“ ကွန်ပျူတာသုံးပြီးတိုင်း လက်ဆေးပါ . . . .´´

ခင္ခFebruary 19, 20131min20121

“ ကွန်ပျူတာသုံးပြီးတိုင်း လက်ဆေးပါ . . . .´´

Computer တခုရဲ ့ Keyboard တခုတွင် Bacteria သန်းနှင့်ချီပြီး ပေါက်ဖွား
ရှင်သန်နိူင်ကြောင်း လေ့လာတွေ ့ရှိရသည်။

ကွန်ပျူတာသုံးပြီးတိုင်း လက်ဆေးပါ . . . .

ဒီနေ့ခေတ်မှာကွန်ပြူတာသုံးတဲ့သူငယ်ချင်းတွေသိထား သင့်တယ်ထင်လို့ပါ

ကွန်ပျူတာတစ်စုံ ရှိ Keyboard မှာ Office တခုရဲ ့အများသုံး Toilet ထက်၅ ဆ ပိုညစ်ပတ်ပါသတဲ ့။

မယုံမရှိကြပါနဲ ့။ London National Laboratory တစ်ခုရဲ ့တိကျသေချာသော သုသေသန လုပ်ဆောင်ချက် တစ်ခုကနေ ရရှိလာတဲ ့Reslut တစ်ခုပါ၊

Computer တခုရဲ ့ Keyboard တခုတွင် Bacteria သန်းနှင့်ချီပြီး ပေါက်ဖွား ရှင်သန်နိူင်ကြောင်း လေ့လာတွေ့ ရှိရသည်။

ထို Bacteria များသည် လူတို ့အား အစာအဆိပ်သင့်ခြင်း (ဗိုက်ထဲတွင်မအီမသာဖြစ် ပြီး ဝမ်းလျောခြင်း ) မှ အစ သေစေနိူင်လောက်သည့် ရောဂါများ အထိ ဖြစ်ပွား ပျံ ့နှံ ့စေနိူင်သည်။

ပြီးခဲ ့သည့် မကြာသေးမီ ကာလက ရန်ကုန်မြိ ု့တွင် လူမသိသူမသိအဖြစ်အပျက်လေးတစ်ခုဖြစ်ပျက်ခဲ ့သည်။

တခြားတော့ မဟုတ်ပါ Computer Keyboard မှ Bacteria များက မွေးကင်းစကလေးငယ် တစ်ဦးကို ဆုံးပါး သွားစေခဲ ့သည်။

အသက်ကြီးမှာ အိမ်ထောင်ကျသော ဇနီးမောင်နှံ နှစ်ဦး တို ့တွင် အသက် ၃ဝကျော်မှ ရသောကလေးလေး ဖြစ်သည်။အသက်ကြီးမှ ရသောကလေးမို ့မိဘများက တအားတန်ဖိုးထားသည့် (Precious Baby )လေး ဖြစ်သည်။

အဖေဖြစ်သူက Computer Programmer – တနေကုန် Computer ရှေ ့တွင် အလုပ်ရှုပ်နေသူ ရုံးကပြန်လာ တိုင်း လုပ်လေ့လုပ်ထရှိသည့် အကျင့်လေးတစ်ခုက သားလေးကိုချီပြီး နမ်း တတ်သည်။ ကလေးက မွေးကင်းစ (Baby ) လေး ။ ၁ဝ ရက်သားခန် ့သာရှိသေးသည့် တအားနုနယ်သည့်ကလေးလေးပေါ့။ သိပ်မကြာ ကလေးက ဖျားပြီး ခန္ဒာကိုယ်တစ်ခုလုံးနီရဲ ရောင်ရမ်းလာကာ ဆေးရုံတက်ရက်သည်။ ဆရာဝန်များက မွေးကင်းစကလေး ပိုးဝင် ရောဂါ (Neonatal Sepsis) ဟုဆိုသည်။ ၂ ရက်မြောက် ဆေးရုံပေါ်တွင် ကလေးမှာ သေသွားရှာသည်။

