၁၇ – ၂ – ၂၀၁၃ နေ့မနက်မှာ ကျနော်တို့ ရုံးက ဝန်ထမ်းတွေ ကား ၂ စီးနဲ့ တွံတေးမြို့နယ် ဘုရားကြီးကျေးရွာ မင်္ဂလာ ပရဟိတကျောင်းကို အလှူခရီး ထွက်ခဲ့ကြပါတယ် ၊ ရုံးရှိတဲ့ လှိုင်တက္ကသိုလ်နယ်မြေ မြန်မာအင်ဖိုတက်ကနေ တစ်နာရီခွဲလောက် မောင်းရပါတယ် ၊ ကျောင်းဝင်းကြီးက အတော်ကျယ်သလို ပထမတစ်ခါကထက် ကျောင်းဆောင်တွေပိုများလာပါပြီ ၊ ဆရာတော်ဆီ အရင်ဦးတိုက်ပြီးမှ ကလေးတွေဆီသွား စကားပြောက စပ်စုကြတာပေါ့လေ ၊
၁၀ နာရီခွဲမှာ ကလေးတွေ ထမင်းစားကြပါတယ် ၊   ကျနော်တို့ ထမင်းစားပြီးတော့ ဆရာတော်ဆီမှာ လှူဘွယ်ဝတ္ထုပစ္စည်းတွေ ဆက်ကပ်ကြပြီး ပြန်ခဲ့ကြပါတယ် ၊
ဒီကျောင်းမှာ လက်ရှိကျောင်းသား တစ်ထောင်လောက်ရှိနေပြီး ကျောင်း မနေရသေးတဲ့ အရွယ်ကစလို့ ဘွဲ့ရပြီးသူအထိရှိပါတယ် ၊ သူတို့အတွက် တစ်ရက် ( ၂ နပ် ) ကို ဆန် ၇ အိတ်ကုန်ပါသတဲ့ ၊ အလှူရှင်ရှိတဲ့နေ့ဆို အသား ငါး ဘဲဥချဉ်ရည်မျိုးစားရပေမယ့် အလှူရှင်မရှိတဲ့ရက်တွေမှာတော့ သီးစုံပဲကုလားဟင်းလိုမျိုးပဲ စားရပါတယ် ၊ အလှူရှင်တွေအနေနဲ့ တစ်နပ်စာလှူမယ်ဆိုရင် အသား ငါးဟင်းနဲ့ ၅ သိန်း ၊ ဘဲဥချဉ်ဟင်းမျိုးနဲ့က ၂ သိန်းခွဲ ကျပါတယ် ၊
ဒီကလေးတွေဟာ မိဘမဲ့တွေနဲ့ သိပ်ကိုနွမ်းပါးလို့ လာအပ်ခဲ့သူတွေပါ ၊ အဲဒီနေ့က ကျနော်တို့ ဝန်ထမ်း Fund 100ငွေ ၊ ထပ်ကောက်တဲ့ အလှူငွေတွေနဲ့ ထမင်း ၁ နပ်ရယ် ဆန်အိတ် ၃၀ ရယ် အဝတ်အစား မုန့် စာအုပ် စတာတွေ လှူဒါန်းခဲ့ကြပါတယ် ၊

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..