“မယ်တော်လေးပါးရှိရာ ဘုံကိုးဆင့်သို့”

1 တောင်ပေါ်သို့အတက်လမ်း
1 တောင်ပေါ်သို့အတက်လမ်း
22 တောလမ်းကလေး
2တောလမ်းကလေး
23 ရွက်ကြွေတွေနဲ့အုတ်စီလမ်းကလေး
3ရွက်ကြွေတွေနဲ့အုတ်စီလမ်းကလေး

 

4 ရွက်ကြွေတော်ကြားက ကျော်စီလမ်း
4 ရွက်ကြွေတော်ကြားက ကျောက်စီလမ်း

 

5သခင်မလေးပါးရှိရာတောင်ပေါါ်
5သခင်မလေးပါးရှိရာတောင်ပေါါ်

         “မယ်တော်လေးပါးရှိရာ ဘုံကိုးဆင့်သို့”

ကျောက်ခဲကြီးတွေကို စီထားတဲ့လမ်းကနေတောင်ပေါ်ကိုတက်ခဲ့ကြပါတယ်။

အရွက်ကြေတဲ့ရာသီဖြစ်လို့ တတောင်လုံးမှာ အရိုးပြိုင်းပြိုင်းသစ်ပင်တွေနဲ့ရွက်ကြွေတွေကိုဘဲမြင်နေရပါတယ်.။

တောင်တက်လမ်းတစ်လျောက်မှာအရိပ်မရှိ။

ထူးထူးခြားခြားဒီနေ့မှ ကံကောင်းထောက်မစွာနဲ့မိုးတွေအုံ့နေပါတယ်.။

အဲတော့ တောင်ပေါ်ကိုမမောမပန်းဘဲတက်နိုင်ခဲ့ပါတယ်။

လမ်းပြကလေးကိုဘယ်ထိသွားရမှာလဲလို့မေးတော့ အဝေးမှာရှိတဲ့တောင်ပေါ်စေတီကိုလက်ညှိုးထိုးပြပါတယ်။

ကျောက်စီလမ်းကလေးကသွားနေရင်းက အောက်ကိုဆင်းပြီးအပေါ်ပြန်တက်လိုက်တဲ့အခါမှာတော့

ဘေးနံရံသာရှိပြီးအမိုးအကာမရှိတဲ့ အဆောက်အဦထဲကိုရောက်သွားပါတယ်။

အဲဒီနေရာရောက်တော့ မြောက်ဘက်က မန်းလေးမိုးကုတ်သွားတဲ့လမ်းမကိုစီးမိုးလို့မြင်နေရပါတယ်။

အဝေးမှာတော့ တောင်ကုန်းကြီးတစ်ခုက မားမားမတ်မတ်။

လမ်းပြကလေးမလေး ပြတဲ့နေရာကိုကြည့်လိုက်တော့ ကျနော်တို့သွားမယ့်စေတီ။

မော့ကြည့်ရလောက်အောင်အတော်မြင့်မြင့်ထိ ထပ်တက်ရမယ်ဆိုတာသိလိုက်ပါတယ်။

ကျနော်နဲ့ပါလာတဲ့အဖော်တွေကတော့ တောင်ပေါ်ကိုအရင်တက်နှင့်ကြပါတယ်။

ကျနော်ကတော့ ထုံးစံအတိုင်း ဓါတ်ပုံရိုက်ရင်း ကျန်နေခဲ့ပါတယ်။

အားလုံးရောက်လို့လှမ်းခေါ်လို့ အပေါ်ဆက်တက်ခဲ့ရပါတယ်။

6လာရာလမ်းသို့မှန်းမျှော်
6လာရာလမ်းသို့မှန်းမျှော်

 

7သခင်မလေးပါး
7သခင်မလေးပါး

 

 

8မယ်တော်လေးပါးကိုနောက်က ကြည့်တာ
8မယ်တော်လေးပါးကိုနောက်က ကြည့်တာ

 

