“ငေးခဲ့ဖူး၏…… ငေးနေမိပါ၏´´

ခင္ခFebruary 20, 20131min16614

“ငေးခဲ့ဖူး၏…… ငေးနေမိပါ၏´´

 

ပင်လယ်ကမ်းစပ် သဲသောင်ပြင်မှာ

ကျယ်ပြောလှတဲ့ ပင်လယ်ပြင်ကို

ထိုင်ကာနေရင်း ငေးခဲ့ဖူးပါတယ်။

 

စိမ်းစိမ်းစိုစို ကြည့်လို့မဆုံး

အလွန်များပြား လယ်တောများကို

အနီးနားရှိ လယ်စောင့်တဲပေါ်

ထိုင်ကာနေရင်း ငေးခဲ့ဖူးပါတယ်။

 

နွေရာသီပူပြင်း အရိပ်တွေကင်းလို့

ရှည်လျားလမ်းမ ဖုန်းတထောင်းထောင်းထကာ

ဖြတ်သွားကားလေး လမ်းကြုံလိုက်ဖို့

ရပ်ကာနေရင်း ငေးခဲ့ဖူးပါတယ်။

 

ချွေးတွေစို့လို့ တစ်ပေါက်ပြီးတစ်ပေါက်

ရွဲကာကျသည့် တောင်ပေါ်ခရီး

လမ်းကြမ်းနှင်ပြီး

တောင်ထိပ်အရောက် တက်ဆင်းများလှ

တောင်တန်းအလှကို အမောဖြေရင်း

လှည့်ကာပြန်၍ ငေးခဲ့ဖူးပါတယ်။

 

ပင်လယ်ကိုလည်း ငေးခဲ့ဖူး၏

စိမ်းစိုလယ်ကွင်းပြင်လည်း ငေးခဲ့ဖူး၏

ပူပြင်းနွေလယ်လမ်းလည်း ငေးခဲ့ဖူး၏

တောင်တန်းမြင့်နိမ်လည်း ငေးခဲ့ဖူး၏

 

အခုများတော့ တစ်ခါတရံ

ဂဇက်ကိုဖွင့် ပိုစ့်တွေဖတ်ပြီး

ဘာကိုဘယ်လို မန့်ရမယ်မသိ

အတန်ကြာသည်ထိ ငေးနေမိပါ၏ ။        ။

 

 

 

ဖတ်ရှု့သူများကျေးဇူးနော်။

ခင်ခ။

14 comments

  • Myo Thant

    February 20, 2013 at 4:49 pm

    ကိုခ ပို့စ်ကိုဖတ်ပြီး
    ဘာရေးရမှန်းမသိ
    ငေးနေမိ၏

    • ခင်ခ

      February 20, 2013 at 4:53 pm

      ဦးဆုံးလာ ငေးသူ ကိုမျိုးသန့်ရဲ့ ကွန်မန့်ကို
      ကျေးဇူးတင်စွာ ငေးနေမိပြီးမှ
      ခုလိုပြန်လိုက်ပါ၏ ။

  • ဟုတ်ဒယ် .. ဟုတ်ဒယ် ..
    တစ်ခါတစ်ခါ …
    ဘာကို ဘယ်လို မန့်ရမှန်းမသိ
    ငေးနေမိတယ် …
    အိုက်လို ငေးတော့ ဘာဖစ်တုန်းဆို ..
    ငေး ခ ပိုက်ပိုက် ပိုကုန်သွားဒယ် .. ဗျဲ .. :mrgreen:

  • ခိုင်ဇာ

    February 20, 2013 at 5:05 pm

    ကိုခရေ။
    ငေးတာတွေများနေပြီ။ :mrgreen:
    စိတ်ဖိစီးမှုပျောက်တဲ့ နည်း ၆ဝ ထဲမှာတော့ တခါတခါ စိတ်ထဲ ဘာမှ မတွေးပဲ ငြိမ်ငြိမ်လေး ငေးနေသင့်တယ်ဆိုပဲ။
    ကျနော့ဖြင့် ငေးချိန်မရှိလို့ ငေးချင်တဲ့ သူတွေကို မငေးရ။
    :kwi:

  • မောင်တင့် တယ်

    February 20, 2013 at 6:17 pm

    ငေးရင်းတွေးလို ့
    တွေးရင်းငေးလို ့
    ငေးပြီးရင်းငေးလို ့..
    ပိုသေချာအောင် ထပ်ကာထပ်ကာငေးမိဖူးပါကြောင်း..
    မှတ်ချက်။ ။ ငေးမိဖူးသူများအဖွဲ ့အစည်းမှ….
    အတွင်းရေးမှူး ဦးတင့်တယ်.

