ကြီးမိုက်ပေါ်သူတို့အမြင်…Their view

ဂဇက်မှာစာမရေးဖြစ်တာလဲကြာပါပြီ….ရေးစရာအကြောင်းကလည်း

ခေါင်းထဲရောက်မလာ..စိတ်လေနေတယ်ဆိုပါတော့…တစ်ညနေတော့ အလုပ်ကပြန်ရောက်ခိုက် အိမ်မှထိုင်နေရင်း…စိတ်ကူးပေါက်တာနဲ့….သားနဲ့သမီးကို စကားစ

ကြည့်မိတယ်..“သားနဲ့သမီး အဖေ့ပေါ်တစ်နေ့တာ မြင်တာလေးတွေ

စာချရေးပါလား..အမှန်အတိုင်း သားတို့အမြင်သိချင်တာနော်…ကိုင်း.

ဘယ်လိုလဲ..ရေးကြမလား…”

စမ်းကြည့်မယ်လေအဖေကြီး..တဲ့..ဒါနဲ့ပဲနှစ်ကောင်သား ကွန်ပြူတာရှေ့ထိုင်ပြီး အမလုပ်သူကစာရိုက် မောင်ငယ်က ဘေးကထောက်ပေးနဲ့ ရေးနေကြလေရဲ့….

ဘယ်ကတည်းကရေးချင်နေကြတယ်မသိ……

ကျုပ်လည်းနောက်ကနေ ဓါတ်ပုံတစ်ပုံနှစ်ပုံလောက်လှမ်းရိုက်ထားလိုက်တယ်…ဒီလိုနဲ့….

ဘေဘီမိုက်တို့စာရိုက်နေတာ
ဘေဘီမိုက်တို့စာရိုက်နေတာ
ပြောင်တာတော့အရောင်ထွက်တယ်..အဖေ့လိုပဲ..
ငယ်ငယ်ကတည်းကပြောင်တာတော့အရောင်ထွက်တယ်..အဖေ့လိုပဲ..

 

ဒီလိုနဲ့

မေ့ပီးနေလာလိုက်တာ..တစ်ပါတ်လောက်ကြာသွားမှသတိရလို့

မင်းတို့နှစ်ယောက်ရေးထားတဲ့စာကောကွ..ဆိုတော့…နှစ်ယောက်လုံး

သံပြိုင်ဖြေတယ်..“ဒီမှာအဖေ”တဲ့…ဆိုပီး ဒက်စတော့ပေါ်က ဝပ်ဖိုင်

တစ်ခုဖွင့်ပြတော့ အောက်ပါအတိုင်းရေးထားတာတွေ့တော့…

ကျနော် တဟားဟား အော်ရီမိသွားတယ်ဗျာ…ဒါနဲ့ပဲ..မတည်းမဖြတ်

သူတို့နှစ်ယောက်ရဲ့ မူရင်းကိုပဲတင်ပေးလိုက်ပါတယ်…

ရွာသူားတို့ ကြီးမိုက်ရဲ့ မျိုးဆက်သစ်လေးတွေ လက်ရာကို အားပေးကြပါကုန်ဦးလော့…..

 

 

ဘေဘီမိုက်နှစ်ယောက် ရေးပြတဲ့ ကြီးမိုက်ဆိုတာ….

 

“သား..စည်သူ..ထတော့ကွာ ရနာရီမတ်တင်းရှိနေပီ”

ဒါက ကျောင်းဖွင့်ရက်မနက်တိုင်း ပထမဆုံးကြားနေကျ ဖေကြီးအသံ..

“ငါးမိနစ်..အဖေ” ဒါကလည်းကျနော်မျက်လုံးမဖွင့်ပဲပြန်ပြောနေကျ..

“အေး..ငါးမိနစ်နှပ်ပီးရင် တကယ်ထတော့နော်”

ကျနော်လည်းဆက်နှပ်နေလိုက်တာပေါ့…အဲ..ငါးမိနစ်ပြည့်လို့မှ

ထမလာသေးရင်တော့

အိပ်ခန်းထဲဝင်လာပီး ခြေထောက်ကနေအတင်း ကုတင်အောက်ဆွဲချတော့တာပဲဗျ..

အများအားဖြင့်တော့ ကျနော်ဆိုတဲ့ကောင်ကလည်း ခြေထောက်လာဆွဲမှချည်းထဖြစ်တာပဲ..ဟီး

ဒါကြောင့်ပဲ သွားတိုက်မျက်နှာသစ်လုပ်နေတဲ့ တစ်ချိန်လုံး ဖေကြးီက နောက်ကနေ

ပွားတော့တာပဲ…

“မင်းတို့ကောင်တွေ ဘယ်တော့မှ ဝိရိယမရှိဘူး….နှိုးမဲ့သူများမရှိရင်

ကျောင်းတောင်နေဖြစ်ပါ့မလားမသိ..တောက်စ် %%++#$**xxx~………..

………………………………………………………………………………….

………………………………………………………………………………..”

ကျနော်ကတော့ ဒီပွားလုံးတွေကြားနေကျမို့ရိုးနေပါပီ…ဒီတော့ ကိုယ်လုပ်စရာရှိတဲ့

အဝတ်လဲ..ပြင်ပေးထားတဲ့ ဘရိတ်ဖတ်စား…အားလုံးပီးတော့ ရနာရီဆယ့်ငါးလောက်..

“ပီးပြီအဖေ..သွားကြမယ်..အဲ..မုန့်ဖိုးပေးအုံး”

အဖေ စကားဖြတ်လိုက်ပြီး အောင့်သက်သက်နဲ့မုန့်ဖိုးထုတ်ပေးပါတယ်..

တိုက်ထိပ်ထွက်စောင့်လို့ ငါးမိနစ်လောက်ရှိတာနဲ့ အဖေ့ကိုကြိုတဲ့ ဖယ်ရီရောက်လာတယ်..

ကျနော်တို့နှစ်ယောက်တက်ပြီးတစ်နေ့တာစလိုက်တာပေါ့…

အော..ပြောရအုံးမယ်ဗျ

ကျနော်က နေ့ခင်းဖက်ကျောင်းပါ..ဒါပေမဲ့မနက်ကျူရှင်သွားရသေးတယ်

ကျူရှင်က အဖေ့ဖယ်ရီ လမ်းပေါ်မှာမို့ ကျနော်အဖေ့ကားနဲ့သွားတာ..

ပြောလို့ ပြောတာမဟုတ်ဘူးဗျ…အဖေကလည်း ကျနော့အတွက်တော့ လူထူးဆန်းပဲ မနက်တိုင်း ၄နာရီခွဲ ဒေါင်ဆိုရင်ထပီ..ဘာဘဲလ် အလန်းမှလည်းမလိုဘူး…

ပီးရင်ရေတစ်ပုလင်းနဲ့ထိုင်နေပီး ၄နာရီ၄၅ ဆိုတာနဲ့ အမေကြီးကိုနှိုး…

နှစ်ယောက်သား အဖိုးတို့တိုက်ထိပ်က အသုပ်စုံဆိုင်ဖွင့်ဖို့သွားတော့တာပဲ..

၅နာရီခွဲ ဆို အိမ်ဖက်ပြန်ကူးလာပီး မမနိုး ကိုနှိုးတယ်..မမကတော့ အဖေနဲ့တူတယ်

နှိုးလိုက်တာနဲ့ တစ်ခွန်းပဲ ထပီးလိုအပ်တဲ့ပြင်ဆင်မှု့တွေလုပ်တော့တာပဲ..

အဖေ အိမ်ဖက်ကူးလာတာနောက်ကျရင်တောင် မမနိုးက ကိုယ့်ဖာသာ ထပီးနေပီ..

၅နာရီခွဲကစပီး ကော်ဖီတစ်ခွက်ဖျော်လို့ ဗွီအိုအေဖွင့်ပီး သတင်းနားထောင်နေတော့တာ..

၆နာရီဆိုတာနဲ့ မမနိုးကိုခေါ်ပီးကျောင်းကားသွားစောင့်ပေးတော့တာ..ကျောင်းကားက

ဆယ်မိနစ်လောက်ရှိမှ လာတာပါ.. ဒါကိုလည်းအဖေကပဲအကျင့်လုပ်ပေးတာ..

“ကိုယ့်ကိုသူများကစောင့်ရတာ..စောစောစီးစီး ဟွမ်းတပွမ်ပွမ်တီးခေါ်ရတာ..

ကိုယ်ကိုစောင့်ရလို့ ကားစီးဖေါ်တွေမျက်စောင်းထိုးတာ မခံရစေနဲ့ကွ..ဝိရိယထား..”

ဟုတ်လည်းဟုတ်တယ်ဗျ..အဖေဆို သူစီးရတဲ့ဖယ်ရီပေါ်မှာ သူရာထူးအကြီးဆုံးပဲ..