9 သခင်မတောင်ပေါ်ကခြေတော်ရာ
9 သခင်မတောင်ပေါ်ကခြေတော်ရာ

အပေါ်က နန်းထဲမှာတော့ နတ်ရုပ်ထု လေးခု။

ရှေ့ဆုံးက မရွှေအု ခေါ် တောင်တော်သခင်မ။

သူ့နောက်မှာတော့ အမေရေယာဉ် အမေဆည်ကတော် အမေမငွေတောင် ရုပ်တုသုံးခု။

အဲဒီနေရာအရောက်မှာတော့ မိုးဖွားလေးတွေကျလာပါတယ်။

တောင်ပေါ်ကမြင်ရတဲ့ရူ့ခင်းကအတော်လေးလှပါတယ်။

အနောက်ဘက်က တောင်ကမူလေးပေါ်မှာ ဂူပျက်ကလေးနှစ်လုံးကိုမြင်ရပါတယ်။

အရှေ့ဘက်မှာတော့စေတီ လေးတွေလှမ်းမြင်နေရ။

တောင်ဘက်ကိုဆက်သွားလိုက်တော့ ဂူဘုရားတစ်ဆူ။

အတွင်းမှာဆင်းတုတော်တစ်ဆူနဲ့ ခြေတော်ရာ။

နံဘေးမှာတော့ ဘုန်းကြီးကျောင်းလေးတစ်ခု။

အောက်မှာတော့ ကျောက်စီလမ်းကလေး။

အနောက်ဘက်မှာရွက်ကြွေတွေရှိနေတဲ့မြေနီလမ်းလေးတစ်ခု။

အဲဒီကနေဆက်ဆင်းလာတော့ ကျနော်အရမ်းလိုချင်နေတဲ့ ရွက်ဝါနဲ့ရွက်နီတွေရောနေတဲ့

သစ်ပင်တွေကိုမြင်ရပါတော့တယ်။

အဲဒီနေရာကနေ တောင်ဘက် ကမူစွန်းထိဆင်းလိုက်တဲ့အခါ ကျနော်တို့လာခဲ့တဲ့လမ်းနဲ လယ်ကွင်းတွေ

ကို မြူမူန်မူန်ကြားမှာမြင်ရပါတော့တယ်။

10 စေတီတော်ကို ဖူးမြင်ရခြင်း
10 စေတီတော်ကို ဖူးမြင်ရခြင်း

 

 

12 တောင်ပေါ်က ဂူစေတီ
12 တောင်ပေါ်က ဂူစေတီ

 

13 လမ်းခွဲနေရာ
13 လမ်းခွဲနေရာ

 

