အနာဂတ်တွင်သဘာဝအရင်းအမြစ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် လက်ရှိကာလ တွင် ချွေတာသုံးစွဲကြရန်လိုအပ်ခြင်း

Mr WorldWideFebruary 18, 20132min1317

ကမ္ဘာကြီးအနေဖြင့် သဘာဝအရင်းအမြစ်လိုအပ်ချက်များနှင့် လိုက်လျောညီထွေမှုဖြစ်စေရန် အတွက် အစိုးရများကိုယ်တိုင် လူသုံးကုန်ပစ္စည်းများထုတ်လုပ်ရေးနှင့် ပတ်သက်၍ ချင့်ချိန်စဉ်းစားလုပ်ဆောင်သင့်ကြောင်းကို သိပံပညာရှင်များက ပြောကြားခဲ့ပါသည်။

_65515307_steelworksturkeygetty

အိမ်များဆောက်လုပ်ရာတွင် ဘိလပ်မြေလျော့ပေါ့သုံးစွဲရန်၊ ကားများထုတ်လုပ်ရာတွင် စတီးများကိုလျော့သုံးစွဲရန်၊ လျှပ်စစ်ပစ္စည်းအသေးစားများ ထုတ်လုပ်ရာတွင် ပလတ်စတစ်ကို လျော့သုံးစွဲရန် ၎င်းတို့မှ ဆက်လက်ပြောကြားခဲ့ပါသည်။ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင်လည်း ဖန်လုံအိမ်ဓာတ်ငွေ့များ မထွက်ရှိရေးကိုပါ ထပ်လောင်းပြောကြားခဲ့ပါသည်။ စာစောင်များတွင် လူဦးရေးတိုးပွားလာခြင်း၊ လူများကြွယ်ဝလာခြင်းတို့ကြောင့် ပစ္စည်းသုံးလိုမှုများပြားလာခြင်းနှင့် အတူ ဖြစ်ပေါ်လာသော သဘာဝပတ်ဝန်းကျင်အပေါ် ခြိမ်းခြောက်မှုကိုလည်း ပူးတွဲသုံးသပ်ထားပေသည်။

အင်္ဂလန်နိုင်ငံအနေဖြင့် လူများ၏ အထွေထွေသုံးစွဲလိုမှုကို မလျော့ချနိုင်ပါက ၂၀၅ဝ ခုနှစ်တွင် ကာဗွန်ထွက်ရှိမှုကို လက်ရှိကာလထက် ၈ဝ ရာခိုင်နှုန်းလျော့ချနိုင်ရေးဟူသော ရည်မှန်းချက်ကို ပြည့်မီရန်အတွက် အင်္ဂလန်အနေဖြင့် နျူကလီးယားစွမ်းအင်ကို ယခုထက် လေးဆပိုမိုထုတ်လုပ်ရန်၊ သို့မဟုတ် လေစွမ်းအင်ကို ယခုထက်အဆလေးဆယ် ပိုမိုထုတ်လုပ်ရန် လိုအပ်လိမ့်မည်ဖြစ်ကြောင်း စာစောင်တစ်ခုမှ သုံးသပ်ထားပေသည်။

