လွမ်းတယ်…မပြောတော့ဘူး..

မျက်ရည် ဆိုတာ…..

နှလုံးသား ကနေလျှံကျလာတဲ့

သွေးစက်တွေပါ……..

မျက်ရည် ဆိုတာ..

မျက်လုံးထဲကထွက်လာတဲ့

အရည်တွေပါတဲ့

ငါရေးထားတဲ့ကဗျာအောက်မှာ

ခဲတံ နဲ့ ပြန်ပြင်ရေးပြီး

ဟားတိုက်ရယ်မောခဲ့တယ်နော်

သစ်ခြောက်ပင်မြင်ရင်

မျက်ရည်ဝဲတယ်ဟာ…….

လမင်းကိုကြည့်ရတာအေးချမ်းလိုက်တာနော်……

 

ချယ်ရီတွေ ပင်လုံးကျွတ်ပွင့်တာ

အရမ်ကြည်နူးဖို့ကောင်းတယ်နော်…..

အိုးစည်သံကြားရင်

ပျော်သလို လွမ်းသလိုပဲ……….

ငါ ရေရွတ်မိသွားတဲ့အခါတိုင်း

အရေးမပါတာတွေ ရူးပ တဲ့

ငါ ဒီတစ်ခေါက် အလည်ပြန်တော့……

ငါလေ နင် ကိုလွမ်းလိုက်တာလို့….

ပြောထွက်ဖို့ ဆွံ့အနေခဲ့တယ်…..

နင်လှောင်ရယ် မှာကို စိုးရွံ့ လို့ပါ

သူငယ်ချင်းရယ်……

 

ဓနုမလေး

About BMTM Mdy

Traditional Medicine has written 7 post in this Website..

အိမ်မက် သို့ ရည်မှန်းချက် အတွက် ကြိုးစားနေပါတယ်....