ငါလိုချင်တာအချစ်ပါ…
အတွေ့အကြုံရင့်ကျက်ပြီးသား..
နင့်ရဲ့ အတိတ်ဇာတ်လမ်းကို ပြန်ကြားရဖို့မဟုတ်ဘူး…

ငါလိုချင်တာ..တူညီတဲ့တုန့်ပြန်မှုပါ..
အကြောင်းပြချက်တွေနဲ့..
နင့်ရဲ့ငြင်းဆန်မှုသက်သက်ကို..
လိုက်ရောဖို့မဟုတ်ဘူး…

ငါလိုချင်တာ..နင့်ဘက်ကဂရုစိုက်မှုကိုပါ…
ငါအချစ်ကို စစ်မစစ် စမ်းသပ်နေတဲ့..
နင့်ရဲ့ နှလုံးသားအမည်ခံ ကြောက်ရွံ့မှုကိုမဟုတ်ဘူး…

ငါဖြစ်စေချင်တာ..အသာတကြည်နဲ့.ငါ့ဘက်က
အစွမ်းကုန်ပေးဆပ်မှုတွေ
ယုံယုံကြည်ကြည် လက်ခံပေးဖို့ပဲ..
အလကားနေရင်း စေတနာကိုစော်ကားတဲ့..
နင့်ရဲ့..ရင့်သီးတဲ့စကားတွေကိုကြားချင်တာမဟုတ်ဘူး..

ကျေးဇူးပြုပြီး..ဒီအတိုင်းလက်ခံပေးပါ..
ငါဘက်ကနင်ထင်သလို..
ယုတ်မာတဲ့..ဇာတ်လမ်းမျိုးကိုဖန်တီးမှာမဟုတ်ဘူး…
ကျေးဇူးပြုပြီး…ဒီအတိုင်း..ဒီအတိုင်းလေးပဲ..
မိန်းခလေးရယ်…ငါ့ရဲ့..ကြင်နာမှုကို..
ဒီအတိုင်းလေးပဲလက်ခံပေးပါ…။ ။

About မောင်တင့် တယ်

မောင်တင့် တယ် has written 20 post in this Website..

စကားများသည်. သဘောကောင်းသည်. နည်းနည်းပေါသည်. သူများနားမလည်သောစာများရေးတတ်သည်. သူများနားမလည်သည်ကိုလည်း တလွဲတွေးထင်နားလည်တတ်သည်