မင်္ဂလာ အလှူခရီး

တောင်ပေါ်သားFebruary 18, 20131min13312

၁ရ – ၂ – ၂၀၁၃ နေ့မနက်မှာ ကျနော်တို့ ရုံးက ဝန်ထမ်းတွေ ကား ၂ စီးနဲ့ တွံတေးမြို့နယ် ဘုရားကြီးကျေးရွာ မင်္ဂလာ ပရဟိတကျောင်းကို အလှူခရီး ထွက်ခဲ့ကြပါတယ် ၊ ရုံးရှိတဲ့ လှိူင်တက္ကသိုလ်နယ်မြေ မြန်မာအင်ဖိုတက်ကနေ တစ်နာရီခွဲလောက် မောင်းရပါတယ် ၊ ကျောင်းဝင်းကြီးက အတော်ကျယ်သလို ပထမတစ်ခါကထက် ကျောင်းဆောင်တွေပိုများလာပါပြီ ၊ ဆရာတော်ဆီ အရင်ဦးတိုက်ပြီးမှ ကလေးတွေဆီသွား စကားပြောက စပ်စုကြတာပေါ့လေ ၊
၁ဝ နာရီခွဲမှာ ကလေးတွေ ထမင်းစားကြပါတယ် ၊   ကျနော်တို့ ထမင်းစားပြီးတော့ ဆရာတော်ဆီမှာ လှူဘွယ်ဝတ္ထုပစ္စည်းတွေ ဆက်ကပ်ကြပြီး ပြန်ခဲ့ကြပါတယ် ၊
ဒီကျောင်းမှာ လက်ရှိကျောင်းသား တစ်ထောင်လောက်ရှိနေပြီး ကျောင်း မနေရသေးတဲ့ အရွယ်ကစလို့ ဘွဲ့ရပြီးသူအထိရှိပါတယ် ၊ သူတို့အတွက် တစ်ရက် ( ၂ နပ် ) ကို ဆန် ရ အိတ်ကုန်ပါသတဲ့ ၊ အလှူရှင်ရှိတဲ့နေ့ဆို အသား ငါး ဘဲဥချဉ်ရည်မျိုးစားရပေမယ့် အလှူရှင်မရှိတဲ့ရက်တွေမှာတော့ သီးစုံပဲကုလားဟင်းလိုမျိုးပဲ စားရပါတယ် ၊ အလှူရှင်တွေအနေနဲ့ တစ်နပ်စာလှူမယ်ဆိုရင် အသား ငါးဟင်းနဲ့ ၅ သိန်း ၊ ဘဲဥချဉ်ဟင်းမျိုးနဲ့က ၂ သိန်းခွဲ ကျပါတယ် ၊
ဒီကလေးတွေဟာ မိဘမဲ့တွေနဲ့ သိပ်ကိုနွမ်းပါးလို့ လာအပ်ခဲ့သူတွေပါ ၊ အဲဒီနေ့က ကျနော်တို့ ဝန်ထမ်း Fund 100ငွေ ၊ ထပ်ကောက်တဲ့ အလှူငွေတွေနဲ့ ထမင်း ၁ နပ်ရယ် ဆန်အိတ် ၃ဝ ရယ် အဝတ်အစား မုန့် စာအုပ် စတာတွေ လှူဒါန်းခဲ့ကြပါတယ် ၊

12 comments

  • Ma Ei

    February 18, 2013 at 2:36 pm

    အလှူ ခရီးကို မျှဝေလို့ ပီတိဖြစ်ရပါတယ်…
    ဆက်လက်၍ ပိုမိုလှူဒါန်း နိုင်ကြပါစေနော်…

  • kyeemite

    February 18, 2013 at 3:14 pm

    အလှူအတွက်….သာဓု..သာဓု…သာဓု ပါဗျား..
    ကားခေါင်မိုးပေါ်က တီရှပ်အမဲနဲ့လက်ပြနေတာ
    ကိုမျိုးသန့်ဖြစ်မယ်ထင်ရဲ့…ရှေ့ကထိုင်နေတာကတော့ ကိုမျိုးသန့်အချစ်ဆုံး
    သားတော်မောင်ပေါ့…ဝမ်းသာပါတယ်..

  • Myo Thant

    February 18, 2013 at 3:24 pm

    တီရှပ်အမည်းက ကျနော်ဟုတ်ရပါဘူးဗျာ
    ဒီအရွယ်ကြီးနဲ့ တက်စရာလားကွယ်
    ကျနော်က မတ်တပ်ရပ်နေသူပါ

  • ရွှေတိုက်စိုး

    February 18, 2013 at 4:50 pm

    မင်္ဂလာအလှူခရီးဆိုလို… မင်္ဂလာဦးမှာ အလှူလုပ်တာလားလို..ဟိဟိ ဟုတ်လဲဟုတ်ဘူး..
    မင်္ဂလာကျောင်းမှာ သွားလှူတာကိုးးးးးး
    သာဓု သာဓု သာဓု ပါဗျာ….

  • Traditional

    February 18, 2013 at 4:53 pm

    သာဓု သာဓု သာဓု ပါရှင်….

  • Myo Thant

    February 18, 2013 at 4:55 pm

    အဖေါ်မွန်ဆိုတာ တစ်ခါတစ်လေ လိုချင်မိပေမယ့်
    ခဲမှန်ဖူးတဲ့ ဟင်္သာငယ် ဘဝမှာ
    တော်တော်လည်း ကြောက်ပါပြီဗျာ

    🙂

  • မင်းနန္ဓာ

    February 18, 2013 at 10:19 pm

    ရွှေတိုက်ပြောသလိုပဲ
    နောက်ထပ် မင်ဂါဆောင်တစ်ခု တိုးလာတာလားလို့
    မင်္ဂလာတိုက်ကျောင်းမှာ သွားလှူခဲ့တာကိုး
    သာဓု သာဓု သာဓုပါဗျားး

  • MaMa

    February 18, 2013 at 11:21 pm

    etrade က အလှူပုံဆိုပြီး တင်ထားတဲ့ပုံနဲ့ တူနေတယ်။ ❓

  • Myo Thant

    February 19, 2013 at 9:29 am

    ဟုတ်ကဲ့
    အီးထရိတ်ပါပဲခင်ဗျ

    • kai

      February 20, 2013 at 4:30 am

      အဟမ်း..
      ကောင်တာတွေ.. အန်ဒါကာဗာတွေ…များသဗျနော…
      ဟင်္သာဖိုကြီး.. ခဲလွတ်ရာမှာ.. လှုပ်ရှားချိန်သတိသာထားပေတော့…

      နောက်တာ.. :kwi:

  • Mr. MarGa

    February 19, 2013 at 8:50 pm

    ဝမ်းသာအားရ သာဓု သုံးခါ ခေါ်သွားပါတယ်ဗျာ
    နောက်နောင်လဲ ဒီထက် ပို လှူနိုင်ပါစေ လို့

Leave a Reply