ဒီသခင်မတောင်ပေါ်ကနေကြည့်ရင်း နန်းတော်ရှေ့ဆရာတင်ရေးပြီး ဝင်းဦးသီဆိုခဲ့တဲ့

တောင်တော်သခင်မ သီချင်းလေးက နားထဲမှာအလိုလိုကြားလာပါတယ်။

ဟိုးရှေးရှေး ပုဂံခေတ်က စခဲ့တဲ့ဇာတ်လမ်းလေးပေါ့။

သစ်ဖောင်သမားလေး ကိုရင်မောင်ရဲ့ဇနီးကတော့ မရွှေအုဆိုတဲ့ယက္ကန်းသမလေးပေါ့။

တရုပ်ပြည်ကနေပြန်လာကြတဲ့တောင်ပြုန်းရွာမှ စခန်းချနေတဲ့  မင်းကြီးမင်းလေးညီနောင်

က ဒီတောင်နံဘေးက ထန်းတောမှာ ထန်းရေသောက်ရင်း ကနေ မရွှေအုကို တွေ့သွားကြပါသတဲ့။

အဲတော့လဲချစ်ကြောင်းကြိုက်ကြောင်း ဇာတ်လမ်းတွေဆင်ကြပါသတဲ့။

ခက်တာက အိမ်ထောင်သည်ဖြစ်နေတော့ မရွှေအုကလဲ ငြင်းဆန်ပါသတဲ့။

အဲသည်မှာ စိတ်တိုလာတဲ့မင်းညီနောင်ကက မရွှေအုကို စီးတော်ကျားကိုလွှတ်ပြီး

 အချီခိုင်းပါသတဲ့။

အဲသမှာ အခုကျားတွင်းလို့ခေါ်တဲ့နေရာမှာ မရွှေအုပန်ထားတဲ့ သရဖီပန်းကုံးလေးက

ကျနေခဲ့ပါသတဲ့။

ကျားဆွဲခံရတာကြောင့် မရွှေအုလဲ ကွယ်လွန်သွားပါသတဲ့။

ဒါနဲ့ဘဲ ဒီတောင်မှာ နတ်အဖြစ်ဘဝပြောင်းသွားပါသတဲ့။

အဲဒီအချိန်ကစလို့ ဒီတောင်ကို သခင်မတောင်လို့ခေါ်တွင်ကြပါတော့တယ်။

သခင်မ မရွှေအု (ခ)အမေအု ကို ဒီအနီးအနားမှာရှိတဲ့ ကြာနီကန် အင်ကျယ်

မင်းဂံ ဘုတ် အစရှိတဲ့ရွာတွေက ကိုးကွယ်ကြပါတယ်။

တောင်ပြုံးပွဲကျင်းပချိန်မှာ မရွှေအုက လဲ နန်း တစ်ဆောင်ရပါသတဲ့။

ဒါပေမယ့် ချုးိရေတော်သုံးတဲ့ရက်မှာ မရွှေဥနန်းရှေ့ကနေပြီး မင်းကြီးမင်းလေးကိုတင်ထားတဲ့ဝေါတော်

ဖြတ်သွားရင် မယ်အုနန်းက ကန့်လန့်ကာချထားပါသတဲ့။

မကြည့်ချင်လောက်အောင်စိတ်နာတယ်ဆိုတဲ့သဘောပါဘဲ။

ကျနော်ဟိုတွေးဒီတွေး  တွေးနေတုန်း အဖွဲ့တွေကတော့အောက်အဆင်းနားရောက်သွားပါပြီ၊။

အပြန်တစ်လမ်းအဆင်းတစ်လမ်းရှိတာခုမှသိရပါတယ်။

လမ်းခွဲလေးတစ်ခုကနေ မြောက်ဘက်ကိုပြန်ဆင်းတဲ့မြေလမ်းလေးအတိုင်း ဆင်းခဲ့တဲ့အခါမှ

ကားနဲ့တက်ခဲ့တဲ့လမ်းကိုပြန်ရောက်လာပါတယ်။

ဒါနဲ့ဘဲအဖွဲ့တွေကို ဒီလမ်းဆုံမှာဘဲရပ်ခိုင်းပြီး ကားကိုသွားယူလာခဲ့ကြပါတယ်။

ကားရောက်လာတဲ့အခါ အင်ကျယ်ရွာကိုပြန်ခဲ့ကြပါတော့တယ်။

ကိုပေါက်လမ်းသလားနေသည်

25-2-2013

 

 

 

 

38 comments

  • Myo Thant

    February 28, 2013 at 9:54 am

    ကျနော်မသိတဲ့ ရာဇဝင်ကို သိရသလို ဓါတ်ပုံတွေကလည်း ဂွတ်တယ်ဗျာ
    ကိုယ်ကိုယ်တိုင် ရောက်သွားသလိုပါပဲ
    ကျေးဇူး ဆရာပေါက်

      • Myo Thant

        February 28, 2013 at 4:59 pm

        အိုကေ

        ကောင်းကောင်းလေးကိုပါ ခေါ်လာမှာ

        သူ့ကိုတော့ ဗုံဗုံ့လက်ထဲ အပ်ခဲ့တာပေါ့ဗျာ

        🙂

  • Wow

    February 28, 2013 at 11:37 am

    ရွက်ဝါတွေကြွေတဲ့တော့ကလှလိုက်တာ လေးပေါက်ရယ်… ဒါပေမဲ့ အပြင်မှာတော့ ပူမှာနော်..
    တော်တော်ဆိုးတဲ့လေးပေါက် မယ်တော်တွေကို နောက်ကသွားဒါ့ပုံရိုက်ရတယ်လို့ :harr:
    အိုးလေး.. လှုပ်ပါဟေ့… ရေအိုးလေး လှုပ်ပါဟေ့… စိုင်းစိုင်း သီချင်းလေးများ မညီးခဲ့ဝူးလား :kwi:

    • မယ်ဝိုးရေ အပြင်မှာ ပိုလှတယ်။
      အမိုးအကာမရှိတော့ သွားရင်ထီးဆောင်ရမယ်။
      ကျနော်သွားတဲ့ရက်က ကံကောင်းတော့ မိုးတဖွဲနှစ်ဖွဲကျတော့ အိုကေသွားတယ်။
      မယ်တော်တွေနာမယ်က နောက်မှရိုက်မှမြင်ရတာလေ။
      အုးိလေးလှူပ်ပါဟေ့လို့တော့ မဆိုရဲဘူး။
      တော်ကြာမယ်တော်တွေထ က ရင် တောင်ကြီးလှုပ်ပြီးပြေးပေါက်မှားသွားမယ်။

      • Wow

        February 28, 2013 at 1:24 pm

        ရွက်ဝါတောမှာ ထီးဘာရောင်လေးဆောင်းရင် ပိုလှမလဲဟင် :mrgreen:

        • ခိုင်ဇာ

          February 28, 2013 at 1:30 pm

          နင် မိုးတဲ့ ထီးနီနီ
          နေရာခဏ လဲ ချင်သည်။
          ကြင်နာသူလေးအေးမြဖို့ ကိုယ် ကြိုးစားမည်။

          အနီလေး ဆောင်းပါ့လား ဝါး။

          :kwi:

        • Wow

          February 28, 2013 at 1:44 pm

          နေပူပူမှာ ကျွဲလိုက်ခတ်အောင်လား ဆွိရဲ့..
          အိုက်လို အရောက်မပို့ပါနဲ့… ပြောမဲ့သာပြောရ.. ရွက်ဝါတောမှာ ကျွဲလိုက်ခတ်လို့ ထီးနီနီလေး ပစ်ချပြီး ထမိန်စွန်တောင်ဆွဲ.. အဲလေ.. စကတ်စွန်တောင်ဆွဲပြေးနေမဲ့ ကိုယ့်ပုံကိုယ် မြင်ရောင်ပီး ရီလိုက်ရတာအေ.. :mrgreen:

        • ဘယ်အရောင်လေးနဲ့လိုက်မလဲဆိုတာ ကို နောက်ပိုစ်တွေမှာကြည့်လိုက်အေ့

  • ဗုံဗုံ

    February 28, 2013 at 12:04 pm

    ရွက်ဝါကြွေတဲ့ လမ်းလေးမှာ ချစ်သူလက်လေးဆွဲပြီး လျှောက်ရရင် ဘယ်လောက်မြင့်မြင့် မောမယ်မထင်ပါဘူး :kwi: ဖေပေါက်ကြီးနော် လူကြီးတာဝန်မကျေသေးဘူး တန်ခူးလက နီးနေပြီ ဟွန်း :harr:

    • မိဗုံ ငါက ညည်းအတွက်ရှာထားပြီးသား။
      ရန်ကုန်သားနဲ့ရွှေဘိုသူ
      အသားဖြူဖြူ နုပ်ခမ်းမွှေးနဲ့လူ

      • ဗုံဗုံ

        February 28, 2013 at 2:49 pm

        ရဘူးးး ရဘူးးး မန်းလေးသားဘဲရှာပေး မန်းလေးသားပဲရှာပေး အဝေးကြီးမနေချင်ပါဘူးဆိုမှ :harr:

        • အေးပါ ဒါဆိုမန်းလေးသားတစ်ယောက်ရှိတယ်ခပ်ပေါ်က်ပေါက် သူလဲနုတ်ခမ်းမွှေးနဲ့ဘဲ။
          ရှေးစကားမပယ်နဲ့အေ့ ရွာနားက မြက် ရွာနွှားမစား
          အဝေးကွင်းက မြက်က ပိုစိမ်းတယ်အေ့

