“ဦးနှောက်အကြောင်း တစေ့တစောင်း´´

ခင္ခFebruary 21, 20131min30820

“ဦးနှောက်အကြောင်း တစေ့တစောင်း´´

 

စိတ် ဟာ ဦးနှောက်ဖွဲ့စည်းပုံအရ တည်ရှိဖြစ်ပေါ်လာသလို စေတသိက်ဆိုတဲ့ စိတ်နဲ့ယှဉ်ပြီး ဖြစ်လာတဲ့သဘော ဟာ လူဘဝမှာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှာရှိပါတယ်။ စေတသိက်ရဲ့ အဓိပ္ပာယ်ကို ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့ထုတ် မြန်မာအဘိဓာန်မှာတော့ စေတသိက်ဟာ(လိုချင်ခြင်း၊ အမျက်ထွက်ခြင်း၊ မသိခြင်း စသည် ကဲ့သို့သော) စိတ်၌ယှဉ်သော သဘောလို့ ဖွင့်ဆိုထားပါတယ်၊ ဒီ စေတသိက်ကို တက္ကသိုလ်များ စာအုပ်ပြုစု ထုတ်ဝေရေး ကော်မတီက ထုတ်ဝေတဲ့ ပါဠိသက်ဝေါဟာရ အဘိဓာန်မှာ ပေးထားတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက် ကတော့ စိတ်နဲ့အတူဖြစ်ပြီး စိတ်ကို ခြယ်လှယ်ဖန်တီးတတ်သော တရားလို့ဖြစ်ပါတယ်။

ဆေးပညာသဘောအရ ဦးနှောက်ဖွဲ့စည်းပုံမှာ ဦးနှောက်ကြီး၊ ဦးနှောက်သေး နဲ့  စသည်တို့ရဲ့လုပ်ဆောင်မှု့ကို ဒီ (myanmargazette.net/166746/health-fitness ) နဲ့ ရေးသားမျှဝေခဲ့ဖူးပါတယ်။ အခု ဆက်လက်ပြီး ဦးနှောက်ကြီးမှာ Lobe လုတ်(ဘ)ဆိုတဲ့ ထိုးထွက်နေတဲ့ ရစ်ခွေလိမ်ထု ဦးနှောက်သား အကန့် ၄ ခု ရှိပြီး ခွေလိမ်ပျော့ပျောင်းပြီး အမြှောင်ဖြစ်နေတဲ့ gyrus ဂျိုင်းရပ်(စ) ၂ ခုရှိတာပါတယ်၊ လုတ်(ဘ) ဟာ သာမန် အဓိပ္ပါယ်အရဆိုရင် roundish and flattish projecting or pendulous part လုံးဝန်းပြီး ပြားထွက်နေတဲ့ ဒါမှမဟုတ် တွဲကျနေတဲ့ အပိုင်းဖြစ်လို့ နားသန်ကို ear lobe လို့ ခေါ်ခြင်း ဖြစ်ပါတယ်၊ ဒီလုတ်(ဘ) ၄ ခု ရှိပါတယ် သူတို့ဟာ –

(စကားပြော၊ စာရေး၊ တွေးတော၊ တီထွင်၊ အသိဉာဏ် စတဲ့ အလုပ်တွေကို လုပ်ပေးတဲ့) ရှေ့ဦးခွံအောက်မှာရှိတဲ့ frontal lobe

( ကြည့်မြင်၊ ကြားသိ၊ အနံ အရသာ ခံနိုင်အောင် လုပ်ပေးတဲ့) နောက်ဘက် ဦးခွံအောက်ရှိမှာရှိတဲ့ occipital lobe

( နားထင်၊ နားသယ်နဲ့ဆိုင်တဲ့) ဦးခွံဘေးတစ်ဖက်တစ်ချက်မှာရှိတဲ့ temporal lobe

ပြီးတော့ ဦးခွံရှေ့၊ ဘေးနောက်တို့ကို အများအားဖြင့် ဆက်သွယ်ဖုံးအုပ်ထားတဲ့ parietal bones နှစ်ခု အောက်မှာ ရှိတဲ့ Parietal lobe တို့ဖြစ်ကြပါတယ်။

