ပန်းခင်းထဲမှာ

အဖေ အမေ မရှိရှာသူတွေ

အဖေ အမေ မသိရှာသူတွေ

နာဂစ်ရဲ့ အမွေတွေလည်းပါခဲ့

ချို့တဲ့လှတဲ့ ဘဝကြမ်းကြမ်း

လျှောက်လှမ်းရရှာတဲ့ သူတို့အပေါ်

ဆရာတော်ရဲ့ အရိပ်အာဝါသ

လာလှုကြသူတွေရဲ့ စေတနာ

ပေါင်းစပ်လာလိုက်တာ

ဘွဲ့ရလာသူတောင်ရှိ

ပွင့်လာသည့်ပန်းကလေးတွေ

လန်းအေးစေဖို့အပြင်

ဖူးငုံချင်စ ဘဝလေးများ

ငြိမ်းချမ်းမွှေးမြ ကြစေသား ။1

3 comments

  • Mr. MarGa

    February 21, 2013 at 2:15 pm

    ငြိမ်းချမ်းစွာ ဘဝခရီးကို ဆက်လျှောက်နိုင်ကြပါစေဗျာ
    သူတို့ စားနေတာကြည့်ပြီး ဗိုက်တောင် ပြန်ဆာလာသလိုပဲ

  • မောင်တင့် တယ်

    February 21, 2013 at 6:04 pm

    သူတို ့ကိုကြည့်ပြီး..ကြည်နူးမိသလို…သနားလည်းသနားမိတယ်..
    မိဘ ရင်ခွင်ဆိုတာကို သူတို ့ အရသာမခံဖုူူး ကြတာကို တွေးမိလို ့ရယ်ပါ..
    ကိုယ်သာ မိဘ နဲ ့ဝေးရင် လမ်းများ လွဲ သွားမလားပဲ..

  • kyeemite

    February 22, 2013 at 3:22 pm

    ကိုမျိုးသန့်တို့ ရုံးအဖွဲ့နဲ့သွားလှူတုန်းကရိုက်လာတာထင်တယ်…
    ဘဝလေးတွေ အေးချမ်းပါစေကြောင်းဆုတောင်းပါတယ်ဗျာ…

Leave a Reply