မော်တော်ကားထုတ်လုပ်ရေးတွင်လည်း သုံးစွဲသူအလိုကျ အရှိန်ပြင်းပြင်းမောင်းနှင်နိုင်မည့် အရွယ်အစားကြီးကြီးကားများကို ထုတ်လုပ်ပေးနိုင်ရန်အတွက် အင်ဂျင်နီယာများက ကား၏ အင်ဂျင်စွမ်းဆောင်ရည်ကို တိုးတက်ရန် အစဉ်အမြဲကြိုးပမ်းနေကြရပါသည်။ သို့ဖြစ်၍ ကားနှင့်ပတ်သက်သော အရင်းအမြစ်များ သုံးစွဲမှုကို လျော့ချနိုင်ရန် အစိုးရများက မူဘောင်တစ်ခုသက်မှတ်ပေးရန် ဥပမာအားဖြင့် ကား၏ အရွယ်အစားနှင့် အရှိန်နှုန်းတို့ကို ကန့်သတ်ထုတ်လုပ်ရန် လိုအပ်ကြောင်း ဒေါက်တာအောဝုဒ်မှ ပြောကြားခဲ့ပါသည်။ အရင်းအမြစ်များကို များပြားစွာသုံးစွဲရသည့် ကုန်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများအပေါ် လုံလောက်သည့်အခွန်အခကောက်ခံခြင်းဖြင့် ၎င်းကုန်ပစ္စည်းများအား ပြန်လည်သန့်စင်အသုံးပြုသည့် စီးပွားရေးစနစ် (Circular Economy) အဖြစ်သို့ရောက်ရှိစေရန် ကြိုးပမ်းသင့်ကြောင်း စာစောင်တစ်ခုမှရေးသားထားပါသည်။

သို့မှသာ အလုပ်အကိုင်တိုးတက်ရရှိလာခြင်း၊ အရင်းအမြစ်လုံခြုံမှု ့ကို တိုးတက်ထိန်းသိမ်းနိုင်ခြင်း၊ ပြည်လည်ပြည့်ဖြိုးမြဲမဟုတ်သည့် (Renewable Energy ) စွမ်းအင်သုံးစွဲမှုကိုလျော့ချနိုင်ခြင်း၊ ကာဗွန်ထုတ်လုပ်မှုကို တားဆီးနိုင်ခြင်းနှင့် စက်မှုစွန့်ပစ်ပစ္စည်းများကိုလည်း လျော့ချနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ဖန်တီပေးနိုင်မည် ဖြစ်ပေသည်။

Savings needed to meet future demand for resources

Governments need to spark a lightweight revolution in the way things are made so the world can keep up with the demand for resources, say scientists.

They say homes will have to be built with less cement; cars with less steel; and gadgets with less plastic.

And it will need to be done in a way that radically cuts emissions from producing the materials, they add.

These are among the conclusions presented in the journal Philosophical Transactions of the Royal Society A.

Several papers in the journal tackle the dual problem created by the increased demand for goods as people grow richer and population increase, coupled with the threat of climate change.

One paper warns that unless demand for materials from UK primary industry is reduced, Britain will need the equivalent of a four-fold increase in nuclear power or a 40-fold increase in wind power to meet its target of a 80% reduction in carbon emissions by 2050 from pre-industrial levels.

Source:http://www.bbc.co.uk/news/science_and_environment/

 

 

7 comments

  • mobile(သူကြီးသမက်)

    February 18, 2013 at 11:34 pm

    ဗဟုသုတ ဖြစ်လိုခြင်း အလိုငှာ လေ့လာအားပေးသွားပါ၏…..

  • kai

    February 19, 2013 at 12:02 am

    စားတာသောက်တာတွေလည်း.. လျှော့စားကြသင့်ပါတယ်..။
    အထူးသဖြင့်..အမေရိကားက အမေရိကန်တွေ.. :harr:
    =
    Americans Waste 40% Of Food Supply, Somehow Still Fat : Gothamist
    gothamist.com/2012/08/…/americans_waste_40_of_food_supply_s.p…
    Aug 22, 2012 – Over 35% of Americans are obese, but somehow nearly half of our food … We waste 10 times more food than someone in Southeast Asia, and …
    =
    How America’s obesity is hurting the world, page 1
    http://www.abovetopsecret.com/forum/thread856520/pg1
    17 posts – 8 authors – Jun 30, 2012
    Annually, we spend 147 billion dollars a year on health related problems stemming from obesity. http://www.cnn.com... But, there’s Americans waste …

