ရှာဖွေလိုသော လုပ်ငန်းလိပ်စာ အချက်အလက်များကို Web Site တစ်ခုတည်းသာ မဟုတ်ဘဲ Gtalk ကပါ ရှာဖွေပေးနိုင်ခြင်း

manawphyulayJuly 21, 20101min15710

ရှာဖွေလိုသော လုပ်ငန်းလိပ်စာ အချက်အလက်များကို Web Site တစ်ခုတည်းသာ မဟုတ်ဘဲ Gtalk ကပါ ရှာဖွေပေးနိုင်ခြင်း

Gtalk ကို Chatting အတွက်သာမက မိမိလုပ်ငန်းအတွက် အကျိုးရှိစွာ သုံးစွဲနိုင်မယ့် အခွင့်အလမ်းကောင်းတစ်ခု ထွက်ပေါ်လာပါပြီ။

နောက်တစ်ချက်ကတော့ Gtalk သုံးစွဲဖို့ အကောင်းဆုံး အကြောင်းပြချက်တစ်ခုအနေနဲ့လည်း အသုံးပြုလို့ ရပါတယ်။ အဲဒါ ဘာလဲဆိုတော့
အရင်တုန်းကလို အင်္ဂလိပ် – မြန်မာ ဘာသာပြန် ထည့်သလို၊ အိုင်တီနဲ့ပတ်သက်တာတွေ မေးမြန်းလို့ရတဲ့ အကောင့်လိုပဲ လုပ်ငန်းလိပ်စာတွေ
အတိအကျ လိုချင်သလို အလွယ်တကူ ရရှိနိုင်တဲ့ အကောင့်တွေကတော့ gtalk@themyanmardirectory.com နဲ့ mydirectory@bot.im ကို
invite လုပ်ထားရုံနဲ့ သိချင်တဲ့လိပ်စာတွေ အလွယ်တကူ ရန်ကုန်ဒိုင်ယာရီ စာအုပ် မလိုပဲ သိရှိနိုင်တဲ့ အကောင့်လေးတွေပါ။ အင်ဗိုက်လုပ်တာ
အပန်းမကြီးပါဘူးနော်။ စမ်းသုံးကြည့်ပါလား။

10 comments

  • thameecahw

    July 21, 2010 at 6:48 am

    ကျေးဇူးတင်ပါတယ်။ invite လိုက်ပြီနော်။

  • etone

    July 21, 2010 at 8:46 am

    invite လုပ်ပြီးပေမဲ့ ပြန် accept မလုပ်ပါလားနော် ။

  • manawphyulay

    July 21, 2010 at 9:10 am

    တစ်ခါတလေ နည်းနည်းကြာတယ် နောက်ရက်မှ ရတာလည်းရှိတယ်ရှင့် လိပ်စာကိုတော့ အင်္ဂလိပ်လိုရှာမှရမယ်နော်

  • gar

    July 29, 2010 at 11:52 am

    အင်္ဂလိပ် – မြန်မာ ဘာသာပြန် ကို လို ချင် လို ကူ ညီ ပါ

  • cherrylandlay

    August 12, 2010 at 2:18 pm

    ွှအင်္ဂလိပ် – မြန်မာ ဘာသာပြန်ကို လိုချင်သူအတွက်
    en2mm2@mmgeeks.org

    ကြိုးစားလျှက်…

    cherrylandlay (နိုင်နိုင်ထွန်း)

  • phuu.sar.shin

    September 2, 2010 at 5:23 am

    arrrr……..@_@…..
    sa yar load tar ma hote par woooo
    အင်္ဂလိပ် – မြန်မာ ဘာသာပြန်ကို လိုချင်သူအတွက်
    en2mm10@mmgeeks.org မှရတာဗျ…အခု..en2mm2@mmgeeks.org က မရတော့ဘူး….cherrylandlay ရ…ဆရာလုပ်တရ်လို့တော့မထင်ပါနဲ့…မရမှာစိုးလို့..လိုချင်တရ်ဆိုလို့ဝင်ပြောပေးတာပါဂျာ….

    • True Faith

      September 2, 2010 at 7:23 am

      ကျေးဇူးပါဗျာ။ ကျနော်လည်း လိုချင်နေတာ။ အရင်အကောင့်တခုထဲမှာ ပါသွားလို့ ခုမှ ပြန်ရတယ်။

  • etone

    September 2, 2010 at 9:08 am

    တကယ်သုံးကြည့်တော့သိပ်အသုံးမဝင်လှသလိုပဲနော် ။ ရိုက်လိုက်တာ not found ပဲတွေ့တယ် ။ တခါတလေ ကျတော့လည်း လိပ်စာတစ်ခုလောက်ပဲရတယ် ။

  • manawphyulay

    September 2, 2010 at 12:12 pm

    မဟုတ်ဘူးရှင်။ မရှာတတ်လို့ဖြစ်ပါလိမ့်မယ်နော်။ အင်္ဂလိပ်လို လိုချင်တဲ့ကုမ္ပဏီနာမည်အတိအကျရိုက်ရင် ရပါတယ်ရှင့်။

  • winkyawaung

    September 2, 2010 at 1:57 pm

    ကျေးဇူးတင်ပါတယ်။ ယခုလိုပညာရပ်တွေကို မျှဝေနိုင်ပါစေ။ လိုအပ်သူအတွက် တန်ဖိုးကြီးပါတယ်။

Leave a Reply