2018World Cup အိမ်ရှင် မြန်မာနိုင်ငံ

Yin Nyine NwayJuly 21, 20101min15912

2018 Word Cup ကျင်းပခွင် ့အား အိမ်ရှင်နိုင်ငံအဖြစ်မြန်မာနိူင်ငံကိုရွှေးချယ်လိုက်ကြောင်း FIFA မှ ဇူလိုင်လ 11 , 2010 ရက်နေ ့က တရားဝင်ထုတ်ပြန်ကြေငြာလိုက်သည်။ 2014ပြိုင်ပွဲကို တောင်အမေရိကတိုက်မှ ဘရာဇီးနိူင်ငံတွင်ကျင်းပမည်ဖြစ်သည်။ 2018 ခုနှစ် တွင် အာရှတို်က်မှလက်ခံကျင်းပရမည်ဖြစ်သောကြောင် ့အိမ်ရှင်အဖြစ်လျှောက်ထားသော အာဖဂန်နစတန် ၊ အီရတ်၊အရှေ့တီမော ၊ မြန်မာ ၊ မော်ဒိုက် ၊ ဘူတန် ၊ မြောက်ကိုရီးယား စသည်နိူင်ငံများထဲမှအသင် ့တော်ဆုံး မြန်မာနိူင်ငံ က ိုမဲအများဆုံးနှင် ့ရွှေးချယ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိူင်ငံ ဘောလုံးအဆင် ့အတန်းမြင် ့မားမှု ၊ ပြည်တွင်း ကလပ်အသင်းများ ကြွှေးမြီဝန်ထုတ်ဝန်ပိုးကင်းရှင်းမှု ၊ ပြိုင်ပွဲဝင်အသင်းများနှင် ့ပရိတ်သတ်များအတွက်လုံခြုံရေးစိတ်ချရမှု၊ သယ်ယူပို ့ဆောင်ရေးနှင် ့ ဘောလုံးအခြေခံအဆောက်အအုံများ ကောင်းမွန်ပြည့်စုံမှုတို ့ကြောင် ့ ရွှေးချယ်ရခြင်းဖြစ်ကြောင်း FIFA ပြန်ကြားရေးအရာရှိ Mr.Dobermanကထုတ်ဖော်ပြောဆိုခဲ ့သည် ။

ဇူလို်င်လ 12 ရက်နေ ့၊ ရန်ကုန်မြို ့၊ Goal Hotel တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ ့ချုပ် မှ
President၊ဦး ဂေါ်ဂေါ် First Secretary ဦးဘန်နီဖင်ပြောင် ၊ Media Officerဦးဆိုးမိုး (ABC) ( IBC မဟုတ်ပါ ABC beer ) တို ့
ကပြိုင်ပွဲအစီအစဉ်များနှင့်ပက်သက်ပြီးသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည် ။

President ဦး ဂေါ်ဂေါ်က“မြန်မာနိူင်ငံရဲ ့လက်ရှိ ဘောလုံးအဆင် ့အတန်းမှာအလွန်မြင့်မားနေပြီဖြစ်ကြောင်း ၊ ဘရုနိင်း ၊ ဖိလစ်ပို်င် ၊ အရှေ့တီမော ၊ဖီဂျီ၊ မော်ဒိုက် ၊ နီပေါ ဘူတန် ၊ ဆိုမာလီယာ ၊ ဂီ်နီ ၊ ဆူဒန် စသည့်နိုင်ငံအသင်းများထက်
သာလွန်နေပြီဖြစ်ကြောင်း ၊ ထိုသို ့မြင့်မားစေရန် ပေါ် ်တူဂီလူမျီုးမောင်ရင်တိုအားနည်းပြချုပ်အဖြစ် ခန် ့အပ်ပြီး ၊

