လွမ်းတယ်…မပြောတော့ဘူး

BMTM MdyFebruary 19, 20131min29813

လွမ်းတယ်…မပြောတော့ဘူး..

မျက်ရည် ဆိုတာ…..

နှလုံးသား ကနေလျှံကျလာတဲ့

သွေးစက်တွေပါ……..

မျက်ရည် ဆိုတာ..

မျက်လုံးထဲကထွက်လာတဲ့

အရည်တွေပါတဲ့

ငါရေးထားတဲ့ကဗျာအောက်မှာ

ခဲတံ နဲ့ ပြန်ပြင်ရေးပြီး

ဟားတိုက်ရယ်မောခဲ့တယ်နော်

သစ်ခြောက်ပင်မြင်ရင်

မျက်ရည်ဝဲတယ်ဟာ…….

လမင်းကိုကြည့်ရတာအေးချမ်းလိုက်တာနော်……

 

ချယ်ရီတွေ ပင်လုံးကျွတ်ပွင့်တာ

အရမ်ကြည်နူးဖို့ကောင်းတယ်နော်…..

အိုးစည်သံကြားရင်

ပျော်သလို လွမ်းသလိုပဲ……….

ငါ ရေရွတ်မိသွားတဲ့အခါတိုင်း

အရေးမပါတာတွေ ရူးပ တဲ့

ငါ ဒီတစ်ခေါက် အလည်ပြန်တော့……

ငါလေ နင် ကိုလွမ်းလိုက်တာလို့….

ပြောထွက်ဖို့ ဆွံ့အနေခဲ့တယ်…..

နင်လှောင်ရယ် မှာကို စိုးရွံ့ လို့ပါ

သူငယ်ချင်းရယ်……

 

ဓနုမလေး

13 comments

  • Traditional

    February 19, 2013 at 1:32 pm

    ဒီတစ်ခါ တကယ်ကဗျာပါ

  • ခင်ခ

    February 19, 2013 at 1:57 pm

    မပြောတော့ဘူး
    ပြောမထွက်စကား
    လွမ်းမကုန်အားလည်း
    စိုးရွံ နောက်တွန့်
    မရှိနဲ့လေ သူငယ်ချင်းရေ။

    • Traditional

      February 19, 2013 at 3:42 pm

      ပထမဆုံး မန့် ပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်

  • Myo Thant

    February 19, 2013 at 2:08 pm

    ပြောပါဦးဗျာ
    စာသားတွေက ခံစားရစေလို့ပါ

  • kyeemite

    February 19, 2013 at 4:08 pm

    ဓနုမလေး
    အနုအရွအတွေး
    သမုဒယမသေး
    ဘယ်သူ့မှမဆွေး
    အခုမှခလေး…လေးပဲရှိသေး.. :hee:

  • ခိုင်ဇာ

    February 19, 2013 at 4:19 pm

    ဪ။
    ခံစားတတ်သူနဲ့ ခံစားချက်ကို လှောင်တတ်သူ။

    :byae:

  • ဘဝမှာ ..
    မသိမသာ တိတ်တခိုးလေး တောင့်တမိတာ တစ်ခု ရှိတယ် …
    အဲ့ဒါက …
    ကိုယ် ကဗျာတွေ ရေးတဲ့အခါ
    ချစ်သူလေးက အပြုံးမျက်နှာလေးနဲ့ ကြည့်နေတာကိုပေါ့ …
    (လှောင်ပြုံးတော့ မဟုတ်)

  • မောင်တင့် တယ်

    February 19, 2013 at 5:35 pm

    အလွမ်းတွေ မြေမှာထိုးစိုက်..
    ဂရုတစိုက် ချစ်လိုက်ရတာ..
    ချစ်သူရဲ့.. လှောင်ရယ်မှုတွေနဲ့..
    ဒီအပင် ပိုအားကောင်းနေခဲ့တယ်…
    (အပင်ဆိုတာ ဘော်ဒါရဲ့.. ခံစားချက်ကိုပြောတာနော် :p)

  • Traditional

    February 20, 2013 at 8:14 am

    မပြောင် ကြပါနဲ့ ကွယ်
    ဒီက ခံစားချက် အစစ်မှန် တွေကို
    ဖောက်ထုတ် သွန်ချထားတာပါ…

    ဟီး..မိုက်တယ်

  • surmi

    February 20, 2013 at 4:07 pm

    မနေ ့က ကဗျာရှာမတွေ ့ဘူး
    ပျောက်နေတယ်
    ခုမှဖတ်ရတာ
    ဘယ်လိုဖြစ်ပါလိမ် ့
    ဘာပဲဖြစ်ဖြစ် အားပေးပါတယ်
    ဆက်ရေးပါ ။ ခုနောက်ပိုင်း ကဗျာပို ့စ်လေးတွေနဲနေတယ်
    ဆရာများလည်း မအားကြဘူထင်တယ် ။

  • magic ladylay

    February 20, 2013 at 5:18 pm

    တိုင်းရင်းသူ အစ်မ ရေ…
    ရွာထဲ ကို ရောက်တုန်းရောက်ခိုက်
    ဝင်ပြီး တော့ ဝိုင်းပြီး ခံစားပေးမယ်နော်….

  • garuda

    February 20, 2013 at 6:40 pm

    :byae:
    :byae:
    :byae:
    :byae:

  • Traditional

    February 21, 2013 at 9:57 am

    အားပေးသွားကြသော
    မျိုးကောင်းမျိူးသန့်များ
    ကြီးမှ မိုက်ကြသူများ
    ကို ကိုင်ဇာ အမ
    ပန်းပဲ ထုသည်မောင်တင့်တယ်
    အံချင်စရာအတုံး
    စာဥအမေ
    မှောသရဲမလေး
    ့ ဘာကြီးမှန်းမသိတဲ့
    လေးလံသော ဂရု ကို ကျေးဇူးတင်ပါတယ်။။ အားရှိသွားပါတယ်

Leave a Reply