ရုံးအလုပ်တွေ ရှုပ်နေတာနဲ့ ရွာထဲကို ချောင်းကြည့် ပြုံးပြန် လုပ်နေတာ တွေ့ဆုံပွဲက ပြန်လာပြီးကတည်းက ထင်ပါရဲ့

ပို့စ် တင်ဖြစ်တော့လည်း ကိုယ်က စာဖတ်သူကို တစ်ခုခု ပေးနိုင်တဲ့ဟာ မဟုတ်ဘဲ အကူအညီ တောင်းတဲ့ ပို့စ်ဖြစ်နေလို့ ရှက်ပါရဲ့

ရှက်လည်း ရှက်တော့ပါဘူး.. အချင်းချင်းတွေပဲဟာ ဟီး

အထူးသဖြင့် အကူအညီတောင်းချင်တာကတော့ ရွာထဲက အံဇာတို့ ကိုဖက်ကက်တို့လို အိုင်တီသမားတွေပေါ့..

ဒီလိုပါ အားလုံးသိကြတဲ့အတိုင်း ကျနော်ဟာ အစိုးရရုံးတစ်ခုက တောက်တိုမယ်ရ ဖွတ်ကြားတစ်ကောင်သာသာ ရယ်ပါ

အဲ ခုတလောတော့ ဇာတာစန်းလဂ် တတ်တယ်ပြောရမလား.. စုပ်ကော လာဘ်ကော ဝင်မယ့်ကိန်းလားတော့မသိ

တောင်ကျွန်းသူအလှလေးတွေရဲ့နိုင်ငံကို သုံးလကြာ သင်တန်းသွားတက်ဖို့ရာ နာမည်စာရင်း အဆိုပြုခံရပါတယ်..

ဟိုဘက်နိုင်ငံက သင်တန်းအရွေးခံရဖို့ရာ More than 3 years of experience in either International Relation or IT particularly related to operation of homepage ရှိရမယ်လို့ သတ်မှတ်ချက်တစ်ခု ပါလာတယ်ခင်ဗျ..

ကိုယ်က ရုံးမှာ IR Section ထဲကမို့ အရွေးခံလိုက်ရပေမယ့် Homepage ကို ကိုင်တွယ်တတ်ဖို့က မနှံ့စပ်လေတော့ ရွာထဲမှာ ဗျို့ဟစ်မိတော့တာပါပဲ၊ အိုင်တီ ၃နှစ် လုပ်သက်ကို မမီနိုင်ဘူးဆိုတာသိပေမယ့် နလပိန်းတုံးကောင်ကြီး မဖြစ်ချင်လို့ပါ..

တလောက ရွာထဲမှာ ကိုလူခါးတင်တဲ့ Website ရေးနည်း သင်ခန်းစာ (မည်သူမဆို နားလည်နိုင်သည်) ပို့စ်လေးတော့ မှတ်မှတ်ရရ ရှိခဲ့ပါတယ်

လင့်ခ်တွေလည်း သွားခဲ့ပါတယ်.. ကုတ်တွေ ရေးရမယ့်အပိုင်းမှာ ခေါင်းတွေမူးပြီး ရှေ့မတတ်တော့တာပါ၊ ခုတော့ သေချာပြန်ဖတ်ရတော့မှာပေါ့။

ခေါ်တဲ့ဆီက နောက်နှစ်ပတ်အတွင်းမှာ ဖုန်းနဲ့ လူတွေ့လှမ်းမေး အုံးမှာပါ.။

အခု Application form မှာ Homepage အကြောင်းကိုယ်ဘာသိထားလဲ နှစ်ချက်လောက်ထည့်ရေးဖို့နဲ့ လူတွေ့ မှာ မေးလာခဲ့သည်ရှိသော်ပေါ့..

အဲဒါကြောင့် ရွာထဲက အိုင်တီ ပရော်ဖက်ရှင်နယ်တွေ၊ လက်တွေ့ လုပ်ငန်းခွင်မှာ အသုံးချနေသူတွေဆီက လက်ပူတိုက် အချက်အလက်လေးတွေ သင်ပေးစေချင်တာပါခင်ဗျ.. :hee:

၁။ ကိုယ့်ဆရာ (ဟီး.. ဒီလို ကြို ဝင်ထားမှ) က ခေါ်မယ့်သူဆို operation of homepage ကို ဘယ်လိုအသိတွေ ရထားသူ လိုချင်မလဲပေါ့နော်

၂။ ကိုယ့်ဆရာသာ မေးမယ့်သူနေရာကဆို ဘယ်အချက်တွေ ထောက်လာနိုင်သလဲ

၃။ ကျနော် operation of homepage အတွက် ဘာတွေ ပြင်ထားရမလဲ (လောလောဆယ် လူတွေ့ အတွက်ပေါ့)

၎။ ပေးချင်တဲ့ အခြား အခြားသော အကြံညဏ်လေးများကို…. တောင်းခံပါတယ်လို့..

ကျနော့်ရဲ့ အခြေခံကိုလည်း လိုလိုမယ်မယ်ပြောထားရရင် ကျောင်းတုန်းက EC မေဂျာမို့ ပရိုဂရမ်းမင်းကို က၊ ခ လောက်တော့ သိပါတယ်လို့ (အတော်လေး ပြန်လိုက်မယ်ဆိုရင်ပေါ့ အဟင့်)၊ ဖွဘုတ်မှာ ဓာတ်ပုံတွေ တင်ပြီး သူမျာ့ဟာတွေလည်း like, share လုပ်တတ်ပါတယ် (အားရစရာပဲနော်)၊ ဂေဇတ်မှာလည်း ရောက်တတ်ရာရာများ ရွာသူားများ ကြိုက်လားမကြိုက်လားမသိ ပို့စ်လုပ်တင်ပါတယ်..။

အဲဒါကြောင့် ကူညီကြပါ .. ကူညီကြပါ ခင်ဗျ.. လို့

…..

PS. ဒို့သူဂျီးက ဂေဇက်ကို လက်တွေ့ ချောချောမွေ့မွေ့ လည်ပတ်နေစေသူဆိုတော့ သူ့ ဆီက အကြံညဏ် အကြီးကြီးရမယ်လို့ မျှော်လင့်မိပါကြောင်း

 

About ရွာစားကျော် မင်းနန္ဓာ

ရွာစားကျော် မင်းနန္ဓာ has written 71 post in this Website..

နတ္ထိတွေ အစာသွပ်ထားတဲ့ ရင်ဘတ်ထဲ ၀မ်းစာကလည်း ရှားပါးလို့ ပစ္စုပ္ပန်မှာ ငူငေါင်ငေါင်ရပ်ရင်း လှမ်းမျှော်ပြီးကြည့်တော့ အနာဂတ်ဟာ မှုန်ဝါးလို့နေရဲ့.. မထူးဇာတ်ခင်းကာ အတိတ်က အိပ်မက်တွေကို ပြန်တူးကြည့်တော့ ပုပ်သင်ဥတွေပဲ ထွက်လာတယ်.... CJ # 7202011