သံပခြုပ်အခွံဖြင့်ကာဗွန်ဒိုင်အောက်ဆိုဒ်အား စုပ်ယူနိုင်တော့မည်ဖြစ်ခြင်း

Mr WorldWideFebruary 20, 20132min2269

သံပခြုပ်ကောင်းများသည် ၎င်းတို့၏ အခွံတည်ဆောက်ရန်အတွက် ကာဗွန်ဒိုင်အောက်ဆိုဒ်မှ ကယ်လ်ဆီယမ်ကာဘွန်နိတ်အဖြစ်သို့ ပြောင်းလဲစေခြင်းနည်းစဉ်သည် ကာဗွန်စုပ်ယူရန်နှင့် သိုလှောင်ရန် (Carbon and Storage-CCS) သုတေသနလုပ်ငန်းအတွက် အထောက်အကူ ပြုပါသည်။ သံပခြုပ်ကောင်လေးများသည် နီကယ်လ်အမှုန်လေးများကို ဓာတ်ကူပစ္စည်းအဖြစ် အသုံးပြုကာ သမုဒ္ဒရာထဲတွင် ပျော်ဝင်နေသော ကာဗွန်ဒိုင်အောက်ဆိုဒ်အား ၎င်းတို့၏ အခွံမာများတည်ဆောက်ရာတွင် အသုံးပြုသည့် ကယ်လ်ဆီယမ်ကာဗွန်နိတ်အဖြစ်သို့ ပြောင်းလဲပေးလိုက်ပါသည်။ ဓာတုအင်ဂျင်နီယာအဖွဲ့တစ်ဖွဲ့သည် ကာဗွန်ဒိုင်အောက်ဆိုဒ်အား ရေထည့်ထားသည့် ဖန်ပြွန်ထဲသို့ ဖြတ်သန်းစေပြီး နီကယ်လ်အမှုန်လေးများနှင့် ပေါင်းစပ်ဓာတ်ပြုလိုက်သောအခါ ထွက်ပေါ်လာသော စွန့်ပစ်ဓာတ်ငွေ့အား ကယ်လ်ဆီယမ်ကာဗွန်နိတ် (မြေဖြူ) အဖြစ်သို့ ပြောင်းလဲစုဆောင်းပေးနိုင်ခဲ့ပါသည်။

626px-Sea_urchin_tests

နယူးကာဆယ်လ်တက္ကသိုလ်မှ ရူပဗေဒပညာရှင် Dr Lioloja Siller သည် ကျွန်ုပ်တို့အနေဖြင့် သံပခြုပ်အကောင်များကို စိစစ်လေ့လာခဲ့သောအခါ သူတို့၏ အခွံပေါ်တွင် နီကယ်လ်အများအပြား စုဝေးနေခြင်းကို တွေ့ရှိခဲ့ပါသည်ဟု ပြောကြားခဲ့ပါသည်။ ကြီးမားသော မျက်နှာပြင်ရှိ နာနိအမှုန့်များကိုယူကာ ကာဗွန်နစ်အက်ဆစ် (Carbonic Acid) ထဲသို့ ပေါင်းထည့်လိုက်သောအခါ ကာဗွန်ဒိုင်အောက်ဆိုက်ဒ်ကို ဖယ်ရှားနိုင်ကြောင်း တွေ့ရှိရပါသည်။

လက်ရှိကာလတွင် ကာဗွန်စုပ်ယူသိုလှောင်သည့် နည်းလမ်းမှာ (CSS) ရေပါဝင်နေသော ကျောက်ခဲများကဲ့သို့ အရင်းအမြစ်များကို အသုံးပြုကာ ကာဗွန်ဒိုင်အောက်ဆိုက်ဒ်အား မြေအောက်ထဲတွင်  သိုလှောင်သိမ်းဆည်းခြင်း ဖြစ်သည်။ သို့သော် သံပခြုပ်ကောင်ဖြင့် စမ်းသပ်သုတေသနပြုခြင်းသည် ပိုလျှံနေသော ကာဗွန်ဒိုင်အောက်ဆိုဒ်အနည်းငယ်အား နာနိစကေးအရွယ် နီကယ်လ်အမှုန်လေးများ အသုံးပြုစုပ်ယူနိုင်မည့် အလားအလာသည် မြင့်တက်လာခဲ့ပြီး ၎င်းနည်းလမ်းများသည် ဈေးနှုန်းချိုသာ၍ အသုံးဝင်နိုင်မည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။

နီကယ်လ်အမှုန်လေးများ၏ အားသာချက်မှာ ၎င်းတို့သည် PH အပေါ် မူတည်ပြောင်းလဲမှု မရှိဘဲ ကောင်းမွန်စွာ ဓာတ်ပြုနိုင်ပါသည်။  Carbonic Anhydrase အမ်ဇိုင်းများကဲ့သို့ မဟုတ်ဘဲ ၎င်းတို့၏ သံလိုက်ဓာတ်ဂုဏ်သတိ္တကြောင့် အကြိမ်ပေါင်းများစွာ ထပ်မံ၍ ပြန်လည်ဖမ်းယူအသုံးပြုနိုင်ပါသ်ည။ ၎င်းသည် အလွန်ဈေးပေါပြီး အမ်ဇိုင်းများထက် အဆ ၁၀၀ဝ ခန့်ဈေးသက်သာကာ ဘေးထွက်ပစ္စည်းဖြစ်သော ကာဗွန်နိတ် (မြေဖြူ) မှာလည်း အသုံးဝင်ပြီး သဘာဝပတ်ဝန်းကျင်အား ထိခိုက်ခြင်းလည်း မရှိကြောင်း သိရှိရပါသည်။

Sea urchin exoskeletons could help capture CO2

The way sea urchins convert carbon dioxide into calcium carbonate to build their exoskeletons has provided an interesting avenue of exploration for Carbon Capture and Storage (CCS) research.