ဂျိုင်းရပ်(စ) ၂ ခုကတော့ ကြွက်သားလှုပ်ရှားဖို့ ထိန်းကျောင်းပေးတဲ့ precentral gyrus နဲ့ ထိတွေ့မှု၊ ဖိအား စတဲ့ ခံစားချက်တွေကို သိရှိလုပ်ဆောင်ပေးတဲ့ Postcentral gyrus တို့ ဖြစ်ကြပါတယ်။

စိတ် သဘော စတဲ့ အဓိပ္ပာယ်ဆောင် ဝေါဟာရစကားလုံးဟာ အင်္ဂလိပ်စာမှာ mind ရယ်လို့ သုံးနှုန်းသော် လည်း ဆေးဝေါဟာရအနေနဲ့တော့ psyche(ဆိုက်ကီ) လို့ သုံးတာတွေ့ရပါတယ်၊ သူက a term meaning that was derived from the ancient Greek for soul or spirit စိတ်လို့ အဓိပ္ပာယ်ရတဲ့ နာမ် သို့မဟုတ် ဝိညာဉ်အတွက် သုံးတဲ့ ရှေးဂရိ စကားလုံးက ဆင်းသက်လာတဲ့ ဝေါဟာရတစ်လုံး ဖြစ်ပါတယ်။

ဩစတြီးယားနိုင်ငံသား အာရုံကြောဆေးပညာရှင် ဖရွိုက်(Freud) က စိတ်ပညာဆိုင်ရာ သီဝရီ အရ ဆိုက်ကီ ဆိုတဲ့စိတ်ဟာ ခန္ဓာကိုယ်မှာ အင်္ဂါရပ်တစ်ခုအနေနဲ့ရှိတယ်၊ ဒီစိတ်ကို သိစိတ် (conscious) နဲ့ မသိစိတ် (unconscious) ဆိုပြီး ခွဲခြားနိုင်တယ်လို့ သီအိုရီထုတ်ခဲ့ပါတယ်။ သိစိတ်ကတော့ အဓိပ္ပါယ်ရှင်းစရာမလိုပေမဲ့ မသိစိတ်ကိုတော့ ဆေးပညာအမြင်သဘောမှာ စိတ်ကူး idea အမှတ်တရရှိမှု memory သိမြင်မှု့ preception ခံစားချက် feeling စတာတွေ လောလောဆယ်မှာ ဦးနှောက်ထဲပေါ်မလာတဲ့ စိတ်အနေအထားကို မသိစိတ်လို့ ဆိုပါတယ်။ ဒီမသိစိတ်ဖြစ်နေတဲံ အနေအထားကို အိပ်ပျော်နေချိန်မှာ တွေ့ရတတ်ပါတယ်။ သိစိတ်မြုံနေတဲ့ အချိန်ကာလဖြစ်တယ်လို့ ဆိုပါတယ်။ နှိုးလိုက်တဲ့အခါ နိုးလာတဲ့အခါမှာ သိစိတ်ပြန်ဝင်လာပါတယ်။ သတိ လစ်ချိန် မေ့ဆေးပေးထားချိန် စတာတွေမှာတော့ သိစိတ်ဟာ ယာယီကင်းမဲ့နေတဲ့ သဘောရှိပါတယ်။