ဒါပေမဲ့ နေ့စဉ်ဆယ်မိနစ်လောက်ကြို ကားထွက်စောင့်တယ်…ကားထွက်စောင့်တာကလည်း

အမေကြီးအသုပ်ဆိုင်ရှေ့မှာပါ..ထမင်းချိုင့်ကိုအချိန်မီ ဆိုင်ခုံပေါ်တင်ပေးထားရတယ်..

ဖယ်ရီလာတဲ့အထိ မရောက်သေးလို့ကတော့ တမိနစ်လောက်စောင့်ပါယောက်ကျားရယ်

ဆိုလည်းမရ..ကားပေါ်တက်ပီးမောင်းခိုင်းတော့တာပဲ..အဖေကြီးက အဲလိုလူဗျ..

မမနိုးကျောင်းကားထွက်သွားမှ အဖေကြီး ရေမိုးချိုးပြင်ဆင်..ရေဒီယိုဆက်နားထောင်ရင်း

ကျနော့ကိုနှိုးရမဲ့အချိန်စောင့်နေတော့တာ…ဒါကတော့ ကျနော်မြင်သမျှ နိစ္စဓူဝ အဖေကြီးရဲ့မနက်ခင်းပေါ့…….

……………………………………………………………………………………………….

လာပါပြီဗျာ..ညနေခင်းဘဝလေး…

ညနေ၅နာရီလောက်ဆို ကျနော့ကျောင်းကားပြန်ရောက်ပီ…ဘယ်ရမလဲ ရောက်တာနဲ့

ကျောင်းဝတ်စုံချွတ် တော်ရာ ပစ်တင်ခဲ့ပြီး အပြင်ထွက်ဆော့တော့တာပဲ..မမနိုးကတော့

ကျောင်းစာလုပ်နေတာများတယ်..ဟီး ဟီး..ဒါကြောင့်လဲ ကျနော့်အဆင့်က လူငါးဆယ်ကျော်မှာ ၂၅ ဝန်းကျင်ကမတက်ဘူး..မမက အဲဗား ဝမ်းတူတန်း..

ဒါကြောင့် ဖေကြီးက ကျနော့ဆို အသေပွားတာဗျာ..နားကမီးခိုးတောင်ထွက်မတတ်..

အဲ..ဖေကြီးမှာကလည်း ညနေညနေဆို ချိန်းပွဲတွေက ပြတ်တယ်သိပ်မရှိ..

မိတ်ဆွေ ၊သူငယ်ချင်း ၊လုပ်ဖေါ်ကိုင်ဖက် ၊နယ်ကလာတဲဧည့်သည်၊အထက်လူကြီး

အင်းနောက်ပိုင်း ဂဇက်ရွာသားတွေပါ  ပါလာလိုက်သေး…အဲတော့ တစ်ဖွဲ့တစ်ဖွဲ့စီနဲ့

မတွေ့တာမဆုံတာကြာလို့နဲ့ ချိန်းလိုက်ကြတာ..ရက်အားတောင်မရှိဘူး..ဒါလည်းကောင်းပါတယ်

ပြောရအုံးမယ် ဒီလိုဗျ..ချိန်းပွဲရှိလို့ အပြင်ထွက်သောက်ရင် ..ပြန်လာ ၉နာရီ

၁ဝနာရီဆိုတော့ ကျနော်တို့ကထမင်းစားပီးကြလို့ ကိုယ့်အခန်းကိုယ်ရောက်နေကြပြီ..

ဖေကြီးစားဖို့ထမင်းက ခူးခပ်ပြီး မေကြီးကအုပ်ဆောင်းနဲ့ စားပွဲပေါ်အုပ်ခဲ့ပီးသား…

သူကလည်း အိပ်ယာထဲရောက်နှင့်နေပီ..အဲတော့ စကားပြောရမဲ့လူမရှိတော့

အသာလေးခူးထားတဲ့ထမင်းကောက်စားပြီး အိပ်ယာဝင်တာပဲ..ဖေကြီး

အိပ်ယာဝင်ပီးငါးမိနစ်ဆိုသွားမကြည့်နဲ့ ဆင်အော်တောင်မနိုးတော့ဘူး..

သူ့ သူငယ်ချင်ဖုန်းတွေလာရင် ကျနော်တို့သင့်သလိုပြန်ဖြေပေးလိုက်ကြတာပဲ..

တစ်ခါက..မနက်စေါစေါ ဖေကြီး ထမင်းအုပ်ဆောင်းဖွင့်ကြည့်ပီးစဉ်းစားနေတာတွေ့လို့

“ဖေကြီး..ဘာဖြစ်လို့လဲ..ဟင်”လို့ကျနော်မေးတော့  …သူကတစ်ချက်ပြုံးလိုက်ပြီး..

“ညက ဖေဖေ ထမင်းစားမိလား မမှတ်မိလို့ ပြန်ကြည့်တာကွ..စားတယ်..စားဖြစ်တယ်”

ကဲ..ဖေကြီးက အဲဒီလိုပါဆို…

အဲ..ဘာချိန်းပွဲမှမရှိလို့ အိမ်မှာ တစ်ပွေထဲ ငြိမ့်ပီဆိုရင်တော့ သေဖို့သာပြင်တော့…

အဖေကြီးက အရက်သောက်ပီးဒေါသထွက် မိသားစုကိုနှိပ်စက်..ဒီလိုတွေတော့မလုပ်တတ်ပါဘူး…..

အဲ..နှစ်ခွက်လောက်များဝင်သွားပီးပြီဆိုရင်…

“ဟေ့..ဟေ့..စည်သူရေ..လာစမ်းကွာ သီချင်းလေးဘာလေးဆိုကြရအောင်

အပျော်ပေါ့ကွ..နော့” သိနေတယ်လေ ဒီအကွက်ကိုလည်း..အသာထွက်လာလိုက်ပီး

ကာရာအိုကေဆိုဖို့ စီစဉ်ပေးရပါတယ်.. ဆိုကြရအောင် သာပြောတာပါ..အမြဲသူတစ်ယောက်ထဲဆိုတာပဲ

ဘာသီချင်းလဲမမေးနဲ့လေကုန်တယ်..ထီးဆိုင် ပဲ

အဲဒါ တစ်ပုဒ်မှ မကျော်ပဲ ဆက်တိုက်ဆိုတာနော်..တီးလုံးပိုင်းစောင့်နေတုံးတော့

သောက်၊မြည်းပေါ့…အဖေကြီးအသံမကောင်းလှပေမဲ့ ဒီအစီစဉ်ကို မိသားစု

အားလုံးသဘောကျတယ်…ဘာကြောင့်သဘောကျရလဲ ဆိုတော့..ဒီလို..ဒီလို..

ဘာချိန်းပွဲမှမရှိလို့ အိမ်မှာ တစ်ပွေထဲသောက်ပီး သီချင်းဘက်မလှည့်ရင်

“လေ”ဘက်လှည့်တော့တာပဲ….

.သုံးခွက်လောက်များသောက်ပီးသွားရင်

“သား နဲ့ သမီးရေ..ဖေကြီးဆီလာပါအုံးကွာ ပြောပြချင်တာလေးရှိလို့..”

တွေ့လား လုပ်ပြီ အပွားခံရတော့မယ်..ဒွတ်ခ..သူခေါ်ပြီဆို ထုံးစံအတိုင်း

သူထိုင်နေတဲ့ ဆက်တီရှေ့မှာ မမနဲ့ ကျနော် ခွေးခြေပုကိုယ်စီနဲ့ထိုင်လိုက်ရတယ်..

အဲဒီမှာ..ပွားတော့တာပဲဗျို့…

“ဒီလိုကွ..သားတို့ရ..မင်းတို့လည်း အဖေ ဂဇက်မှာရေးခဲ့တဲ့ ဖေဖေ့ငယ်ဘဝ

တွေအကြောင်းဖတ်ရမှာပေါ့..” နှစ်ယောက်သားသွက်သွက်ကလေး..

“ဟုတ်..ဖတ်ဖူးပါတယ်ဖေကြီး”

“ပီးခဲ့တဲ့ စက်တင်ဘာလပို့စ်ဆို မန်းဂဇက်ချစ်သူများစာပေဆုတောင်ရသေး..”

“ဟုတ်”

“အဖေဆိုငယ်ငယ်ကဆိုအရမ်းဆင်းရဲတာကွ..

စာကျက်ဖို့မီးရောင်တောင် မရှိလို့ လမ်းဘေးဓာတ်တိုင်အောက်က

မီးရောင်နဲ့စာကျက်ခဲ့ရတာကွ..မင်းတို့တော်တော်ကံကောင်းတယ်..