Assistant Coach များ အဖြစ်ဦးဖင်မြင့်တောင်နှင့် ဦးမျိုးလှိုင်ဂွင်း တို ့အား တာဝန်ပေးအပ်ထားကြောင်း ၊ ထို ့ပြင်
MyanmarNational League ပြိုင်ပွဲဝင် Yadanabon FC မှ အိုင်ဗရီကို ့ကစားသမားဂနွန်ဆီယန်နှင့် ကမ်ဘူး ၊ Yangon United FC မှ ဂါနာ ကစားသမား ဟန်ဆန် ၊ ဘမ်ဘာ နှင့်ဘတ်ဖိုးဂျီယန် ၊ Delta United FC မှ နိ်ုင်ဂျီးရီးယား လူမျိုး စတန်လေ တို့ကို
အမည်မဖေါ ်လို သူ မြန်မာမင်းသမီး ၊ အဆိုတော် များဖြစ်ကြသော နံတာလှိုင် ၊စုတ်ပြတ်နံတာ ၊ စန်နီမျောက်လွင် ၊ တင်ဆာဝင့်ကျော်, ဖြဲဖြဲကျော်သိန်း ၊ဂွင်းနီ တို့နှင့် လက်ထပ်စေ ပြီး နိူင်ငံသားခံယူစေခဲ့ခြင်းကြောင့် ဖြစ်ကြောင်း”

ထို ့အပြင် “ ဥရောပတိုက်ရှိ ကလပ်အသင်းကြီးများဖြစ်သော Manchester United , Liverpool FC , West ham United,

Post mouth FC , ACMilan,FC Juventus, AS Roma, SS Lazio, FC Parma , FC Valencia , FC Depotivo LaCaruna
, FC Barcelona , FC Real Betis Olympics , FC Altaico de Bilbao , FC deOlympic Lyonnis , FC de Bordourex စသည့်
ကလပ်အသင်းကြီးများ ကြွှေးမြီဝန်ထုတ်ဝန်ပိုး ပြသာနာများ ရှတ်ထွေးနေချိန်
YadanabonFC , Yangon United FC , Delta United FC , , ,Nay Pyi Taw FC , SouthernMyanmarFC ,

Zay Yar Shwe Myay FC , Kan Baw Za FC, Magway FC, Zwel Ka Pin UnitedFC စသည့် ပြည်တွင်း ကလပ်အသင်းများ
ကြွှေးမြီဝန်ထုတ်ဝန်ပိုး ကင်းရှင်းမှု ကို များစွာဂုဏ်ယူမိကြောင်း”ရှင်းလင်းပြောဆို သွားခဲ့ ့သည်။

ထို ့နောက် First Secretary ဦးဘန်နီဖင်ပြောင်က “၊ပြိုင်ပွဲဝင်အသင်းများနှင့် ့ပရိတ်သတ်များ အတွက်လုံခြုံရေးစိတ်ချရ စေရန်

100%=အာမခံပါကြောင်း ၊ထို့ကြောင့်နိုင်ငံတကာမှေဘောလုံးလူရမ်းကားများကိုအေးအေးသက်သာထိန်းသိမ်းနိုင်
်ကြောင်းပြောဆိုခဲ့သည် ။

ထို ့အပြင် “ကွင်းအတွင်းပိရိတ်သတ် ရမ်းကားမှုများလည်းမရှိကြောင်း ၊ MNL ပြိုင်ပွဲများတွင် ကွင်းလုံခြုံရေး
ရဲတပ်ဖွဲ ့ဝင်များပါ အရက်သောက်၊ ကွမ်းစား ၊ ဘောလုံးပွဲလောင်း ပြီးဘောလုံးပွဲများကိုအေးအေးဆေးဆေး ကြည့်ရှနိုင်ကြောင်း ၊
ရုပ်သံကြည့်ပရိတ်သတ်များအငြင်းအခုံ များမဖြစ်ပွားစေရန် အတွက်လည်း တိုက်ရိုက်ထုတ်လွှင့်နေချိန်ကွင်းအတွင်း
ကစားသမားများ ခိုက်ရန်ဖြစ်ပွားခြင်း ၊ ထိခိုက်ဒဏ်ရာရရှိခြင်းများဖြစ်ပွားပါက
မပြသပဲ Score Board ကြီးကိုသာ ရိုက်ပြသည့် စနစ်များလည်းထားရှိကြောင်း”ပြောဆိုသွားသည်။

