သစ်ရွက်ပမာ

လေနောက်လိုက်တဲ့သစ်ရွက်လို

ငွေနောက်လည်းလိုက်ဖူးတယ်..

ကြွေကျသွားတဲ့သစ်ရွက်လို

စိတ်ဓာတ်တွေလည်း နွမ်းလျခဲ့ဖူးတယ်…

ပင်မြင့်ယံထက် ဖူးသစ်စ သစ်ရွက်လို

တစ်ချိန်က လတ်ဆတ်ခဲ့ဖူးတယ်..

အပင်မှာမမြဲသလို  မြေမှာလဲမခရတဲ့သစ်ရွက်လို

ဟိုမရောက်ဒီမရောက်နဲ ့

လေလွင့်ဖူးသူလည်းဖြစ်ဖူးတယ်..

ပင်မြင့်ယံမှာမြဲ..

လေတိုက်တ်ိုင်းမလွင့်..

မနွမ်းလျတတ်တဲ့ သစ်ရွက်လို လူ ဖြစ်ချင်တယ်…

8 comments

  • Mr. MarGa

    February 20, 2013 at 9:29 pm

    ပင်မြင့်ယံမှာမြဲ
    လေတို်က်တိုင်းမလွင့်
    မနွမ်းလျတတ်တဲ့ သစ်ရွက်လို
    အင်းးးးးးးးးးး
    အဲဒါ ဘယ်လိုသစ်ရွက်ပါလိမ့်နော်

    • မောင်တင့် တယ်

      February 21, 2013 at 9:05 am

      ဟီး ပြောပြဘူး…ကိုယ့်ဟာကိုယ်စဉ်းစား.. ဒါပဲ..

  • Traditional

    February 21, 2013 at 8:53 am

    စာဘူးတောင်း (မှန်တယ်ဟုတ်)…… ဖြောင်း…222

    • မောင်တင့် တယ်

      February 21, 2013 at 9:04 am

      နောက်ပါနဲ ့ဗျာ..တူများက ခံစားထားတာကို…

  • ဗုံဗုံ

    February 21, 2013 at 12:21 pm

    ကိုတင့်တယ် အဲ့ဒါဆို သံနဲ့ သစ်ရွက်လေးလုပ်ပြီး ချိတ်ထားလိုက်လေ ကိုယ်တိုင်လည်း ပန်းပဲလုပ်တတ်နေတာဘဲ ဥစ္စာ :mrgreen:

    • မောင်တင့် တယ်

      February 21, 2013 at 6:08 pm

      အဲ .. ဒါတော့ မေ့နေတယ်ဗျာ. ကျေးဇူးပဲ … လုပ်ငန်းခွင်ပြန်ဝင်မှပဲ
      အကောင်အထည်ဖော်တော့မယ်…

  • MaMa

    February 22, 2013 at 6:18 am

    ကဗျာလေးက လိုတိုရှင်းနဲ့ ထိရောက်တယ်။
    ပန်းပဲမောင်တင့်တယ် သံတုံးသံခဲတွေပဲ နိုင်တယ်ထင်တာ……..
    သစ်ရွက်ကလေးကိုတောင် ကဗျာနဲ့ အသက်သွင်းနိုင်တာပဲ။ :hee:

Leave a Reply