  • ခိုင်ဇာ

    February 28, 2013 at 12:47 pm

    ကျုပ်ကို ကျောင်းတုန်းက အနက်ဝမ်းဆက်ဝတ်လွန်းလို့ အမေ ရေယဉ်လို့စ ခေါ်ကြတာတော့။
    အစက ဘာလို့ခေါ်မှန်းမသိဘူး။
    ဟုတ်သား။
    အမေရေယဉ်က အနက်ဝမ်းဆက်ကြီးနဲ့ပဲ။

    :harr:

  • sein

    February 28, 2013 at 2:10 pm

    ခရီးအရမ်းသွားချင်ပြီး မသွားရတဲ့သူတွေအတွက် အရမ်းတန်ဖိုးရှိတဲ့ ရှူခင်းလှလှလေးတွေပဲ။ မမြင်ဘူးတဲ့မြင်ကွင်းလေးတွေ တွေ ့ရတဲ့အတွက် ကျေးဇူးပဲ

  • ရွှေတင်မောင်

    February 28, 2013 at 4:58 pm


    3 ရွက်ကြွေတွေနဲ့အုတ်စီလမ်းကလေး

    ဒီပုံလေး အရမ်း ကဗျာဆန်လွန်းတယ် …
    အတော်ကြီးကို ခိုက်မိပါတယ် …
    တကယ် .. တကယ် …
    ဖြစ်နိုင်ရင် ချစ်သူလေးရဲ့ လက်ကိုဆွဲလို့
    အဲ့ဒီ လမ်းလေးအတိုင်း လျှောက်လှမ်းသွားချင်မိတယ် …

    • ဒီတောင်ပေါ်ကို ချစ်သူတွေလာလေ့မရှိဘူး။
      လာရင်လဲ ပလူးပလဲမနေရဘူး။
      ဇာတ်လမ်းတွေရှိပါ၏။
      အနေမတတ်လို့အရှက်ကွဲခဲ့ရတဲ့ဇာတ်လမ်းလေးတွေပေါ့။
      (အဲဒီဇာတ်လမ်းလေးတွေက 18နှစ်အောက်မ ဖတ်ရထဲမှာပါတယ်)

  • ကျနော်ကတော့ ကျနော်ရောက်တဲ့နေရာက မြင်ကွင်းလေးတွေပြန်မျှပါမယ်။
    တစ်နေရာရောက်ရင် ပိုစ်သုံးလေးခုတော့ ရတယ်ဗျ။
    အရင်ကတပုဒ်ထဲတင်ရင် ပုံက သုံးဆယ်လောက်ဖြစ်တော့ဖွင့်လို့ခက်မှာစိုးလို့
    အခုပိုစ်တစ်ခုကို ပုံဆယ်ပုံလောက်ဘဲတင်တော့တယ်။
    ဝင်ကြည့်တဲ့သူများကိုလဲ ကျေးကျေးပါခင်ဗျာ။

  • မောင် ပေ

    February 28, 2013 at 7:06 pm

    မန်းတလေးသားဖြစ်ပေမယ့် တစ်ခါမှ မရောက်ဖူးပါ
    ဓါတ်ပုံဖြင့် ပို ့ပေးသော ကိုပေါက် အား ရှဲရှဲ

  • padonmar

    February 28, 2013 at 9:30 pm

    မစိမ်းစိမ်းရဲ့ ရွှေမန်းဆီသို့ထဲက
    ဟိုအဝေးကစေတီ…..သခင်မတောင်တော်မဟီရှင့်….ဆိုတာလေး ကြားယောင်မိပါတယ်။
    တော်တော်မြင့်အောင်တက်ရတာပဲနော်။
    လှလိုက်တဲ့ ရှုခင်းလေး။

    • မစိမ်းစိမ်း ရွှေမန်းဆီသို့ မူရင်းလေးရော နားထောင်ချင်ပါသေးသလားဗျိုး
      ဟုတ်တယ် မမာရေ နည်းနည်းလေးမြင့်တယ်။
      အမိုးအကာမရှိတော့ နေ့ခင်းတက်ရင်အဆင်မပြေ။
      နံနက်စောစော ဒါမှမဟုတ် ညနေခင်းနေအေးချိန်တက်ရင် ပိုပြီးသာယာပါမယ်။

  • Mလုလင်

    March 1, 2013 at 12:49 am

    Location လေး ကြိုက်မယ် တယ်ဗျာ . . ရောက်ဖူး ချင်လိုက်တာ . .

