ဒီအတိုင်းလက်ခံပေးပါ..

ငါလိုချင်တာအချစ်ပါ…
အတွေ့အကြုံရင့်ကျက်ပြီးသား..
နင့်ရဲ့ အတိတ်ဇာတ်လမ်းကို ပြန်ကြားရဖို့မဟုတ်ဘူး…

ငါလိုချင်တာ..တူညီတဲ့တုန့်ပြန်မှုပါ..
အကြောင်းပြချက်တွေနဲ့..
နင့်ရဲ့ငြင်းဆန်မှုသက်သက်ကို..
လိုက်ရောဖို့မဟုတ်ဘူး…

ငါလိုချင်တာ..နင့်ဘက်ကဂရုစိုက်မှုကိုပါ…
ငါအချစ်ကို စစ်မစစ် စမ်းသပ်နေတဲ့..
နင့်ရဲ့ နှလုံးသားအမည်ခံ ကြောက်ရွံ့မှုကိုမဟုတ်ဘူး…

ငါဖြစ်စေချင်တာ..အသာတကြည်နဲ့.ငါ့ဘက်က
အစွမ်းကုန်ပေးဆပ်မှုတွေ
ယုံယုံကြည်ကြည် လက်ခံပေးဖို့ပဲ..
အလကားနေရင်း စေတနာကိုစော်ကားတဲ့..
နင့်ရဲ့..ရင့်သီးတဲ့စကားတွေကိုကြားချင်တာမဟုတ်ဘူး..

ကျေးဇူးပြုပြီး..ဒီအတိုင်းလက်ခံပေးပါ..
ငါဘက်ကနင်ထင်သလို..
ယုတ်မာတဲ့..ဇာတ်လမ်းမျိုးကိုဖန်တီးမှာမဟုတ်ဘူး…
ကျေးဇူးပြုပြီး…ဒီအတိုင်း..ဒီအတိုင်းလေးပဲ..
မိန်းခလေးရယ်…ငါ့ရဲ့..ကြင်နာမှုကို..
ဒီအတိုင်းလေးပဲလက်ခံပေးပါ…။ ။

13 comments

  • Mr. MarGa

    February 18, 2013 at 9:18 pm

    တစ်ဦးမေတ္တာ တစ်ဦးမှာ တဲ့
    ကြင်နာတာကို ဖွင့်မပြောရင်တော့ လက်ခံလာပါလိမ့်မယ်လို့ :hee:
    စေတနာ ရောင်ပြန်ဟပ်စေဖို့
    သူ့နံဘေးမှာပဲ မသိသလိုလေး နေပေးလိုက်ပါ :kwi:

  • mobile(သူကြီးသမက်)

    February 18, 2013 at 10:43 pm

    ငါရဲ့စိတ်နဲ့ ခံဒါ မင်းရဲ့ရှေ့မှောက်ခစား လက်ခံပေးပါ…….
    နင် မြင်နိုင်နေပီပဲ ဒီဘွဂိုမင်းယူလိုက် ငါရှုံးတယ်(ဘောလုံးပွဲကိုပြောခြင်းမဟုက်ပါ)
    ငါရှေ့ဆက်အသက်ရှင်ချိန်များ ငါကြည်ဖြူတယ်ယူပါ မငြင်းပါဘူး ယူလိုက်……..

  • ဂန္ဓာရီ ဆြာအုပ်

    February 19, 2013 at 1:01 am

    လက်ခံပေးပါဆိုတော့…မျိုးကြီးလား
    စာသားတွေက .. လန်ထွက် ပျံတက်နေတာပဲ

  • mamanoyar

    February 19, 2013 at 2:08 pm

    လာဖတ်သွားတယ်နော်

  • Traditional

    February 19, 2013 at 2:18 pm

    လက်ခံပေးလိုက် …ပါကြောင်း

  • ခင်ခ

    February 19, 2013 at 4:15 pm

    (ကျေးဇူးပြုပြီး…ဒီအတိုင်း..ဒီအတိုင်းလေးပဲ..
    မိန်းခလေးရယ်…ငါ့ရဲ့..ကြင်နာမှုကို..
    ဒီအတိုင်းလေးပဲလက်ခံပေးပါ…။ ။)

    လာထား အာပွား……တဲ့ ။

    ဇာတ်ကားတစ်ခု အမည်ပြောပါတယ်။

    • မောင်တင့် တယ်

      February 19, 2013 at 5:53 pm

      အဲ မဟုတ်ရပါဘူးဗျာ..
      အာပွားကို တစ်ခါမှ မကြုံဖူးသူမို့ ရယ်လေ..

  • kai

    February 20, 2013 at 4:03 am

    ဒီအတိုင်းပဲ ဆင်းလာခဲ့…ဒီအတိုင်းပဲ ဆင်းလာခဲ့.ဒီအတိုင်းပဲ.ဒီအတိုင်းပဲ….
    ..အိုးဟိုအို~~
    (ဗဒင်)

    • etone

      February 20, 2013 at 8:14 am

      အဟီး .. သဂျီး .. အဲ့လာ သီချင်းထဲမှာပဲ ချိတယ် … ။
      အပြင်မှာ ဒီတိုင်းပဲသာဆင်းလာလျှင် ဘွပျက်လို့ ငတ်ပြီ မှတ် …… 😆

      • ခိုင်ဇာ

        February 20, 2013 at 10:31 am

        အပြင်မှာဆိုရင်တော့ သနပ်ခါးတုန်းတို့ ကျောက်ပျင်တို့ပါ သယ်လာမယ် မှတ်။
        ခေါ်ရဲမှ ခေါ်ကြလော့။

        :harr:

  • ခိုင်ဇာ

    February 20, 2013 at 10:10 am

    ဟယ်။
    ဒီ ကဗျာထဲက ကန်ကလေးက ချစ်ရှာလေးပါတကား။
    အပြင်လောကမှာတော့ ရှိမယ်မထင်။

    :kwi:

  • နွယ်ပင်

    February 20, 2013 at 11:07 am

    ကြင်နာပါတယ်ဆိုတဲ့ နောက်တော့ ဘယ်ကောင်းတော့မလဲနော် …
    ကြင်ပြီး နာနေတာလေ …. :kwi:

  • magic ladylay

    February 20, 2013 at 5:06 pm

    ဘယ်သူကို ပြောနေတာလဲပာင်….မီးကိုလား…
    လက်ခံပေးလိုက်ပြီနော်……

Leave a Reply