ဦးနှောက်ကြီးကို လုံးဝန်းခြမ်းနှစ်ခုနဲ့ ပိုင်းထားပါတယ်၊ အရွယ်အစားပုံပန်းဟာ တစ်ခုနှင့်တစ်ခု အညီအမျှအနေ အထားမှာ ရှိတယ်လို့ ဆိုပါတယ်၊ လူအများစုဟာ ညာသန်ဖြစ်ကြတာများပါတယ်၊ အဲဒီမှာ ဘယ်ဘက်ခြမ်းက ဦးနှောက်ဟာ အာရုံပိုထက်မြက်တယ် ပိုအရေးပါတာတွေ့ရတယ်၊ သို့သော်လည်း ဘယ်သန်တွေအတွက် လည်း ဘယ်ခြမ်းကပဲ ပိုထက်မြက်တာကိုတွေ့ရပြန်ပါတယ်၊ ဆိုလိုတာက ဦးနှောက်ရဲ့ ဘယ်အခြမ်းက စေစား တာကို ခံယူရတဲ့သဘောပါ။ ဒါဆို ညာခြမ်းကအရေးမပါဘူးလားလို့ မေးစရာဖြစ်ပါတယ်။ ညာခြမ်းလည်း အရေးပါပါတယ်၊ ညာခြမ်းက ပုံက အမြင်အာရုံ အကွာအဝေး မှန်းဆမှု့ စတဲ့အာရုံလုပ်ငန်းတွေကို သူက စွမ်းဆောင်ပေးပါတယ်၊ အနုပညာခံစားနိုင်မှု တီထွင်ဖန်တီးစိတ်ရှိနိုင်မှု တွေမှာ အရေးပါပါတယ်၊ ဒါကြောင့် ဘယ်ဘက်ခြမ်းဦးနှောက်ကို ဆေးပညာသဘောမှာ လွှမ်းမိုးဘက်ခြမ်း( dominant side) ညာဘက်ခြမ်းကို မလွှမ်းမိုးဘက်ခြမ်း (non-dominant side) လို့ သုံးနှုန်းပါတယ်။

ဒီလိုဦးနှောက်ဖွဲ့စည်းပုံဟာ မိခင်ဗိုက်ကထဲက ရှိလာတာပါ၊ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ဦးနှောက်ချို့တဲ့ ကလေးတွေလည်း ရှိတတ်ပါတယ်၊ မွေးလာပြီနောက် ခေတ်ပေါ်အားဆေးတွေ မတန်မဆတိုက်ကျွေးမိလို့ ပုံမှန်ဦးနှောက်မဖြစ်တော့တဲ့ ကလေးတွေလည်းရှိတတ်ပါတယ်၊ ယာဉ်တိုက်မှု လဲပြိုကျ မတော်တဆမှုတွေ ကြောင့် ဦးနှောက်ထိခိုက်တာမျိုးလည်း ကြားဖူး တွေ့ဖူးကြမှာပါ။ အဲဒီအပြင် ဦးနှောက်ကင်ဆာဖြစ်လို့ ဘဝပျက် ရတာတွေ၊ အသက်ဆုံးရှုံးရတာတွေလည်းရှိတတ်ကြပါတယ်။ အခုထိတော့ ဦးနှောက်ကိုခွဲစိတ်မှု့ဟာ အခြား ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေကို ခွဲစိတ်ကုသ သလိုတော့ အောင်မြင်မှုမရသေးပါဘူး၊ ဒါကလည်း ဦးနှောက် ဖွဲ့စည်းပုံရဲ့ ခက်ခဲရှုပ်ထွေးမှုကြောင့်ဖြစ်တယ်လို သိရှိရပါတယ်၊ ဒါကြောင့် ဦးနှောက်ကို မထိခိုက်အောင် ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

ခေတ်မီနည်းပညာတွေအရ ဦးနှောက်ရဲ့ ဘယ်အပိုင်းမှာ ဘာဖြစ်နေပြီ ဆိုတာမျိုးတော့ ဆန်းစစ်လာနိုင်နေပါပြီ။ နောက်ဆုံးပေါ်နည်းစနစ် သုံးမျိုးရှိပါတယ်။

၁။ Angi0graphy လို့ခေါ်တဲ့ ဦးနှောက်သွေးကြောထဲကို ဆေးသွင်းပြီး အကြောတွေမြင်အောင် ဖြစ်စေ၊ ချဲ့ပေးလို့ဖြစ်စေ လုပ်ပေးတဲ့ ဆေးသွင်းဓာတ်မှန်ရိုက်ကြည့်နည်း။

၂။ MRI လို့ အတိုသုံးတဲံ Magnetic resonance imaging လျှပ်စစ် သံလိုက်ဓာတ်လှိုင်း စွမ်းအင်သုံးပြီး ကွန်ပျူတာ စက်ပေါ်တင်ယူလိုက်တဲ့ ရောဂါ အခြေပြစက် သုံးနည်း။