  • MaMa

    March 1, 2013 at 6:18 am

    လမ်းကလေးတွေက အမျိုးမျိုးပဲနော်။
    ကြည့်ရတာတော့ အေးချမ်းမယ့်ပုံပဲ။

    ခရီးသွားလုပ်ငန်း မြှင့်တင်ဖို့အတွက်…
    မြန်မာပြည်မှာ လည်စရာ ဆိုပြီး စာအုပ်ထုတ်ရင်…
    မန်းလေးတစ်ခွင် သွားစေချင်ကဏ္ဍအတွက် …..
    ကိုပေါက်ပိုစ့်တွေကို သုံးလိုက်ရင် ရှယ်ပဲ။ :hee:

    • သုံးနိုင်ပါ၏
      တကယ်လုပ်မယ်ဆိုရင်ဒီထက်စနစ်ကျအောင်လုပ်ပေးပါမယ်။
      လမ်းကလေးတွေက ဓါတ်ပုံထဲမှာပိုလှတယ် မမရေ

  • kai

    March 1, 2013 at 6:20 am

    မြန်မာ့နတ်သမိုင်းစာအုပ်မှာ.. မြန်မာနတ်တွေက.. ဟိန္ဒူနတ် ၃ရ ပါးကို. တိုက်တယ်ပြောင်းထားတာလို့ဆိုတယ်..

    သိသလောက်က.. အဲလိုလုပ်ရင်းကနေ.. အရှိန်လွန်ပြီး.. အတွင်း-အပြင်-ဘေး-အပေါ်တွေဖြစ်ကုန်တာလို့.. ထင်မိတယ်..

    ဒါပေမယ့်.. ဗီးနပ်စ်တို့လို.. ကိုယ်တုံးလုံးမယ်တော်တော့ မရှိသေးဘူးနော..
    တယောက်ယောက် ထထု,လိုက်ရင်.. တော်တော်နာမယ်ကြီးသွားမှာ..

    • Foreign Resident

      March 1, 2013 at 2:32 pm

      ” ဗီးနပ်စ်တို့လို.. ကိုယ်တုံးလုံးမယ်တော်တော့ မရှိသေးဘူးနော ”

      ဟီ ဟိ ၊ ကိုယ်တုံးလုံး မယ်တော် လုပ်ပါဗျို့ ။
      အဘ ၊ ကိုးကွယ်ချင်လို့ပါ ။ ဟီ ဟိ ။

      • kai

        March 1, 2013 at 3:27 pm

        အရက်သမားနတ်..
        ကြောင်သူတော်နတ်..
        နှုတ်ကြမ်း..အဆဲသန်နတ်..
        စတာတွေရှိပြီး.. လိုနေတဲ့.. ဗီးနပ်စ်လို..ယောက်ျားတွေနဲ့အိပ်လိုက်.. နတ်ရေကန်ထဲဆင်းပြီး.. အပျိုစင်ပြန်ဖြစ်လိုက်…နတ်မျိုးလုပ်ကြရမှာ..
        အနည်းဆုံးတော့.. လူတွေစိတ်ချမ်းသာမှုပေးမယ့်နတ်ပေါ့…

        ဒီလိုလုပ်လေ..
        ကျန်စစ်သားနဲ့..အနော်ရထာပါတ်လည်ဆွဲသွားတဲ့… မဏိစန္ဒာကို.. နတ်မ,လုပ်လိုက်…
        အာဟိ..။

