ကူညီကြပါ .. ကူညီကြပါ ခင်ဗျ

ရုံးအလုပ်တွေ ရှုပ်နေတာနဲ့ ရွာထဲကို ချောင်းကြည့် ပြုံးပြန် လုပ်နေတာ တွေ့ဆုံပွဲက ပြန်လာပြီးကတည်းက ထင်ပါရဲ့

ပို့စ် တင်ဖြစ်တော့လည်း ကိုယ်က စာဖတ်သူကို တစ်ခုခု ပေးနိုင်တဲ့ဟာ မဟုတ်ဘဲ အကူအညီ တောင်းတဲ့ ပို့စ်ဖြစ်နေလို့ ရှက်ပါရဲ့

ရှက်လည်း ရှက်တော့ပါဘူး.. အချင်းချင်းတွေပဲဟာ ဟီး

အထူးသဖြင့် အကူအညီတောင်းချင်တာကတော့ ရွာထဲက အံဇာတို့ ကိုဖက်ကက်တို့လို အိုင်တီသမားတွေပေါ့..

ဒီလိုပါ အားလုံးသိကြတဲ့အတိုင်း ကျနော်ဟာ အစိုးရရုံးတစ်ခုက တောက်တိုမယ်ရ ဖွတ်ကြားတစ်ကောင်သာသာ ရယ်ပါ

အဲ ခုတလောတော့ ဇာတာစန်းလဂ် တတ်တယ်ပြောရမလား.. စုပ်ကော လာဘ်ကော ဝင်မယ့်ကိန်းလားတော့မသိ

တောင်ကျွန်းသူအလှလေးတွေရဲ့နိုင်ငံကို သုံးလကြာ သင်တန်းသွားတက်ဖို့ရာ နာမည်စာရင်း အဆိုပြုခံရပါတယ်..

ဟိုဘက်နိုင်ငံက သင်တန်းအရွေးခံရဖို့ရာ More than 3 years of experience in either International Relation or IT particularly related to operation of homepage ရှိရမယ်လို့ သတ်မှတ်ချက်တစ်ခု ပါလာတယ်ခင်ဗျ..

ကိုယ်က ရုံးမှာ IR Section ထဲကမို့ အရွေးခံလိုက်ရပေမယ့် Homepage ကို ကိုင်တွယ်တတ်ဖို့က မနှံ့စပ်လေတော့ ရွာထဲမှာ ဗျို့ဟစ်မိတော့တာပါပဲ၊ အိုင်တီ ၃နှစ် လုပ်သက်ကို မမီနိုင်ဘူးဆိုတာသိပေမယ့် နလပိန်းတုံးကောင်ကြီး မဖြစ်ချင်လို့ပါ..

တလောက ရွာထဲမှာ ကိုလူခါးတင်တဲ့ Website ရေးနည်း သင်ခန်းစာ (မည်သူမဆို နားလည်နိုင်သည်) ပို့စ်လေးတော့ မှတ်မှတ်ရရ ရှိခဲ့ပါတယ်

လင့်ခ်တွေလည်း သွားခဲ့ပါတယ်.. ကုတ်တွေ ရေးရမယ့်အပိုင်းမှာ ခေါင်းတွေမူးပြီး ရှေ့မတတ်တော့တာပါ၊ ခုတော့ သေချာပြန်ဖတ်ရတော့မှာပေါ့။

ခေါ်တဲ့ဆီက နောက်နှစ်ပတ်အတွင်းမှာ ဖုန်းနဲ့ လူတွေ့လှမ်းမေး အုံးမှာပါ.။

အခု Application form မှာ Homepage အကြောင်းကိုယ်ဘာသိထားလဲ နှစ်ချက်လောက်ထည့်ရေးဖို့နဲ့ လူတွေ့ မှာ မေးလာခဲ့သည်ရှိသော်ပေါ့..

အဲဒါကြောင့် ရွာထဲက အိုင်တီ ပရော်ဖက်ရှင်နယ်တွေ၊ လက်တွေ့ လုပ်ငန်းခွင်မှာ အသုံးချနေသူတွေဆီက လက်ပူတိုက် အချက်အလက်လေးတွေ သင်ပေးစေချင်တာပါခင်ဗျ.. :hee:

၁။ ကိုယ့်ဆရာ (ဟီး.. ဒီလို ကြို ဝင်ထားမှ) က ခေါ်မယ့်သူဆို operation of homepage ကို ဘယ်လိုအသိတွေ ရထားသူ လိုချင်မလဲပေါ့နော်

၂။ ကိုယ့်ဆရာသာ မေးမယ့်သူနေရာကဆို ဘယ်အချက်တွေ ထောက်လာနိုင်သလဲ

၃။ ကျနော် operation of homepage အတွက် ဘာတွေ ပြင်ထားရမလဲ (လောလောဆယ် လူတွေ့ အတွက်ပေါ့)

၄။ ပေးချင်တဲ့ အခြား အခြားသော အကြံညဏ်လေးများကို…. တောင်းခံပါတယ်လို့..