၃။ CT Scanning လို့ အတိုသုံးတဲ့ computerized tomography scanning ဦးနှောက် တစ်ရှုး(ဇီဝ ကလာပ်စည်း) တွေကို ကွန်ပျူတာစက်ပေါ် ဖြန့်ကြက်ရိုက်ကူးကြည့်တဲ့နည်း တို့ဖြစ်ပါတယ်။ သာမန် ဓာတ်မှန် ရိုက်ကြည့်နည်းထက် ပိုပြီး စေ့စေ့စပ်စပ် တွေ့ရှိနိုင်လို့ အောင်အောင်မြင်မြင် သုံးနေကြပါပြီ။

ကာယကံရှင်က ဖန်တီးတဲ့ ဦးနှောက်ရောဂါမျိုးကိုတော့ ကုစားလို့ရနိုင်ကြတာလည်းရှိပါတယ်။ ရုတ်တရက် ပတ်ဝန်းကျင် အပြောင်းအလဲကြောင့်ဖြစ်ဖြစ် ရာထူး ဂုဏ်တွေ ချမ်းသာပြည့်စုံစွာနေရမှု့တွေကနေ ရုတ်ချည် လျော့ပါး ပျောက်သွားမှု့တွေမှာ စိတ်ထောင်တော့ ကိုယ်ကြေဆိုသလို မသိစိတ်ဝေဒနာ ရလာတတ်ပါတယ်။ အဒီအခါ ရောဂါ အခြေခံမဟုတ်တဲ့ စိတ်ရောဂါရလာတတ်ပါတယ်။ ခုကမ္ဘာမှာ ဒီရောဂါအသွင်ကို ဆေးလောက မှာ အပြောများတာက Depression လို့ သုံးတဲ့ စိတ်ကျရောဂါပါဘဲ။

အဲဒီရောဂါအတွက် အမေရိကန်နိုင်ငံ ကျန်းမာရေးအာမခံ ကုမ္ပဏီတစ်ခုက အချက် ၁ဝ ချက်ပါ ပေတံတစ်ခုဖြင့် တိုင်းတာတယ်လို့ ဆိုပါတယ်။ အဲဒါတွေကတော့

၁။ တစ်ချိန်က သူ စိတ်ဝင်စားခဲ့တဲ့ လုပ်ရပ်တွေကို စိတ်ဝင်စားမှု မရှိတော့ဘူးလား။

၂။ အားငယ်စိတ်၊ ဝမ်းနည်းစိတ်၊ စိတ်ပျက်မှုမျိုး ရှိလာသလား။

၃။ ပင်ပန်းနွမ်းနယ်မှု ရှိလာသလား။

၄။ အအိပ်အနေ ပြဿနာ ရှိလာသလား။

၅။ အစားအသောက်ပုံ အလေ့အကျင့် ပြောင်းလာပြီး ကိုယ်အလေးချိန် များလာ နည်းလာသလား။

၆။ စိတ်ပူပန် တတ်လာသလား။

၇။ မလုံမလဲစိတ်၊ အားပျက်စိတ်မျိုး ရှိလာသလား။

၈။ အာရုံမစူးစိုက်နိုင်မှု ရှိလာသလား။

၉။ သေချင်စိတ်၊ သတ်သေချင်စိတ် ဖြစ်လာသလား။

၁၀။ ခေါင်းကိုက် ခေါင်းခဲ အစာမကြေ ဝေဒနာ တစ်ခုခု ရှိနေပြီလို့ စိတ်ထဲမှာ ဖြစ်လို့ မဆုံးအောင် ရှိလာသလား။

ဒီအချက်တွေတွေ့လာရင် အာရုံကြော သို့မဟုတ် ဦးနှောက်ပိုင်းမှာ တစ်ခုခုဖောက်ပြန်လာတာ ဖြစ်နိုင်လို့ စိတ်ကျန်းမာရေးဆေးရုံကို သွားဖြို့ သင့်ပြီလိုဆိုထားပါတယ်။ စိတ်ဖောက်ပြန်မှုရှိတဲ့သူ စိတ်မမှန်လေ့ရှိသူကို ဆေးပညာမှာတော့ ဦးနှောက်အားနည်းသူ ဦးနှောက်ပိုင်းဆိုင်ရာ ထိခိုက်မှု့ရှိသူလို့ သတ်မှတ်ကြပါတယ်။