အိမ်မှာလျှပ်စစ်မီးရောင်နဲ့…အဲယားကွန်းလေးနဲ့ငြိမ့်ပြီး စာလုပ်ရတာတောင် မင်းတို့ကမလုပ်ချင်သေးဘူး ပေါ့..ဘာပေါ့..ညာပေါ့..ဆားပေါ့..ငံပြာရည်ပေါ့ဗျာ..ဟိဟိ..

အဖေတို့က ရေချိန်ကိုက်ရင်အဲ့လိုကြီးပဲ..ရေနွှေးကရားသွန်သလိုရေလည်လွှတ်တာဗျာ..ပြောတာတွေကလည်းအစုံပဲ..သူ့ငယ်ငယ်ကအကြောင်းဆို

ပြောမဆုံးပေါင်တောသုံးတောင်ပဲဗျ..ကျွန်တော်နဲ့မမဆို အလွတ်တောင်ရလို့..အဲ့လောက်ထိလွှတ်တာ..

“သားတို့လည်းကျောင်းပိတ်ရင် အဖေတို့ဂေဇက်ရွာထဲကို ဝင်ရေးပါဦးကွာ..xxxx####%^~~`….ပထမ ကတော့အကောင်းဗျ..ကြာလာတော့လဲ ကျွန်တော်တို့ဘယ်ခံနိုင်မလဲဗျာ..ဇက်ကလေးနည်းနည်းကျိုး..မျက်လုံးလေးနည်းနည်းစင်းလာတာပေါ့..ဟဲဟဲ..အဲ့ဒါနဲ့ပဲ”ကွိစိကွီစ~~”

“အဖေ..” “အေး..ပြော” “ဟို..ဟိုလေ..သားနဲ့မမ လေ..ဟီး..အိပ်ချင်လို့ဗျ..”လို့အားနာပါးနာနဲ့ပြောလိုက်ရပါတယ်..အဲ့တော့လည်းအဖေကမျက်နှာငယ်လေးနဲ့ “အေးအေး ဒါဆိုလည်းအိပ်တော့ကွာ..ရတယ်..အဖေလည်းရေချိုးထမင်းစားပြီးအိပ်တော့မယ်”တဲ့..ဒါနဲ့မမနဲ့ကျွန်တော် အဖေ့ကိုကန်တော့တယ်..အဲ့ဒိမှာ အဖေကဆုပေးတယ်

“အေး  သားနဲ့သမီးခုလိုကန်တော့တဲ့အတွက်ဘဝတစ်လျှောက်မှာဘေးရန်ကင်းပြီးစိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပညာတတ်လူတော်ကြီးတွေ ဖြစ်ကြပါစေ”တဲ့.

“အဲ..ပညာတတ်ဆိုလို့ပြောရဦးမယ်ကွ..လူတော်လူကောင်းတစ်ယောက်ဖြစ်ဖို့..ပညာတတ်ဖြစ်ဖို့ဆိုတာ..အဖေလည်း

အာလာဒင်မီးခွက်ထဲကဂျင်းနီမဟုတ်တော့ ဟပ်ချလောင်း ဖြစ်စေ ဆိုပြီး လုပ်ပေးလို့မရဘူး…မင်းတို့ကိုယ်တိုင်ကြိုးစားရမှာ..အဲ့လိုကြိုးစားရင်……..

………………………………………………………………………………….

“ဟိုး..ဟိုး..ဖေကြီးသားတို့အရမ်းအိပ်ချင်လို့ လစ်ပြီဗျို့ ဒန်တန့်တန်~~~~”ဆိုပြီးဇွတ်ထွက်ခဲ့ရတယ်..နို့မို့ဆို..ဒီတစ်ည ဒီမှာတင်မိုးလင်းမှာဗျ..

ကျနော်တို့ နှစ်ယောက် အခန်းထဲရောက်ပီး ကို့ယ်အိပ်ယာကိုယ်လှဲပီး

အသာနားစွင့်နေကြတာပေါ့…အဖေ မအိပ်သေးမချင်း ပြသာနာကရှိနိုင်

သေးတယ်လေ…

“မိန်းမရေ..ဒီနေ့ ဘာဟင်းတွေများချက်တုံးဟ”

ဟော..အမေ့ဖက်တော့ လှည့်သွားပြီ…အမေက အိပ်ယာပေါ်လှဲရင်း  ဂျာနယ်တစ်စောင်ဖတ်နေရာက….

“ယောက်ကျားရေ..ဒီနေ့တော့ ဆိုင်နဲ့အလုပ်ရှုပ်သွားလို့ဈေး

မသွားဖြစ်လိုက်ဘူး..ရှင့်သားကချက်တာမစားချင်ဘူးဆိုလို့

အိမ်မှာရှိတဲ့ ကြက်သားလေးကြော်ထားတယ်..နောက်..ပဲပုပ်ချက်

ရှိတယ်..မနေ့က မီးဖုတ်ဆီဆမ်းထားတဲ့ ငါးရံ့ခြောက်လေးလဲရှိတယ်..”

“အရည်ဟင်းလေးတစ်ခွက်တောင်မပါဘူးပေါ့…မင်းကွာ..

ငါ့အကြောင်းလည်းသိသားနဲ့…မင်းကိုပြောပေါင်းလည်းများပီ..

အရည်ဟင်းတစ်ခွက်ချက်တာ ဘယ်လောက်ခက်၊ ဘယ်လောက်အချိန်ပေးရလို့လဲ..သင်ပေးလည်းမရ…

ပဲနီလေး အစိတ်သားလောက်ဝယ်၊ ပုလင်းထဲထည့်ထား၊

စားခါနီးမှ အရည်ဟင်းမရှိရင်..ပဲနီလေးတစ်ဆုတ်လောက်ရေနဲ့

ကောက်ကျိုလိုက်ရင် ၁ဝမိနစ်ဆိုစားလို့ရပီပေါ့…အိမ်မှာဂက်စ်မီးဖိုလည်းအဆင်သင့်..”

“ယောက်ကျားရေ..လာပီ  လာပီ အခုလုပ်ပေးမယ်..

မိန်းမလည်းသိပ်နေမကောင်းချင်နေလို့ စောစောအိပ်ယာထဲ

ရောက်နေတာပါ..”

“တော်ပါပီ..အခုမှလာလုပ်မနေနဲ့..ငါပြောမှထလုပ်တာမျိုးငါလုံးဝ

မကြိုက်ဘူး..မင်းက ယောက်ကျားကိုတန်ဖိုးထားရကောင်းမှန်း

ကိုမသိတာ..ရတယ်..ကြီးမိုက်ဆိုတဲ့ကောင်က ငယ်ငယ်ကတည်းက

ဖြစ်သလိုစားပီးကြီးပြင်းလာတာ.မင်းတို့လို ချောကလက်ကိုက်ပီးကြီးလာတာမဟုတ်ဘူး…

ရှိတာနဲ့စားတတ်တယ်ကွ..” အမေကြီးဆီကတော့ ဘာမှတုံ့ပြန်သံမကြားရ….

“မင်းတို့မှာ..ဘာပလန်မှမရှိဘူး..ပလန်ချပေးထားလဲ

အဲအတိုင်းမလိုက်နာဘူး..လုပ်ချင်တာကို လုပ်ချင်သလိုလုပ်နေတာပဲ

ထမင်းစားခါနီးမှ..ဟင်းကို လမ်းဘေးဆိုင်ကပြေးဝယ်မယ်..

မနက်ကလေးတွေကျောင်းသွားခါနီးမှ ကျောင်းစိမ်းမီးပူမတိုက်ရသေးလို့ အပြေးအလွှားတိုက်ပေးမယ်..

ဘေစင်ပေါ် ထပ်တင်မရတော့လောက်အောင် ပြည့်နေမှ

ပန်းကန်တွေဆေးမယ်..ငါကြည့်ကြည့်နေတယ်..မင်းတို့ဟာ

တကယ့် စည်းမဲ့ကမ်းမဲ့စရိုက်တွေပဲ..ပြောပေါင်းလဲများပီ

မပြင်ဘူး..ခု .ခလေးနှစ်ကောင်တောင်မင်းသောက်ကျင့်တွေကူးပီး

စည်းကမ်းပျက်နေကြပီ…………..”

“အေး..ရတယ်လေ..မင်းတို့လည်း မင်းတို့နေချင်သလိုနေ..

ငါ့စည်းကမ်းအတိုင်း မနေနိုင်ကြဘူးဆိုရင်တော့….

ငါနက်ဖန်ကစပြီး တစ်ခြားသွားနေမယ်..အချိန်တန်

လကုန်ရင်..လစာပို့ပေးမယ်. ဟုတ်ပီလား….မင်းတို့လိုတာငွေပဲမဟုတ်လား..”

