Flash Player 11 for IE and Mozilla

Flash Player ကိုလူတိုင်းသိကြမှာပါ … online media တွေကို ကြည့်ရှုတဲ့အခါမှာ ဒီ Flash player မရှိရင် မဖြစ်ပါဘူး …. ဒီကောင်ကတော်တော်ဒုက္ခ ပေးပါတယ် … oline ကနေ Adobe flash playerတိုက်ရိုက် update လုပ်တဲ့အခါမှာ အဆင်မပြေတာတွေအများကြီး ရှိပါတယ် …. ဒါကလည်း မြန်မာပြည် အင်တာနက်ကြောင့်ပါ…. ကျွန်တော် update လုပ်တဲ့အချိန်တိုင်း တဝက်တပျက် ပြတ်သွားတာချည်းပဲ … တစ်ခါတစ်လေ လိုင်းတော်တော်ကောင်းရင်တော့ update လုပ်လို့ရပါတယ် … ဒါပေမယ့် ရှာရင်း အခုတင်ပေးထားတဲ့ ဖိုင်လေးကိုသုံးလိုက်တာ တော်တော်အဆင်ပြေတယ်ဗျ … ဒါကြောင့်မို့ ကျွန်တော်တို့ရွာထဲကလူတွေလဲ အလွယ်တကူ သုံးလို့ရအောင် ပြန် share ပေးလိုက်ပါတယ် …. သူက တစ်ခါတည်း download package ဆိုတော့ အဆင်ပြေပါတယ် ….

3 comments

  • နယ်လှည့် ဝိဇ္ဇာ mobile (သူကြီးသမက်)

    February 20, 2013 at 10:01 pm

    ကျေးဇူးပါဗျို့ ထာဝယ်သားရေ
    ကျုပ်လည်း ဖလက်ပလေယာတွေ သရီးဂျီပီ ပလေယာတွေနဲ့ အခုတစ်လောနည်းနည်းအလုပ်ရှုပ်နေတယ်ဗျ။
    ဒီမှာက ဆော့ဖ်ဝဲလ်ခွေတွေက ဝယ်ရတာသိပ်အဆင်မပြေလို့။ လိုတာရှိရင် လိုင်းပေါ်ကပဲ ဒေါင်းနေရတယ်။
    အခုဟာလေးကိုလည်း စမ်းကြည့်လိုက်အုံးမယ်။

  • Wow

    February 22, 2013 at 5:18 pm

    အွန်လိုင်းတွေမှာ ကြည့်လို့ရသွားပီ.. ကျေးဇူးပါ..

Leave a Reply