မင်း ကို ချစ် တယ် (၁)

ဇီဇီFebruary 20, 20132min35835

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

မင်း ကို ချစ် တယ်။

ကိုယ်နဲ့ နေ့နံတူတဲ့ ရက်ကလေးမှာ မွေးတဲ့သူ တစ်ယောက်အနေနဲ့။

 

မင်း ကို ချစ် တယ်။

ကိုယ်နှစ်သက်တဲ့  ရုပ်လက္ခဏာမျိုးရှိသူ  တစ်ယောက်အနေနဲ့။

 

မင်း ကို ချစ် တယ်။

ကိုယ်ချစ်ခင်တဲ့  အမူအရာလေးတွေ ရှိတဲ့သူ  တစ်ယောက်အနေနဲ့။

 

မင်း ကို ချစ် တယ်။

ကိုယ်ကြွေလောက်တဲ့  စကားတွေကို ပြောနိုင်တဲ့သူ  တစ်ယောက်အနေနဲ့။

 

မင်း ကို ချစ် တယ်။

ကိုယ်သဘောကျတဲ့  အရည်အချင်းတွေကို  ပိုင်ဆိုင်သူ တစ်ယောက်အနေနဲ့။

 

မင်း ကို ချစ် တယ်။

ဟန်မဆောင်တတ်၊  အားမနာတတ်တဲ့စရိုက်ရှိသူ  တစ်ယောက်အနေနဲ့။

 

မင်း ကို ချစ် တယ်။

အချစ်ဆိုတာကို  ခုထိနားမလည်တတ်သေးတဲ့သူ  တစ်ယောက်အနေနဲ့။

 

မင်း ကို ချစ် တယ်။

အသည်းကွဲဘာသာကို  မတတ်မြောက်သေးတဲ့သူ  တစ်ယောက်အနေနဲ့။

 

မင်း ကို ချစ် တယ်။

ကိုယ့်ဘဝမှာ နောက်ထပ်တွေ့ဖို့ မလွယ်တော့တဲ့သူမျိုး တစ်ယောက်အနေနဲ့။

 

မင်း ကို ချစ် တယ်။

ကိုယ့်အနား  ဘယ်တော့မှ  ရောက်မလာနိုင်တဲ့သူ  တစ်ယောက်အနေနဲ့။

 

မင်း ကို ချစ် တယ်။

ကိုယ်နဲ့ဆုံစည်းဖို့  အကြောင်း နည်းပါးတဲ့သူ  တစ်ယောက်အနေနဲ့။

 

အချစ်မှာ အကြောင်းပြချက်မရှိဘူး ဆိုတာ မယုံတဲ့ မင်း ကို အကြောင်းပြချက်တွေ ရှာဖွေပြောနေရရင်းကို

မင်း     ကို     ချစ်     တယ်။

35 comments

  • Myo Thant

    February 20, 2013 at 9:27 am

    တယ်လည်း ချစ်တတ်တဲ့သူပါလားကွယ်

    အားပေးပါတယ်ဗျာ

    • ခိုင်ဇာ

      February 20, 2013 at 11:35 am

      ကျေးဇူးတင်ပါတယ်။

      :hee:

  • ဦးကြောင်ကြီး

    February 20, 2013 at 9:29 am

    မြင်းကိုခြစ်တယ်
    နွားဂျီးကရှိတော့ဝူး
    သဂျီးကင်စားဖို့
    ယူသွားပီ..
    မြင်းကိုခြစ်တယ်
    လက်ယားလို့ထင်နဲ့
    စိတ်ထဲကျလိကျလိ
    ဖြစ်လာလို့…
    မြင်းကိုခြစ်တယ်
    ဟီလိုက်တိုင်း
    သွားဂျီးဖွေးဂနဲ
    စင်ကပူရက
    ဆွိဂလေးအတိုင်းဗဲ…. :kwi:

    • ခိုင်ဇာ

      February 20, 2013 at 11:34 am

      နာ မြင်းဖြစ်ရင်
      ဟို ကြောင်ကို အရင် ကန်ပစ် မယ်ရယ်။

      :kwi:

  • Traditional

    February 20, 2013 at 9:34 am

    ကြွေလောက်တယ်နော်…ကဗျာလေးက…သူကိုပေးရမယ်

    • ခိုင်ဇာ

      February 20, 2013 at 11:31 am

      ညီမလေး ပေးချင်တဲ့သူနဲ့ မမနဲ့ မွေးနေ့နံ တူတူပဲ။
      ခွိခွိ။

      :kwi:

  • ခင်ခ

    February 20, 2013 at 9:50 am

    မင်း ကို ချစ် တယ်
    အသွယ်သွယ်နဲ့
    ပြောတတ်သူရယ်၊
    ကိုယ်တော့
    မင်းကိုလွမ်းတယ်ကွယ်၊
    ဘာလို့လဲတော့
    မမေးပါနဲ့
    ကိုယ်နဲ့မင်းက
    မဆိုင်သူမို့ပါ
    သူငယ်ချင်းရယ်။

    • ခိုင်ဇာ

      February 20, 2013 at 11:29 am

      သူငယ်ချင်း ဆိုကတည်းက ဆိုင်နေပြီ။
      လွမ်းရင် မန်းလေးလာတဲ့အခါ နေ့လည်စာ လိုက်ကျွေးပါ ကိုခ။
      အဝစား ဆိုင်မှာ ဟုတ်ဘူးနော်။

      :mrgreen: :mrgreen:

  • Mr. MarGa

    February 20, 2013 at 10:08 am

    မင်းကိုချစ်မယ်
    ဘယ်သူနဲ့မှ မတူတဲ့ အချစ်မျိုးနဲ့
    မင်းကိုချစ်မယ်
    ဘယ်တော့မှ အဆုံးမရှိတဲ့ချစ်ခြင်းနဲ့
    မင်းကိုချစ်မယ်
    ………………………………….
    ရေးစရာ ကုန်သွားလို့ :hee:

    • ခိုင်ဇာ

      February 20, 2013 at 11:26 am

      သကြားတို့ နာ့ ထက် တော်သဟဲ့ တတ်သဟဲ့ မှတ်တာ ဒီနေရာတော့ ညံ့သွားပါရောလား။
      ကျန်း။
      ၂ ခွန်းထဲ ပြောပြီးများ ရေးစရာကုန်သွားသတဲ့။ ငါ့တို့များ များလွန်းလို့ ၁ နဲ့ ၂ ခွဲထားရသေး။
      :harr:

  • nozomi

    February 20, 2013 at 10:41 am

    ရွာထဲမှာ မင်း ပါတဲ့ လူတွေ လာ စာရင်းပေးကြပါ
    …………………………
    ……………………………
    ရွာထဲမှာ မင်း ပါတာ ၁၂၈ ယောက် ရှိပါတယ် တိုတိုလေး ခင်ဗျ
    ခွပ် ..ခွပ် …ခွပ်
    ………………………………………
    မင်း ပါတဲ့ လူတွေ တော့ ဂန့် သွားပြီ
    တော်သေးတယ် နိုဇို်မင်း လို့ ပြောင်းထားတာ တိုတိုလေး မသိ လို့
    အခုဆို ရွာ ထဲ မင်း ပါတာ ငါ တစ်ယောက်ထဲ ရှိတော့တယ်

    • ခိုင်ဇာ

      February 20, 2013 at 11:24 am

      ဟယ်။ ကိုနို….. လူဇိုးဂျီး။
      သူများတွေ အထင်မှားအောင် ပြောပြန်ပြီ။
      နာ့ ကိုကိုလေး ကို ၁၂၈ ယောက် ၁ ယောက်နဲ့ အသေသတ်ခိုင်းရအောင် ဂျက်လီများမှတ်နေသလား။
      သူမသိအောင် ဒီမှာ ရည်းစားစကားလာပြောပါတယ်ဆိုမှပဲ။ ခက်ပြီ။ :mrgreen:

      ဒါမဲ့ နောက်ဆုံးတော့ ကိုနိုဇို မင်း တစ်ယောက်လုံး ကျန်တာပါပဲလေ။
      တာဝန်ယူလိုက်တော့။

      :kwi:

  • ဗုံဗုံ

    February 20, 2013 at 11:17 am

    မင်းကိုချစ်တယ်
    ငါ့ကိုပြန်ချစ်ပါ
    မချစ်လို့ကတော့
    နင့်နာမည်နဲ့ ဝက်သားဒုတ်ထိုး သုံးထောင်ဖိုးအကြွေး စားပြီး
    နင့်နာမည်နဲ့ ဈေးချိုထဲမှာ အကြွေးဝယ်ပစ်လိုက်မယ် :mrgreen:

    • ခိုင်ဇာ

      February 20, 2013 at 11:20 am

      ရက်စက်လှချည်လား ဗုံကလေးရယ်။
      ပြန်ချစ်ရင်ရော ဒုတ်ထိုး ၃၀၀ဝဖိုး ဝယ်ကျွေးမှာလားဟင်။ :mrgreen:

  • Ghi Ghi ThE KiD

    February 20, 2013 at 11:23 am

    ကျော်လည်း မဇာယီးကိုခြစ်တယ်ဗျာ…

    • ခိုင်ဇာ

      February 20, 2013 at 11:38 am

      ဟမ်။
      ကျော် ကို ပြန်ခြစ်ဖို့တော့ စဉ်းစားလိုက်ဦးမယ်ကွယ်။
      လတ်တလောတော့ မင်း တစ်ယောက်နဲ့ ကို ဒုက္ခရောက်နေလို့။

      :harr:

  • ကြည်ဆောင်း

    February 20, 2013 at 12:20 pm

    ဘယ်လိုဘဲဖြစ်နေနေ …
    မင်းဖြစ်နေလို့ ..
    မင်း မို့လို့ဘဲ ချစ်တယ် …. လို့ပြောချင်တာပေါ့နော်..
    (၁) ဆိုတော့ပြီးရင် (၂) လာအုန်းမှာပေါ့…

    • ခိုင်ဇာ

      February 20, 2013 at 12:32 pm

      ကြည်ဆောင်းလေး လောက် နားလည်ပေးရင်
      ဂလောက် အမောခံပြီး ပြောမနေရဘူးပေါ့။
      ခုတော့…..
      :mrgreen:

      ခံစားချက်တွေ ပေါက်ကွဲပြီး ရေးလိုက်တာ ဗားရှင်း ၂ မျိုးဖြစ်သွားလို့
      ဟီး။
      စိတ်အခန့်သင့်မှ တင်တော့မယ်။ :mrgreen:

  • မင်း

    February 20, 2013 at 1:21 pm

    အော် ဇာရယ်
    တို ့လဲ အတူတူပါပဲကွယ်
    ရှေးဘဝ ရေစက်ကြောင့်မို ့
    ဒီနေ ့ခေတ် ရေမပျက်တာမို ့လား
    ဇာ့ချစ်တာ ကို ယုံတယ် သိလား

    • ခိုင်ဇာ

      February 20, 2013 at 1:28 pm

      ဟယ်။
      ဘယ်သူများလည်းမှတ်တယ်။
      ဘယ်သူကြီးကိုး။
      အကြံပက်စက်လိုက်တာ (အဲလေ) အကြံပိုင်လိုက်ပုံကတော့။
      ကပေ လူဇိုးကြီး။

      :harr: :harr: :harr:

    • ခိုင်ဇာ

      February 20, 2013 at 6:46 pm

      ရူးနေရုံနဲ့တော့ မထူးဘူးကွယ်။ :mrgreen:

  • garuda

    February 20, 2013 at 6:43 pm

    :byae:
    :byae:
    :byae:
    :byae:

    • ခိုင်ဇာ

      February 20, 2013 at 6:47 pm

      :byae: :byae: :byae: :byae: :byae:

  • koaung

    February 20, 2013 at 11:46 pm

    မင်းကိုချစ်တယ် ရည်းစားဘဝ ငါပိုက်ဆံလိုတဲ့အချိန်တိုင်း ပိုက်ဆံချေးပေးလို့
    မင်းကိုချစ်တယ် မင်ဂလာဆောင်တဲ့အချိန် ပြည့်စုံအောင်မထားနိုင်တဲ့ငါ့ကို ကိုယ့်စားရိတ်နဲ့ကိုယ် ဖြည့်စည်းပေးခဲ့လို့
    မင်းကိုချစ်တယ် နေ့တဒူဝ ငါ့ကိုအစစ မျက်ချေမပြတ် ဂရုစိုက်ပြုစုပေးတာတွေ တာဝန်ကျေလွန်းလို့

    ကဗျာဖတ်ရင်း အိမ်ကမိန်းမကို သတိရသွားလို့ ဝင်ပွါးကြည့်တာ :mrgreen:

    • ခိုင်ဇာ

      February 21, 2013 at 11:39 am

      ဂလိုမိန်းကလေးမျိုးကို ရထားတာဆိုရင်တော့
      “မင်းကို ချစ်တယ်” ဆိုတာ ၁ နေ့ ၁ဝခေါက်လောက် သူ့ကို ပြောသင့်နေပြီ။ :mrgreen:

  • Wow

    February 21, 2013 at 11:33 am

    ကိုယ်နှစ်သက်တဲ့ ရုပ်လက္ခဏာတွေလဲ တခုမှ မရှိ..
    တွေ့ရင် ပတ်ပြေးရလောက်အောင် ဆွဲဆောင်မှုကလဲဂလို….
    စဂါးပြောရင်လဲ ဒုတ်ထိုးအိုးပေါက်…
    ဆက်ဆံရေးကောင်းပုံကတော့ တစ်ရွာလုံးနဲ့တစ်ယောက်…
    အိုက်လိုဟာဂျီးဂို ချစ်မိသွားတာကို.. ကဗျာစပ်ပေး ဆွိ…. :mrgreen:

    • ခိုင်ဇာ

      February 21, 2013 at 11:38 am

      ဟယ်။
      အဲလာတော့ ကဗျာစပ်တတ်ဘူးတော့။
      တီချင်း ရှိုပြမယ်လေ။ ရလား။ :mrgreen:

      • Wow

        February 21, 2013 at 11:52 am

        ရက်ပ်သီချင်းဆိုရင်လုံးဝမကြိုက်…
        တခြားမြူးဇစ်နဲ့ရှို… :kwi:

  • Hnin Hnin

    February 21, 2013 at 11:49 pm

    တရော့်အမျိုးများလား…စကားပြောရင် ပတ်ချွဲနပ်ချွဲနဲ့။ (နားယားတယ်)
    ‘လေမျိုးရှစ်ဆယ်’ (လျက်ဆား မဟုတ်ပါ)…ပွား တတ်တယ်။ (နားပူတယ်)
    ကိုယ့်ကိုယ်ကို ယုံကြည်မှုက အပြည့်။(ဘယ်က ဖြည့်သလဲတော့ သိဘူး)
    mind reader ယောင်ယောင် ဘာယောင်ယောင်…ဟုတ်လှပြီပေါ့။
    (မှန်ရှေ့ ရပ်ကြည့်နေတာမှ မဟုတ်တာ)

    ” မင်း ကို ချဉ် တယ် ” :mrgreen:

    • ခိုင်ဇာ

      February 22, 2013 at 10:57 am

      နှင်းနှင်းလေး အချဉ်ပေါက်နေပါ့လား။ :mrgreen:

  • cobra

    February 22, 2013 at 5:23 pm

    မင်းကိုချစ်တယ်၊မင်းသူငယ်ချင်းကိုချစ်တယ်
    မင်းကလည်းငါ့ကိုချစ်တယ်၊မင်းသူငယ်ချင်းကလည်းငါ့ကိုချစ်တယ်
    မင်းတို့သူငယ်ချင်း၂ယောက်ကလည်းချစ်ကြတယ်။
    ရှုပ်နေတာပဲ ဘာတွေမှန်းကိုမသိဘူး။

  • ရွှေ ကြည်

    February 22, 2013 at 7:39 pm

    မခိုင်ဇာရေ ရွှေကြည်ခံစားရင်းငိုကြွေးသွားတယ်မှတ်ပါ

    • ခိုင်ဇာ

      February 22, 2013 at 7:43 pm

      ငိုပါနဲ့ ရွှေကြည်လေးရယ်။
      :byae:

  • garuda

    February 23, 2013 at 7:19 pm

    ♪♪..မင်းကလေးကိုချစ်လို့
    ဒါတွေဟာ မင်းကလေးကိုသိပ်ချစ်လို့
    မင်းကလေးကိုချစ်လို့
    မင်းကလေးကို အရမ်းချစ်လို့
    နှလုံးသားမှာ ဒဏ်ရာများထားခဲ့
    ဒါတွေမင်းအတွက် ချစ်သက်သေ♪♪
    ဒွေးအသက်ရှင်စဉ်က ဆိုသွားတဲ့ သီချင်းလေးပါ…စပြီးနားထောင်ရတုန်းက ငိုလိုက်ရတာ မျက်ရည်တွေ ကျောက်ဖရုံသီးလုံးလောက်ရှိတယ်(ခြေမပေါ်ကျလို့ ခြေမပုပ်သွားသေးတယ်) :byae: :byae:

Leave a Reply