မိဘတွေက လည်း ဘယ်နေမလဲ။ သူတို ့ကလေး ဘယ်လို သေရသလဲ ?
အကြောင်းအရင်းကိုရှာသည်။ မိခင်ဖြစ်သူမှာ ကလေးကို နိူ ့တိုက်သည် မှအပ တခြားအချိန်တွင်အထိအတွေ့ နည်းသည်။နိူ ့တိုက်ကျွေးသည့်အချိန်တွင်လည်း တကယ် ့သန့်သန် ့ရှင်းရှင်း စနစ်တကျရှိလှသည်။ တခြားထိတွေ ့သူမှာ အဖေဖြစ်သူသာလျှင်ရှိတော့သည်။ တနေကုန်ရုံးမှာ အလုပ်လုပ် ပြန်ရောက်ရောက်ချင်း လက်တောင်မဆေးပဲ ကလေးကို ချီ ပြီးနမ်း ရှုတ်တတ်သည့်အဖေ ။ သူ ့ကိုသူ သံသယဝင်ပြီး သူငယ်ချင်း ဖြစ်သူ ဆရာဝန်၏ အကူ အညီဖြင့် ဓာတ်ခွဲ ခန်း တစ်ခု တွင် သူ့ လက်မှာ ရှိတဲ ့Bacteria တွေကိုCulture လုပ်ကြည့်တော့ တွေ ့လိုက်ရသည်မှာ သူ လက်တွင် ကပ်ငြိနေသည့် Bacteria က အမျိုးပေါင်း များစွာပင်။ ထို Bacteria တွေ က နုနယ်သည့် (immature baby) လေး ကို သေသွားစေခဲ ့ရလေသည်။

ထို ဥပမာလေးကို သင်ခန်းစာယူ ပြီး Computer သုံးပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် သေချာစွာဆေးကြောကြပါ။
ဒီနေ ့ခေတ်တွင် အင်တာနက်ဆိုင်တွေများပြားလာပြီး ထိုဆိုင်များရှိစက်များမှာ လူတန်းစားပေါင်း စုံကသုံးစွဲ နေကြ တော့ ညစ်ပတ်မှာကအသေအချာပင်။ ထို ကြောင့် မည်သူ မဆို Computer သုံးပြီးတိုင်းလက်ဆေးသည့် အကျင့်ကိုဂရုတစိုက်လုပ်ဆောင်သင့်သည်။ တစ်ချို ့အင်တာနက်ဆိုင်တွေ ရဲ ့သန့်စင်ခန်းတွေမှာ လက်ဆေးရန် စနစ်တကျလုပ်ထားပေးသည်များရှိသည်။ဆိုင်တိုင်းမှာလည်း လုပ်ထားပေးသင့်သည်။

မြန်မာနိူင်ငံ မှာရှိနေသည့် Foreigner အများစုမှာ Hand Sanitizer ခေါ်Spray ဘူးလေးများဆောင်ထား ကြသည်။သူတို ့အင်တာနက်ဆိုင်မှာ သုံးပြီးတိုင်း လက်ကို Hand Spray ဖြင့် သန့်စင်ကြသည်ကိုတွေ ့ဖူးသည်။
ထိုနည်းကတော့ ပို ပြီးကောင်းသည်။ ရေကိုင်စရာမလို ဆပ်ပြာကိုင်စရာမလို ပဲသန် ့စင်နိူင်သည်။
ထိုကဲ့သို ့ ပစ္စည်းမျိုးကို မသုံးနိူင်ရင်တောင်မှ ဆပ်ပြာနှင့်သေချာစွာဆေးကြောသင့်သည်။

သင်တို့၏လက်ကိုသန့်ရှင်းစင်ကြယ်စွာထားခြင်းဖြင့် သင်တို ့ဘဝတွေပိုပြီး လှပသာယာနိူင်ကြပါစေ။
Post by; ပလီပလာ ထွေကာလီကာ

 

ခင်ခဖေ့ဘုတ်မှာဖတ်ရတဲ့ ကျန်းမာရေးဆိုင်ရာသတင်းလေးမို့ ပြန်လည်မျှဝေပေးတာပါ။

ဖတ်ရှု့သူများကျေးဇူးပါ။

ခင်ခ။

21 comments

  • ကျုပ်တို့လို ..
    တစ်နေကုန် တစ်နေခမ်း နီးပါး ..
    ကွန်ပူတာ တဖြောင်းဖြောင်း ရိုက်နေရတဲ့ လူတွေအတွက်
    သတိပြုစရာ အချက်ပါပဲ ….။