ထ ိ့ိုအပြင် ဆက်လက်ပြီး “ပွဲစဉ်များကို ရန်ကုန်ြျမို ့အောင်ဆန်ကွင်း ၊ Y T C ကွင်း နှင် ့ မနျွှလေးမြို ့ဗထူးကွင်း များတွင်
ကျင်းပမည်ဖြစ်ကြောင်း ၊ သယ်ယူပို ့ ဆောင်ရေးအတွက် ပြိုင်ပွဲကျင်းပချိန်တွင်
ယာဉ်ကြောပိတ်ဆို ့မှု ကင်းဝေးစေရန် Bus Cars များ ထားရှိမည်မဟုတ်ပဲ
ခြေလျှင်သာသွားကြရမည်ဖြစ်ကြောင်း ၊ လာရောက်ကြည့်ရှမည့် နိုင်ငံတကာ
ခေါင်းဆောင်များနှင့် Celebrities များအတွက်မှူ ဆိုက်ကား နှင့် ဂါလီ
များအလုံအလောက်ထားရှိပေးသွားမည်”ဟု အကျယ်တဝင့် ပြောဆိုသွားသည်။

ထိုနောက် Media Officer ဦးဆိုးမိုး (ABC) က “ပြိုင်ပွဲ Logo အဖြစ် “““ ဆင်ဖြူတော်
လေးကောင်ဘောလုံးကန်သည့်ပုံ
”””” အား ရွှေးချယ်အတည်ပြုပြီးဖြစ်ကြောင်း

လာပ်ကောင် အရုပ်အဖြစ် င်္ခြသေ့စောင့်ကြောင့်ထိုင်နေသည့် အရုပ် ကို
သတ်မှတ်ထားကြောင်း ၊ ဝေဖန်မှုများ မရှိစေရန် ပေါ့ပါးသော Addidas Co. ထုတ်Jabulani,
Teamgrist , Roteiro စသည့်ဘောလုံးများ ၊ Nike Co. ထုတ် Arrow 90 + ,Arrow Final
50+ , Arrow Orange 90+ စသည့်ဘောလုံးများ အသုံးပြုမည်မဟုတ်ပဲ
မှော်ဘီစက်ရုံထွက် ဘောလုံးများကိုအသုံးပြုမည်ဖြစ်ကြောင်း ၊ပြိုင်ပွဲအဖွင့်သီချင်းအဖြစ် နာမည်ကျော်

တေးရေး ဆရာ X ခိုင် ရေးသားသီကုံး ကော်ပီကူးချ ထားသော ““ ဟေးလား ဝါးလား မြန်မာကွ ””””
(waka waka africa မဟုတ်ပါ) သီချင်းကို နာမည်ကျော် လူငယ် Hip Hop နှင့် Pop အဆိုတော် ဂွင်းနီ က

SexyDance ,Nature of Wild Sexual Life nEnvironmental Friendly Performance တို့
့ဖြင့် သီဆ ိုဖျော်ဖြေ ကပြ သွားမည်ဖြစ်ကြောင်း

““လက်မှတ်မရရှိသော နိုင်ငံတကာပရိတ်သတ်များအတွက် ပွဲစဉ်များ အားလုံးကို ကြည့်ရှနိင်ရန် Fan Fests များအဖြစ်
ရန်ကုန် နှင့် မနျွှှလေး မြိုများရှိ K T V lounge များ ၊ Massage Centersများ ၊ ့်Beer Stations များနှင့် လက်ဖက်ရည်ဆို်င်များ တွင် ဈေနှုန်းချို်သာစွာဖြင့်ပြသပေးသွားမည်ဖြစ်ကြောင်း””””

ထို ့အပြင် “ ပရိတ်သတ် များတီးမှုတ်အားပေးနိုင်ရန် မြန်မာ ့ရိုးရာ ဝါးပုလွေ များ၊
ဝါးလက်ခုပ်များ၊ လင်းကွင်းများ နှင့် နှဲများ၊ မိမိ်နိုင်ငံအသင်းများကို ထိ်ရောက်စွာ
အားပေးနိုင်ရန် မြန်မာ ့ရိုးရာ လောက်လေးဂွ ၊ လောက်စာလုံး နှင့် ဂျင်ကလိများကို

