ဒါကတော့ ကျွန်တော့်ဘ၀ရဲ့ တကယ့်အဖြစ်အပျက်လေးပါ…ဥာဏ်စမ်းပဟေဠိလေးလို့ ယူဆချင်ရင် ယူဆကြပါတော့…အဓိက ကတော့ ဘာလုပ်သင့်လဲ…ဘာဖြစ်သင့်လဲ ဆိုတာကိုပါ…ကောမန့်တွေ ပေးပြီးကြရင် ကျွန်တော် ဘာလုပ်ခဲ့သလဲ ဆိုတာ ပြောပြပါ့မယ်…

မှတ်မှတ်ရရ  ကျွန်တော် တတိယတန်းတုန်းကပေါ့….မိဘတွေက ၀န်ထမ်းတွေဆိုတော့ ကျောင်းခဏခဏ ပြောင်းရတယ်…အဲ့ဒီကျောင်းမှာ ကျွန်တော်က ကျောင်းသားသစ်ပေါ့….ဖြစ်ပုံက ကျောင်းဖွင့်ကာစ မိုးရာသီကြီးမှာပေါ့…အဲ့ဒီနေ့က ကျွန်တော် အစားမှားပြီး ၀မ်းပျက်နေတယ်….ကျောင်းသားသစ်ဆိုတော့ ခွင့်တိုင်ရမှာ စိုးတာနဲ့ ကျွန်တော်ဇွတ် ကျောင်းတက်ခဲ့တယ်…အတန်းဝင်တဲ့ ဆရာမက ကျောင်းသားဟောင်းတွေ ပြောစကားအရ နာမည်ကြီး…စည်းကမ်းကြီး…အရိုက်ကြီးတဲ့ဆရာမ …ဆရာမက စာသင်နေတာ အရှိန်တအားကောင်းနေတယ်…ကျွန်တော့် ၀မ်းက ရစ်ပြီးနာနေတယ်…အိမ်သာ သွားရအောင်ကလဲ ဆရာမစာသင်တာ ဖြတ်ပြီး ခွင့်မတောင်းရဲဘူး….အောင့်တယ်…သည်းခံတယ်…သည်းခံရင်း သည်းခံရင်းနဲ့ပဲ ဘယ်လိုမှ မရတော့ဘူး….နောက်ဆုံး ဘယ်လိုမှမတတ်နိုင်တဲ့ အဆုံး ဆရာမဆီ အိမ်သာသွားဖို့ ခွင့်တောင်းပါတယ်…ဆရာမကလဲ ခွင့်ပြုပါတယ်…အိမ်သာ တက်ချင်စိတ် တအားများတော့ ဟိုး…ခပ်လှမ်းလှမ်းက အိမ်သာဆီကို တအားပြေးပါတယ်…သွားချင်တဲ့ အရှိန်ကော…ပြေးတဲ့ အရှိန်ကောကြောင့် ဘယ်လိုမှ မထိန်းနိုင်ပဲ လမ်းမှာပဲ မရိုသေ့စကား ထွက်ကျ ကုန်ပါတယ်….အိမ်သာဆီကိုတော့ ရောက်သွားပါတယ်….

ကျွန်တော် အိမ်သာတက်ရင်း စဉ်းစားတယ်…ကျွန်တော့်ဆီမှာ ၀မ်းသွားထားတဲ့…၀မ်းတွေ ပေနေတဲ့ ဘောင်းဘီတထည်ပဲရှိတယ်…ကျန်တာ ဘာဆိုဘာမှ မရှိဘူး…တတိယတန်းဆိုတော့ နည်းနည်းရှက်ရကောင်းမှန်းလဲ သိနေပြီ…ဒီအဖြစ်အပျက်သာ တကျောင်းလုံးသိသွားရင် မျက်နှာ ဘယ်ထားရမှန်းတောင် မသိတော့ဘူး…အိမ်သာတက်နေရင်း ကျွန်တော်စဉ်းစားတယ်….ကျွန်တော် ဘာဆက်လုပ်သင့်လဲ…ဘာဖြစ်သင့်လဲ..ကျွန်တော့်အတွက် အကောင်းဆုံးအဖြေက ဘာလဲ….ဗြုန်းဆို ကျွန်တော်တစ်ခုကို ဆုံးဖြတ်ချက်ချပြီး လုပ်ခဲ့တယ်…ကျွန်တော့်အတွက်တော့ အကောင်းဆုံးဖြစ်ခဲ့တယ်…ကျွန်တော် ဘာလုပ်ခဲ့တာပါလဲ….

About johnnydeer

johnny deer has written 76 post in this Website..

၇၇မွေး...၉၄ ဆယ်တန်းအောင်..၂၀၀၂ မန်းလေးစက်မှုတက္ကသိုလ်က ဘွဲ့ဆိုတဲ့ စာရွက်ကလေးတရွက်ရ...ဘာပညာမှမတတ်..အခုလောလောဆယ်တော့ပေါက်တတ်ကရပြော.. .ပေါက်တတ်ကရရေးနေပါတယ်...ရေးသမျှ အားလုံးကိုတော့ ကိုယ်တိုင်ရေးစစ်စစ်ဖြစ်ကြောင်း ရဲရဲကြီး အာမခံပါတယ်...များသောအားဖြင့်တော့ သူများမကောင်း ကိုယ်ကောင်းကြောင်း ကိုယ်ရည်သွေးစာတွေ ရေးတတ်ပါတယ်...ဒါပေမယ့် အထင်ကြီးစရာတော့ တကွက်မှမရှိပါဘူး...