ကျနော့်ရဲ့ အခြေခံကိုလည်း လိုလိုမယ်မယ်ပြောထားရရင် ကျောင်းတုန်းက EC မေဂျာမို့ ပရိုဂရမ်းမင်းကို က၊ ခ လောက်တော့ သိပါတယ်လို့ (အတော်လေး ပြန်လိုက်မယ်ဆိုရင်ပေါ့ အဟင့်)၊ ဖွဘုတ်မှာ ဓာတ်ပုံတွေ တင်ပြီး သူမျာ့ဟာတွေလည်း like, share လုပ်တတ်ပါတယ် (အားရစရာပဲနော်)၊ ဂေဇတ်မှာလည်း ရောက်တတ်ရာရာများ ရွာသူားများ ကြိုက်လားမကြိုက်လားမသိ ပို့စ်လုပ်တင်ပါတယ်..။

အဲဒါကြောင့် ကူညီကြပါ .. ကူညီကြပါ ခင်ဗျ.. လို့

…..

PS. ဒို့သူဂျီးက ဂေဇက်ကို လက်တွေ့ ချောချောမွေ့မွေ့ လည်ပတ်နေစေသူဆိုတော့ သူ့ ဆီက အကြံညဏ် အကြီးကြီးရမယ်လို့ မျှော်လင့်မိပါကြောင်း

 

22 comments

  • ဂန္ဓာရီ ဆြာအုပ်

    February 19, 2013 at 12:42 am

    ဟုမ်းပေ့ အော်ပရေးရှင်း
    နားလည်ဘူး
    ဘာကိုပြောတာလဲ

  • နယ်လှည့် ဝိဇ္ဇာ mobile (သူကြီးသမက်)

    February 19, 2013 at 2:29 am

    ကူညီလိုစိတ်တော့ ရှိပါ၏ ကိုမင်းနံဒါရေ သို့ပေမယ့်
    မောင်မိုဘိုင်းသည်လဲ ဘာမှကာ ဟုက်တိပတ်တိ တတ်တာမဟုက်လေတော့
    ကိုမင်းနံဒါ ကျွမ်းကျင်သွားပြီဆိုမှ ကိုမင်းနံဒါဆီကနေ ပြန်လည်သင်ယူလိုကြောင်းပါ……

  • kai

    February 19, 2013 at 4:47 am

    WAMP တခု ကို ဝင်းဒိုးထဲအင်စတောလုပ်ပါ..
    http://en.wikipedia.org/wiki/Comparison_of_WAMPs

    WordPress ကို.. WAMP ထဲအင်စတောလုပ်ပါ
    http://wordpress.org/
    http://wordpress.org/support/topic/installing-wordpress-on-wamp-in-windows-7

    ဗီဒီယို ကြည့်ရန်

    https://www.youtube.com/watch?v=8LJddVs23Sw
    https://www.youtube.com/watch?v=EVGb6aiF1OA

    ဝက်ဘ်ဆိုက်တခုရပါပြီ..
    ၁) … အင်စတောလုပ်လိုက်ဖျက်လိုက်.. အကြိမ်၁၀ဝ လုပ်ပါ..
    ၂) အောက်က ပလပ်အင်တွေ.. ထည့်ထုတ်.. အကြိမ်၅ဝလုပ်ပါ..။
    http://www.searchenginepeople.com/blog/the-13-wordpress-plugins-for-2013.html
    ၃) Theme တွေထည့်ထုတ်.. ၁ဝကြိမ်လုပ်ပါ..
    http://wordpress.org/extend/themes/

    ၃နှစ်စာလောက်.. တတ်သိသွားမယ်.. အာမခံကြောင်း… :kwi:
    တကယ့်ဘဝမျာ.. လေ့ကျင့်ချင်ရင်.. Domain Name တခုဝယ်.. Hosting တနေရာငှား.. တင်နိုင်ကြောင်း..
    http://www.1and1.com