တကယ်တော့ စိတ်အင်အားကြီးမားထက်မြက်အောင် နေတတ်ထိုင်တတ်သူမျိုး ဖြစ်နေဖို့လိုပါတယ်၊ စိတ် ဝေဒနာ စိတ်ရောဂါဆိုတာ မိမိဘာသာ လုပ်ပေးလိုက်တဲ့ ရောဂါဝေဒနာဖြစ်တာများပါတယ်၊ မတော်တဆ ထိခိုက်လို့ ဦးနှောက်ပိုင်း ထိခိုက်သွားတာကလွဲရင်ပေါ့။ ပျံလွင့်စိတ်ကို ဖမ်းမိအောင် ချုပ်ကိုင်ရင်း ပျောစရာ ဖြေဖျောက်စရာ နည်းလမ်းများနဲ့ နေသွားသင့်ပါတယ်၊ ကိုးကွယ်ရာ ဘာသာတိုင်းမှာ ပုတီးစိပ်များရှိတတ် ပါတယ် ထို ပုတီးစိပ်နည်းများကလည်း ပျံလွင့်စိတ်များကို ဖမ်းမိအောင် ချုပ်ကိုင်တဲ့ နည်းများလို့လည်း ယူဆလို့ရပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်အတွက် အရေးပါလှတဲ့ ဦးနှောက်ကို ကျန်းမာကောင်းမွန်အောင် စောင့်ရှောက်ရင်းနေနိုင်ကြဖို့ ဖတ်ဖူးတဲ့စာပေထဲက မျှဝေလိုက်ပါ၏။(မူရင်း – မြန်မာ့အသံကျော်မင်း)

 

ဖတ်ရှု့သူများကျေးဇူးနော်။

ခင်ခ။

20 comments

  • Myo Thant

    February 21, 2013 at 3:50 pm

    မြန်မာ့အသံ ကျော်ဦး တော့သိတယ် ၊

    မြန်မာ့အသံ ကျော်ဝင်းကိုတော့ မသိဘူးဗျာ ၊

    ဘာပဲဖြစ်ဖြစ် ဗဟုသုတ အတွက် ကျေးဇူးပါ ကိုခရေ ၊

    • ခင်ခ

      February 21, 2013 at 4:09 pm

      မြန်မာ့အသံ ကျော်မင်း ပါခင်ဗျ။ ပြင်လိုက်ပါပြီ။
      ၁၉၅ရ ခုနှစ် နိုဝင်ဘာကစပြီး သတင်း၊ စာပေ နဲ့ အနုပညာနယ်ပယ်မှာ ထို ကလောင်အမည်နဲ့ စာပေ အမြောက်အများရေးခဲ့သူပါ။ မြန်မာနိုင်ငံတွင် ပထမဆုံးသော ရောင်စုံရုပ်မြင်သံကြားစီမံကိန်းကို အကောင်အထည်ဖော်ခဲ့သူအဖြစ် မြန်မာ့အသံမှသိကြပြီး ၁၉၈၉ ခုနှစ်မှာ ညွှန်ကြားရေးမှုးချုပ် အဖြစ် အငြိမ်းစားယူခဲ့ပါတယ်။ လက်ရှိ အမေရိကန်ပြည်ထောင်စုမှ မိသားစုနှင့်အတူ နေထိုင်လျက်ရှိပါတယ်။
      ပထမမြောက်ကွန်မန့်အတွက် ကျေးဇူးပါ ကိုမျိုးသန့်ရေ။

      • kai

        February 21, 2013 at 4:12 pm

        ဘယ်မြို့လည်း.. သိသလားခင်ဗျ…
        ဆက်သွယ်ချင်လို့…

        • ခင်ခ

          February 21, 2013 at 4:18 pm

          နေထိုင်တဲ့မြို့တော့ မသိပါဗျ။
          သူရေးသားထုတ်ဝေခဲ့တဲ့ ရာကျော်သက်တမ်း တက်လှမ်းရအောင် စာအုပ်မှာ သူ့ရဲ့ကိုယ်ရေး ရာဇဝင်အကျဉ်းမှာ အမေရိကန်ပြည်ထောင်စုမှ လက်ရှိနေကြောင်းအဲလို
          ဘဲပါတယ်ဗျ။
          ထို စာအုပ်က ၂၀၁၁ ခုနှစ် အောက်တိုဘာမှာ ဖြန့်ဝေခဲ့တာပါ။