    • မိုက်ကယ်ဂျော်နီအောင်ပု

      February 19, 2013 at 12:16 am

      အဟုတ် မိုးကြိုးပစ် ဘုရားစူး မွေဗွေးကိုက် ဆယ်ဘီးကားတိုက်
      အပေါ်က သဂျီးရေးတဲ့ကော်မန့်လိုမျိုး ကျုပ်ရေးမလို့
      ကြီးမိုက် ( ကိုကြီးမိုက် ) ပိုစ့်မှာအရင်သွားလွှတ်နေတာ
      သဂျီးဦးသွားတယ်
      ဂဘာမှာ
      အစာရေစာ မဝသူထက် ဝတဲ့သူက များတာရယ်
      လေလွင့်သွားတဲ့အစားအသောက်တွေ ( စားသောက်စိုင်တွေမှာ စားပြီးမကုန်တာမျိုးတွေ )
      ဟာ
      အဟာရငတ်မွတ်သူတွေအတွက် လိုအပ်တာထက်ပိုနေတဲ့သဘောရှိတယ်
      ဘာညာကွိကွပေါ့ဗျာ
      လုပ်ဇရာလားဗျ သဂျီးရဲ့ 👿

      • မိုက်ကယ်ဂျော်နီအောင်ပု

        February 19, 2013 at 12:18 am

        ဘုရားဆွမ်းတင်ပြီးရင်
        လွှင့်ပစ်တာတွေတော့ မပြောကြေးနော 👿

  • Foreign Resident

    February 19, 2013 at 9:12 am

    ကို E T ရေ ၊ ဗဟုသုတ အရေးကောင်းလို့ ၊ ကြိုဆိုပါတယ်ဗျာ ။

    ဒါပေမယ့် ၊ အခု E T က လက်ထောက်ကထိက ဆိုတော့ ။
    E T ဆိုတဲ့ နာမည် နှင့် အရင် ရေးနေတဲ့ ရွာသူား တစ်ယောက် ရှိတယ် ခမျ ။
    အဘ အထင် ၊ အရင် E T က သင်္ဘော လိုက်သွားတယ်ဗျ ။
    ဒါကြောင့် ၊ ကလောင် နာမည်တူနေတာ ၊ မသိတာထင်တယ် ။

    သူကြီးက နဲနဲ အတည်ပြုပေးပါအုန်း ။

  • E T

    February 20, 2013 at 1:33 pm

    ဟုတ်တယ်ဗျာ..ကျနော်လည်း ဒီဆိုက်ဒ်မှာအရင်တုန်းက တခြားနာမည်တစ်ခုနဲ့ရေးပါသေးတယ်။ ကြာပါပီ။ အလုပ်ကြောင့်မရေးဖြစ်ရာကနေ..ပက်စ်ဝေါ့တွေပါမေ့ကုန်လို့။ အခုလိုနစ်အသစ်နဲ့ပြန်ရေးတာပါ။ အဲဒီတုန်းကတော့ နည်းပညာသတင်းတွေမဟုတ်ပါဘူး။ အခုလည်း အီးတီကို အလွယ်တကူပဲပေးလိုက်တာပါ။
    ပြန်တော့ပြင်မလို့စဉ်းစားနေတာ။ နာမည်မပေးတက်ဘူးဖြစ်နေတယ်။ ဟီးဟီး။ နာမည်လေးများ သနားရင် ဝိုင်းပေးကြပါလို့။ အဆင်ပြေတာလေးဖြစ်ဖြစ်ပေ့ါ။
    ကွန်မန့်တွေအတွက်ကျေးဇူးပါ..ခင်ဗျာ။

    • kai

      February 20, 2013 at 4:10 pm

      လက်ထောက်ကထိက ဆိုတဲ့နာမယ်တော့ကြိုက်တယ်ဗျ.. ဒါပေမယ့်ခေါ်ရခက်တယ်နော..
      ကိုရင်ထောက်လို့.. ခေါ်နေရမယ်.. :kwi:

Leave a Reply