အိပ်ခန်းထဲက ..အမေ့ ရှိုက်သံ တစ်ချက်ကြားလိုက်မိသလိုပဲ…

အင်း..အဖေကြီးတော့ အမေကြီးကိုအလုံးကြီးကြီးတွေသုံးပီး ပွားနေပီ….

ဒါမျိုးကျတော့ ကျုပ်တို့ထွက်ဆွဲလို့ရတာမျိုးလဲမဟုတ်..

.နောက်တော့လဲ မေကြီးနားသွားအိပ်မှာပဲ..

မမရေ..နားထောင်မနေနဲ့တော့..တော်တော်နဲ့ ပီးမယ်မထင်..အိပ်ကြမယ်…နှစ်ယောက်သား

မျက်လုံးမှိတ်လို့ အိပ်လိုက်ပါတော့တယ်…

 

 

ဒါကတော့ ပြည်သူ့သဘောထားအမြင်..အဲ..အဲ..ယောင်လို့

ဘေဘီမိုက်ကလေးများရဲ့ `ကြီးမိုက်´အပေါ် သဘောထားအမြင်

ကို ကော်ပီပေ့စ်လုပ်တင်လိုက်တာပါ..ဒီအပေါ်မှာ ကျနော့အမြင်ကတော့…

သူတို့ မည်သို့မိမိပေါ်သဘောထားကြသည်ဖြစ်စေ…

သူတို့လေးတွေ ဘဝခရီးမှာ မှန်မှန်ကန်ကန်နဲ့

ဖြောင့်ဖြောင့်ဖြူးဖြူး ရှောက်လှမ်းနိုင်ရေး ရည်ရွယ်ပြီး

ကျုပ်ကတော့ အမုန်းခံ ပွားနေအုံးမှာပဲဆိုတဲ့အကြောင်းလေး…

အားလုံးကိုလေးစားခင်မင်လျှက်..

လမ်းဆက်လျှောက်နေတဲ့…

ကြီးမိုက်။

18th Feb.2013

 

60 comments

  • ဦး ကျောက်ခဲ

    February 18, 2013 at 2:24 pm

    ဟား ဟား ဟား အကိုမိုက်ရယ်

    ဘေဘီမိုက်ကလေးများရဲ့ ပြည်သူ့သဘောထားကိုဖတ်ပြီး အားရပါးရရယ်မိပါတယ်…
    အကိုမိုက်ရဲ့ ဘေဘီတွေကတော့ ဖအေ့ခြေရာနင်းကြမှာပါ…
    သူတို့လေးတွေရေးတာဖတ်ပြီး ဖခင်ကြီးကိုလွမ်းမိသား…
    အဲသည့်လို တွတ်တီးတွတ်တာ သားသမီးရတနာလေးတွေ လိုချင်လိုက်တာဗျာ…
    အား အကျကြီးကျသွားပါတယ်ဗျို့….
    :kwi:

    • ကြောင်ဝတုတ်

      February 18, 2013 at 3:26 pm

      ဦးကျောက်ကတော့ ဘယ်သွားသွား… ဒီဘူတာပဲ ပြန်စိုက်နေတယ်…
      ရထားသိပ်စီးချင်လို့ထင်ပါ့… မောင်ဂီရေ… လာခေါ်ပါဟေ့…

      လေးမိုက်ရေ… လုပ်ချလိုက်ပြန်ပြီနော်…
      ပထမအပိုင်းက လေးမိုက်သားလေးရေးတယ်ဆိုတာလေးကို လက်ခံပါတယ်…
      ဒါပေမယ့် မိန်းမကိုဆူတဲ့အခန်းကျတော့ လေးမိုက်ကိုယ့်ဟာကိုရေးတာမဟုတ်လား…
      မသိချင်ယောင်ဆောင်မနေတတ်တော့ခက်သားလား…

      ခင်မင်လျက်-
      ဖက်ဖက်ကက်

  • surmi

    February 18, 2013 at 2:27 pm

    ဦးမိုက်ရေ
    အမြန်သာ မန်ဘာဝင်ခိုင်းလိုက်တော ့
    မန်းဂဇက်က သူတို ့ကို အလိုရှိနေပါပြီ ။ဒီလောက်ရေးတတ်နေတာ
    နောက်တစ်ခါ တွေ ့ဆုံပွဲ ကိုခေါ်ခဲ ့ဦး ။ဂုဏ်ပြုချင်လို ့ ။
    တော်ရုံဗီဇတော ့မဟုတ်ဖူးနော …. အဖေထက်တောင်နောင်ကျရင်
    သာသွားမလားမဆိုနိုင်ဘူး
    ကြိုက်တယ်ဗျာ …..နွေရာသီအားရင်လက်သွေးခိုင်းလိုက်ပါဦး
    ဖတ်ချင်လို ့ ….

  • kyeemite

    February 18, 2013 at 2:28 pm

    ကွန်မန့် သွက်သွက်ဝင်ပေးသွားသော ကိုကျောက်ခဲေ၇…ကျေးဇူးပါ
    အသားလွတ်အားတွေကျမနေနဲ့အုံးဗျို့..အဲဒီနှစ်ကောင်နဲ့တင်
    ခေါင်းပေါ်ကအမွှေးအားလုံးကုန်တော့မယ်….ဟီး..
    ————————
    ကိုရင်ဆာမိရေ..ကျုပ်လည်းလျှပ်တပျက်တွေ့လိုက်တော့
    ခုခေတ်ကလေးတွေ ခေသူမဟုတ်တွေဗျို့..
    ကျုပ်ကလည်း သူငယ်ချင်းပေါင်းပေါင်လာတော့
    ရေးရဲတာပေါ့….တွေ့ပေးအုံးမယ်
    ကျောင်းပိတ်ရင်လဲစာရေးခိုင်ပါအုံးမယ်..

  • Moe Z

    February 18, 2013 at 2:32 pm

    ဘဘဦးကြီးမိုက်… ဘေဘီမိုက်ကလေးတွေက ချစ်စရာလေးတွေပါလား သမီးလေးကအရွယ်ရောက်တော့မယ်နော် .. ဘာရယ်ဟုတ်ပါဘူး .. ယောက္ခမခေါ်ချင်မယ့်သူတွေ များမှာပဲလို့ :mrgreen: ကလေးအတွေးနဲ့ အရေးသာဆိုတယ် အဆင်ကိုချောနေတာပဲ .. မိသားစုတွေအားလုံး အစစအရာရာအဆင်ပြေအောင်မြင်ပါစေနော..

  • nozomi

    February 18, 2013 at 2:34 pm

    အဖေ့ ခြေရာနင်းမယ်၊အဖေ့ထက် သာမဲ့ သား သမီး တွေ ဖြစ်မှာ သေချာတယ်
    သိပ်မကြာခင် ရွာသူား အသစ်လေးတွေတော့ တွေ့ရချည်သေးရဲ့

    သူတို့ သဘောထား သိရတာနဲ့တင် ဒီကလေး တွေ လမ်းမှန်ကို လျှောက်မဲ့သူတွေ လမ်းမှား မရောက်နို်င်သူတွေဆိုတာ သိသာတယ်

  • kyeemite

    February 18, 2013 at 2:41 pm

    Moe Z ရေ..အားပေးသွားလို့ကျေးဇူးပါ..
    သမီတစ်ကောင်နွားတစ်ထောင်ဆိုလား…အင်း..ထိန်းရ မတ်ရပေအုံးမပေါ့လေ…

    —————
    ကိုနိုရေ..ဘာရယ်မဟုတ်ပါဘူးဗျာ..သူတို့ကို
    စာပေနယ်ထဲစိတ်ဝင်စားလာအောင်သိမ်းသွင်းနေတာပါ..
    အကြောင်းအရာတောင်ရှာမရမှာစိုးလို့ ကိုယ့်အကြောင်းရေးခိုင်းလိုက်တာ
    ကျနော်လည်းဝမ်းသာပါသဗျာ…ကျေးဇူးကိုနို..

  • koaung

    February 18, 2013 at 2:42 pm

    ဆရာကြီ:မိုက်က ကလေးတွေကိုအဆုံးအမကောင်းမဲ့ပုံဘဲ လူချွန်လူကောင်းတွေဖြစ်မှာသေချာပါ၏ ဆရာ
    ီကြီ:မိုက်လိုဘဲ ကျနော်လည်းမနက်၄နာရီထပြီး ဆက်အိပ်လို့မရတော့ဘူ:

  • ရွှေတိုက်စိုး

    February 18, 2013 at 3:21 pm

    ကျွန်တော် အမြင်ကတော့
    ကိုယ့်ဘဝကိုပြ ဆုံးမစကားပြောတတ်တဲ့ သူငယ်ချင်းလိုပေါင်းလို.ရတဲ့ အဖေအရွယ် သောက်ဖော်သောက်ဖက်ကြီးပါပဲဗျာ………..