  • ခိုင်ဇာ

    February 21, 2013 at 3:53 pm

    ၁ဝ ချက်လုံး ခုတလော ဖောက်ပြန်နေတယ်။
    သေပြီ ဆရာ။

    :byae:

    :byae:

    :byae:

  • kai

    February 21, 2013 at 4:02 pm

    ဒီခေတ်က.. ဦးနှောက်အကြောင်း.. တော်တော်သိကုန်ကြပါပြီ..
    ဖျက်ချင်တဲ့.. မီမိုရီ(မှတ်ညဏ်)ဖျက်တဲ့..ဆေးတောင်ပေါ်နေပြီ…

    တကယ်တော့ ဦးနှောက်က ..ကွန်ပျူတာထဲက.. ချစ်ပ်..(စီပီယူ)ကို.. RAMနဲ့.. Hard Disk ပေါင်းထားသလိုပါပဲ..။
    =
    Scientists Say They’ve Developed a Pill to Erase Memories While …
    http://www.theblaze.com/…/scientists-say-theyve-devloped...
    by Liz Klimas – in 52 Google+ circles – More by Liz Klimas
    Oct 18, 2012 – (Image: Shutterstock.com) Sometimes in one’s life, there are moments that you may wishes to forget. For the more than 7.7 million patients..
    =
    Painful Memories May Be Erasable – ABC News
    abcnews.go.com › Health › ABC News Mind, Mood Coverage
    Sep 7, 2012 – 7, 2012. PHOTO: A new study suggests we can learn to erase painful memories. A new study suggests we can learn to erase painful memories.
    =
    Scientists Create First Memory Expansion for Brain
    gizmodo.com/…/scientists-create-first-memory-expansion-for-…
    Jun 20, 2011 – Imagine you can insert a memory card in your brain and go all … an electronic memory, allowing rats to learn more and keep it in the devices.

    • ခိုင်ဇာ

      February 21, 2013 at 4:09 pm

      ဘာရယ်။ ဖျက်ချင်တဲ့ မင်မိုရီဖျက်လို့ရပြီ ဟုတ်လား???
      ဘယ်လောက်တုန်း သူကြီးမင်း။ အဲ့ဆေးက..??
      :kwi:

      • ခင်ခ

        February 21, 2013 at 4:13 pm

        မခိုင်ဇာ သူကြီးပြောတဲ့ဆေးကို အတော်လိုချင်ပုံရပါလား။
        မှတ်ဉာဏ် မင်မိုရီထဲက လွှင့်ပစ် ထုတ်ပစ်ချင်သူတွေ ရှိနေပြီနဲ့ တူတယ်နော်။

        • ခိုင်ဇာ

          February 21, 2013 at 4:15 pm

          အသစ်တွေ မှတ်မရလို့ပါဗျာ။
          ဖိုင်လေးတွေ ရွေးပြီး ဒီလိ လုပ်သလိုများ လုပ်လို့ရမလားလို့ပါ။
          :mrgreen:

    • Ghi Ghi ThE KiD

      February 21, 2013 at 5:49 pm

      ဟိ အတော်ပဲ. မသုံးသလောက် ဖြစ်နေတဲ့ ဎ္ဍ တို့ က္ဋ တို့ သွားဖျက်အုံးမှ

      :harr:

    • Mr. MarGa

      February 21, 2013 at 8:08 pm

      သဂျီး
      သိပ်တော့ မေးစရာမရှိပါဘူး
      တစ်ခုပဲ
      ဦးနှောက်ရဲ့ မှတ်နိုင်စွမ်း က ဘယ်လောက်ပါလဲ
      သာမန် ကွန်ပူတာ တစ်လုံးကတော့ အများဆုံးမှ 1TBလောက်ပဲရှိတာနော်

