖြစ်တဲ့ ကိုပေါက် တို့ ရွှေမင်းသား တို့ နဲ့ တွေ့ပြီး ရိုက်ကြနှက်ကြ ပေါ့ .. ဗျာ . .
အဲ့ဒါလေး ပါ . . ဓာတ်ပုံ ၉ ပုံလောက် တင်ချင်လို့ပါဗျို ့ . . . .

ဦးပေါက် (မန်းလေး) လက်ရာမွန်
ဦးပေါက် (မန်းလေး) လက်ရာမွန်
ရွှေမင်းသား ရဲ့ လက်ရာမွန်
ရွှေမင်းသား ရဲ့ လက်ရာမွန်
Mလုလင် ရဲ့ လက်ရာမွန်
Mလုလင် ရဲ့ လက်ရာမွန်
ဦးပေါက် (မန်းလေး) ရဲ့ လက်ရာမွန်
ဦးပေါက် (မန်းလေး) ရဲ့ လက်ရာမွန်
ရွှေမင်းသား ရဲ့ လက်ရာမွန်
ရွှေမင်းသား ရဲ့ လက်ရာမွန်
Mလုလင် ရဲ့ လက်ရာမွန်
Mလုလင် ရဲ့ လက်ရာမွန်
ဦးပေါက် (မန်းလေး) ရဲ့ လက်ရာမွန်
ဦးပေါက် (မန်းလေး) ရဲ့ လက်ရာမွန်
ရွှေမင်းသား ရဲ့ လက်ရာမွန်
ရွှေမင်းသား ရဲ့ လက်ရာမွန်
Mလုလင် ရဲ့ လက်ရာမွန်
Mလုလင် ရဲ့ လက်ရာမွန်

ဒီ ရက်ထဲ မှာ post တင်တာ ကြဲ သွားတယ်ဗျာ . . . . ခရီး ထွက်နိုင်လောက်တဲ့ ထိ လဲ မအား . . ဆိုတော့ ပြန်ခါနီး တိုင်း လိုက်ပို့ ပေးပြီး လက်ဖက်ရည် တိုက်တဲ့ ကိုပေ နဲ့ ဓာတ်ပုံ ရိုက်ဖြစ်ဖို့ အားပေး တဲ့ ရောင်းရင်း မိတ်ဆွေကြီး တွေကို ကျေးဇူး ပါလို့ . . . ..

လေးစားစွာဖြင့်
Mလုလင်

22 comments

  • padonmar

    February 18, 2013 at 12:23 am

    လုလင်ပြန်ရောက်ပြီကိုး။
    လေးပေါက်ဆိုရင် ရေနဲ့ တိမ်ပုံ
    ရွှေမင်းသားဆိုရင် Rule of Third
    လုလင်ဆိုရင် ကလေးတွေပုံ
    အဲဒီလို စပယ်ရှယ်လိုက် လုပ်ထားကြသလိုပဲ။
    အားလုံးလှပါသဗျိုး။
    ကလေးလေး ရေထဲကအကျကတော့ ရှယ်ပဲ။အဲလိုရိုက်တတ်ချင်လိုက်တာ။
    အရီးမြင်လို့ကတော့ ကလေးတွေကို naked မရိုက်ရဘူးပြောနေမလားပဲ။

    • Mလုလင်

      February 18, 2013 at 1:06 am

      အဟီး . . Naked ဟုတ်ဘူး တီတီ ရဲ့ . . အဲ့ နေရာကို ရေစက် တွေ နဲ့ . . ဖုံး ထားပါရဲ့ . . ခွိခွိ . . . . ပုံ မတင်ခင် ထဲက ကြို သတိ ပေးတဲ့ သူက ပေးပါရဲ့ . . . . . အဲ့ကောင်တွေ အတင်း ဝိုင်း ပြီး ခုန်ချ နေကြလို့ . တစ်ယောက် နဲ့ တစ်ယောက် ဖိမိ မှာ စိုးလို့ . . လိုချင်တဲ့ ပုံတောင် မရိုက်ခဲ့ရဘူး . .