ဈေးနှုန်းချိုသာစွာဖြင့် အများအပြား ထုတ်လုပ်ရောင်းချသွားမည်ဖြစ်ကြောင်း ””

ရှင်းလင်းတင်ပြသွားသည်။

ထိုနောက် Journalists များ၊ သတင်းစာဆရာများ မေးမြန်းသော ချောင်ပိတ်မေးခွန်းများကို
ပါးနပ်စွာဖြေကြားရင်း
သတင်းစာရှင်းလင်းပွဲ ကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်၊၊ ။

12 comments

  • etone

    July 21, 2010 at 9:05 am

    ဘာလဲဟာ အူလည်လည်နဲ့ တကယ်အောက်မေ့လို့ ဖတ်နေတာ နောက်စရာလား ။

  • Yin Nyine Nway

    July 21, 2010 at 9:50 am

    😉
    ဟီး …..ရီစေချင်လို့ပါ

  • enzo

    July 21, 2010 at 10:24 am

    ဟားဟား
    စိတ်ကူးကောင်းတယ်ဗျာ

  • khunaung

    July 21, 2010 at 10:25 am

    ဟားဟား…အစကတည်းမှားနေပါတယ်လို့…….လျျှောက်တဲ့နိုင်ငံတွေကြည့်လိုက်မှ…ဟဟ
    မဆိုးဘူး..ရယ်ရတယ်….ဆက်သာရေး..အောင်မြင်လိမ့်မယ်…ဟာသစာရးဆရာမဖြစ်တောင်..etone ပြောတဲ့ အူလည်လည်တော့ ဖြစ်သွားကြတာပေါ့…

  • zuugyi

    July 21, 2010 at 11:10 am

    ဟုတ်ပ… လူဂျိုး.. ဒဂယ်မှတ်လို့ဖတ်နေတာ… တို့ရွှေမြန်မာနိုင်ငံကတော့.. အိမ်ရှင်အဖြစ်… ၂၀၁၈ မပြောနဲ့ ၂၁၁၈ ခုနှစ်တောင် မသေချာဘူး…
    လာဘ်ကောင်အနေနဲ့ ခြင်္သေ့စောင့်ကြောင့်ထိုင်နေတဲ့ပုံမှာ ခြင်္သေ့ခေါင်းကို ချိုကုပ်ဒူးကြီးခေါင်းထည့်လိုက်ပါ့လား… အဟီး…

  • Yin Nyine Nway

    July 21, 2010 at 11:12 am

    ဟီး …… မတိဘူး…
    ရီရတာတော့အမှန်ဘဲ
    ရီစေချင်လို့ပါ

  • snow

    July 22, 2010 at 7:45 am

    အဟုတ်မှတ်လို့ တကယ်ပဲ ချိတ်ညစ်တယ်…

  • Yin Nyine Nway

    July 22, 2010 at 8:12 am

    ဟုတ်တယ်လေ
    တခါလာလည်း 2018 ကျရင် လုပ်မှာနဲ့
    နာမည်ကြီးနေတာ ဟီး

  • mgmin

    July 22, 2010 at 10:01 am

    ကမ႓ာ့ မသန် မစွမ်း သူများ ဖလား အိမ်ရှင် ပဲ ဖြစ်အောင်ကြိုးစားကြည့်ပါအုံး

  • maypearl

    July 22, 2010 at 10:25 am

    ဟာဟ…ရီရတယ်
    နံတာလှိုင်လဲပါတယ်။
    စုတ်ပြတ်နံတာလဲပါတယ်
    ကောင်းကောင်းပညာပြထားတာပဲ
    ကောင်းတယ်
    ထောက်ခံပါတယ်

  • မန်း ရိပ်

    August 17, 2010 at 4:04 am

    ဟာသပဲ ခေါင်စဉ်ကြည့်ပြီး မဟုတ်နိုင်ဘူးလို့တော့ထင်ပါတယ်။ဒါပင်မယ့်ဖတ်ကြည့်ချင်တာနဲ့ဖတ်လိုက်တာ
    ဟာသပဲ…..မဆိုးပါဘူးကောင်းပါတယ်။

Leave a Reply