The urchins use nickel particles as a catalyst as they convert CO2 dissolved in the ocean into calcium carbonate (chalk) for use in building their hard shell. By passing CO2 through a water column infused with small nickel particles a team of chemical engineers was able to convert the waste gas into chalk which could be collected from the bottom of the column.

“When we analysed the surface of the urchin larvae we found a high concentration of nickel on their exoskeleton,” said Dr Lidija Šiller, a physicist and Reader in Nanoscale Technology at Newcastle University. “Taking nickel nanoparticles which have a large surface area, we added them to our carbonic acid test and the result was the complete removal of CO2.”

http://www.wired.co.uk/news/archive/2013-02/05/sea-urchin-co2

 

 

9 comments

  • etone

    February 20, 2013 at 11:39 am

    သံပခြုပ်တွေတော့ ကပ်ဆိုက်ဦးတော့မယ် :mrgreen:
    ချောင်းသာ သွားတုန်းက သံပခြုပ်ကိုပဲ သီးသန့်ရောင်းတာ တွေ့ရတယ် ။ ဘာကောင်းတယ် ၊ ညာကောင်းတယ်ဆိုလားပဲ ။
    သံပုရာရည်ညှစ်ပြီး အစိမ်းစားကြပါသတဲ့ ။ ဈေးကလည်း သာမန်ပင်လယ်စာတွေထက် ပိုပေးရပါသတဲ့ ။

    ဒါနဲ့ ET ဆိုတာ သဘောင်္သီး ET တော့ မဟုတ်လောက်ဘူး ထင်တယ် … ET 2 ပဲ ဖြစ်ရမယ် ။ ရုတ်တရက် ညက်ချိလည်တွားလို့ :harr:

  • E T

    February 20, 2013 at 2:39 pm

    ET ဟုတ်ပါဘူး။ နာမည်မပေးတက်လို့..ပေးမိတာပါ။ ရတယ်ဆိုလို့ပေးလိုက်တာပါ။ ဝိုင်းဝန်းစဉ်းစားပေးကြပါဦး။ ရွာသူရွာသားတို့ရေ။ နာမည်လေးကိုကွန်မန့်မှာ ပေးခဲ့ကြပါဗျာ။

    နာမည်မပေးတက်သူ…အီးတီ 🙁

    • etone

      February 20, 2013 at 4:04 pm

      BE လို့ ပြင်လိုက်ပါလား … အဟီး … :harr:

    • ခိုင်ဇာ

      February 20, 2013 at 4:06 pm

      BEER ဆို ပို လူကြိုက်များမယ်ရယ်။ ဟီးဟီး
      :mrgreen:

  • kai

    February 20, 2013 at 4:37 pm

    http://myanmargazette.net/140101/
    သံပခြုပ် – Posted by P chogyi on Jul 24, 2012
    အဲဒီအပေါ်ကလင့်ခ်မှာအောက်ကအတိုင်း.. 7-25-12 ကရေးခဲ့ဖူးတယ်..

    kai says:

    ဂျပန်လို အုနီ( uni ) လို့ခေါ်ပြီး.. ဂျပန်တွေရဲ့.. ထိပ်တန်းဇိမ်ခံအစားအစာတခုပေါ့..။ အများအားဖြင့်အစိမ်းစားကြပါတယ်..။

    အသိဂျပန်တယောက် ငပလီဖက်ရောက်တုံး.. ဖမ်းခိုင်းပြီး..အစိမ်းစားဖူးတယ်..။ သူ့အပြောအရတော့.. မြန်မာပြည်ဖက်က မျိုးက အရသာသိပ်မကောင်းဘူးဆိုပါတယ်..။

    ကျုပ်လည်း အစိမ်းစားတယ်..။ ကြိုက်လည်းကြိုက်တယ်..။
    ပင်လယ်စာထဲ.. အင်မတန်အရသာဆိမ့်တဲ့.. အစားအစာတခုပါ..

  • padonmar

    February 20, 2013 at 10:07 pm

    နဂိုယူထားတဲ့ နာမည်လေးလည်း မပျက်အောင် မူလ ET နဲ့လည်းကွဲသွားအောင် ATE (Assistant Tuitor Engineer ) လို့သာပေးလိုက်ပေါ့။

    သံပခြုပ်လေးက လှလိုက်တာ။

  • E T

    February 21, 2013 at 8:55 am

    ATE လား။ ဒါလည်းမဆိုးဘူးဗျာ။ ကျေးဇူးပါ

  • Shwe Ei

    February 21, 2013 at 3:06 pm

    ဒါဆို သံပခြုပ်မွေးမြူရေး လုပ်ငန်းတေကျယ်ပျံလာတော့မလား မသိ….နော် ????

Leave a Reply