  • သကြားလုုံးကြော်

    February 18, 2013 at 12:56 am

    ဟာ ကျမလည်းတပုုံချင်းကြည့်ပြီး အဲဒီလိုုပဲပြောမလိုု့ စိတ်ထဲဝင်လာတာ ကွန်မန့်တွေတွေ့တော့မှ အန်တီပဒုုံမာကဦးသွားတယ်။
    လူတစ်ယောက် စတိုုင်တစ်မျိုးစီ ရှိတယ်။
    – လေးပေါက်က နေထွက် နေဝင် ရိုုက်တယ်။
    – ရွှေမင်းသားက ဝိုုက် ရိုုက်တယ်။
    – Mလုုလင်က lifestyle ခေါ်မလား၊ လူ့ဘဝတွေကိုု ရိုုက်တယ်။

    လေးပုုံမြောက်က လေးပေါက်ရဲ့ နေဝင် ပုုံနဲ့ နောက်ဆုုံးက Mလုုလင်ရဲ့ အုုတ်ဖိုုပုုံကိုု ကြိုက်ပါသည်။

    အန်တီပဒုုံမာကိုု အားမနာပါးမနာ ဆရာတတ်ရရင်ဖြင့် ရေထဲအကျပုုံမျိုးရိုုက်ချင်ရင် fast shutter speed သုုံးပါ။ Tv mode ပြောင်းပြီး 1/big number (e.g: 1/500 s or 1/1000 s) တိုု့နဲ့ စမ်းကြည့်ပါ။ ထိန်ထိန်လင်းလင်းရှိတဲ့ နေရာမှာ စစမ်းနော်။ ပြေးနေတဲ့ ခွေးတိုု့ ၊ ခုုန်နေတဲ့ လူတိုု့ ၊လမ်းပေါ်မှာမောင်းသွားတဲ့ကားတိုု့ စမ်းရိုုက်ကြည့်။

    • Mလုလင်

      February 19, 2013 at 6:44 pm

      ဒေါ်သကြား . . လဲ ရိုက်ပါဦးနော့ . . . . . လက်ရာတွေ မတွေ့တာ ကြာပြီ . . . မျှော်နေမယ် . . ။

  • padonmar

    February 18, 2013 at 1:15 am

    ဒီလိုဆို ချိုချဉ်ကြော်လုံးလုံးနဲ့ အန်တီ စိတ်ချင်းတိုက်ဆိုင်နေတာပေါ့။
    အားမနာတမ်း ဆရာတတ်လို့ ရပါတယ် သမီးရေ။
    သမီးပြောသလို စမ်းကြည့်အုံးမယ်။

    • Mလုလင်

      February 19, 2013 at 6:46 pm

      စမ်းဖြစ်အောင် စမ်းပြီး ရင် ပြန် ပြပါဦး . . တီတီ ရေ . . . . ကြည့်ချင်လို့ . . ပါ။

  • Mobile

    February 18, 2013 at 3:12 am

    နံပါတ် ၂ ပုံလေးကိုတော့ဖြင့် ကြိုက်သကွယ်………

  • kyeemite

    February 18, 2013 at 8:52 am

    ပုံအားလုံးတစ်မျိုးစီအရသာပေးပါသဗျာ..
    ရွှေမင်းသားရဲ့ လက်ပံပင်ပုံရိုက်ထားပုံလေးနှစ်သက်မိပါ၏။

  • weiwei

    February 18, 2013 at 9:38 am

    ဓါတ်ပုံတွေကို ဘယ်သူရိုက်တယ်ဆိုတာမပြောပဲနဲ့ မေးခွန်းမေးမယ်ဆိုရင်တောင် ဘယ်သူ့လက်ရာဆိုတာ ပြောနိုင်လောက်အောင် သိသာသွားပြီ …
    ပုံတွေအားလုံးကြိုက်ပါတယ် … အထူးသဖြင့် ရွှေမင်းသားလက်ရာပုံတွေကို ပိုကြိုက်တယ် ..