      • kai

        February 22, 2013 at 12:37 am

        လူဦးနှောက်က၂၅၀ဝ တဲရာဘိုက်လောက်မီမိုရီတဲ့..
        လူထွင်ထားတဲ့.. ဟဒ်ဒစ်စ်က.. အခုနှစ်မှာ.. ၅တဲရာမက.. ထွက်နေလောက်ပါပြီ..။
        =

        Scientific American posed the same question to a psychologist in 2010, who estimated that the brain’s memory storage capacity is 2.5 petabytes (a petabyte is 1 million gigabytes, or 1,000 terabytes). To put those 2.5 petabytes in perspective, the entire print collection of the U.S. Library of Congress is estimated at 10 terabytes. Even that might be understating the brain’s processing and storage capacity. University of Southern California researchers Martin Hilbert and Priscila Lopez have spent several years researching the combined computer processing and storage capacity of humankind. The two researchers estimated that as of 2007, all of the computer processors (desktops, laptops, servers, PDAs) on the planet Earth combined could process 6.4×1018 instructions per second. As the researchers note on their website, “The maximal number of neural nerve impulses of a group of 64 people is equal to the number of instructions all our computational devices combined can compute (in 1999 it was equal to nerve impulses executed by one human brain).”
        =
        Hard Disk Drives’ Densities to Double by 2016 – Analysts – X-bit labs
        http://www.xbitlabs.com/…/20120521214010_Hard_Disk_Drives_Densitie...
        May 21, 2012 – 5TB Hard Drives on Track for This Year. HDD areal densities measuring data-storage capacities are projected to climb to a maximum …

        • Mr. MarGa

          February 22, 2013 at 7:51 pm

          ဒီပုံအတိုင်းဆို နောင် အနှစ်နှစ်ဆယ်လောက်မှာ
          လူ့ဦးနှောက်ကို မီလာနိုင်မယ့်သဘောပါလား

        • kai

          February 23, 2013 at 1:14 am

          ကိုရင်သိကြားမင်း..
          တွက်ချက်မှုစွမ်းရည်(computing/processing power)နဲ့.. မှတ်ညဏ်ပမာဏ(memory capacity) ရောနေတယ်..။

          လူဦးနှောက်က ၂မျိုးလုံးမက တပြိုင်ထဲလုပ်တယ်..
          ကွန်ပြူတာမှာ..CPU ကတွက်ချက်စွမ်းရည်.. RAMက..ခေတ္တမှတ်ညဏ်..HDD က အမြဲမှတ်ညဏ်.. အဲဒါတွေတခုချင်းခွဲလုပ်တယ်..။

          ဒါပေမယ့်နက်ဝက်ခ်နဲ့တွဲ.. အလုပ်တာမို့.. ဖေ့စ်ဘုတ်လို တရက်ပုံ သန်း၃၅ဝ ကိုမန်ဘာတွေအားလုံးဝိုင်းတင်တာကိုလည်း.. သိမ်းထားနိုင်တယ်..။

          ပြောချင်တာက..
          ကွန်ပြူတာက.. မှတ်ဉာဏ်ပမာဏ.. တွေးခေါ်စဉ်းစားမှုအပိုင်း.. လူတဦးချင်းစာစီကိုကျော်ချင်တိုင်းကျော်နေပြီဖြစ်ပါကြောင်း..။ :kwi:
          ==
          Facebook puts old photos on ice
          CNET-by Jennifer Van Grove-Feb 21, 2013
          … building a “cold storage” unit to make room in the fridge for the 350 million photos uploaded to the site each day. … Facebook currently houses 240 billion photos, a massive collection that consumes 7 petabytes per month.
          =
          Titan supercomputer: 38,400-processor, 20-petaflop successor to …
          http://www.extremetech.com › Computing

          by Mr Seb – in 664 Google+ circles – More by Mr Seb
          Oct 11, 2011 – Cray, AMD, Nvidia, and the Department of Energy have announced that the Oak Ridge National Laboratory’s (ORNL) Jaguar

