အလှူခံပါတယ်

phone_kyawFebruary 20, 20131min13910
အလှူအတန်း ဝါသနာပါသူများအား ဖိတ်ခေါ်ပါသည်။

ကျနော်မြန်မာပြည်ရောက်တော့ တပ်ထဲကိုသွားလည်ပါတယ်။ တပ်ထဲမှာ ရဲဘော်တွေအတွက် စာကြည့်တိုက်ရှိပါတယ်။ ဒါပေမဲ့ ကွန်ပြူတာနဲ ့အင်တာနက်မရှိပါ။ အကယ်၍သာ တပ်တိုင်းက စာကြည့်တိုက်တွေမှာ ကွန်ပြူတာနဲ ့အင်တာနက်သာ တပ်ပေးလိုက်ရင် အောက်ခြေက ရဲဘော်တွေ ပြင်ပဗဟုသုတ တိုးလာနိုင်တယ်။ နောက်ပြီး ပြင်ပက အရပ်သားတွေနဲ ့ထိတွေ ့ဆက်ဆံလာနိုင်ပြီး အပြန်အလှန်နားလည်မှု ့ရနိုင်မယ်လို ့ယုံကြည်ပါတယ်။ အထူးသဖြင့် သူတို ့မသိတာတွေ သိလာနိုင်ပါတယ်။

ဒီလိုစဉ်းစားချက်မျိူးနဲ ့တပ်ထဲမှာ တီးခေါက်ကြည့်တော့ စစ်သားတိုင်းက အလိုရှိသလို အရာရှိတွေလည်း သဘောတူပါတယ်။

တပ်ရင်းစာကြည့်တိုက်မှာ ကွန်ပြူတာ နှစ်လုံးလောက် ဆင်ချင်ပါတယ်။ ကွန်ပြူတာအခြေခံကို သင်ပေးချင်ပါတယ်။ ဒါမှ သူတို ့သုံးတက်လိမ့်မယ်။

လိုအပ်မဲ့ငွေကြေးနဲ ့သင်ပေးနိုင်မဲ့လူတွေလိုပါတယ်။

စိတ်ပါဝင်စားသူများ ကျနော့်ကို ဆက်သွယ်ပါ။

အီးမေးနဲ ့ဖြစ်စေ ဖုန်းနဲ ့ဖြစ်စေ ဆက်သွယ်လို ့ရပါတယ်။

တပ်ရင်းတခုလောက်မှ စပြီး အကောင်အထည်ဖော်ချင်တဲ့အတွက် အဓိက လိုအပ်နေတဲ့အရာတွေကတော့-

၁) ငွေကြေး
၂) သင်ပေးမဲ့ကွန်ပြူတာ ဆရာများ….ဖြစ်ပါတယ်။

လှူဒါန်းလိုသူများအား ဖိတ်ခေါ်ပါတယ်။

wgdperth@gmail.com
+61420422242

ဘုန်းကျော် (ဩစတျေးလျ)

10 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 20, 2013 at 6:58 pm

    သာဒုဘာဗျာ

  • မင်း

    February 20, 2013 at 7:25 pm

    ဒါပေါ့
    စစ်သားလဲ လူပဲအုပ်စား
    ပြည်သူတွေနဲ ့အကျွမ်းတဝင် ရင်းရင်းနှီးနှီးဖြစ်ဖို ့
    စစ်သားတိုင်း ဖေ့စဘုတ် ၊ ဂျီတော့ သုံးသင့်တာပ
    လှူသင့်ပါတယ်
    သင့်မြတ်လှကြောင်းပါ

  • etone

    February 20, 2013 at 8:06 pm

    နိုင်ငံတော်ဆီမှာ အလှူခံဖို့လည်းမမမေ့ပါနဲ့ ကိုဘုန်းကျော်
    တကယ်တော့နိုင်ငံတော်ကလည်းပံ့ပိုးပေးထားတာ တွေ့ရပါတယ် ဒါပေမယ့် အရာရှိပိုင်းတွေအတွက်ရည်ရွယ်တယ်ထင်တယ် တပ်သွားတုန်းကတော့ တပ်ရေးဗိုလ်ကြီးတို့ဘာတို့သုံးနေတာမြင်ဖူးတာပဲ ဆရာရီးလို့ခေါ်တဲ့ တပ်ကြပ်ကြီးတွေတောင် မသုံးကြဘူးထင်တယ်