  • surmi

    February 18, 2013 at 10:24 am

    ဒီနေ ့တော ့ကံကောင်ပြီး ကွန်နက်ရှင်ကောင်းလို့ ့ပုံတွေကြည် ့ခွင် ့ရလိုက်ပါတယ်
    ပျောက်နေတဲ ့ ကိုရွှေမင်းသားလက်ရာလည်းပြန်တွေ့လိုက်ရသလို
    ကိုလုလင်ပုံ တွေလည်း ပြန်ကြည် ့ခွင် ့ရလိုက်ပါတယ်
    ခုမှရောပြီး ကျေးဇူးတင်ကြောင်းပြောရဦးမယ် ။ ကျနော်တို ့ပုံလေးတွေအတွက်ပါ ။
    ဦးပေါက်ပုံတွေကတော့ လိုင်းကောင်းရင်အမြဲ ကြည့်ပြီး အရသာခံဖြစ်တယ်

  • Foreign Resident

    February 18, 2013 at 11:04 am

    ပုံအားလုံး ကောင်းပါတယ်ကွယ် ။

  • moonpoem

    February 18, 2013 at 11:35 am

    ပျောက်တော်မူ ဆရာကြီးရဲ ့ပုံလာသော ဓာတ်ပုံတွေက တော်တော်လှတာပဲ။ လေးပေါက်တို ့ကိုရွှေမင်းသားတို ့နည်းတူ အမ်လုလင်ကိုလည်း အားပေးနေပါကြောင်း။

  • မင်းနန္ဓာ

    February 18, 2013 at 12:01 pm

    သုံးယောက်ပေါင်း ရိုက်ချက်… လန်းလှတဲ့ ပုံတွေချည်းပဲ..

  • လေးယောက်ပေါင်းလောင်းကျော်ချင်တာ
    အခုတစ်ယောက်ပျောက်နေတာ စိတ်မကောင်းပါ။
    ကဲ ကျနော်တို့ပုံတွမှန်းလို့ရပြီဆိုဘဲ။
    နောက်တစ်ခါ ပဟေဠိပွဲလေး လုပ်ကြအုံးစို့။

    အညာနွေ ဆိုတဲ့နာမယ်လေးနဲ့
    ကဲလုလင်ရေပြန်လာခဲ့အုံးနော်

  • ဂန္ဓာရီ ဆြာအုပ်

    February 19, 2013 at 1:51 am

    လှချက်တော့
    ပျောက်ချက်သားကောင်းနေတဲ့ ကလုလင်ကလဲ သရဲထထခြောက်တယ်ထင်ပ
    ဥပေါက် ပုံလေးတွေ တော်တော်လှပါတယ် ဗယာကြော် ဗူးသီးကြော်ပါဗျာ

    • Mလုလင်

      February 19, 2013 at 6:51 pm

      ကျုပ်မလဲ . .ဝမ်းရေး အတွက် ရုန်းကန် နေရတော့ . . ဓာတ်ပုံ ရိုက်ဖိုု့ကို တော်တော် အားထုတ် ရတယ်ဗျာ . . . . . . ကဲ . . ဦးပေါက် ရေ . . လှတယ် တဲ့ . .ပြောကုန်ကြပြီ နော့ . . . . .။