    နောက်ခါ …
    ကျုပ်လည်း ဖက်ခါ နမ်းကာ နီးရင်
    ဒဒိထားရမယ် .. ဟဲ .. ဟဲ .. :mrgreen:

    • ခင်ခ

      February 19, 2013 at 4:50 pm

      ပထမဆုံး လာရောက်ကွန့်သူ မဟာရာဇာ ကိုအံစာတုံးရေ ကျေးဇူးဗျို့။
      ဒါနဲ့နေပါအုံး ဖက်ခါ နမ်းကာ နီးရင် ဒဒိထားမယ်ဆိုရင် အနမ်းခံရခါနီးရော သတိထားဖြစ်မလားလို့
      တွေးမိပြန်တယ်နော်။

      • အိုက်ဒါဒေါ့ …
        ဒဒိထားမိဘူးရယ် …
        သူဂလေးဂသာ နမ်းမယ်ဆို …
        အသက်ပင် သေသေပေါ့လို့ .. ဟီးဟီး .. :mrgreen:

  • Myo Thant

    February 19, 2013 at 4:57 pm

    တော်ပြီ လက်ဆေးပြီးမှ နမ်းမယ် ( သားသား ကို ) 🙂

  • ခိုင်ဇာ

    February 19, 2013 at 5:01 pm

    အဟမ်း။
    အနော်တို့က လက်ဆေးချိန်မရအောင်ကို ကွန်ပြူတာသုံးရတာကလား။
    :kwi:

    ဟီး။ ကိုခ စိတ်ဆိုးနဲ့။ :mrgreen:
    အနော်ကတော့ ဒက်တော ဝက်တစ်ရှူးလေး ဆောင်ထားတာလို့ ပြောမလို့။

    • ခင်ခ

      February 20, 2013 at 9:21 am

      အများသုံးရတဲ့ ကွန်ပြူတာတွေအတွက် ပိုပြီး သတိထားစရာပါ။
      မိမိတစ်ယောက်ထဲသုံးတဲ့ ကွန်ပြူတာတွေအတွက်က အများသုံးလောက် အန္တရာယ်ဖြစ်စေမှု့ နည်းနိုင်ပါတယ် မခိုင်ဇာရေ။
      ပြီးတော့ နုနယ်တဲ့ကလေးတွေ အတွက်ထိခိုက်လွယ်တာမျိုးပါ။

  • အာဂ

    February 19, 2013 at 6:00 pm

    ကိုခ လုပ်တာနဲ့ ပဲ နောက်နေ့ ရုံးကပြန်ရင်… လက်ဆေးရမယ့်အလုပ်တစ်ခုတိုးလာပီဗျ..။ မျှဝေမှုအတွက် ကျေးဇူးပါ။

  • မောင်ပေ

    February 19, 2013 at 8:24 pm

    အေးဗျာ
    ကျုပ် လဲ ပက်ဘလစ်စင်တာမှာ ထိုင်တဲ့ကောင်ဆိုတော့
    လေးခရေ လက်ဆေးဖို ့ မှတ်သွားလိုက်ပါပြီဗျို ့

  • Mr. MarGa

    February 19, 2013 at 8:26 pm

    ခေါင်းထဲမှာ မှတ်သွားပါတယ်ဗျာ
    ကွန်ပျုတာ သုံးပြီးတိုင်း လက်ဆေးရန် လို့
    ပိုသေချာအောင် စက်ထဲမှာပါ ရေးထားလိုက်မယ်

  • surmi

    February 20, 2013 at 12:25 am

    အဲဒါမှ ဂွဘဲ
    ကားသမားဆိုတဲ ့ကောင်တွေကသိပ်ညစ်ပတ်တာ
    ပုဆိုးအထက်နားကို ပါးစပ်သုပ်ပြီး အောက်နားကိုလက်သုပ်တာဆိုတော့
    ကိုင်းးးးးး လာလေ ့ ကွန်ပျူတာကိုင်ပြီးရင် အလယ်သားနဲ ့သုပ်တော ့ မယ်
    :harr:

    • ခင်ခ

      February 20, 2013 at 9:28 am

      ဟ ဟ တတ်လည်းတတ်နိုင်ပါပေ့ ဦးဆာမိရေ။

  • P chogyi

    February 20, 2013 at 8:48 am

    အစ်ကိုကြီးခင်ခရေ
    ရွာသူားအားလုံးက ကွန်ပြူတာသုံးမှ ရွာထဲဝင်လို့ရတာဆိုတော့
    အားလုံးအတွက် စဉ်းစားပေးတာ ကျေးဇူးပါ။
    ကွန်ပြူတာမသုံးခင် လက်ဆေးဖို့လဲ အကြံပြု ထပ်ဖြည့်ပါရစေ။

  • ဦးကြောင်ကြီး

    February 20, 2013 at 10:06 am

    လက်ဆေးပါ
    ငှက်တေးသာ
    နတ်မေးရာ
    လာဘ်ပေးဖွာ
    ဓာတ်ရေးဖြာ
    ချက်နွေးလာ
    ဝက်မွေးတာ
    တက်ဈေးစွာ..။

  • ဆူး

    February 20, 2013 at 11:14 am

    ကီးဘုတ်မှာ ပိုးပေါင်းများစွာ ကပ်နေမယ် ဆိုတာ သိထားပေမဲ့.. မကင်းကွာနိုင်လို့ ဒီလိုပဲ နေနေရပါတယ် အန်ကယ်ရယ်.. အခုတော့ လက်သွားဆေးလိုက်အုန်းမယ်။

    • ခင်ခ

      February 20, 2013 at 11:54 am

      တူမလေး ဆူး ရေ၊ နေ့လည် ၁၂ နာရီ အနီးမို့ အခု လက်သွားဆေးတာ ထမင်းစားမလို့တော့ ဟုတ်လောက်ပါဘူးနော်။

      • ဆူး

        February 20, 2013 at 1:09 pm

        သေချာတာပေါ့ ဦးလေးရယ်.. အခုတော့ စားပြိး ဝါးပြီး ပြန်လာ ကြည့်တော့မှ မြင်တယ်။

  • ဗုံဗုံ

    February 20, 2013 at 11:35 am

    ကွန်ပျုတာသုံးတိုင်း လက်မဆေးတဲ့အပြင် ပါးစပ်ထဲ လက်မလေးထည့်ကိုက်ပြီး စိတ်ကူးကယဉ်လိုက်သေးတာ လေးခပြောမှဘဲ ကိုယ့်ဟာကို ကြောက်လာပြီ လက်သွားဆေးပြီဗျို့ :mrgreen:

    • ခင်ခ

      February 20, 2013 at 11:59 am

      အယ် လက်မလေး ပါးစပ်ထဲထဲ့လိုက် ကွန်ပျူတာသုံးလိုက် အဲလိုတော့ မလုပ်နဲ့လေ မိဗုံရေ။

  • flamingo

    February 20, 2013 at 1:33 pm

    ဘတ်စ်ကားလက်ကိုင်တန်းလဲတူတူဘဲ..New York ကမြို့ပတ်ရထားတွေမှာပိုဆိုးသေးတယ်..တချိုု့ကျတော့လက်တန်းမကိုင်ခင်
    ပိုးသတ်ဆေးဖြန်းထားတဲ့တစ်ရူးပေပါကိုလက်ဖဝါးပေါ်မှာတင်ပြီးမှလက်တန်းကိုကိုင်တာ..မြင်မြင်ချင်းတော့အပိုတွေလုပ်တယ်လို့
    ထင်တာ..ရထားပေါ်မှာအိမ်ယာမဲ့တွေတပုံကြီး..

  • ကြုံရာအင်တာနက်ဆိုင်မှာ ကြုံရာ ကီးဘုတ်နဲ့ သုံးရတဲ့ ကျနော်က တော့ပိုသတိထားရမယ်။

  • Novy

    February 20, 2013 at 4:33 pm

    အမလေးကိုခေ၇…
    ကွန်ပူတာရှေ့မှာ တစ်နေကုန်ထိုင်ပြီ သုံးနေရတဲ့
    နိုဗွီတိုတော့ တစ်နာရီတစ်ခါလက်ပဲသွားဆေးရမလား
    ဒါမှမဟုတ် ကီဘုတ်ကြီးကိုပဲ ရေဆေးပစ်လိုက်ရမလား
    စဉ်စားရင်းနဲ့ ……

    အခုတော့လက်အရင်သွားဆေးလိုက်အုံးမယ်နော် :harr:

Leave a Reply