  • အလင်းဆက်

    February 20, 2013 at 9:05 pm

    ကျွန်တော်လည်း..အင်တာနက်ကို နက်ဆိုင်မှာ
    တစ်နာရီလေးရာပေး သုံးနေရတာဆိုတော့..
    ကွန်ပူတာလေးတစ်လုံးရယ်
    နက်လိုင်းလေး ချိတ်ဖို့ ရယ်…
    လိုအပ်နေပါတယ်
    အလှုူခံဦးမယ် ။

    ————————-
    အထက်က လေးလေးဘုန်းကျော် ပြောတဲ ့ ကိစ္စ
    လှူနိုင်သူတွေ..လှုကြ တန်းကြမှာပါ…
    သာဓု..ကြို.ခေါ်ပါတယ်ဗျ ။

    —————————–
    လေးစားခင်မင်စွာ

  • လူ ဟား

    February 20, 2013 at 10:36 pm

    ကိုရင် ဘုန်းကျော် ကတော့ လုပ်ပြီ… ဟိုနေ့ကပဲ အလှူအကြောင်းတွေကို ရက်ရက်ဆက်ဆက် ပြောပြီး.. ခုကျ သူကိုယ်တိုင် အလှူခံနေပါပေါ့လား… (နောက်တာနော် ချစ်ကိုကြီး… ချိတ်ချိုးနဲ့နော်…)

  • kai

    February 21, 2013 at 1:26 am

    မြန်မာစစ်တပ်က.. မိသားစုဝင်တွေ.. နိုင်ငံတာကာမှာ နေကြတာအများကြီးပဲ..
    တချို့. တော်တော်ချမ်းသာကြတာ..
    စုပြီးဖေါင်ဒေးရှင်းထောင်.. ပြန်လှူကြဖို့ကောင်းတယ်..။

    ကျုပ်လည်း လိုက်မေးကြည့်ဦးမယ်..
    “တချက်လောက်တော့ ငှဲ့ကြည့်သင့်ပါတယ်..။”ပေါ့…

  • ဦးဦးပါလေရာ

    February 21, 2013 at 2:37 am

    တပ်မိသားစုထဲကလို့လဲ ပြောသေးတယ်……

    ဖက်ထိပ်လုပ်ရတာနဲ့ ကင်းစောင့်ရတာနဲ့ စိုက်မွေးအလုပ်တွေမှာလုပ်ရတာနဲ့ ဗိုလ်တွေ ဗိုလ်ကျသမျှလိုက်လုပ်ပေးရတာနဲ့…..

    အဲဒီကြားက အားတော့ရော ကွန်ပျူတာကိုင်မှာလား…
    အရက်ပဲ သောက်တော့မပေါ့…

  • P chogyi

    February 21, 2013 at 8:41 am

    တပ်တွင်း အသုံးပြုဖို့အတွက် အလှူခံဖို့မလိုပါဘူး။ သက်ဆိုင်ရာတပ်က အရာရှိတွေ တင်ပြတောင်းရင်ရပါတယ်။ တပ်မတော်ကွန်ယက်သုံး EDMS စနစ်နဲ့ အင်တာနက်လိုင်းကို
    အခမဲ့သုံးလို့လဲရပါတယ်။ ကွန်ပြူတာအခြေခံသင်တန်းတွေလဲ ဖွင့်ပေးနေပါတယ်။ အလှည့်ကျစနစ်နဲ့
    တက်လို့ရပါတယ်။ အဲဒီလိုမှ မဟုတ်ရင်လဲ အလက်ဆင်းပြောသလို အင်တာနက်ဆိုင်မှာ သုံးလို့ရပါတယ်။
    ဦးပေပြောသလို အရက်တော့မသောက်နဲ့ အရက်သောက်မယ့် ပိုက်ဆံနဲ့ အရက်သောက်ချိန်ကို အင်တာနက်ဆိုင်မှာ သုံးလိုက်ပါလို့ အကြံပြုပါရစေ။

  • zaw min

    February 21, 2013 at 10:48 am

    မသိလို့မေးစမ်းပါ့ရစေ… ဥပိုင် က ရထားသမျှ ရှာထားသမျှတွေက ဘယ်အတွက်ပါလဲခင်ဗျ…ဘယ်သူတွေအတွက် သုံးနေတာလဲခင်ဗျ…
    ….စာလုံးပေါင်းမှားရင် သည်းခံတော်မူကြပါခင်ဗျ…

  • ဦးကြောင်ကြီး

    February 24, 2013 at 11:30 am

    ဒေါက်တာချက်ကြီးဆိုက် ဝင်မရပြုမရ လိုင်းတွေကြပ်ကုန်ပါအုံးမယ်ဗျာ။

Leave a Reply