  • မောင် ပေ

    February 21, 2013 at 9:22 pm

    အခုခေတ်ထဲ
    တစ်နေ ့တခြား
    ကိုယ့်ကိုကိုယ် သတ်သေကြတဲ့ လူတွေ
    ကျုပ်တို ့ဆီမှာ များများလာတာလဲ
    ဦးဏှောက်လစ်သွားလို ့ များလားလို ့ပါ ဆြာခ

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 21, 2013 at 11:59 pm

    ဒီဆိုဒ်ထဲဘဲ ပုဂ္ဂိုလ်တစ်ယောက်ရေးဘူးတယ် အာရှဘိုးဘိုးကြီးဘဲမှတ်တယ်
    အတိကျတော့ မမှတ်မိပေမယ့် သဘောက
    ( လူသားတွေဟာ အသိဉဏ်ပြည့်ဆုံမှု့ကိုရောက်တဲ့အခါ ကိလေသာတွေကို လိုခြင်မှု့ကင်းသွားတယ် )
    ဆိုတော့ကာ
    ဦးနှောက်ဆိုတာ ကိုပြောလာကြတော့
    ဦးခေါင်းထဲက ဦးနှောက်ကို မှတ်ဉဏ်တွေတိုးလာအောင်လုပ်လို့ရတယ်ဆိုတော့
    ဦးနှောက်ဆိုတာ မန်မိုရီကတ်လို မှတ်ဥဏ်တွေ သိမ်းထားနိုင်တာလား
    တီထွင်နိုင်တာလား
    ဥပမာ
    အဲဗရက်နိုဗယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာ ဒိုင်းနမိုက်ကိုတီထွင်တယ် သူဘဲဝမ်းနည်းပက်လက်ဖြစ်သွားရှာတယ်
    အိုင်စတိုင်း ဆိုလည်း သူတွေ့ခဲ့တဲ့ နည်းပညာတွေ သူပြန်ဖျက်ခဲ့ရရှာတယ်လို့ပြောတယ်
    နျူကလီးယားတောင် ပုံသေနည်းလေး ဘာအမြှောက်ဆိုလား ???
    ကျုပ်က ခြောက်တန်းဘဲအောင်တော့ သိဘူး
    ဆိုတော့ကာ
    ကွန်ပျုတာနဲ့ ဦးနှောက်ကိုအစားထိုးလို့ရမယ်ဆိုတယ်
    ဦးနှောက်ကြောင့် အသိဉဏ်ဖြစ်လာတယ်ဆိုတယ်
    အဲ့သည်ကွန်ပျူတာ ဦးနှောက်ကြီးက အသိဉဏ်ရှိတယ်ဆိုရင် အာသဝေါကုန်သွားအောင်
    သစ္စာတရားကိုတွေ့မလား
    အဲ့သည် ကွန်ပျုတာ ဦးနှောက်ထဲမှာ ကံ စိတ် ဥတု အဟာရ ရှိသလား
    လာဖူးဂျဗျို့ ကွန်ပျုတာအရိယာကြီး ဂို
    မီးတော့ သွားမပိတ်လိုက်နဲ့နော် :mrgreen:

  • Wow

    February 22, 2013 at 11:57 am

    ဟေး.. ဟေးးးး
    အူးနှောက်ထဲက ရီးဇားဟောင်းမန်မိုရီတွေဖျက်ပစ်မယ်ကွ…
    အသစ်တွေပြန်မှတ်ရမယ်… :mrgreen:

    • ခင်ခ

      February 22, 2013 at 2:38 pm

      အင်း တော်ပါသေးရဲ့ Wow အူးနှောက်ထဲက ဖျက်မယ့်ထဲ အနော်မပါလို့။

    • ခင်ခ

      February 23, 2013 at 10:33 am

      ၁ဝ ချက်မှာ ၈ ချက်လောက်က အမြဲလို ဖြစ်နေမှ ဦးနှောက်စွမ်းရည်လျော့ စိတ်မူမမှန်ဘူးလို့ စိတ်ကျန်းမာရေး ဆရာဝန်တွေက ကောက်ချက်ချပါသတဲ့ခင်ဗျ နန်းတော်ရာသူရေ။

Leave a Reply