    • ရွာစားကျော် မင်းနန္ဓာ

      February 19, 2013 at 6:33 am

      ဟိုက် ရှာလဘတ်ရည် (ခရက်ဒစ်တူ ဆရာအီကြာကွေး)
      သူဂျီး ပေးတဲ့ အကြံအကြီးကြီးက လန်ထွက်နေတာပဲ
      အင်စတော အကြိမ် ၁၀၀၊ ပလပ်အင်တွေ ထည့်ထုတ် အကြိမ် ၅၀
      Theme တွေထည့်ထုတ်.. ၁ဝကြိမ်လုပ်ပါ.. တဲ့
      ဝဘ်ဆိုဒ် တစ်ခုကို အော်ပရေးရှင်းလုပ်ရ တော်တော် ကရိကထ များလှ ထင်သွားတာ
      ..နောက်မှ ၃ နှစ်စာ အတွေ့အကြုံရဖို့ပါ အကြံပေးထားတာကိုးးးး
      :hee:
      ကျေးဇူး အများကြီးတင်ပါတင်ဗျလို့

      • kai

        February 19, 2013 at 7:25 am

        ဟင်း.. ဟင်း..
        ကျုပ်လုပ်ခဲ့တာ.. ဒီထက်ပိုသေး…

        ပထမဆုံးလက်ပ်တော့ ဝယ်တော့.. သိချင်ဇောနဲ့ ဖြုတ်တပ်လုပ်တာ.. ၁ဝကြိမ်မက..
        အဲဒီခေတ်က.. ဒေါ်လာနဲ့ ၃၀၀ဝလောက်တန်တာကြီး.. အသစ်စက်စက်ကိုနော..
        ဆာဗာလည်း.. ဒီအတိုင်း..
        လင်းနပ်စ်ပေါ်တော့.. ထည့်တာ.. အကြိမ်၁၀ဝ မက..
        အဲဒီတုံးက.. အပါချီတောင် သီးသန့်တခုဆီထည့်ရတာခင်ဗျ… :harr:

        • ရွာစားကျော် မင်းနန္ဓာ

          February 19, 2013 at 8:00 am

          သူကြီးပေးတဲ့ wiki table ထဲက Bitnami WAMP Stack 5.4.11-0-windows-installer ဒေါင်းပြီး အင်စတောလုပ်ကြည့်တယ် .. wordpress-3.5.1 လည်း ဒေါင်းပြီးဘီ
          ဒါပေမယ့် wordpress ထဲက ဖိုင်လ်တွေ ကူးထည့်ဖို့ WAMP Stack ထဲမှာ www ဆိုတဲ့ဖိုင် မတွေ့ဘူးဖြစ်နေတယ် ..
          wamp sever 2.0 ဆိုတာ ထပ် ဒေါင်းကြည့်လိုက်အုံးမယ်…
          သုံးနှစ်စာ.. သုံးနှစ်စာ..

        • တား ဂဒေါ့ …
          ဘာမှ သိဝူးးး
          ကျုပ် ဘဂျီး ကြောဒဲ့ အတိုင်းဒါ
          လုပ်ကျိဘေဒေါ့ … ဟီး .. :mrgreen:

        • ရွာစားကျော် မင်းနန္ဓာ

          February 19, 2013 at 8:08 pm

          အံချာတုံး..
          ဟိုးတော်တော်အကြာက ကုတ်တွေ ဘယ်လိုရေးပြီး ဝဘ်ပေ့ချ်မှာ ဘာစာတွေ ပေါ်အောင် လုပ်မယ်တို့ ဘာတို့ နင် ရေးတင်ဖူးတယ်လေ
          ခုမှ တား ဂဒေါ့.. ဘာမှ သိဝူးးး.. တုန်း.. အဲလို ခေါင်းမရှောင်နဲ့
          ဒါဗျဲ ျဲ ျဲ ျဲ…

        • kai

          February 20, 2013 at 2:34 am

          XAMPP ကတော့ အသုံးများပုံရပါတယ်..
          ဂျဗားတွေ.. ဖင်တုန်တွေခနဖယ်ပြီး.. php MySQL Apache ပဲသွင်းပါ..

        • သဂျီး …
          နိုးလာတုန်း မေးလိုက်ဦးမယ် …
          မမြင်ဘဲ ကျော်ခွသွားရင်လည်း ကိုရွာစား ဖြေပေးပေါ့ဂျာ ..