  • kai

    February 18, 2013 at 3:27 pm

    ကြိုက်လို့… ရွေးလိုက်တယ်.. :528:

  • ခင်ခ

    February 18, 2013 at 3:39 pm

    ကိုကြီး ကြီးမိုက်ရေ
    နောက်ဆို( 3 in 1 ) ဖြစ်တော့မယ်နော်။ အင်း အခုလည်း ( 3 in 1 ) ကော်ဖီထုပ်တွေ ခေတ်စားလာတော့ ကိုကြီးမိုက်တို့လည်း ခေတ်နဲ့အညီဘဲလို့ ပြောရမလားဘဲနော်။
    ( 3 in 1 ) = ကိုကြီးမိုက်ကတစ်ဖက် နဲ့ ကလေးနှစ်ယောက်နဲ့အမေကတစ်ဖက် လို့ဆိုလိုပါကြောင်း။

  • Wow

    February 18, 2013 at 3:59 pm

    လူဇိုးဂျီး… :kwi:
    ခလေးလေးတွေက ချစ်စရာလေးတွေ….

  • နွယ်ပင်

    February 18, 2013 at 4:00 pm

    လေးမိုက်ရေ ဘေဘီမိုက်ကလေးတွေက အဖေ့ခြေရာနင်းမယ့် သူတွေပါလား
    ရေးထားလိုက်တာ ဖြူးလို့ သဘောကျတယ်ချင့် …

  • kyeemite

    February 18, 2013 at 4:03 pm

    ကြောင်ဝတုတ် ရေ…ဖအေက အယ်ဒီတာလေ..အရေးကြီးတဲ့အပိုင်းတော့
    နဲနဲမွှန်းရတာပေါ့..ဟဲဟဲ..
    ————————-
    koaung ရေ..စည်းကမ်းကြီးလွန်းတဲ့ ရှေးစစ်သားဟောင်းကြီးလက်မှာ
    ကြီးလာရတာဆိုတော့ စည်းကမ်းပျက်တာတွေကိုတော့ လုံးဝမခံစားနိုင်ဘူးဗျာ..
    ကလေးတွေစည်းကမ်းရှိစေချင်တာပါပဲ…
    ———————————
    ရွှေတိုက်ကြီး..မဆုံတာတောင်ကြာပီနော်…တစ်ရက်တွေ့မယ်လေ…
    ———————————-
    ကိုခင်ခရေ..ခင်ဗျားပြောသလို..( 3 in 1 ) = ကိုကြီးမိုက်ကတစ်ဖက် နဲ့ ကလေးနှစ်ယောက်နဲ့အမေကတစ်ဖက် ..တော့မဟုတ်ဘူးဗျ…
    သားနဲ့ကျနော်ကတစ်ဖက်…သမီးနဲ့ မအေကတစ်ဖက်ဖြစ်နေတာ…
    ကွန်မင့်လေးအတွက်ကျေးဇူးပါဗျို့… :kwi:
    ———————————

  • Foreign Resident

    February 18, 2013 at 4:31 pm

    “ ပီးခဲ့တဲ့ စက်တင်ဘာလပို့စ်ဆို မန်းဂဇက်ချစ်သူများစာပေဆုတောင်ရသေး..”

    ဒီ စကားလေးတော့ ကြိုက်တယ်ဗျာ ။ 😛

  • P chogyi

    February 18, 2013 at 4:34 pm

    သားသမီးတွေပဲရေးရေး
    အဖေပဲရေးရေးအရေးအသားတော့ကြိုက်တယ်ဗျာ။

  • လုံမလေးမွန်မွန်

    February 18, 2013 at 6:02 pm

    ပထမဆုံးပြောချင်တာကတော့ ဦးမိုက်က ဟိုသကြားလို နှစ်ယောက်တစ်ယောက်မလုပ်တာ သကြားကို အတုယူပါလို့… 🙂
    (အရင်ဆုံး သူများကို ဖဲ့တာ..)

    အတည်မန့်မယ်နော်…

    ဦးမိုက်ရေ.. တကယ်တော်တဲ့သားလေးပဲ.. (ရွာထဲမှာ ယောက္ခမတွေရော..ယောင်းမတွေရော ပတ်တော်နေတာများနေလို့ ဦးမိုက်သားကိုတော့ မပြစ်မှားတော့ပါဘူး.. :mrgreen: )
    ဒီလိုသားသမီးလေးတွေ ရထားတာ ဦးမိုက် အရမ်းကံကောင်းပါတယ်.. ဦးမိုက်ရဲ့ မီးကို ရစ်တာကိုတော့ စိတ်ထဲ သိပ်မကောင်းလှဝူး.. နောက်ခါ အဲ့လိုမလုပ်ပါနဲ့နော်… 🙂 ဦးမိုက်ကလေးတွေကို အပြင်မှာတွေ့ချင်ပါတယ်လို့…

  • ဟာဟ …
    သူတို့ဖေကြီး အကြောင်း ရေးပြသွားတာ ရေလည် မိုက်တယ် ..
    ညနေပိုင်း အချိန်တွေ ဖတ်ရင်း တခွိခွိ နဲ့ .. ဟီဟိ … :mrgreen:

    ဟို ဒုတိယ ပုံထဲမှာကတော့ …
    အဖေနဲ့ ရုပ်ချင်း တထေရာတည်းပဲဗျို့ ….

    စကားမစပ် ကျုပ်လည်း ကြုံရင် …
    ချစ်ကိုကြီး အိမ်ကို လိုက်လည်ပြီး ဝါးဒီးဖွင့်ရဦးမယ် …

  • မောင်ပေ

    February 18, 2013 at 7:04 pm

    အရေးအသားလေးက ရီရဲလစ်ဇင်ကို ဖတ်ရတာ ချောနေတာပဲဗျာ
    ကျုပ်ကတော့ ဖတ်ရင်း ၊ ဖတ်ရင်း နဲ ့ ကိုကြီးမိုက် နဲ ့ထပ်ဆုံရင် တစ်ခွက်ထပ် ပိုမတိုက်ဖို ့ ၊ ဒါမှမဟုတ် တစ်ခွက်ထပ် ပိုသောက်တာနဲ ့တပြိုင်နက် ထပြေးဖို ့ ဆုံးဖြတ်ချက် ချမိလိုက်ပါတယ်

  • ကိုရင်စည်သူ

    February 18, 2013 at 7:04 pm

    ဦးမိုက်ရေ… အလုပ်များတာနဲ့ အင်တာနက်ရတောင် တချက်တချက်မှ
    ကွန့်မန့်ဝင်ပေးဖြစ်ပါတယ်..။ ကိုရင်က ဦးမိုက်ရဲ့ စာဖတ်ပရိသတ်တစ်ဦးလို့တော့
    မှတ်ပေးထားပါခင်ဗျာ။ ဦးမိုက်ရဲ့ ပို့စ်တွေမှာ အဓိက သတိထားမိတဲ့ ရသပေးမှုက
    ရိုးသားမှုနဲ့ မေတ္တာတရား အနုပညာလို့ ဖတ်တိုင်းခံစားရပါတယ်…။ ဦးမိုက် ဘေဘီလေးတွေလဲ
    အဖေထက်မလျော့တဲ့ ဖန်တီးမှုနဲ့ အဖေတစ်ယောက်ကိုမြင်တဲ့ ရိုးသားတဲ့
    စာရေးခြင်း အနုပညာကို စာရေးပီး ဖန်တီးခဲ့တာလို့ ဖတ်ရှူ့ခံစားရပါတယ်..။
    ဒီပို့စ်ကို ယခုလအတွက် ဆုစာရင်းမှာ ကိုရင်ကတော့ vote ပေးပါတယ်ခင်ဗျာ… 😎
    စကားမစပ်.. ဦးမိုက်သားလေးက ကျနော်နဲ့ နာမည်တူတော့… အင်း..အင်း..
    ဒီကလေးတော့ ကြီးပွားဦးမှာ မုချပဲ… :kwi:

  • TheWinner

    February 18, 2013 at 7:39 pm

    ဦးမိုက်မျိုးဆက်လေးတွေဆီမှာ လာပြီး တပည့်ခံချင်စိတ် ဖြစ်လာပြီရှင့်။
    ဂုဏ်ယူပါတယ် ဦးမိုက်ရယ်။