  • ရဲစည်

    February 19, 2013 at 2:04 am

    ပုံတွေ လွှတ်ကောင်း၏ ။
    ဒါပေသိ ကျုပ်ရိုက်ရင် ဒိထက်ပိုကောင်းမယ် ထင်၏ ။
    အဘယ့်ကြောင့်ဆိုသော် …
    မနက်နေထွက်၊ ညနေ နေဝင် ကျုပ်အမူးမပြေသေးတဲ့ အချိန်နဲ့ မူးတူးတူးအချိန်
    နေဆို ဟန်းရှိတ်ထ်ကြောင့် ခင်ညားတို့ ၁ဝလုံးလောက် မြင်ရမှာ
    ဝိုက်ဒ် .. ဟမ်းဟမ်း သိပ်အားထည့်စရာ မလိုဘူး ကျုပ်ကင်မလာ ပြောင်းအထိုင်ကိုက ရွဲ့ပီးစောင်းနေတာ
    လိုက်ဖ်စတိုင် … ညှင်းညှင်း
    ပျင်းတောင် ပျင်းသေးတယ် ဘယ်သူ့မှ ဆင်ရိုက်စရာ မလိုဘူး … ကျုပ်ပုံ ကျုပ်ပြန်ရိုက်ရင်တောင် လွှတ်လှနေတာ
    ဟိုနေ့ကလို ထမ်းထုတ်ရတဲ့ပုံမျိုး ဘယ်မှာ ရနိူင်မတုန်း …
    ဆိုတော့ ကြိုးစားကြဇေလိုပါတယ် … :harr:
    ငါတွ .. အိုဘဲ့ ကင်မလာမူး
    …………………………..
    အလားဂါးဆဒါ… ကွိကွိ

  • မောင်ပေ

    February 19, 2013 at 8:16 pm

    ကလေးအမေက သူ ့ကလေး ဂွေးဖျောက်ပစ်လိုက်လို ့တဲ့
    အဲဒါ အဲဒါ

    • ဂန္ဓာရီ ဆြာအုပ်

      February 19, 2013 at 9:01 pm

      အဲဒါကလုလင်မှာ တာဝန်အပြည့်ရှိတာပေါ့..
      အစားတပ်ပေးလိုက်

      • Mလုလင်

        February 19, 2013 at 11:31 pm

        အဲ့ဒါ ခဏ ငှား ဗျာ . .

        • မဟာရာဇာ အံစာတုံး

          February 20, 2013 at 12:10 am

          ဟက်လူ …
          ခုချိန် ခညားမှ အသုံးမလိုသေးတာ ..
          ကိုယ့်ဟာကိုယ်ဘဲ တပ်ပေးလိုက်ဘာ့လား .. ဟားဟား :mrgreen:

          ++++++++++

          ပုံတွေအားလုံး ရှယ်ပဲဗျို့ ….

          ဖေပေါက်ဂျီး ကတော့ …
          လူကြီးဆိုတော့ကာ သူ ဝီရိယ ဘယ်လောက်ကောင်းကြောင်း
          ကြွားချင်လို့ ထင်ဘာဒယ် … ဟဲဟဲ … :mrgreen:
          (နောက်ဒါနော် … ဂယ်မှတ်နဲ့)
          နေဝင် နေထွက် ပုံတွေကို ရိုက်နှက်တာ များဒယ် …

          ကိုရွှေမင်းသား ကတော့ဖြင့် …
          ဘဝ ပုံတွေကို အားသန်တယ် ထင့် …
          သစ်ပင်နဲ့ ဘောင်ကွက် ရိုက်တာတွေလည်း တွေ့ရပါ့ …

          ကိုလု ကတော့ဗျာ …
          ကိုခလေး ဂွေးပျောက် ရိုက်တယ်ဆိုဒေါ့ … ဟဲဟဲ …
          တော်ပီ .. နောက်ခါ …
          ကိုလု ဒါ့ပုံရိုက်မယ်ဆို ဝေးဝေးက ရှောင်နေမှ … ခွီခွိ .. :mrgreen:

        • Mလုလင်

          February 25, 2013 at 1:10 am

          အောင်မာ … သူကျတော့ သုံး နေရတဲ့ အတိုင်း . . . ဟိတ်လူ .. Expire ဖြစ်နေပြီ မလားဗျ . . . .

Leave a Reply