      • ကိုဖော ဒကယ်လား
        လောလောဆယ် မြန်မာပြည်မှာ ကိုယ်လုံးတီးတော့ မရှိသေးဘူး။
        ဘီကနီလောက်နဲ့တော့စင်ပေါ်တက်ရဲတဲ့သူရှိလာပြ။ီ
        အဲတော့ ကို်ယ်တုံးလုံးမယ်တော် သိပ်မဝေးလောက်တော့ဘူး။
        အသက်ရှင်အောင်ရှည်အောင်မွေးပြီးစောင့်ကြရအောင်ဗျို့

        • Foreign Resident

          March 1, 2013 at 9:45 pm

          ကိုပေါက် FB မှာတင်ထားတဲ့ ၊
          ဈေး မီးလောင်တဲ့ အကြောင်း Post လေး ၊
          ကောင်းတယ် ။

          MG မှာတင်ရင် မန့်မလို့ စောင့်နေတာ ။

      • Foreign Resident

        March 1, 2013 at 9:42 pm

        အင်း ၊ ပြောမိတဲ့ စကား ၊ မလွန်ခင် ၊
        Conditions နှင့် Limitations တွေ ပြန်ထည့်ဦးမှပါပဲ ။
        နို့မို့ ၊ ကိုယ့် စကား နှင့် ကိုယ် ပုံဆိုး ပန်းဆိုးကြီး ကိုးကွယ်နေရဦးမယ် ။

        ထိုကြောင့် ၊ အဘ ၊ ကိုးကွယ် ရမည့် ကိုယ်တုံးလုံး မယ်တော် သည် ၊

        ၁ ။ ရုပ်ရည် ချောမောလှပရမည် ။
        ၂ ။ ကိုယ်လုံး ကိုယ်ပေါက် လည်း မက်စဖွယ်ဖြစ်ရမည် ။
        ၃ ။ အသက် အရွယ် မှာလည်း ၂ ထိပ်စည်း မကျော်ရ ။

        ဟုတ်တယ်လေ ၊ ကိုယ်ကစ ကိုးကွယ်လိုက်ရင် ၊
        နောက် ဆွေစဉ် မျိုးဆက်ကျရင် ရိုးရာဖြစ်သွားတော့မှာ ။
        ကိုယ့်ကြောင့် ၊ ကိုယ်က စ လိုက်လို့ ၊
        ပုံဆိုးဆိုး အဖွားကြီးကို ဆက်ကိုးကွယ် လိုက်ရတယ် ဆိုပြီး ၊
        နောက်လူတွေ အပြစ်တင်တာ ခံနေရဦးမယ် ။

        • ကိုဖောရေ အဲဒီပိုစ်လေးက နက်ဖြန်ရွာထဲ တက်လာမယ်။
          ကျနော်သူငယ်ချင်း က တကယ်ကိုခံစားချက်အပြည့်နဲ့ရေးပေးထားတာကို
          ကျနော်က ပြန်မွှမ်းမံလိုက်တာပါ.
          ဈေးမီးလောင်မှာရော ဈေးအရွှေ့ခံရမှာရော အားလုံးကြောက်ကြပါ၏။

        • တော်သေးတာပေါ့
          တော်ကြာ အိုဗာခြောက်ဆယ် တုံးလုံးမယ်တော်သာတက်လာရင်
          ကိုခိုင်တော့ ဂွမ်ဂွမ့်ဂွမ်ဘဲ

  • ဒီလိုကူးတာ မဆန်းပါဘူး ကိုခိုင်
    ဗီးနပ်စ်လိုကိုယ်တုံးလုံးမယ်တော်တော့ မရှိဘူး။
    ဒါပေမယ့် အမေဂျမ်းတော့ရှိတယ်။
    အမေပေးတဲ့လက်ကွက်ကိုု ခဏရောင်းစားကြတဲ့ကလေးမတွေက တစ်ခါရောင်းပြီးရင်
    ပိုက်ဆံလေးလိပ်ပြိး အမေဂျမ်းကို ပသကြတာမြင်ဘူးတယ်။
    အဲတော့ ကိုခိုင်ရေ
    ဘယ်သူ့ပုံတူ ထုရင်ကောင်းမလဲဆိုတာ ဘုတ်လုပ်လိုက်ပါလား

Leave a Reply