  • padonmar

    February 18, 2013 at 8:29 pm

    သူကလေးတွေက member ဖြစ်ပြီးသားတဲ့။ကွန်မန့်တွေတောင်ပေးနေတာဆိုပဲ။

    သားတို့လည်း အဖေတို့ ဂဇက်ရွာထဲ ဝင်ရေးပါအုံး ဆိုတော့ ရီလိုက်ရတာ ဦးမိုက်ရေ။

    ရွာထဲရောက်ရင် အဖေ့စံချိန်ကို ကျော်တက်မယ့် သားနဲ့ သမီး ဖြစ်မှာပါ။

  • Mr. MarGa

    February 18, 2013 at 8:44 pm

    အားပါးပါး
    ဦးမာဃ လက်လန်ပါသဗျ
    အရေးအသားက ကောင်းလှချေလားဗျာ
    လျှောခနဲ လျှောခနဲပဲ
    အဖေ့ခြေရာ နင်းမယ့် သားသမီးများပေါ့
    ဒါနဲ့ ဦးမိုက်ရေ
    ဦးမိုက်လို့ ခေါ်ရတာ နည်းနည်း ရိုးသွားလို့ ပြောင်းခေါ်ကြည့်မယ်နော်
    ယောက္ခမကြီး :kwi:

  • မင်းနန္ဓာ

    February 18, 2013 at 10:06 pm

    ယောက္ခမကြီး ခေါ်လို့ မရတဲ့သူ ဆိုတော့ ခမီးခမက်ကြီးလို့ ခေါ်လိုက်ရင်ကောင်းမလား… 🙄 :harr:
    ဘေဘီမိုက်တို့ မောင်နှမကလည်း သူတို့ဖေကြီးခြေရာ နင်းကြမယ့်သူတွေပါလား
    နောင်လာလတ္တံ့သော ဂေဇက်ရွာသူား အလောင်းအလျာလေးတွေပေါ့..
    သူတို့လက်ရာဖတ်ရ နောက် ဆယ်နှစ်လောက်နေဖြစ်မယ့် ကိုယ့်ကို ကိုယ် ကြိုမြင်နေရသလိုပါလား

  • mobile(သူကြီးသမက်)

    February 18, 2013 at 10:48 pm

    ရောက်ခမဂျီး အူးကြီးမိုက်၏ သမီးတော်လေးကို
    မောင်မိုဘိုင်း မျက်စီကျသွားပါကြောင်းးးးးးးးးးးးးးးးးးးး

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 19, 2013 at 12:04 am

    ဓါတ်ပုံ နှစ်ပုံရဲ့ ရက်စွဲတွေကို ကြည့်ပြီးတစ်ခုခုတွေးနေတာ
    ရှိစေတာ့
    မော်နီတာက တိပ်ကပ်ထားဒယ်နော် :mrgreen:
    ချာတိတ်လေးတွေ သုံးနေတာ word လားမသိ word20002 လည်း အဲ့သည်လိုဘဲ
    ( မိဘ တွေအနေနှင့် သားသမီးတွေကို မိဘတွေရဲ့အပေါ်မှာ
    စပ်ပိုစ့်လို့ခေါ်သလား အပီးနီးယန့်စ် လို့ခေါ်သလား )
    ဘာလို့ခေါ်သလဲ
    အဲ့သည်လို မျိုးလေးတွေရှိသင့်တယ်

  • ဘဆွေ

    February 19, 2013 at 12:26 am

    ကိုကြီးမိုက်ရေ…
    ကလေးတွေ က ချစ်စရာလေးတွေ.. စာရေးလည်းကောင်း ..သိတတ် လိမ္မာ ရေးခြားလည်း ရှိ..အတွေးအခေါ်လည်း ကောင်း နဲ့ မိဘတွေဆီက ဦးနှောက်နဲ့ သွန်သင်မှုကို အပြည့်အဝ ရထားကြ တဲ့ ကလေးတွေ…ကြီးမိုက်စက်ရုံ ကထွက်တယ်ဆိုတာ တံဆိပ်ကပ်စရာတောင်မလိုဘူး..ကောင်းစားကြမယ့် အနာဂါတ် ကြယ်ပွင့်လေးတွေပါ ခင်ဗျား…..
    ခင်တဲ့
    ဘဆွေ။

  • ရဲစည်

    February 19, 2013 at 1:19 am

    အခုဝင်ဖတ်တဲ့ အချိန် နည်းနည်းမူးနေလို့
    သိပ်သေချာ မပြောတတ်ဘူး … ဒါပေသိဗျာ
    မျောက်လုံးဂို နည်းနည်းပြူးပီး သေချာကြည့်မိတော့ သွားတွေ့တာလေး …

    ရေချိန်ကိုက်ရင် …..ဇက်ကလေးနည်းနည်းကျိုး..မျက်လုံးလေးနည်းနည်းစင်းလာတာပေါ့ …….”အိပ်တော့ကွာ..ရတယ်..အဖေလည်းရေချိုးထမင်းစားပြီးအိပ်တော့မယ်”

    အဲ့ဒါ .. အဲ့ဒါ
    နိဗ္ဗာန်ကို ရက်တိုတိုနဲ့ သွားမဲ့လမ်း … တန်းသွားတာ အကြောင်းမဟုတ်ဘူး ဆန့်တငင်ငင်ဖြစ်နေရင် အားလုံး ဒွတ်ခရောက်ကုန်မယ်
    ဆိုတော့ ဘေဘီမိုက်တွေကို ပြောထား ” အဖေသောက်လာ/သောက်ပီးရင် ရေမချိုးဖြစ်အောင် တားကြကွာလို့” … နော
    :harr:

  • အရီးခင်လတ်

    February 19, 2013 at 4:48 am

    သမီး နဲ့ သား ရေ
    အရီး ဦးညွတ်ပြီး ဖတ်သွားပါတယ်။
    ချစ်စရာမိသားစု ဘဝလေးကိုလဲ စာလုံးတွေထဲမှာ အထင်အရှား တွေ့လိုက်ပါရဲ့။
    ကကြီးမိုက်ရေ အတွေးကောင်း အရေးကောင်းတဲ့ ခလေးတွေ အတွက် ဂုဏ်ယူနေမယ်လို့ ယုံပါတယ်။
    ဒီတော့ အဖေကြီး နဲ့ အမေကြီးတို့ ပိုပြီး ဂုဏ်ယူနိုင်ဖို့ ဒါထက် ပိုပြီး အားသွန်ကြိုးစားကြပေတော့ ခလေးတို့ရေ။
    :hee:

  • weiwei

    February 19, 2013 at 9:20 am

    ဘေဘီမိုက်လေးတွေက တော်လိုက်တာ …
    ဂဇက်မျိုးဆက်သစ်လေးတွေ …

  • kyeemite

    February 19, 2013 at 9:23 am

    ဝင်ရောက်ဖတ်ရှု့အားပေးကြသူမိတ်ဆွေ အားလုံးကိုကျေးဇူးအထူးတင်ပါတယ်နော..