  • Mr. MarGa

    February 20, 2013 at 8:55 pm

    လေးခရေ
    လေးခလဲ အဲလိုပဲလား
    ဦးမာဃလဲ ကွန်းမန့်ပေးခါနီးရင် ငေးမိနေတာ
    အခါခါ

  • မောင် ပေ

    February 20, 2013 at 9:15 pm

    ဂေဇက်တည်သရွေ ့ရေးကြမန် ့ကြတာပေါ့ဗျို ့
    ခက်တာက
    အခုရက်ပိုင်းအတွင်း
    မန် ့လိုက်တဲ့ ကော်မန် ့တွေ ၊ ပျောက်ပျောက်ကုန်တာ ခက်တာပဲ
    သဂျီးများ ဆာဗာကို ကလိနေလားမသိ

  • MaMa

    February 20, 2013 at 10:06 pm

    ငေး မိတယ်။
    နောက်တော့ ရေး မိတယ်။ :hee:

  • P chogyi

    February 21, 2013 at 8:47 am

    ငေးမနေနဲ့
    တွေးမနေနဲ့
    ဖြတ်ကနဲပေါ်တာကို ဆတ်ကနဲလုပ်လိုက်။
    မင်းသိင်္ခဝတ္ထုထဲက စာသားလေးသတိရလို့ပါ။

  • Traditional

    February 21, 2013 at 8:58 am

    တောင်ပေါ် ပင်လယ် လယ်ကွင်းပြင် ဂဇက် ငေးပါ ငေးပါ ကြိုက်သလောက်

    ရန်ကုန် လမ်းမပေါ် ရောက်နေရင်တော့…….

    ငေးနေရင် သေချာတယ်………..
    မနက်ဖြန်ဆိုတာ အဝေးကြီး တမလွန်ဆိုတာနီးနီးလေး (ဦးဘုန်း ဓာတု)

    • ခင်ခ

      February 21, 2013 at 9:28 am

      ရန်ကုန်မြို့ဟာ မစိမ်းပါဘူး
      ခင်ခဇာတိ ထိုမှာကြီးလို့
      ပလက်ဖောင်းကျကျ ရပ်ကာမျှနှင့်
      ပေါင်ထိဖော်ကာ ဝတ်ဆင်လာသည့်
      ပြေးလွှားသွားလာ အလှပကေးများလည်း
      ငေးခဲ့ပါတယ် Traditional ရယ်။

  • ဗုံဗုံ

    February 21, 2013 at 12:14 pm

    ငယ်စဉ်ဘဝ
    ကလေးတုန်းက
    အရုပ်ဆိုင်ကို
    ငေးမောရင်းက
    မမြင်တက်နင်း ကြက်ဥခြင်းကို
    ပေးလျှော်ခဲ့ရ ကလေးဘဝ။
    ယခုအရွယ် နှစ်ဆယ်ကျော်တွင်
    ကျုံးဘေးဖြတ်ရင်း
    အားကျခြင်းဖြင့်
    သူများစုံတွဲ ငေးမိပါသည်
    မီးနီဖြတ်မောင်း
    တောင်းသည့်ပိုက်ဆံ
    ဘဲဥထံသို့ ပေးလျှော်ခဲ့ရ
    ယခုဘဝ။
    ထို့ကြောင့် ထို့ကြောင့် ယခုအချိန်တွင် ဆုံးဖြတ်ချက်ချမိ
    နောက်နောင်ခါတွင် ဘယ်သောခါမျှ မငေးတော့ပါဟု
    ကြည့်ချင်ပါက တည့်တည့်ကြီးသာ ထိုင်ကြည့်တော့ပါမည်။ :mrgreen:

  • kyeemite

    February 22, 2013 at 3:42 pm

    ငေးမိသည်ဟေ့ ငေးမိသည်
    မလေးမောင်သည်ယနေ့ ငေးမေ့မိသည်
    ကိုခင်ခရေ..ငေးမောရင်းမန့်သွားပါတယ်..
    အော်..သူများတွေများ ငေးမိတာလည်းပို့စ်ဖြစ်တာပဲဟ
    ဟု အားကျသွားပါဂျောင်းးးးး :mrgreen:

    • ခင်ခ

      February 22, 2013 at 4:41 pm

      တည့်တည့်ထိုင်ကြည့်တော့မည့် မိဗုံ နဲ့ လာငေးသွားတဲ့ ကိုကြီးမိုက်တို့ကို ကျေးဇူးပါဗျာ။

Leave a Reply