တမ်းချင်းလေလား ညည်းချင်းလား

တောင်ပေါ်သားFebruary 20, 20131min16712

လေးဆယ်ကျော် ငါးနှစ်ပတ်လည်

အဘ အဘတို့အရွယ်  တဲ့

မောင် မှသည် ကို

ကို မှသည် ဦး

ကူး၍ ကူး၍ ခေါ်ခဲ့ကြရာ

ဒီအရွယ်မှာ

ခံစားရာကိုရေးကြ ကလေးကျနေတာပဲ

သည်လိုလည်းပြောကြ

ရင်ဖွင့်ပြပြန်တော့ သူငယ်ပြန်တော့မယ်နော့တဲ့

ရှောင်ရန်ရှားရန် ရေးတော့လည်း

ဆရာကြီးလေသံပဲတဲ့

ကဲ လုပ်ချင်ရာလုပ်မယ်ဆိုရင်များ

လူမိုက်စကားလို့ ပြောဦးမယ်

တစ်လောကလုံးကိုသာ ရယ်လိုက်ချင်

ငါ့ရင်ထဲမှာ ရှိနေတာ

ခံစားလွယ်သော နှလုံးသားပါ

ဒါလေးမှ မရှိရရင်လည်း

မင်းတို့ ဘာပြောကြဦးမလဲကွယ် ။

12 comments

  • ခင်ခ

    February 20, 2013 at 4:59 pm

    ဘာမှမပြောတော့ဘူးလို့ဘဲ၊
    ဒါပေသည့် တစ်ခုတော့ပြောပါ့မယ်
    ခံစားလွယ်သည့် နှလုံးသားကို
    ခိုင်ခံအောင်လို့ မွှမ်းမံလိုက်ပါအုံး
    လိုအပ်ရင် ရင်ကျက်မှု့ ဘိလပ်မြေနဲ့ဖြစ်ဖြစ်ပေါ့။
    ( ဘာမန့်ရမလဲ အထပ်ထပ် ဖတ်ပြီး ငေးနေရာမှ မန့်တာပါ။ စိတ်မဆိုးပါနှင့် )

  • Myo Thant

    February 20, 2013 at 5:05 pm

    ဘိလပ်မြေ ဘယ်လောက်ကောင်းကောင်း
    အချိုးကျကျ မစပ်တတ်ရင်
    ပြိုကျမယ်နော်

    ပထမဆုံး မန့်သူ ကိုခရေ
    ကျေးဂျူးကဘာဆိုင်းရော

  • တလောက လုံးကိုတော့ဖြင့်
    မရီလိုက်ပါနဲ့ဗျာ …
    ကိုယ့် အနီးအနားက
    နှုတ်ခမ်းရွဲ့သူတွေကိုပဲ
    အရင်ဆုံး ရီပလိုက်ပါလို့ … ဟဲဟဲ ..

  • ခိုင်ဇာ

    February 20, 2013 at 5:08 pm

    ဘာမှမဖြစ်ဘူး ကိုမျိုးသန့် ။
    ပြောချင်တဲ့သူ ပြောချင်တာသာပြော။
    ရေးသင့်တာ၊ ရေးချင်တာ၊ ခံစားရတာ အကုန်သာရေး။
    အားပေးနေတယ်။
    ရင်ထဲက ခံစားလွယ်တဲ့ နှလုံးသားဆိုတာ လူတိုင်းမှာ ပါတာမဟုတ်ဘူး။
    :hee:

  • မောင်တင့် တယ်

    February 20, 2013 at 6:10 pm

    ခံစားချက်နဲ ့ရေးသားထားသူ..နောင်တော်ရေ…
    ဘာရေးရေးအားပေးနေမယ်ဗျ..
    အဲ တစ်ခုပဲ… အရှည်ကြီးတော့မရေးနဲ ့ ဖတ်ရတာပျင်းလို ့ … ဟီးဟီး…

  • မောင် ပေ

    February 20, 2013 at 9:10 pm

    ဒီအရွယ် ဖိုးဖိုးတို ့အရွယ်
    သူငယ်ပြန်တဲ့ အရွယ်
    ဒန် တန် တန်

  • Mr. MarGa

    February 20, 2013 at 9:23 pm

    ပတ်ဝန်းကျင်သာ ကြည့်နေပါလျှင်
    ဘယ်အလုပ်မှ ပြီးမြောက်မည်မထင် :hee:

  • Traditional

    February 21, 2013 at 10:26 am

    ဘာပြောကြဦးမလဲ ဆိုတော့

    ဘာလိုလိုနဲ့သက်တမ်းရဲ့ သုံးပုံ နှစ်ပုံ ကုန်ဆုံးသွားပါပြီ

    ရင့်ကျက်သင်ပြီပေါ့ နှလုံးသားရယ်

  • Myo Thant

    February 21, 2013 at 10:34 am

    ခံစားလွယ်တာ ခံစားတတ်တာ နဲ့ ရင့်ကျက်ခြင်းဆိုတာ မဆိုင်ဘူးထင်ပါတယ် ၊
    ခံစားလွယ် ခံစားတတ်သူတွေဟာ သူတို့မြင်ရာအပေါ်မှာ အတွေးနယ်ချဲ့တတ်ကြသူတွေပါ ၊

  • ဗုံဗုံ

    February 21, 2013 at 12:05 pm

    ယောက်ခမဂျီးမှ မဟုတ်ပါဘူးကွယ် မိဗုံတို့လည်း ကလေးနဲ့ မုန့်လုစားရင် မကြီးမငယ်နဲ့တဲ့ လူကြီးစကားဝိုင်းထဲ ဝင်ပါရင်လည်း ကလေးလိုနေတဲ့ အရွယ်သုံးပါး အပြောမလွတ်ပါဘူး အဲ့ဒီတော့ နားအေးပါးအေး နေချင်ရင် သိတယ်မို့လား အဟမ်း ဘယ်ကိုသွားသင့်သလဲဆိုတာ အဟမ်း :mrgreen:

  • kyeemite

    February 22, 2013 at 3:35 pm

    ဒီအရွယ် ဘဘတို့အရွယ်
    သိပ်မိုက်တဲ့အရွယ်
    နှစ်ဆယ်ကျော် ငါးနှစ်ပါတ်လည်
    သိပ်ခိုက်တဲ့အရွယ်ပါဗျ…
    “ငွေဘ”ဆိုလား..“စပွန်ဘ”ဆိုလား
    ဆန်းဆန်းပြားပြား ခေါ်ကြပြန်တယ်…အာဟိ :kwi: :harr:

  • Myo Thant

    February 22, 2013 at 5:01 pm

    တော်တော်ဆိုးတဲ့ ကိုပေ နဲ့ ကိုမိုက်

    မန္တလေးရောက်မှတွေ့မယ်

    🙂

Leave a Reply