    ဝိုး…လူဇိုးမလေး :hee:
    နွယ်ပင်..သင့်ခရုပါနော
    ကိုအက်ဖ်အာကြီး…ကျနော့ကြွားလုံးလေးကိုသဘောကျသွားတာကိုး…အမှန်ပဲ..အဲဒီဆုရတဲ့နာရီကြီးကို
    အိမ်ရှေ့ခန်းမှာအသေအချာကိုချိတ်ထားတာဗျို့….
    ကိုပီချို…ခင်ဗျားစာလေးတွေလည်းဆက်ပါအုံး..
    မွန်မွန်ရေ…“မီး” ကိုတော့ တခါတလေ ရစ်ပေးရတယ်..ချစ်လို့ရစ်တာပါ… :mrgreen:
    အံစာတုံးကြီး…ကြုံရင်ခေါ်ကြွေးပါအုံးမယ်ကွာ…
    ကိုပေ..မန်းလေးလာတုံးက ပထမအခေါက်မို့လို့ဗျို့…နို့မို့ဆို ကိုပေထပြေးရလောက်တယ်..
    ကရင်စည်ရေ…ဟုတ်တယ်ဗျ..သားနာမည်က ကိုရင့်နာမည်နဲ့လာတူနေတယ်…
    ကောင်းမကောင်းတော့စောင့်ကြည့်ရမှာပဲ..ဟဲဟဲ :kwi:
    မဝင်းနားရေ…ရှဲရှဲနော..
    မပဒုမ္မာရေ…သားနဲ့သမီးကိုတွေ့ဖူးသားပဲ..သူတို့က ရွာသူားတွေကိုရင်းနှီးနေပီးသားပါ..ရှဲရှဲ..
    ကိုမာဃရေ..ခင်ဗျားကလည်းခုထိမလျှော့သေးပါလား…ဟားဟား
    ရွာစားကျော်ရေ.. ခမီးခမက်တော်ချင်လည်းရပါသဗျား..ခင်ဗျားသားတော်မောင်ကိုသာသနားမိတယ်..
    ကိုမိုဘိုင်း..ဖတ်ရှုအားပေးလို့ကျေးဇူးပါ
    ကိုအောင်ပုပြောတာတော့ သိပ်မရှင်းဘူးဗျာ…ဘာဖြစ်ဖြစ် ကိုပု ကွန်မင့်လေးရလို့ဂုဏ်ယူပါသဗျာ…
    ကိုဘဆွေရေ..ကွန်မင့်လေးချီးမြှင့်တဲ့အတွက်ကျေးဇူးပါ..
    နီပေပါ ရေ..မြွေ မြွေချင်းခြေမြင်ဆိုသလို..တကဲ့ချက်ကိုထောက်ပြတာပဲ..ကျေးဇူးပါ..တကယ်တော့
    သောက်ပီးသွားရင်ရေချိုးလေ့မရှိပါဘူး..ဇကားမွှားသွားဒါ..ဟီး :kwi:
    အရီးရေ…မအားတဲ့ကြားက တကူးတက ဖတ်ပြီးမန့်တဲ့အတွက် ကျေးဇူးတင်ပါတယ်နော…
    မနေ့က အိမ်ပြန်ရောက်တော့ ဟန်းဆက်ကနေ ပိုစ့်လေးကိုဖွင့်ပီး သားနဲ့ သမီးကိုပြတယ်
    နှစ်ယောက်သား ကွန်မင့်တွေဖတ်ပီးပျော်နေကြတာဗျာ..
    ငါ့အိုက်ဒီယာပိုများတယ်..သူ့အိုက်ဒီယာပိုများတယ်လည်းငြင်းနေကြသေး…
    သားဖသုံးယောက် ပျော်ရွှင်နေကြတုံး..ဗြုံးဆို ခြေသံပြင်းပြင်းနဲ့ မဒမ်မိုက်ရောက်လာပါလေရော..
    “အော်..တော်တို့ကတော်တော်ပျော်နေကြတယ်ပေါ့လေ..ကျုပ်ကိုတော့ကြည့်စမ်းရေးထားလိုက်တာ
    ရက်ရက်စက်စက်..တစ်စက်မှစည်းကမ်းမရှိတဲ့မိန်းမဆိုးကြီးပေါ့လေ..”
    “မ..မ..ဟုတ်ပါဘူးအမေကြီးရာ…ဇတ်လမ်းသဘောပါ..အမေကြီးကတော်ပါတယ်..နော်..မမနိုး..”
    “ဟုတ်တယ်..တို့မေကြီးကတော်ပီးသား..နောက်တစ်ခါ အမေကြီးအကြောင်းရေးပေးမယ်..နော်”
    သားနဲ့သမီး..အတိုင်အဖေါက်ညီညီဖြေရှင်းလိုက်မှ…
    “တော်..တော်..နင်တို့သားအဖတွေ..တစ်ကျိတ်တည်း တစ်ဉာဏ်တည်း..”
    ပြောပြောဆိုဆိုးးခြေဆောင့်ပီးထွက်သွားလေရဲ့…. :harr:

  • မိုချို

    February 19, 2013 at 10:01 am

    နွေးထွေးတဲ့ မိသားစု ဘဝလေးကို ထင်း ကနဲ ပေါ် လွင်အောင် ရေးတတ် လိုက်တာ ။ အရေး အသား ကြည့် တာ နဲ့၊ပေါ့ ပေါ့ ဆ ဆ နေတတ်တဲ့ ကလေး တွေ မဟုတ်မှန်း နဲ့ စာပေ အပေါ် စိတ်ဝင်စား တတ်တဲ့ ၊ ထက်မြတ် တဲ့ ကလေးတွေမှန်း သိသာ ပါတယ်။ တချိန်မှာ မိဘ အတွက် လက် ရုံး ဖြစ်လာမယ့် ကလေး တွေ ပါ။
    ဦး မိုက် က သောက်လည်း သောက်သေး တယ် မမ မီး ကို ရစ်တာတော့ နည်း နည်း လွန်တာပေါ့ ။ အိမ်က လူကြီး ဆို ဘီယာ သောက် ပြီးရင် ရစ် လို့ ရ ဖို့ နေနေသာ ကျမ ကချည်း ရစ်တော့ တာ ။

    မမ မီးရေ မြှောက် ပေး လိုက်ပြီ ..နော်။

  • ဦးကြောင်ကြီး

    February 19, 2013 at 10:34 am

    တမီးလေးကို ခြစ်တယ်.. တားလေးဂိုးမုန်းဒယ်..။

  • awra-cho

    February 19, 2013 at 12:55 pm

    ကိုယ့်မှာ စာတကြောင်းချောအောင် မနည်းရေးနေရတာ သူတို့များ လွယ်လွယ်လေးလိုပါပဲလား ။ အားပေးသွား ပါကြောင်းခင်ဗျား။

  • သကြားလုုံးကြော်

    February 19, 2013 at 1:25 pm

    ဦးကြီးမိုုက်ရှင့်.. သူများတွေပြောသလိုု ကလေးတွေက လက်ရာကောင်းတယ် ၊ ဘာညာဘာညာပေါ့နော်။

    ဒါပေမဲ့ အမှန်အတိုုင်းပြောရရင် (အခုုရက်ပိုုင်းအရမ်းအားနေလိုု့အမုုန်းခံပြီး ပွားလိုုက်ဦးမယ်) ညနေပိုုင်းကိုု ဖတ်ရင်းအတော်စိတ်ညစ်လာတယ်။ အရီးလတ်တိုု့ မမိုုချိုတိုု့ ပြောတဲ့ ”ချစ်စရာ မိသားစုုဘဝလေး” ဆိုုတာကိုု မြင်လိုု့ကိုုမရဘူး။ အရက်အလွန်သောက်တဲ့ အရက်သမားတွေရဲ့ မိသားစုုတွေက ဒါမျိုးထူးမခြားနားတွေချည်းပဲလားလိုု့။ ကျမတိုု့ ငယ်ငယ်က ညတွေကိုု ပြန်မြင်နေရသလိုုပဲ။ (ကလေးတွေအရေးအသားကောင်းတာကြောင့်ပေါ့နော်)။ ကျမတိုု့မောင်နှမတွေက ညပိုုင်းအရက်သောက်ပြီး မိန်းမကိုုမဲတဲ့ ကိစ္စကိုု zero tolerance။ ”ချစ်လိုု့ရစ်တာပါ” ဘာညာ ဘာညာနဲ့ အပေါင်းအသင်းတွေကိုုကြားကောင်းရုုံ ဖြန်ဖြေတာက အလကားပဲ။

    အရက်သောက်လွန်းပြီးမိန်းမကိုုမဲတဲ့ ယောက်ျားတွေကိုု ဘယ်မိန်းမကများ ယူချင်ပါ့မလဲ (သတိ …ရွာထဲက အပျိုများနှင့် မိန်းမရှာပုုံတော်ဖွင့်နေတဲ့ ဦးကျောက်ခဲအား လက်တိုု့လိုုက်သည်)။ အခုုနည်းနည်းသောက်နေတဲ့လူငယ်တွေကလည်း နောက်ကျရင် ညတိုုင်းအမူးသောက်တဲ့ အရက်သမားဖြစ်လာရော။

    အရက်မူးလွန်းပြီး ပင်ကိုုယ်မူရင်း စိတ်နဲ့မတူလောက်တဲ့ထိ ညတိုုင်း ဘာလိုု့သောက်ကြတာလဲ။ တပတ်တခါလောက်ဆိုု ဟုုတ်တုုတ်တုုတ်။ မြန်မာပြည်မှာတင်မက ဂျပန်တိုု့ ကိုုရီးယားတိုု့ တရုုတ်တိုု့ကလည်း ဒီလိုုညတိုုင်း အမူးသောက်ကြတဲ့ ဓလေ့ရှိတယ်။ ဖတ်ဖူးတာက ဂျပန်မှာ လူဦးရေနည်းလာရတဲ့ အကြောင်းထဲကတခုုက အရက်သမားကိုု ယူပြီး ညတိုုင်းသည်းခံပြုစုုရမယ့်အစား တကိုုယ်တည်းကိုုယ့်ဘာသာရှာစားနိုုင်တဲ့ မိန်းမတွေက ယောက်ျားမယူကြတော့လိုု့တဲ့။

    တကယ်က ဒီလောက်သောက်တဲ့သူတွေက Alcoholic ဖြစ်နေပြီး ဆေးစွဲတဲ့ လူတွေလိုုပဲ ရောဂါတခုု အနေနဲ့ ကုုကြရတယ်။ ရန်ကုုန်မှာ ဆရာဝန်တွေ ဒီလောက်များတာ… အရက်ဖြတ်ဖိုု့အားပေးတဲ့ ကန်ပိန်တိုု့ ၊ အရက်ဖြတ်ဖိုု့ကူညီတဲ့ NGO လေးများမထောင်ချင်ကြဘူးလား။ ဖြတ်ချင်တဲ့ လူနာမရှိမှာ စိုုးလိုု့လား။

