လေးဆယ်ကျော် ငါးနှစ်ပတ်လည်

အဘ အဘတို့အရွယ်  တဲ့

မောင် မှသည် ကို

ကို မှသည် ဦး

ကူး၍ ကူး၍ ခေါ်ခဲ့ကြရာ

ဒီအရွယ်မှာ

ခံစားရာကိုရေးကြ ကလေးကျနေတာပဲ

သည်လိုလည်းပြောကြ

ရင်ဖွင့်ပြပြန်တော့ သူငယ်ပြန်တော့မယ်နော့တဲ့

ရှောင်ရန်ရှားရန် ရေးတော့လည်း

ဆရာကြီးလေသံပဲတဲ့

ကဲ လုပ်ချင်ရာလုပ်မယ်ဆိုရင်များ

လူမိုက်စကားလို့ ပြောဦးမယ်

တစ်လောကလုံးကိုသာ ရယ်လိုက်ချင်

ငါ့ရင်ထဲမှာ ရှိနေတာ

ခံစားလွယ်သော နှလုံးသားပါ

ဒါလေးမှ မရှိရရင်လည်း

မင်းတို့ ဘာပြောကြဦးမလဲကွယ် ။

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..