သံတွဲမြို့နယ်စည်ပင် AE အားသက်ဆိုင်ရာမှအရေးယူပေးစေလို

Lu manFebruary 20, 20131min922

မြို့ရွာလမ်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို သံတွဲမြို့နယ်စည်ပင်သာယာမှ AE ဖြစ်သူ ဦးသန်းလွင်မှ ဦးဆောင်လုပ်ကိုင်ခဲ့ရာ

1။ တံတားပြုပြင်ဆောင်ရွက်ခြင်း။

တံတားများပြုပြင်ဆောင်ရွက်ရာတွင် (၁) နှစ်မျှသာခံခြင်း(သုံးစွဲလို့ရခြင်း)

2။ ရပ်ကွက်များရှိရေကန်များတည်ဆောက်ခြင်း

အမှတ်(၄)ရပ်ကွက်သမုတ်ချောင်းရွာအလယ်တွင်တည်ဆောက်ထားသောရေကန် ကွဲသွားခြင်း၊ယခုအချိန်ထိပြန်လည်ပြုပြင်ပေးမှုမရှိခြင်း၊၎င်းရေကန်မှာ (၁) နှစ်ခန့်သာ သုံးစွဲခဲ့ရပြီးပျက်စီးသွားခြင်း။

3။ ရေပေးဝေရေးပိုက်များအသစ်လဲလှယ်ခြင်း။

ရေပေးဝေရေးပိုက် 6 လက်မပိုက်အသစ်လဲလှယ်ရန် ငွေကျပ်(50)သိန်း ချပေးခဲ့သော်လည်း နိုင်ငံခြားပိုက်များကိုသုံးစွဲခြင်းမရှိဘဲ ဈေးနှုန်းသက်သာသည့် မိလ္လာသုံး   ပိုက်များကိုသာသုံးစွဲထားရှိခြင်းတို့ကြောင့် ရေပိုက်များမကြာခဏကွဲခြင်း ၊ ရေပေးဝေနေစဉ်ပွင့်ထွက်သွားခြင်းများဖြစ်နေပြီး ၎င်းကိစ္စများကိုယနေ့ထိပြန်လည်မွန်းမံဆောင် ရွက်ခြင်းမရှိသဖြင့် အများပြည်သူရေအခက်အခဲကြုံတွေ့လျက်ရှိပါသည်။

သို့ဖြစ်ပါ၍ AE ဦးသန်းလွင်အား ထိရောက်စွာအရေးယူပေးပါရန်နှင့်အမြန်ဆုံးပြန်လည်ဆောင်ရွက်ပေးပါရန် တာဝန်ရှိသူများအား အသိပေးတိုင်ကြားအပ်ပါသည်။

 

မြင်တွေ့နေရသူများ

2 comments

  • awra-cho

    February 20, 2013 at 12:58 pm

    သူက စေတနာ မပါတာတော့ မပါတာပေါ့ နော၊ ဒါပေမယ့် တိုင်တဲ့အချက်တွေက ဒိထက် တိကျဖို့ လိုပါတယ်၊ ဒါက ပြောရရင် သူ့လုပ်ပိုင်ခွင့်ထဲက ရှင်းလို့ရနေတဲ့ ပုံစံမျိုးပါ၊ ရေပိုက်က လွဲတာသေချာ တူးပြနိုင်မှ ဖြစ်မယ်။ ဒါက စာရင်းစစ်က စစ်ရမယ့်အပိုင်းလေ၊ တင်တာက တမျိုး တကယ်လုပ်တော့ တမျိုးဆိုတာ လုပ်နေကျ ဖြစ်နေပြီ ထင်ပါ့၊ ဒီကြားထဲ စားရင်းစစ်က မသိချင်ယောင်ဆောင်ရင် သွားပြီ၊

  • johnnydeer

    February 20, 2013 at 3:24 pm

    ‘Dလောက်ပဲလား…မောင်ကာဠုရဲ့…..
    ကျုပ်တို့မြို့ ဒီထက်တောင်ပိုသေးပါဘုရား…
    အိမ်း…ဒင်းတို့ကို သင်းကွပ် သတ်စေဗျား…

Leave a Reply