    • အရီးခင်လတ်

      February 19, 2013 at 2:57 pm

      သကြားလုံး ရဲ့ အယူအဆလေး က အင်မတန်ကောင်းပါတယ် သမီးရေ။
      ဒါပေမဲ့ အပြစ်အနာမကင်းတဲ့ လူတွေမို့ Perfect ဆိုတာ ဘယ်တော့မှ ဘယ်သူ့ ဆီမှာမှ မရပါဘူး။
      ဒီတော့ ထုံးစံအတိုင်း လူတစ်ယောက်နဲ့ တစ်ယောက် ဘဝ မှာ value ထားတာတွေလဲ ကွဲမှာဘဲ မဟုတ်လား။
      သားသမီး ကို တရင်းတနှီး လက်ပွန်းတတီး ဂရုတစိုက်ထားတဲ့ ဖခင်ရဲ့ လက်ထဲမှာ မိသားစုဘဝ ပျော်ရွှင်မှာ အမှန်ပါ။
      အရက်မသောက် ဘဲ သားသမီးကို စကားပြောလေ့မရှိတဲ့ ဖခင်မျိုးတွေလဲ ရှိမှာ။
      ဒီ ကလေးတွေ စကားမှာ အဖေကို ချစ်တာ အဖေ နဲ့စကားပြောရတာ ပျော်တာ တွေ့ရပါတယ်။

      အရက်သောက်ပြီး မိန်းမကို ရစ်တယ်ဆိုတာ ဇာတ်နာအောင် ပိုပိုလေး ထည့်ထားသလားဘဲ။
      မဒမ်မိုက် ကြည့်ရတာ ကကြီးမိုက် ကို ကြိုးဆွဲတော်ပုံရပါတယ်။
      သူမှာ လစ်မစ် ရှိမှာပါ။ 😆

    • ကိုရင်စည်သူ

      February 19, 2013 at 3:10 pm

      (အရက်သောက်လွန်းပြီးမိန်းမကိုုမဲတဲ့ ယောက်ျားတွေကိုု ဘယ်မိန်းမကများ ယူချင်ပါ့မလဲ (သတိ …ရွာထဲက အပျိုများနှင့် မိန်းမရှာပုုံတော်ဖွင့်နေတဲ့ ဦးကျောက်ခဲအား လက်တိုု့လိုုက်သည်)။
      ဒေါ်ကန်ဒီကျော်ရေ… သောက်ပီး မဲတာကြိုက်တဲ့ မိန်းမတွေလည်း တပုံကြီးပါနော်..
      မသောက်ပီး ရစ်၊ အဆင်မပြေလာတိုင်း မိန်းမကို မဲပြီး ရန်ရှာတာ တပုံကြီးပါနော့်.. (ဥပမာတွေကတော့ များကြီးချရေးတော့ဘူး ဝက်အူရစ်တာများလို့ လက်ညောင်းနေလို့.. 😆
      ငါးပါးသီလ မကင်းစင်တဲ့ ကျား၊ မတွေ ဟူမျှ မပြည့်စုံကြပါကုန်…
      ဥပက္ခာတရားနဲ့ ကြည့်တတ်မှသာ ရှူ့တတ်မှ.. ဘာဝနာ.. မှ ဝိပဿနာ…
      အိုဘဲ့.. မျှကြည့် ကျဘာ.. မျှကြည့်တတ်ဘာ.. :gee:

    • ဦး ကျောက်ခဲ

      February 19, 2013 at 3:44 pm

      တိန်… သေပြီဆရာမ

      လမ်းကြုံရင်လည်းဂလု အသားတော်ကလည်းညိုပြာညက်မို့…
      အရက်သောက်ပြီး မဲတဲ့ယောက်ျားဆိုရင်တော့ ဦးကျောက်ကိုဒဲ့မှန်တာပဲ…
      အထင်တော်မလွဲလိုက်ပါနဲ့…
      ဦးကျောက် မိန်းမ မရှာပါဘူးဗျာ… ဇနီးရှာနေတာခင်ဗျ…
      :harr:

  • Novy

    February 19, 2013 at 2:18 pm

    ဦးမိုက်ရေ..
    ဘေဘီမိုက်တွေကတော့ သူတို့အမြင်ကို တင်ပြသွားပြီးနော်
    ဦးမိုက်လည်း ဆက်မမိုက်နဲ့တော့နော် :harr:

  • kyeemite

    February 19, 2013 at 3:11 pm

    စာတွေတစ်စောင်ချင်းမပြန်တော့ဘူးလို့..အချိန်သိပ်မပေးနိုင်လို့..စဉ်းစားထားတာ…
    ဒါပေမဲ့ လေးလေးနက်နက်ဝေဖန်ထားတဲ့ သကြားလုုံးကြော် စာကိုဖတ်ရတော့
    စာပြန်ချင်မိလို့ပါ….မှန်ပါတယ်ခင်ဗျာ….
    ဒီလိုချည်း နေ့တိုင်းမူးပီးရစ်နေမယ်ဆိုရင်တော့..ဘယ်မှာမိသားစုဘဝ သာယာနိုင်ပါ့မလဲနော်…
    ဒါကြောင့်ပဲ…စာဖတ်သူတွေ ဖတ်ပီးဒီလိုမဖြစ်ကြစေချင် အတုမယူကြစေချင်လို့ဆိုတဲ့
    “ရည်ရွယ်ချက်”ကိုမှန်အောင်ဖမ်းပြနိုင်ပါပေတယ်…ဒီ့အတွက် Right Answer လေးချီးမြှင့်ခွင့်ပြုစေချင်ပါတယ်…..
    တကယ်တော့ ဘယ်မိန်းမ ၊ ဘယ်သားဘယ်သမီးမှ အရက်သမားကိုမကြိုက်ကြတာအသေအခြာပါ…
    အခုအိမ်မှာတောင်…မိန်းမထက် သားနဲ့သမီးကို ပိုကြောက်နေရတာပါ.. :kwi:
    အခုလို အဖိုးတန်ကွန်မန့်လေး အချိန်ပေးချီးမြှင့်တဲ့အတွက်ကျေးဇူးတင်ကြောင်းထပ်ပြောပါရစေဗျား…

  • ကိုမိုက်ရာ
    ဘေစင်မှာပုဂံတွေပုံနေရင် ဝင်ကူပြီးဆေးပေးလိုက်ပေါ့နော်။
    ရှေးခေတ်ကတော့ ယောကျာ်းငွေရှာ မိန်းမ ကအိမ်အလုပ်လုပ်
    (ပင်ပန်းတာခြင်းတူပေမယ့် ငွေမဝင်သူကအလိုလိုနောက်ရောက်)
    အခုခေတ်ယောက်ျားမိန်းမ အတူတူငွေရှာ။
    အဲတော့ မိန်းမရဲ့ အိမ်အလုပ်တွေကို အိမ်ရှိလူကုန်နိုင်သလောက်ဝိုင်းလုပ်။
    ဒါဆိုရင် အဝတ်မပုံ ပုဂံမပုံ။
    မကောင်းဘူးလားဗျာတို့။

  • kyeemite

    February 19, 2013 at 3:51 pm

    အဲဒါ ဂဇက်ရွာပေါ့ဗျာ…ပို့စ်လေးတစ်ခုပေါ်မှာပဲ မတူတဲ့အမြင်တွေ
    အသီးသီးရေးပြကြတာ…အရသာဗျ…
    မှန်ပါတယ်ကိုယ်ပေါက်ရေ…အဖြစ်မှန်ဇတ်လမ်းမှာတော့
    လူမိုက်ကြီးနာမည်ထွက်နေတဲ့ ကြီးမိုက်ကပဲ…
    ပန်းကန်လည်းဆေး…လိုအပ်ရင်ကလေးအင်္ကျီတွေပါ မီးပူတိုက်ကူပေးနေရပါသဗျား…
    မနေနိုင်သူကလုပ်စတမ်းပေါ့…ပြောရင်းနဲ့ အမှန်တွေတော်တော်ပေါ်ကုန်ပီဗျာ. :harr:
    တကူးတက ပြန်လာပီးကော်မန့်လေးချီးမြှင့်တဲ့အတွက်ကျေဇူးပါ ကိုပေါက်ရေ…

  • တကူးတက မဟုတ်ပါဘူးဗျ။
    ပြန်လာမယ်သတင်းပေးခဲ့တာ က စစဖတ်ကာစက မန်းလို့မရဘူး၊
    “အဖေကလဲ ဟာသ ဘဲဗျာ” ဆိုတဲ့ မန်းလေးလာတုံးက စကားလေးကြားရင် ရီချင်တော့ မန်းမရဘူးဖြစ်နေလို့ပါ။

Leave a Reply