          ခု .. ခညား မေးဒဲ့ဟာ ဘာလဲဆိုတာကို ကျုပ်ဖြင့် မသိဒါ ..
          သဂျီး ပြောတဲ့ဟာကတော့ သိတယ် …
          သူ့ဟာဂ အိုးပန်းစို့ နဲ့ ကလိခိုင်းဒါ …
          အိုက်ဒါဂျောင့် .. ကျုပ်လည်း ဘာမှ ကြောဒတ်ဘူး ..
          မေးခွန်း နားလည်ဝူးးး

        • ရွာစားကျော် မင်းနန္ဓာ

          February 21, 2013 at 11:28 pm

          ဒီလိုပါဗျ.. အံစာတုံး နားမလည်တာ ကျနော် မပြောတတ်လို့..
          သင်တန်းခေါ်တာက ယာယီဝန်ထမ်းအနေနဲ့ ၃ လ လုပ်ဖို့ပါ
          အဲဒီကို အရွေးခံရလို့ သွားလုပ်တဲ့အခါ သူတို့ရုံး Web page ဖြစ်တဲ့ http://www.rcaro.org/ ကို ထိန်းသိမ်း၊ ပြင်ဆင် သတင်းတွေ တင်ပေးတဲ့အလုပ်ကို
          assignment တစ်ခုအနေနဲ့ လုပ်ရမယ်ပေါ့ဗျာ.. အဲဒါကြောင့် ခေါ်စာမှာ
          experience in IT = particularly related to operation of homepage ရှိရမယ်ဆိုတဲ့ သတ်မှတ်ချက်တစ်ခု ပါလာတယ် လို့ ကျနော်ပြောတာပါ..
          အဲဒီတော့.. http://www.rcaro.org/ ဆိုတဲ့ ဆိုဒ်ကို
          ၁- ပိုပြီး သပ်ရပ်လှပအောင်(ဓာတ်ပုံတွေ၊ ဒီဇိုင်းတွေနဲ့) decorate လုပ်ရမယ်
          ၂- ကောင်းကောင်း လည်ပတ်အောင် (ဆိုဒ် မလေးဘဲ လတ်ဆတ်နေအောင်)
          ၃- သူတို့လုပ်တဲ့ activities တွေလည်း အမြဲ update သတင်းတွေ၊ ကြေငြာချက်တွေ တင်ပေးနေရမယ်ပေါ့…
          အဲဒါ.. အဲဒါမျိုးတွေပေါ့… operate လုပ်တတ်ရမယ်.. ကျနော်လုပ်တတ်သွားချင်တာပါ
          သူ့ ရှိပြီးသား homepage ကို operate လုပ်ပေးရမှာပါ…
          သူကြီးပြောထားတာတော့ လုံးဝ ဆာဗာတစ်ခုမှာ အသစ်ရေးပြီး စလုပ်တဲ့ပုံ ထင်တယ်နော်
          ကျေးဇူးပါဗျာ. အရေးတယူ စေတနာထား ပြောပေးကြတာ
          ခု ကျနော် ကိုလူခါး တင်ထားတာတွေကို လိုက်ကြည့်လေ့လာနေပါတယ်..
          ဖေ့စ်ဘွတ်မှာလည်း သူနဲ့ ဆက်သွယ်မိပါပြီ….
          အံစာရေ ခုနားလည်သွားပြီလာပဲ… အကြံပေးအုံးနော

  • kyeemite

    February 19, 2013 at 10:34 am

    တောင်ကျွန်းသူအလှလေးတွေရဲ့နိုင်ငံကို သုံးလကြာ သင်တန်းသွားတက်ဖို့ရာ နာမည်စာရင်း အဆိုပြုခံရပါတယ်..
    ဘာပဲပြောပြောအစိုးရဝန်ထမ်းဘဝမှာ ပညာတော်သင်သွားဖို့အဆိုပြုခံရတာ
    အင်မတန်ကံထူးတာပါ…ဝမ်းသာပါသဗျာ..အစစ အဆင်ပြေပါစေလို့……
    ကွန်ပူတာအကြောင်းတော့..ဘာဘာ ဘာမှမသိသမို့.. :Hee:

  • ဦးကြောင်ကြီး

    February 19, 2013 at 12:00 pm

    ဒေါက်တာချက်ကြီးဆိုက်မှာ မင်န်ဘာလုပ်ပီး နေ့တိုင်းအဝင်အထွက်လုပ်ပါ၊ ဖြစ်နိုင်ရင် ကိုယ့်ဓာတ်ပုံနဲ့ ရုပ်ရှင်ရုပ်သေ ဖိုင်တင်ထားလိုက်ပါ… ဗဲရီးပေါ်ပြူလာဖြစ်ဖို့ တာဝန်ယူသည်။

    • ရွာစားကျော် မင်းနန္ဓာ

      February 19, 2013 at 6:58 pm

      ပြောင်ပြောင် ပေါ်ပြူလာဖြစ်ချင် ဒီလိုလုပ်လို့ တဲ့တိုးပြောပေးတဲ့ ဥကြောင်ကို အစိမ်းတစ်ခုပေးရင်း..
      ဒီပို့စ်တင်မယ် လုပ်ကတည်းက ဒီလိုထင်မယ် စိုးမိခဲ့သေးသား
      ဒါပေသည့် ကွန်မင့် ၁ဝ ပေးကြရင် တကယ် လက်တွေ့ အသုံးချနေတဲ့ အိုင်တီသမား ရွာသူား ၅ ယောက်လောက်ဆီက အကြံ ၂ ခုစီ ရခဲ့ရင် တစ်ပတ်အတွင်း စာတွေလျှောက် ဖတ်တာထက် ထိရောက်မယ်ထင်လို့ အကူအညီ တောင်းမိခဲ့တယ် ဆိုတာပါပဲ.. 🙄
      ဘာပဲဖြစ်ဖြစ် ကျေးကျေးပါ.. 🙂

  • mamanoyar

    February 19, 2013 at 2:15 pm

    အကြံပေးချင်ပါသည် သို့သော် အကြံပေးနိုင်သည့်
    ပညာမရှိပါကြောင်းးးးးးးးးးးးးးးးးးးး

  • Mr. MarGa

    February 19, 2013 at 8:03 pm

    အပေါ်က မမနိုရာလိုပဲ
    ပေးချင်ပေမယ့် ဘာပေးရမှန်းကို မသိတာဆိုတော့
    သဂျီးပြောတာသာ လုပ်ကြည့်လိုက်ပါဗျာ

  • nozomi

    February 20, 2013 at 8:10 pm

    it ဆိုတာ ငအ ကလွဲလို့ တခြား မသိတာမို့ အကြံတော့ မပေးတတ်ဘူး
    တောင်ကျွန်းကို သေချာပေါက် သွားရပါစေလို့တော့ ဆုတောင်းပေးမယ်

    အဲ သွားပြီးရင်တော့ ရှင်မွေးလွန်းကို မေ့ မနေရဘူး နော်

  • ဂန္ဓာရီ ဆြာအုပ်

    February 20, 2013 at 8:17 pm

    ဪ .. ဝေါပလပ် တင်တာ ပြောနေတာကိုး
    ဟိဟိ.. ဆရာဝင်လုပ်အုံးမှ
    အွန်လိုင်းမှာ တခါတည်းတင်ပါလား
    အော့လိုင်းမှာ xamp တွေတင်ရတာ အင်စတော လုပ်ရတာ ရှုပ်တယ်

  • antimoe

    February 20, 2013 at 10:30 pm

    လူခါနဲ့ဆက်သွယ်လိုက်ပါနော

  • padonmar

    February 21, 2013 at 11:54 pm

    အကြံမပေးတတ်ပေမယ့် အားပေးသွားပါတယ်နော်။
    တစ်ချို့ အိုင်တီသမားတွေက မအားတာနဲ့ ခေါင်းစဉ်ကြည့်ပြီး နောက်တယ်ထင်တာနဲ့ မဖတ်ဖြစ်ရင် မသ်မှာစိုးလို့
    ရွာစားသိတဲ့ ရွာထဲက အိုင်တီသမားတွေဆီ တိုက်ရိုက်စာပို့ပေးကြည့်ပါလား။

  • ရွာစားကျော် မင်းနန္ဓာ

    February 22, 2013 at 1:04 am

    အကြံ အကြီးအသေး ပေးသွားကြသူတွေ
    အကြံမပေးတတ်ပေမယ့် အားပေးသွားတယ်သူတွေ..
    အဆင်ပြေစေကြောင်း ဆုတောင်းပေးသွားကြသူတွေ စသည့်
    ဆြာအုပ်၊ မိုဘိုင်း၊ သူဂျီး၊ အံစာ၊ ဦးကြီးမိုက်၊ ဥကြောင်ကြီး၊ ကပေ၊ မမနိုရာ၊ သိကြား၊ ကိုနို
    အန်တီမိုးနဲ့ တီပဒုမ္မာ တို့ကို ကျေးဇူးပါ .. တစ်ဦးချင်း ပြန်မပြောဖြစ်တဲ့အတွက် ခွင့်လွှတ်ကြပါခင်ဗျာ

Leave a Reply